Ligue1

မက်ဆီရဲ့အနာဂတ်ကို အံ့အားသင့်ဖွယ် ပြောဆိုခဲ့တဲ့ ကာတာဘုရင်ရဲ့ ညီဝမ်းကွဲ

ကာတာဘုရင်ရဲ့ ညီဝမ်းကွဲ တာမင် ဘင် ဟာမက်ဒ် အယ်လ် ဇာနီက လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်သလို လာမယ့်နွေရာသီမှာ ဆော်ဒီ အာရေဗျကလပ် အယ်လ် ဟီလာလ်အသင်းကိုလည်း ပြောင်းရွှေ့နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကာတာဘုရင်ရဲ့ ညီဝမ်းကွဲဟာ အာဂျင်တီးနားတိုက်စစ်မှူးရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ မက်ဆီအနေနဲ့ ရွေးချယ်စရာ ၂ ခုရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ပီအက်စ်ဂျီမှာ ရှိနေမယ်။ ဒါပေမယ့် ဆော်ဒီအာရေဗျမှာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်”လို့ ပြောကြားခဲ့ပါတယ်။ အယ်လ် ဇာနီဟာ လီယွန်နယ် မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့နိုင်ခြေရှိတဲ့သတင်းတွေကိုရော မေဂျာလိဂ်ကလပ်အသင်းဖြစ်တဲ့ အင်တာ မိုင်ယာမီကို ပြောင်းရွှေ့မယ့်သတင်းတွေကိုပါ ငြင်းပယ်သွာခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း လီဂူးဝမ်းချန်ပီယံတွေဟာ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လီယွန်နယ် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိနေပြီး ပီအက်စ်ဂျီဥက္ကဌ နက်ဆာ အယ်လ် ခါလီဖီက အာဂျင်တီးနားကြယ်ပွင့်ဟာ ပဲရစ်မှာ ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျိန်းသေတာပေါ့။ သူ အရမ်းပျော်နေတယ်။ ခင်ဗျားအဲဒါကို လက်ရွေးစင်အသင်းနဲ့အတူ မြင်နိုင်ပါတယ်။ ကစားသမား မပျော်ရွှင်နေဘူးဆိုရင် ခင်ဗျား သူတို့ရဲ့ လက်ရွေးစင်အသင်းအတွက် စွမ်းဆောင်ရည်က သိပ်မကောင်းတာကို မြင်ရပါလိမ့်မယ်။ သူက ဒီရာသီမှာ ကျွန်တော်တို့အတွက် ထူးခြားဆန်းကြယ်တဲ့စွမ်းဆောင်ရည်ပြသခဲ့ပြီး လက်ရွေးစင်နဲ့ ကလပ်အသင်းအတွက် သူက ဂိုးတွေနဲ့ ဖန်တီးမှုတွေ အများကြီး ပြုလုပ်ပေးခဲ့ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အယ်လ် နက်ဆာရဲ့ ဒေသတွင်းပြိုင်ဘက်ဖြစ်တဲ့ အယ်လ် ဟီလာလ်အသင်းက လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းဟာ ကြာသပတေးနေ့မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်ပေးနေတဲ့ ဖခင်ဖြစ်သူ ဂျော့ဂျ် မက်ဆီက ဆော်ဒီ အာရေဗျကလပ်အသင်းနဲ့ ဆွေးနွေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကာတာဘုရင္ရဲ႕ ညီဝမ္းကြဲ တာမင္ ဘင္ ဟာမက္ဒ္ အယ္လ္ ဇာနီက လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္သလို လာမယ့္ေႏြရာသီမွာ ေဆာ္ဒီ အာေရဗ်ကလပ္ အယ္လ္ ဟီလာလ္အသင္းကိုလည္း ေျပာင္းေ႐ႊ႕ႏိုင္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ကာတာဘုရင္ရဲ႕ ညီဝမ္းကြဲဟာ အာဂ်င္တီးနားတိုက္စစ္မႉးရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ မက္ဆီအေနနဲ႔ ေ႐ြးခ်ယ္စရာ ၂ ခုရွိတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ပီအက္စ္ဂ်ီမွာ ရွိေနမယ္။ ဒါေပမယ့္ ေဆာ္ဒီအာေရဗ်မွာလည္း ျဖစ္ေကာင္း ျဖစ္ႏိုင္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ အယ္လ္ ဇာနီဟာ လီယြန္နယ္ မက္ဆီအေနနဲ႔ ဘာစီလိုနာအသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕ႏိုင္ေျခရွိတဲ့သတင္းေတြကိုေရာ ေမဂ်ာလိဂ္ကလပ္အသင္းျဖစ္တဲ့ အင္တာ မိုင္ယာမီကို ေျပာင္းေ႐ႊ႕မယ့္သတင္းေတြကိုပါ ျငင္းပယ္သြာခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ယခုရာသီကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္လည္း လီဂူးဝမ္းခ်န္ပီယံေတြဟာ ေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးခြင့္ရွိေနတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ လီယြန္နယ္ မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္လိမ့္မယ္လို႔ ယုံၾကည္ခ်က္ရွိေနၿပီး ပီအက္စ္ဂ်ီဥကၠဌ နက္ဆာ အယ္လ္ ခါလီဖီက အာဂ်င္တီးနားၾကယ္ပြင့္ဟာ ပဲရစ္မွာ ေပ်ာ္႐ႊင္ေနတယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“က်ိန္းေသတာေပါ့။ သူ အရမ္းေပ်ာ္ေနတယ္။ ခင္ဗ်ားအဲဒါကို လက္ေ႐ြးစင္အသင္းနဲ႔အတူ ျမင္ႏိုင္ပါတယ္။ ကစားသမား မေပ်ာ္႐ႊင္ေနဘူးဆိုရင္ ခင္ဗ်ား သူတို႔ရဲ႕ လက္ေ႐ြးစင္အသင္းအတြက္ စြမ္းေဆာင္ရည္က သိပ္မေကာင္းတာကို ျမင္ရပါလိမ့္မယ္။ သူက ဒီရာသီမွာ ကြၽန္ေတာ္တို႔အတြက္ ထူးျခားဆန္းၾကယ္တဲ့စြမ္းေဆာင္ရည္ျပသခဲ့ၿပီး လက္ေ႐ြးစင္နဲ႔ ကလပ္အသင္းအတြက္ သူက ဂိုးေတြနဲ႔ ဖန္တီးမႈေတြ အမ်ားႀကီး ျပဳလုပ္ေပးခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အယ္လ္ နက္ဆာရဲ႕ ေဒသတြင္းၿပိဳင္ဘက္ျဖစ္တဲ့ အယ္လ္ ဟီလာလ္အသင္းက လီယြန္နယ္ မက္ဆီကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္ဆိုတဲ့သတင္းဟာ ၾကာသပေတးေန႔မွာ ထြက္ေပၚလာခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉးရဲ႕ ေအးဂ်င့္အျဖစ္ ေဆာင္႐ြက္ေပးေနတဲ့ ဖခင္ျဖစ္သူ ေဂ်ာ့ဂ်္ မက္ဆီက ေဆာ္ဒီ အာေရဗ်ကလပ္အသင္းနဲ႔ ေဆြးေႏြးခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.