Premier League

၁၂ ပြဲအလိုမွာ ေနာက္တစ္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ေသခ်ာသြားၿပီျဖစ္တဲ့ လီဗာပူးလ္

မေန႔ညက ခ်ဲလ္ဆီးအသင္းရဲ႕ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ရွဳံးပြဲအၿပီးမွာ လီဗာပူးလ္အသင္းဟာ ေနာက္တစ္ရာသီအတြက္ ခ်န္ပီယံလိဂ္ကို ဝင္ေရာက္ကစားခြင့္လက္မွတ္ကို ရယူသြားႏုိင္ခဲ့တယ္လို႔ သိရၿပီး ဒါက သူ႕ကို စတုတၳေနရာက အသင္းက လိုက္မမီေတာ့လို႔ ျဖစ္တယ္လို႔ သိရပါတယ္။

လီဗာပူးလ္အသင္းေတာ့ ဒီႏွစ္မွာ ရွဳံးထြက္အဆင့္ကို စတင္ယွဥ္ၿပဳိင္ေနခ်ိန္မွာပဲ ေနာက္ႏွစ္အတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရယူလုိက္ႏိုင္ခဲ့တာျဖစ္ၿပီး စတုတၳေနရာက ခ်ဲလ္ဆီးအသင္းထက္ ၃၅ မွတ္နဲ႔ ပဥၥမေနရာက ေတာ့တင္ဟမ္ေဟာ့စပါးစ္ထက္ ၃၆ မွတ္ အသီးသီး အသာရေနခဲ့တာလည္း ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၂ ပြဲ က်န္ရွိေနခ်ိန္မွာ ဇယားထိပ္ကေန အမွတ္အျပတ္အသတ္နဲ႔ ဦးေဆာင္ထားႏိုင္တဲ့ လီဗာပူးလ္အသင္းဟာ ဒီႏွစ္ ခ်န္ပီယံလိဂ္မွာ ခ်န္ပီယံကာကြယ္မွဳအျဖစ္ ယွဥ္ၿပဳိင္ရမွာျဖစ္ၿပီး ဒီေန႔ညမွာေတာ့ လူမစုံတဲ့ ဒီေယဂို ဆီမီယြန္နီရဲ႕ အက္သလက္တီကို မက္ဒရစ္ကို အေဝးကြင္းမွာ သြားေရာက္ယွဥ္ၿပဳိင္ရမွာပါ။

မာေဆးဆုိက္အသင္းအေနနဲ႔ေတာ့ ဒီႏွစ္မွာလည္း အသင္းရဲ႕ ရည္မွန္းခ်က္အျဖစ္ ခ်န္ပီယံလိဂ္မွာ အနည္းဆုံး ဖိုင္နယ္အထိ တက္ေရာက္ႏုိင္ဖို႔ ရည္ရြယ္ထားခဲ့ၿပီး ပရီးမီးယားလိဂ္မွာေတာ့ ၿပီးခဲ့တဲ့ ရာသီက တစ္မွတ္တည္းနဲ႔ ကပ္ၿပီးလြဲေခ်ာ္ခဲ့ရတဲ့ ခ်န္ပီယံဆုကို ရယူသြားဖို႔ သတ္မွတ္ထားတာလည္းျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ကိုေတာ့ လာမယ့္ရာသီမွာ ဝင္ေရာက္ယွဥ္ၿပဳိင္ႏုိင္ဖို႔ ေသခ်ာသြားခဲ့ၿပီျဖစ္တဲ့ လီဗာပူးလ္နဲ႔အတူ ေနာက္ကေန ပါဝင္လာဖို႔ကေတာ့ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ပြဲပယ္ျပစ္ဒဏ္အယူခံကို ေစာင့္ၾကည့္ရဦးမွာျဖစ္ေနသလို ေျခက်ေနတဲ့ လက္စတာနဲ႔ ခ်ဲလ္ဆီးတုိ႔လို အသင္းေတြေၾကာင့္ ဝင္ခြင့္တုိက္ပြဲကေတာ့ ျပင္းျပင္းထန္ထန္ရွိေနဆဲျဖစ္ေၾကာင္းလည္း ေတြ႕ျမင္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မနေ့ညက ချဲလ်ဆီးအသင်းရဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ရှုံးပွဲအပြီးမှာ လီဗာပူးလ်အသင်းဟာ နောက်တစ်ရာသီအတွက် ချန်ပီယံလိဂ်ကို ဝင်ရောက်ကစားခွင့်လက်မှတ်ကို ရယူသွားနိုင်ခဲ့တယ်လို့ သိရပြီး ဒါက သူ့ကို စတုတ္ထနေရာက အသင်းက လိုက်မမီတော့လို့ ဖြစ်တယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းတော့ ဒီနှစ်မှာ ရှုံးထွက်အဆင့်ကို စတင်ယှဉ်ပြိုင်နေချိန်မှာပဲ နောက်နှစ်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူလိုက်နိုင်ခဲ့တာဖြစ်ပြီး စတုတ္ထနေရာက ချဲလ်ဆီးအသင်းထက် ၃၅ မှတ်နဲ့ ပဉ္စမနေရာက တော့တင်ဟမ်ဟော့စပါးစ်ထက် ၃၆ မှတ် အသီးသီး အသာရနေခဲ့တာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲ ကျန်ရှိနေချိန်မှာ ဇယားထိပ်ကနေ အမှတ်အပြတ်အသတ်နဲ့ ဦးဆောင်ထားနိုင်တဲ့ လီဗာပူးလ်အသင်းဟာ ဒီနှစ် ချန်ပီယံလိဂ်မှာ ချန်ပီယံကာကွယ်မှုအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီနေ့ညမှာတော့ လူမစုံတဲ့ ဒီယေဂို ဆီမီယွန်နီရဲ့ အက်သလက်တီကို မက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ။

မာဆေးဆိုက်အသင်းအနေနဲ့တော့ ဒီနှစ်မှာလည်း အသင်းရဲ့ ရည်မှန်းချက်အဖြစ် ချန်ပီယံလိဂ်မှာ အနည်းဆုံး ဖိုင်နယ်အထိ တက်ရောက်နိုင်ဖို့ ရည်ရွယ်ထားခဲ့ပြီး ပရီးမီးယားလိဂ်မှာတော့ ပြီးခဲ့တဲ့ ရာသီက တစ်မှတ်တည်းနဲ့ ကပ်ပြီးလွဲချော်ခဲ့ရတဲ့ ချန်ပီယံဆုကို ရယူသွားဖို့ သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

ချန်ပီယံလိဂ်ကိုတော့ လာမယ့်ရာသီမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ သေချာသွားခဲ့ပြီဖြစ်တဲ့ လီဗာပူးလ်နဲ့အတူ နောက်ကနေ ပါဝင်လာဖို့ကတော့ မန်ချက်စတာစီးတီးအသင်းရဲ့ ပွဲပယ်ပြစ်ဒဏ်အယူခံကို စောင့်ကြည့်ရဦးမှာဖြစ်နေသလို ခြေကျနေတဲ့ လက်စတာနဲ့ ချဲလ်ဆီးတို့လို အသင်းတွေကြောင့် ဝင်ခွင့်တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန်ရှိနေဆဲဖြစ်ကြောင်းလည်း တွေ့မြင်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.