Match Report Premier League

လိဒ်စ်ကို အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ်တက်လာတဲ့ အမ်မရီရဲ့ ဗီလာ

အက်စ်တန်ဗီလာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မာတီနက်ဇ်၊ ခံစစ်မှာ ကွန်ဆာ၊ တိုင်ရုန်းမင်းစ်၊ အက်ရှ်လီယန်းနဲ့ ဒီညာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာမာရာ၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်နဲ့ ရမ်ဆေးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘွင်ဒီယာ၊ ဘေလီနဲ့ ဝပ်ကင်းစ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် လိဒ်စ်ယူနိုက်တက်တို့ကတော့ ဂိုးသမား မေလီယေး၊ ခံစစ်မှာ ကူးပါး၊ ကို့ချ်၊ အေးလင်းနဲ့ စထရိုက်ခ်တို့ကို သုံးပြီး Attacking Full Back တောင် မပါဘဲ ပိတ်ကစားဖို့ကိုပဲ ပြင်ဆင်လာခဲ့သလို ကွင်းလယ်မှာတော့ မာ့ခ် ရိုကာ၊ တိုင်လာ အက်ဒမ်စ်နဲ့ အာရွန်ဆန်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဟာရစ်ဆန်၊ ဂနွန်တိုနဲ့ ရိုဒရီဂိုတို့ကို ကစားစေခဲ့တာပါ။

ပွဲချိန် ၃ မိနစ်မှာကတည်းက ဗီလာတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ အက်ရှ်လီယန်း ကန်တင်ပေးလိုက်တာကို ကာမာရာက တန်ပြန်တိုက်စစ်ကနေ တောက်လျှောက်ဆွဲပြီးပြီး ဧရိယာထိပ်ကနေ ညာခြမ်းကို ခင်းပေးခဲ့ရာမှာ ဘေလီက အတွင်းကို ဆွဲဝင်ပြီး အဝေးတိုင် အပေါ်ထောင့်ကို ဘယ်ခြေနဲ့ အပိုင်ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာတော့ ဘယ်နောက်ခံလူ ဒီညာ ဒဏ်ရာရသွားခဲ့ပြီး ဆက်မကစားနိုင်တော့လို့ ပူပူနွေးနွေး ခေါ်ယူထားတဲ့ လူသစ် အဲလက်စ် မိုရီနိုနဲ့ လူစားလဲခဲ့ရပြီး ပွဲချိန် ၂၂ မိနစ်မှာတော့ ဧရိယာထဲ ပြေးဝင်ကန်သွင်းဖို့ ကြိုးစားတဲ့ အာရွန်ဆန်ကို နောက်ကနေ ဆွဲထားခဲ့တဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကို ပင်နယ်တီ မပေးဘဲ မျက်ကွယ်ပြုသွားခဲ့တာကြောင့် လိဒ်စ်တို့ နစ်နာခဲ့ရတာပါ။

ပွဲချိန် ၃၂ မိနစ်မှာ အိမ်ရှင်တွေဘက်က ဝပ်ကင်းစ် နာသွားလို့ ဒန်နီအင်းစ်နဲ့ လူစားလဲခဲ့ရပြီး ပွဲချိန် ၄၂ မိနစ်မှာ လူမကျွံတကျွံ အနေအထားကနေ ရိုဒရီဂိုက ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် လူသစ် မိုရီနိုက ဂိုးစည်းရှေ့ကနေ ပိတ်ဆို့ရှင်းထုတ်သွားနိုင်ခဲ့သလို့ ဟာရစ်ဆန်ရဲ့ အနီးကပ် ပိတ်သွင်းမှုကိုလည်း မာတီနက်ဇ်က လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ အာရွန်ဆန်ရဲ့ ကန်ချက် အိမ်ရှင်နောက်ခံလူ တိုင်ရုန်းမင်းစ်နဲ့ထိပြီး ပြန်ကျလာတာကို ရိုဒရီဂိုက လှဲအိပ်ပြီး ပိတ်သွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့လို့ ဂိုးအဖြစ်က ပယ်ဖျက်ခံခဲ့ရပြီး ပထမပိုင်းမှာတော့ ဗီလာတို့က လိဒ်စ်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဗီလာတို့ တိုက်စစ်ပြန်ကစားလာနိုင်ခဲ့ကြသလို ပွဲချိန် ၆၄ မိနစ်မှာတော့ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဒေါက်ဂလပ်စ် လူးဝစ်ဇ် တင်ပေးလိုက်တာကို ညာခြမ်းက ဘေလီက ပထမဂိုးက ပုံစံအတိုင်း အတွင်းကို ချိုးကန်ခဲ့ရာမှာ ဂိုးသမား မေလီယေး ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ပြေးဝင်လာတဲ့ ဘွင်ဒီယာက အနီးကပ် ခေါင်းတိုက်ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။

လူကျွံမကျွံ VAR ပြန်ကြည့်ပြီး အတည်ပြုခဲ့ရတဲ့ ဒီဂိုးအပြီးမှာ လိဒ်စ်တို့ဘက်က ဆက်တိုက် အပြောင်းအလဲလုပ်ခဲ့ပြီး စထရိုက်ခ်၊ ဟာရစ်ဆန်၊ အာရွန်ဆန်နဲ့ ရိုကာတို့အစား ဗိုဘာ၊ ဘမ်ဖို့ဒ်၊ ဂါးလ်ဟာ့ဒ်နဲ့ ဂရင်းဝုဒ်တို့ကို ထည့်ပြီး တင်ကစားလာခဲ့သလို ဗီလာတို့ကတော့ ရမ်ဆေးနဲ့ ဘွင်ဒီယာတို့အစား ဆန်ဆွန်နဲ့ ခြေစွမ်းမပြနိုင်သေးတဲ့ ကော်တင်ညိုတို့ကို လူစားလဲကစားခဲ့ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ ဖိကစားနေတဲ့ လိဒ်စ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ငါးရှဉ့်တိုးသလို တိုးလာတဲ့ လူပုလေး ဂနွန်တိုရဲ့ ဗီလာခံစစ်ကြားက ပေးပို့မှုကနေ ဘမ်ဖို့ဒ်က ဧရိယာထဲက အနီးကပ် ကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုး ပြန်ဖြစ်နေခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ အူနိုင်း အမ်မရီရဲ့ ဗီလာတို့ နောက်ထပ်တစ်ဂိုး ထပ်မပေးရအောင် ထိန်းသိမ်းကစားသွားခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ အနိုင်ရလဒ်နဲ့ သုံးမှတ်ကို သိမ်းပိုက်သွားခဲ့ကြသလို ဒီပွဲရလဒ်ကြောင့် အဆင့် ၁၁ အထိ ပြန်လည်တက်လှမ်းလာနိုင်ခဲ့ကြချိန်မှာ ဂျက်ဆီ မာ့ရှ်ရဲ့ လက်ထဲမှာ တစ်နေ့ရွှေ တစ်နေ့ငွေဖြစ်နေတဲ့ လိဒ်စ်တို့ကတော့ ဆက်တိုက်နိုင်ပွဲပျောက်ပြီး အဆင့် ၁၄ မှာ ရပ်တည်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္စ္တန္ဗီလာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မာတီနက္ဇ္၊ ခံစစ္မွာ ကြန္ဆာ၊ တိုင္႐ုန္းမင္းစ္၊ အက္ရွ္လီယန္းနဲ႔ ဒီညာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာမာရာ၊ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္နဲ႔ ရမ္ေဆးတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဘြင္ဒီယာ၊ ေဘလီနဲ႔ ဝပ္ကင္းစ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ လိဒ္စ္ယူႏိုက္တက္တို႔ကေတာ့ ဂိုးသမား ေမလီေယး၊ ခံစစ္မွာ ကူးပါး၊ ကို႔ခ်္၊ ေအးလင္းနဲ႔ စထ႐ိုက္ခ္တို႔ကို သုံးၿပီး Attacking Full Back ေတာင္ မပါဘဲ ပိတ္ကစားဖို႔ကိုပဲ ျပင္ဆင္လာခဲ့သလို ကြင္းလယ္မွာေတာ့ မာ့ခ္ ႐ိုကာ၊ တိုင္လာ အက္ဒမ္စ္နဲ႔ အာ႐ြန္ဆန္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဟာရစ္ဆန္၊ ဂႏြန္တိုနဲ႔ ႐ိုဒရီဂိုတို႔ကို ကစားေစခဲ့တာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက ဗီလာတို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန အက္ရွ္လီယန္း ကန္တင္ေပးလိုက္တာကို ကာမာရာက တန္ျပန္တိုက္စစ္ကေန ေတာက္ေလွ်ာက္ဆြဲၿပီးၿပီး ဧရိယာထိပ္ကေန ညာျခမ္းကို ခင္းေပးခဲ့ရာမွာ ေဘလီက အတြင္းကို ဆြဲဝင္ၿပီး အေဝးတိုင္ အေပၚေထာင့္ကို ဘယ္ေျခနဲ႔ အပိုင္ကန္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ ဘယ္ေနာက္ခံလူ ဒီညာ ဒဏ္ရာရသြားခဲ့ၿပီး ဆက္မကစားႏိုင္ေတာ့လို႔ ပူပူေႏြးေႏြး ေခၚယူထားတဲ့ လူသစ္ အဲလက္စ္ မိုရီႏိုနဲ႔ လူစားလဲခဲ့ရၿပီး ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ ဧရိယာထဲ ေျပးဝင္ကန္သြင္းဖို႔ ႀကိဳးစားတဲ့ အာ႐ြန္ဆန္ကို ေနာက္ကေန ဆြဲထားခဲ့တဲ့ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ရဲ႕ ျပစ္ဒဏ္က်ဴးလြန္မႈကို ပင္နယ္တီ မေပးဘဲ မ်က္ကြယ္ျပဳသြားခဲ့တာေၾကာင့္ လိဒ္စ္တို႔ နစ္နာခဲ့ရတာပါ။

ပြဲခ်ိန္ ၃၂ မိနစ္မွာ အိမ္ရွင္ေတြဘက္က ဝပ္ကင္းစ္ နာသြားလို႔ ဒန္နီအင္းစ္နဲ႔ လူစားလဲခဲ့ရၿပီး ပြဲခ်ိန္ ၄၂ မိနစ္မွာ လူမကြၽံတကြၽံ အေနအထားကေန ႐ိုဒရီဂိုက ဂိုးသြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ လူသစ္ မိုရီႏိုက ဂိုးစည္းေရွ႕ကေန ပိတ္ဆို႔ရွင္းထုတ္သြားႏိုင္ခဲ့သလို႔ ဟာရစ္ဆန္ရဲ႕ အနီးကပ္ ပိတ္သြင္းမႈကိုလည္း မာတီနက္ဇ္က လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ အာ႐ြန္ဆန္ရဲ႕ ကန္ခ်က္ အိမ္ရွင္ေနာက္ခံလူ တိုင္႐ုန္းမင္းစ္နဲ႔ထိၿပီး ျပန္က်လာတာကို ႐ိုဒရီဂိုက လွဲအိပ္ၿပီး ပိတ္သြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့လို႔ ဂိုးအျဖစ္က ပယ္ဖ်က္ခံခဲ့ရၿပီး ပထမပိုင္းမွာေတာ့ ဗီလာတို႔က လိဒ္စ္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဗီလာတို႔ တိုက္စစ္ျပန္ကစားလာႏိုင္ခဲ့ၾကသလို ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ တင္ေပးလိုက္တာကို ညာျခမ္းက ေဘလီက ပထမဂိုးက ပုံစံအတိုင္း အတြင္းကို ခ်ိဳးကန္ခဲ့ရာမွာ ဂိုးသမား ေမလီေယး ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ေျပးဝင္လာတဲ့ ဘြင္ဒီယာက အနီးကပ္ ေခါင္းတိုက္ၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာပါ။

လူကြၽံမကြၽံ VAR ျပန္ၾကည့္ၿပီး အတည္ျပဳခဲ့ရတဲ့ ဒီဂိုးအၿပီးမွာ လိဒ္စ္တို႔ဘက္က ဆက္တိုက္ အေျပာင္းအလဲလုပ္ခဲ့ၿပီး စထ႐ိုက္ခ္၊ ဟာရစ္ဆန္၊ အာ႐ြန္ဆန္နဲ႔ ႐ိုကာတို႔အစား ဗိုဘာ၊ ဘမ္ဖို႔ဒ္၊ ဂါးလ္ဟာ့ဒ္နဲ႔ ဂရင္းဝုဒ္တို႔ကို ထည့္ၿပီး တင္ကစားလာခဲ့သလို ဗီလာတို႔ကေတာ့ ရမ္ေဆးနဲ႔ ဘြင္ဒီယာတို႔အစား ဆန္ဆြန္နဲ႔ ေျခစြမ္းမျပႏိုင္ေသးတဲ့ ေကာ္တင္ညိဳတို႔ကို လူစားလဲကစားခဲ့ပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ဖိကစားေနတဲ့ လိဒ္စ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ငါးရွဥ့္တိုးသလို တိုးလာတဲ့ လူပုေလး ဂႏြန္တိုရဲ႕ ဗီလာခံစစ္ၾကားက ေပးပို႔မႈကေန ဘမ္ဖို႔ဒ္က ဧရိယာထဲက အနီးကပ္ ကန္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုး ျပန္ျဖစ္ေနခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အူႏိုင္း အမ္မရီရဲ႕ ဗီလာတို႔ ေနာက္ထပ္တစ္ဂိုး ထပ္မေပးရေအာင္ ထိန္းသိမ္းကစားသြားခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ အႏိုင္ရလဒ္နဲ႔ သုံးမွတ္ကို သိမ္းပိုက္သြားခဲ့ၾကသလို ဒီပြဲရလဒ္ေၾကာင့္ အဆင့္ ၁၁ အထိ ျပန္လည္တက္လွမ္းလာႏိုင္ခဲ့ၾကခ်ိန္မွာ ဂ်က္ဆီ မာ့ရွ္ရဲ႕ လက္ထဲမွာ တစ္ေန႔ေ႐ႊ တစ္ေန႔ေငြျဖစ္ေနတဲ့ လိဒ္စ္တို႔ကေတာ့ ဆက္တိုက္ႏိုင္ပြဲေပ်ာက္ၿပီး အဆင့္ ၁၄ မွာ ရပ္တည္ေနခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.