Match Report Serie A

ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံပဲရှိမယ်လို့ ဂျူဗီကို သင်ခန်းစာ ပေးလိုက်တဲ့ နာပိုလီ

စီးရီးအေ ဇယားထိပ်ဆုံးက နာပိုလီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မီရက်၊ ခံစစ်မှာ ဂင်မင်းဂျယ်၊ ရာမာနီ၊ မာရီယို ရူအီနဲ့ ဒီလော်ရန်ဇိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လိုဘော့တ်ကာ၊ ဇွမ်ဘွန်ဂီးဆာနဲ့ ဇီလင်စကီးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ကဗာရတ်စခီလီယာ၊ ပိုလီတာနိုနဲ့ အိုဆီမင်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဂျူဗင်တပ်စ်အသင်းကတော့ ဂိုးသမား ရှချက်စ်နီ၊ ခံစစ်မှာ ဘရီးမား၊ ဒါနီလိုနဲ့ အဲလက်စ် ဆန်ဒရိုတို့ ဘရာဇီးလ်သုံးယောက်တွဲကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ မက်ကင်နီ၊ လိုကာတယ်လီ၊ ဟာဗျို၊ ကော့စ်တစ်ချ်နဲ့ ခီယေးဆာတို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ ဒီမာရီယာနဲ့ မီလစ်ခ်တို့အတွဲကို သုံးစွဲလာခဲ့တာပါ။

ကွင်းလယ်မှာ လူတွေ စုပြုံပြီး နာပိုလီရဲ့ ကစားကွက်ပုံဖော်မှုကို ပိတ်ဆို့ဖို့ ကြိုးစားလာခဲ့တဲ့ အယ်လီဂရီရဲ့ ဗျူဟာက အလုပ်မဖြစ်ခဲ့သလို ဂျူဗင်တပ်စ်တို့ ဘောလုံးပိုင်ဆိုင်မှုတောင်မှ ၃၉ ရာခိုင်နှုန်းပဲ ရတဲ့အထိဖြစ်ခဲ့ရပြီး အိမ်ရှင် နေပယ်လ်သားတွေအနေနဲ့ ဆန်ပေါ်လိုမှာ ဇာတာကျနေတဲ့ အဘွားကြီးကို ကောင်းကောင်းသမသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၄ မိနစ်မှာ နာပိုလီတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ တိုက်စစ်ဆင်လာခဲ့တဲ့ ပိုလီတာနိုက ဧရိယာထဲ လှမ်းမ,ပေးတာကို ကဗာရတ်စခီလီယာက ဘိုင်စကယ်ကစ်နဲ့ ကန်သွင်းဖို့ ကြိုးစားခဲ့တာကို ဂိုးသမား ရှချက်စနီ ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ဂျူဗင်တပ်စ် နောက်ခံလူတွေကြားထဲက ပြေးဝင်လာခဲ့တဲ့ အိုဆီမင်က အပိုင်ခေါင်းတိုက်ပြီး အိမ်ရှင်တွေကို ဦးဆောင်စေခဲ့တာပါ။

ပွဲချိန် ၂၁ မိနစ်မှာ ကမ္ဘာ့ဖလားချန်ပီယံ ဒီမာရီယာရဲ့ တစ်ကိုယ်တော်ကန်ချက်က ဘားထိထွက်ခဲ့လို့ ဂျူဗီတို့ နစ်နာခဲ့ရသလို အလွတ်ကြီး ခေါင်းတိုက်ခွင့်ရတဲ့ မီလစ်ခ်ကလည်း ဂိုးသမားတည့်တည့်ကို ခပ်ပျော့ပျော့ပဲ တိုက်ခဲ့လို့ မီရက်က ရင်ခွင်ပိုက် ဖမ်းယူသွားခဲ့ပြီး နာပိုလီဘက်ကတော့ ကဗာရတ်စခီလီယာက ဘယ်ခြမ်းတစ်ခြမ်းလုံးကို မွှေနှောက်နေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ အိမ်ရှင်တွေပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရယူသွားနိုင်ခဲ့ကြသလို ညာခြမ်းက ဖြတ်တင်ဘောကို ဂျူဗင်တပ်စ်နောက်ခံလူ ဘရီးမား ရှင်းမထုတ်နိုင်ဘဲ အတိတ်မေ့သလို ရွှေပျောက်သလိုလုပ်တဲ့ အမှားကနေ ပြန်ကျလာတာကို ရသွားတဲ့ အိုဆီမင်က ဧရိယာထဲကို ခင်းပေးရာမှာ ခြေစွမ်းပြနေတဲ့ ကဗာရတ်စခီလီယာက ညာဘက်တိုင်ခြေကို ကန်သွင်းပြီး ဂိုးသမား ရှချက်စ်နီကို အနိုင်ယူသွားခဲ့တာပါ။

ပွဲချိန် ၄၂ မိနစ်မှာ ဧည့်သည်တွေအတွက် မျှော်လင့်ချက်ရှိစေမယ့် ချေပဂိုးတစ်ဂိုးကို ပြန်လည်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ လိုကာတယ်လီနဲ့ ဝမ်းတူးရိုက်ပြီး ဧရိယာထဲ ဝင်လာခဲ့တဲ့ ဒီမာရီယာက နာပိုလီခံစစ်က ဖျက်လို့ မပျက်တဲ့ ဘောလုံးကို နောက်ပြန် ခင်းပေးခဲ့တဲ့ မီလစ်ခ်ရဲ့ ဖန်တီးမှုကနေ အနီးကပ် ပိတ်သွင်းသွားခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ဒဏ်ရာအနည်းငယ်ရထားတဲ့ ပိုလီတာနိုအစား အယ်လ်မတ်စ်ကို နည်းပြ စပယ်လက်တီက ထည့်သွင်းခဲ့ပြီး နာပိုလီ အသင်းအနေနဲ့ ဘောလုံးပိုင်ဆိုင်မှု၊ အခွင့်အရေး ဖန်တီးမှုကအစ အကောင်းဆုံး အနေအထားမှာ ရှိကြောင်း ဆက်လက်ပြသခဲ့သလို အသင်းကြီးနှစ်သင်းစာ ကစားသမားတွေကို ပိုင်ဆိုင်ထားလို့ ကြိုက်သလို အတင်အချလုပ်နိုင်မှုကလည်း သူတို့တွေကို ချန်ပီယံဖြစ်ဖို့ အားကောင်းစေခဲ့တာပါ။

ပွဲချိန် ၅၅ မိနစ်မှာ နာပိုလီတို့ကို အပေါ်စီး ပြန်ရောက်စေမယ့် တတိယ ဦးဆောင်ဂိုးကို ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ အိုဆီမင်ကြောင့် ရတဲ့ ညာထောင့်ကန်ဘောကို ကဗာရတ်စခီလီယာက ကန်တင်ပေးရာမှာ ဂျူဗင်တပ်စ်နောက်ခံလူတွေ ရှင်းမထုတ်နိုင်ဘဲ ဧရိယာထဲကို ဝင်လာခဲ့တဲ့ ဘောလုံးကို နောက်ခံလူ ရာမာနီက Volley ကန်သွင်းပြီး ရှချက်စ်နီကို ငုတ်တုတ်မေ့စေခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၁၀ မိနစ်အကြာ ပွဲချိန် ၆၅ မိနစ်မှာတော့ နာပိုလီတို့ပဲ စတုတ္ထဂိုးနဲ့ ဂျူဗီတို့ကို ကြိုးတုပ်ရိုက်ခဲ့ပြန်ပြီး ဒီဂိုးကိုတော့ ဘရီးမားရဲ့ အမှားကနေ ပျက်တဲ့ ဘောလုံးကို ရယူနိုင်ခဲ့တဲ့ ကဗာရတ်စခီလီယာကပဲ ဘယ်ခြမ်းကနေ ဧရိယာထဲကို လှမ်းမ,ပေးရာမှာ အိုဆီမီက အဲလက်စ် ဆန်ဒရိုနဲ့ ကော့စ်တစ်ချ်တို့ကြားကနေ အမြင့်ခုန် ခေါင်းတိုက်ချက်နဲ့ သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန် ၇၂ မိနစ်မှာတော့ တစ်ချိန်က ဘာဆိုလား ပြိုင်ဘက်တွေကို စိတ်ရော ကိုယ်ပါ နှလုံးအေးပြီး အရှုံးပေးရစေမယ့် ပဉ္စမမြောက် အနိုင်ဂိုးကို နာပိုလီတို့ သွင်းယူနိုင်ခဲ့ကြပြီး ကွင်းလယ်ကနေ ဘောလုံးပြန်ရလာတဲ့ နောက်ခံလူ ဒီလော်ရန်ဇိုက ညာခြမ်းကို ပေးပို့ခဲ့ရာမှာ အယ်လ်မတ်စ်က အတွင်းကို တစ်ချက်ခေါက်ပြီး ကန်သွင်းခဲ့ရာမှာ အဲလက်စ် ဆန်ဒရိုနဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဆန်ပေါ်လိုမှာ ဂျူဗင်တပ်စ်တို့ကို နာပိုလီတို့က ငါးဂိုး-တစ်ဂိုးနဲ့ မယှဉ်သာအောင် အပြတ်အသတ် ချေမှုန်းသွားခဲ့ကြပြီး မာရာဒိုနာခေတ်နောက်ပိုင်း အကြိမ်ကြိမ် လွဲချော်နေခဲ့တဲ့ စီးရီးအေ ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့ အမှတ်ပေးဇယားထိပ်ဆုံးကနေ ရမှတ် ၄၇ မှတ်နဲ့ ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စီးရီးေအ ဇယားထိပ္ဆုံးက နာပိုလီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မီရက္၊ ခံစစ္မွာ ဂင္မင္းဂ်ယ္၊ ရာမာနီ၊ မာရီယို ႐ူအီနဲ႔ ဒီေလာ္ရန္ဇိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ လိုေဘာ့တ္ကာ၊ ဇြမ္ဘြန္ဂီးဆာနဲ႔ ဇီလင္စကီးတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ကဗာရတ္စခီလီယာ၊ ပိုလီတာႏိုနဲ႔ အိုဆီမင္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဂ်ဴဗင္တပ္စ္အသင္းကေတာ့ ဂိုးသမား ရွခ်က္စ္နီ၊ ခံစစ္မွာ ဘရီးမား၊ ဒါနီလိုနဲ႔ အဲလက္စ္ ဆန္ဒ႐ိုတို႔ ဘရာဇီးလ္သုံးေယာက္တြဲကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ မက္ကင္နီ၊ လိုကာတယ္လီ၊ ဟာဗ်ိဳ၊ ေကာ့စ္တစ္ခ်္နဲ႔ ခီေယးဆာတို႔ကို စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဒီမာရီယာနဲ႔ မီလစ္ခ္တို႔အတြဲကို သုံးစြဲလာခဲ့တာပါ။

ကြင္းလယ္မွာ လူေတြ စုၿပဳံၿပီး နာပိုလီရဲ႕ ကစားကြက္ပုံေဖာ္မႈကို ပိတ္ဆို႔ဖို႔ ႀကိဳးစားလာခဲ့တဲ့ အယ္လီဂရီရဲ႕ ဗ်ဴဟာက အလုပ္မျဖစ္ခဲ့သလို ဂ်ဴဗင္တပ္စ္တို႔ ေဘာလုံးပိုင္ဆိုင္မႈေတာင္မွ ၃၉ ရာခိုင္ႏႈန္းပဲ ရတဲ့အထိျဖစ္ခဲ့ရၿပီး အိမ္ရွင္ ေနပယ္လ္သားေတြအေနနဲ႔ ဆန္ေပၚလိုမွာ ဇာတာက်ေနတဲ့ အဘြားႀကီးကို ေကာင္းေကာင္းသမသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၄ မိနစ္မွာ နာပိုလီတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန တိုက္စစ္ဆင္လာခဲ့တဲ့ ပိုလီတာႏိုက ဧရိယာထဲ လွမ္းမ,ေပးတာကို ကဗာရတ္စခီလီယာက ဘိုင္စကယ္ကစ္နဲ႔ ကန္သြင္းဖို႔ ႀကိဳးစားခဲ့တာကို ဂိုးသမား ရွခ်က္စနီ ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ဂ်ဴဗင္တပ္စ္ ေနာက္ခံလူေတြၾကားထဲက ေျပးဝင္လာခဲ့တဲ့ အိုဆီမင္က အပိုင္ေခါင္းတိုက္ၿပီး အိမ္ရွင္ေတြကို ဦးေဆာင္ေစခဲ့တာပါ။

ပြဲခ်ိန္ ၂၁ မိနစ္မွာ ကမာၻ႔ဖလားခ်န္ပီယံ ဒီမာရီယာရဲ႕ တစ္ကိုယ္ေတာ္ကန္ခ်က္က ဘားထိထြက္ခဲ့လို႔ ဂ်ဴဗီတို႔ နစ္နာခဲ့ရသလို အလြတ္ႀကီး ေခါင္းတိုက္ခြင့္ရတဲ့ မီလစ္ခ္ကလည္း ဂိုးသမားတည့္တည့္ကို ခပ္ေပ်ာ့ေပ်ာ့ပဲ တိုက္ခဲ့လို႔ မီရက္က ရင္ခြင္ပိုက္ ဖမ္းယူသြားခဲ့ၿပီး နာပိုလီဘက္ကေတာ့ ကဗာရတ္စခီလီယာက ဘယ္ျခမ္းတစ္ျခမ္းလုံးကို ေမႊေႏွာက္ေနခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ အိမ္ရွင္ေတြပဲ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံရယူသြားႏိုင္ခဲ့ၾကသလို ညာျခမ္းက ျဖတ္တင္ေဘာကို ဂ်ဴဗင္တပ္စ္ေနာက္ခံလူ ဘရီးမား ရွင္းမထုတ္ႏိုင္ဘဲ အတိတ္ေမ့သလို ေ႐ႊေပ်ာက္သလိုလုပ္တဲ့ အမွားကေန ျပန္က်လာတာကို ရသြားတဲ့ အိုဆီမင္က ဧရိယာထဲကို ခင္းေပးရာမွာ ေျခစြမ္းျပေနတဲ့ ကဗာရတ္စခီလီယာက ညာဘက္တိုင္ေျခကို ကန္သြင္းၿပီး ဂိုးသမား ရွခ်က္စ္နီကို အႏိုင္ယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၄၂ မိနစ္မွာ ဧည့္သည္ေတြအတြက္ ေမွ်ာ္လင့္ခ်က္ရွိေစမယ့္ ေခ်ပဂိုးတစ္ဂိုးကို ျပန္လည္ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန လိုကာတယ္လီနဲ႔ ဝမ္းတူး႐ိုက္ၿပီး ဧရိယာထဲ ဝင္လာခဲ့တဲ့ ဒီမာရီယာက နာပိုလီခံစစ္က ဖ်က္လို႔ မပ်က္တဲ့ ေဘာလုံးကို ေနာက္ျပန္ ခင္းေပးခဲ့တဲ့ မီလစ္ခ္ရဲ႕ ဖန္တီးမႈကေန အနီးကပ္ ပိတ္သြင္းသြားခဲ့လို႔ ပထမပိုင္းမွာ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ဒဏ္ရာအနည္းငယ္ရထားတဲ့ ပိုလီတာႏိုအစား အယ္လ္မတ္စ္ကို နည္းျပ စပယ္လက္တီက ထည့္သြင္းခဲ့ၿပီး နာပိုလီ အသင္းအေနနဲ႔ ေဘာလုံးပိုင္ဆိုင္မႈ၊ အခြင့္အေရး ဖန္တီးမႈကအစ အေကာင္းဆုံး အေနအထားမွာ ရွိေၾကာင္း ဆက္လက္ျပသခဲ့သလို အသင္းႀကီးႏွစ္သင္းစာ ကစားသမားေတြကို ပိုင္ဆိုင္ထားလို႔ ႀကိဳက္သလို အတင္အခ်လုပ္ႏိုင္မႈကလည္း သူတို႔ေတြကို ခ်န္ပီယံျဖစ္ဖို႔ အားေကာင္းေစခဲ့တာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာ နာပိုလီတို႔ကို အေပၚစီး ျပန္ေရာက္ေစမယ့္ တတိယ ဦးေဆာင္ဂိုးကို ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အိုဆီမင္ေၾကာင့္ ရတဲ့ ညာေထာင့္ကန္ေဘာကို ကဗာရတ္စခီလီယာက ကန္တင္ေပးရာမွာ ဂ်ဴဗင္တပ္စ္ေနာက္ခံလူေတြ ရွင္းမထုတ္ႏိုင္ဘဲ ဧရိယာထဲကို ဝင္လာခဲ့တဲ့ ေဘာလုံးကို ေနာက္ခံလူ ရာမာနီက Volley ကန္သြင္းၿပီး ရွခ်က္စ္နီကို ငုတ္တုတ္ေမ့ေစခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၁၀ မိနစ္အၾကာ ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ နာပိုလီတို႔ပဲ စတုတၳဂိုးနဲ႔ ဂ်ဴဗီတို႔ကို ႀကိဳးတုပ္႐ိုက္ခဲ့ျပန္ၿပီး ဒီဂိုးကိုေတာ့ ဘရီးမားရဲ႕ အမွားကေန ပ်က္တဲ့ ေဘာလုံးကို ရယူႏိုင္ခဲ့တဲ့ ကဗာရတ္စခီလီယာကပဲ ဘယ္ျခမ္းကေန ဧရိယာထဲကို လွမ္းမ,ေပးရာမွာ အိုဆီမီက အဲလက္စ္ ဆန္ဒ႐ိုနဲ႔ ေကာ့စ္တစ္ခ်္တို႔ၾကားကေန အျမင့္ခုန္ ေခါင္းတိုက္ခ်က္နဲ႔ သြင္းယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ တစ္ခ်ိန္က ဘာဆိုလား ၿပိဳင္ဘက္ေတြကို စိတ္ေရာ ကိုယ္ပါ ႏွလုံးေအးၿပီး အရႈံးေပးရေစမယ့္ ပၪၥမေျမာက္ အႏိုင္ဂိုးကို နာပိုလီတို႔ သြင္းယူႏိုင္ခဲ့ၾကၿပီး ကြင္းလယ္ကေန ေဘာလုံးျပန္ရလာတဲ့ ေနာက္ခံလူ ဒီေလာ္ရန္ဇိုက ညာျခမ္းကို ေပးပို႔ခဲ့ရာမွာ အယ္လ္မတ္စ္က အတြင္းကို တစ္ခ်က္ေခါက္ၿပီး ကန္သြင္းခဲ့ရာမွာ အဲလက္စ္ ဆန္ဒ႐ိုနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဆန္ေပၚလိုမွာ ဂ်ဴဗင္တပ္စ္တို႔ကို နာပိုလီတို႔က ငါးဂိုး-တစ္ဂိုးနဲ႔ မယွဥ္သာေအာင္ အျပတ္အသတ္ ေခ်မႈန္းသြားခဲ့ၾကၿပီး မာရာဒိုနာေခတ္ေနာက္ပိုင္း အႀကိမ္ႀကိမ္ လြဲေခ်ာ္ေနခဲ့တဲ့ စီးရီးေအ ခ်န္ပီယံဆုကို ျပန္လည္ရယူႏိုင္ဖို႔ အမွတ္ေပးဇယားထိပ္ဆုံးကေန ရမွတ္ ၄၇ မွတ္နဲ႔ ျပတ္ျပတ္သားသား ဦးေဆာင္ႏိုင္ခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.