Premier League

စီးတီးကို ဗျင်းဖို့ မန်ချက်စတာဒါဘီမှာ ပါဝင်လာမယ့် ကြယ်ပွင့် ၆ ဦးကို ပြောပြလိုက်တဲ့ ဖာဒီနန်

ရီယို ဖာဒီနန်က မန်ချက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ ပုံမှန်ခြေစွမ်းရရှိနေတဲ့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ၆ ဦး ပွဲထွက်လူစာရင်းထဲမှာ ပါဝင်လာနိုင်တဲ့အခွင့်အရေးရှိတယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာထဲကို အလွန်ကောင်းမွန်တဲ့ နိုင်ပွဲဆက်မှုနဲ့အတူ ဝင်ရောက်လာခဲ့တာဖြစ်ပေမယ့်လည်း ယနေ့မှာ မန်စီးတီးက အိုးထရက်ဖို့ဒ်ကို လာရောက်ယှဉ်ပြိုင်မယ့် မန်ချက်စတာဒါဘီမှာ ကြီးမားတဲ့ စမ်းသပ်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ တန်ဟက်လက်အောက် နောက်ဆုံး ၂၇ ပွဲမှာ ပွဲ ၂၀ အထိ အနိုင်ရရှိခဲ့ပြီး ဖာဒီနန်က မန်ချက်စတာပြိုင်ဘက်တွေကြားက အကွာအဝေးက ကျိန်းသေပေါက် ပိုမို နီးကပ်လာမယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

ဂွါဒီယိုလာလက်အောက်မှာ မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ဆုဖလား ၄ ကြိမ် ရရှိခဲ့ပြီး ယခုရာသီအစောပိုင်း အစ်တီဟတ်မှာ မြို့ခံပြိုင်ဘက်တွေကို ၆-၃ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယနေ့မှာ မန်ချက်စတာဒါဘီဒုတိယအကျော့ပွဲစဉ်ဟာ ပထမအကျော့တုန်းကလို အပြတ်အသတ်မဟုတ်နိုင်တော့ဘူးလို့ မျှော်မှန်းခြင်းခံထားရပြီး မန်ချက်စတာယူနိုက်တက်သာ အိုးထရက်ဖို့ဒ်မှာ အနိုင် ၃ မှတ် ရယူနိုင်ခဲ့မယ်ဆိုရင် စီးတီးနဲ့ ၁ မှတ်အကွာကို တက်လှမ်းသွားနိုင်တော့မှာ ဖြစ်ပါတယ်။

“မားကပ်စ် ရက်ရှ်ဖို့ဒ်က အသင်းထဲမှာ ပါဝင်ပါလိမ့်မယ်။ ခရစ်ရှန် အဲရစ်ဆင်၊ ဘရူနိုတို့လည်း ပါမယ်။ ကာစီမီရိုက ပရီးမီးယားလိဂ်က အကောင်းဆုံးကွင်းလယ်ခံစစ်ကစားသမား ၂ ဦးထဲက တစ်ဦးဖြစ်ပြီး နောက်တစ်ယောက်က ရိုဒရီပါ။ လီဆန်ဒရို မာတီနက်ဇ်နဲ့ ဗာရွမ်းတို့ကလည်း ပါဝင်ကစားပေးသွားမှာပါ။ ၂ သင်းကြားက အကွာအဝေးက ကျိန်းသေပေါက် ပိုပြီး နီးစပ်လာမှာပါ။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ ရှိနေချင်တဲ့နေရာတော့မဟုတ်သေးပါဘူး။ စီးတီးက မန်ယူနိုက်တက်ရှိနေတဲ့နေရာရဲ့ အရှေ့မှာ ရှိနေဆဲပါ”

“ဒါပေမယ့် ခင်ဗျား ပွဲထွက်လူစာရင်းထဲကို ကစားသမား ၄ ဦး ဒါမှမဟုတ် ၅ ဦး ပါဝင်နိုင်တယ်ဆိုတဲ့ ငြင်းခုံမှု ပြုလုပ်နိုင်တယ် ဒါမှမဟုတ် အနည်းဆုံးတော့ အဲဒီအကြောင်း စကားစမြည်ပြောဆိုမယ်ဆိုရင် အဲဒါက လမ်းကြောင်းမှန်ပေါ်က ခြေလှမ်းတစ်ခုပါ။ ဒါဘီနိုင်ပွဲက ထူးခြားဆန်းကြယ်မှာဖြစ်ပြီး တန်ဖိုးရှိတဲ့ အနိုင် ၃ မှတ်ဖြစ်ပါလိမ့်မယ်။ အဲဒါက ခေါင်မိုးတောင် ပေါက်ထွက်သွားစေမယ့် ယုံကြည်မှုအဆင့်အတန်းကို ရရှိစေပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီယို ဖာဒီနန္က မန္ခ်က္စတာစီးတီးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ပြဲစဥ္မွာ ပုံမွန္ေျခစြမ္းရရွိေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ ၆ ဦး ပြဲထြက္လူစာရင္းထဲမွာ ပါဝင္လာႏိုင္တဲ့အခြင့္အေရးရွိတယ္လို႔ ယုံၾကည္ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာထဲကို အလြန္ေကာင္းမြန္တဲ့ ႏိုင္ပြဲဆက္မႈနဲ႔အတူ ဝင္ေရာက္လာခဲ့တာျဖစ္ေပမယ့္လည္း ယေန႔မွာ မန္စီးတီးက အိုးထရက္ဖို႔ဒ္ကို လာေရာက္ယွဥ္ၿပိဳင္မယ့္ မန္ခ်က္စတာဒါဘီမွာ ႀကီးမားတဲ့ စမ္းသပ္မႈနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ နည္းျပ တန္ဟက္လက္ေအာက္ ေနာက္ဆုံး ၂၇ ပြဲမွာ ပြဲ ၂၀ အထိ အႏိုင္ရရွိခဲ့ၿပီး ဖာဒီနန္က မန္ခ်က္စတာၿပိဳင္ဘက္ေတြၾကားက အကြာအေဝးက က်ိန္းေသေပါက္ ပိုမို နီးကပ္လာမယ္လို႔ ေျပာၾကားလိုက္တာျဖစ္ပါတယ္။

ဂြါဒီယိုလာလက္ေအာက္မွာ မန္ခ်က္စတာစီးတီးအသင္းဟာ ၿပီးခဲ့တဲ့ ၅ ႏွစ္အတြင္းမွာ ဆုဖလား ၄ ႀကိမ္ ရရွိခဲ့ၿပီး ယခုရာသီအေစာပိုင္း အစ္တီဟတ္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ေတြကို ၆-၃ နဲ႔ အျပတ္အသတ္ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ယေန႔မွာ မန္ခ်က္စတာဒါဘီဒုတိယအေက်ာ့ပြဲစဥ္ဟာ ပထမအေက်ာ့တုန္းကလို အျပတ္အသတ္မဟုတ္ႏိုင္ေတာ့ဘူးလို႔ ေမွ်ာ္မွန္းျခင္းခံထားရၿပီး မန္ခ်က္စတာယူႏိုက္တက္သာ အိုးထရက္ဖို႔ဒ္မွာ အႏိုင္ ၃ မွတ္ ရယူႏိုင္ခဲ့မယ္ဆိုရင္ စီးတီးနဲ႔ ၁ မွတ္အကြာကို တက္လွမ္းသြားႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

“မားကပ္စ္ ရက္ရွ္ဖို႔ဒ္က အသင္းထဲမွာ ပါဝင္ပါလိမ့္မယ္။ ခရစ္ရွန္ အဲရစ္ဆင္၊ ဘ႐ူႏိုတို႔လည္း ပါမယ္။ ကာစီမီ႐ိုက ပရီးမီးယားလိဂ္က အေကာင္းဆုံးကြင္းလယ္ခံစစ္ကစားသမား ၂ ဦးထဲက တစ္ဦးျဖစ္ၿပီး ေနာက္တစ္ေယာက္က ႐ိုဒရီပါ။ လီဆန္ဒ႐ို မာတီနက္ဇ္နဲ႔ ဗာ႐ြမ္းတို႔ကလည္း ပါဝင္ကစားေပးသြားမွာပါ။ ၂ သင္းၾကားက အကြာအေဝးက က်ိန္းေသေပါက္ ပိုၿပီး နီးစပ္လာမွာပါ။ ဒါေပမယ့္ အဲဒါက ကြၽန္ေတာ္တို႔ ရွိေနခ်င္တဲ့ေနရာေတာ့မဟုတ္ေသးပါဘူး။ စီးတီးက မန္ယူႏိုက္တက္ရွိေနတဲ့ေနရာရဲ႕ အေရွ႕မွာ ရွိေနဆဲပါ”

“ဒါေပမယ့္ ခင္ဗ်ား ပြဲထြက္လူစာရင္းထဲကို ကစားသမား ၄ ဦး ဒါမွမဟုတ္ ၅ ဦး ပါဝင္ႏိုင္တယ္ဆိုတဲ့ ျငင္းခုံမႈ ျပဳလုပ္ႏိုင္တယ္ ဒါမွမဟုတ္ အနည္းဆုံးေတာ့ အဲဒီအေၾကာင္း စကားစျမည္ေျပာဆိုမယ္ဆိုရင္ အဲဒါက လမ္းေၾကာင္းမွန္ေပၚက ေျခလွမ္းတစ္ခုပါ။ ဒါဘီႏိုင္ပြဲက ထူးျခားဆန္းၾကယ္မွာျဖစ္ၿပီး တန္ဖိုးရွိတဲ့ အႏိုင္ ၃ မွတ္ျဖစ္ပါလိမ့္မယ္။ အဲဒါက ေခါင္မိုးေတာင္ ေပါက္ထြက္သြားေစမယ့္ ယုံၾကည္မႈအဆင့္အတန္းကို ရရွိေစပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.