Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၂၀.၉.၂၀၂၀

– အသင္းအတြက္ ကြင္းလယ္လူ သီယာဂိုနဲ႔ ေတာင္ပံကစားသမား ဂ်ဳိတာတို႔ကို ေခၚယူအၿပီးမွာ ဗန္ဒိုက္နဲ႔ တြဲဖက္ကစားမယ့္ ေနာက္ခံလူ တစ္ဦးကို ေခၚယူမွဳအတြက္ လီဗာပူးလ္တုိ႔ လုပ္ေဆာင္ေနၿပီျဖစ္ၿပီး ေရွာ္လ္ကာရဲ႕ အုိဇန္ ကာဘက္ကို ေခၚယူသြားဖို႔ လုပ္ေဆာင္ေန။

– ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္အတြက္ ဘာစီလိုနာဘက္က ဆြဲေဆာင္လာႏုိင္တဲ့ အႏၲရာယ္က ကင္းေဝးခဲ့ၿပီျဖစ္ၿပီး စပိန္ ကလပ္ေတြအေနနဲ႔ အစိုးရရဲ႕ တင္းၾကပ္တဲ့ ဘဏၰာေရးထိန္းခ်ဳပ္မွဳေအာက္ကို ေရာက္ေနခ်ိန္မွာ မေခၚယူႏုိင္ဖို႔ ေသခ်ာ။

– လူငယ္ေနာက္ခံလူ ကီ-ယာနာ ဟိုးဗားကို အုိင္းယက္စ္အသင္းကေန ေပါင္ကိုးေသာင္းနဲ႔ ေခၚယူၿပီး ေပါင္ကိုးသန္းနဲ႔ ေရာင္းခ်ႏုိင္ခဲ့တာလို႔ သိရၿပီး ခံစားခြင့္ ေပါင္ ၄.၅ သန္းအျပင္ ေရာင္းခ်မယ့္ ေနာက္ထပ္ေျပာင္းေရႊ႕ေၾကးကလည္း ၂၀ ရာခိုင္ႏွဳန္းရရွိမွာျဖစ္လို႔ လီဗာပူးလ္ အားကစားဒါ႐ိုက္တာ မုိက္ကယ္ အက္ဒဝပ္ရဲ႕ ေရႊ႕ကြက္ကို အံ့အားသင့္ေနၾက။

– လီဗာပူးလ္အသင္းကို ေျပာင္းေရႊ႕ခဲ့ခ်ိန္မွာ အသင္းကို ႏွဳတ္ဆက္စကားမဆုိဘဲ ထြက္ခြာသြားခဲ့တဲ့ ဒီယိုဂို ဂ်ဳိတာအတြက္ ဝုလ္ဗ္စ္အသင္းပရိသတ္ေတြ စိတ္ပ်က္ေနၾကၿပီး ဒီအသင္းနဲ႔ ဒီပရိသတ္ေတြ မရွိဘဲ ဒီလိုေနရာကို ေရာက္လာလိမ့္မယ္လုိ႔ မေမွ်ာ္လင့္နဲ႔လို႔ ျပစ္တင္ေနၾက။

– လီဗာပူးလ္ကို ဂ်ဳိတာ ေရာက္လာအၿပီးမွာ သူတုိ႔အသင္းအေနနဲ႔ အန္းဖီးလ္ကေန တုိက္စစ္မွဴး ဒီေဗာ့ခ္ ေအာ္ရီဂီကို ျပန္လည္ဝယ္ယူႏိုင္ဖို႔ တစ္ရာရာခိုင္ႏွဳန္း ေသခ်ာေနၿပီလို႔ အက္စ္တန္ဗီလာပရိသတ္ေတြၾကား စကားဆုိေနၾက။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီရာသီမွာ လီဗာပူးလ္ဆီက ပရီးမီးယားလိဂ္ဖလားကို ျပန္လည္ရယူဖို႔အတြက္ အမွတ္ ၁၀၀ လိုအပ္လိမ့္မွာျဖစ္ေၾကာင္း ဂ်ာမန္ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္ ခန္႔မွန္းေျပာၾကား။

– ဝုလ္ဗ္စ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကြင္းလယ္ပုိင္းကို အားျဖည့္သြားဖို႔ လီဗာပူးလ္ကြင္းလယ္လူ အဲလက္စ္ ေအာက္ဇလိတ္-ခ်ိမ္ဘာလိန္ကို စိတ္ဝင္စားေနၿပီး သီယာဂိုေၾကာင့္ ကစားခြင့္ေပ်ာက္ဆုံးႏုိင္တဲ့အခ်က္ကို အသုံးခ်ၿပီး ပြဲကစားခြင့္နဲ႔ ဆြဲေဆာင္သြားဖို႔ ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အသင်းအတွက် ကွင်းလယ်လူ သီယာဂိုနဲ့ တောင်ပံကစားသမား ဂျိုတာတို့ကို ခေါ်ယူအပြီးမှာ ဗန်ဒိုက်နဲ့ တွဲဖက်ကစားမယ့် နောက်ခံလူ တစ်ဦးကို ခေါ်ယူမှုအတွက် လီဗာပူးလ်တို့ လုပ်ဆောင်နေပြီဖြစ်ပြီး ရှော်လ်ကာရဲ့ အိုဇန် ကာဘက်ကို ခေါ်ယူသွားဖို့ လုပ်ဆောင်နေ။

– ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်အတွက် ဘာစီလိုနာဘက်က ဆွဲဆောင်လာနိုင်တဲ့ အန္တရာယ်က ကင်းဝေးခဲ့ပြီဖြစ်ပြီး စပိန် ကလပ်တွေအနေနဲ့ အစိုးရရဲ့ တင်းကြပ်တဲ့ ဘဏ္ဏာရေးထိန်းချုပ်မှုအောက်ကို ရောက်နေချိန်မှာ မခေါ်ယူနိုင်ဖို့ သေချာ။

– လူငယ်နောက်ခံလူ ကီ-ယာနာ ဟိုးဗားကို အိုင်းယက်စ်အသင်းကနေ ပေါင်ကိုးသောင်းနဲ့ ခေါ်ယူပြီး ပေါင်ကိုးသန်းနဲ့ ရောင်းချနိုင်ခဲ့တာလို့ သိရပြီး ခံစားခွင့် ပေါင် ၄.၅ သန်းအပြင် ရောင်းချမယ့် နောက်ထပ်ပြောင်းရွှေ့ကြေးကလည်း ၂၀ ရာခိုင်နှုန်းရရှိမှာဖြစ်လို့ လီဗာပူးလ် အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒဝပ်ရဲ့ ရွှေ့ကွက်ကို အံ့အားသင့်နေကြ။

– လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ခဲ့ချိန်မှာ အသင်းကို နှုတ်ဆက်စကားမဆိုဘဲ ထွက်ခွာသွားခဲ့တဲ့ ဒီယိုဂို ဂျိုတာအတွက် ဝုလ်ဗ်စ်အသင်း ပရိသတ်တွေ စိတ်ပျက်နေကြပြီး ဒီအသင်းနဲ့ ဒီပရိသတ်တွေ မရှိဘဲ ဒီလိုနေရာကို ရောက်လာလိမ့်မယ်လို့ မမျှော်လင့်နဲ့လို့ ပြစ်တင်နေကြ။

– လီဗာပူးလ်ကို ဂျိုတာ ရောက်လာအပြီးမှာ သူတို့အသင်းအနေနဲ့ အန်းဖီးလ်ကနေ တိုက်စစ်မှူး ဒီဗော့ခ် အော်ရီဂီကို ပြန်လည်ဝယ်ယူနိုင်ဖို့ တစ်ရာရာခိုင်နှုန်း သေချာနေပြီလို့ အက်စ်တန်ဗီလာပရိသတ်တွေကြား စကားဆိုနေကြ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီရာသီမှာ လီဗာပူးလ်ဆီက ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူဖို့အတွက် အမှတ် ၁၀၀ လိုအပ်လိမ့်မှာဖြစ်ကြောင်း ဂျာမန်ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ် ခန့်မှန်းပြောကြား။

– ဝုလ်ဗ်စ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်သွားဖို့ လီဗာပူးလ်ကွင်းလယ်လူ အဲလက်စ် အောက်ဇလိတ်-ချိမ်ဘာလိန်ကို စိတ်ဝင်စားနေပြီး သီယာဂိုကြောင့် ကစားခွင့်ပျောက်ဆုံးနိုင်တဲ့အချက်ကို အသုံးချပြီး ပွဲကစားခွင့်နဲ့ ဆွဲဆောင်သွားဖို့ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.