Match Report Premier League

ဘယ်ခြမ်းက ချို့တဲ့မှုတွေနဲ့ ရစ်သမ်ပျက်ခဲ့ရတဲ့ အာဆင်နယ်ရဲ့နိုင်ပွဲ

ဒီနေ့ပွဲမှာတော့ အာဆင်နယ်အသင်းအနေနဲ့ ပွဲမတိုင်ခင် ဒဏ်ရာရသွားတဲ့ တီယာနီအစား ကိုလာစီနက်ခ်ျကို ထည့်သွင်းခဲ့ရာမှာ အသင်းရဲ့ ဟန်ချက်က ဆိုးဆိုးရွားရွားပျက်သွားခဲ့ပြီး ရှေ့မှာလည်း ပုံမှန်ကစားနေကျ မိတ်လန်းနိုင်းလ်အစား ဆာကာ ပါဝင်လာချိန်မှာ လုပ်အားနှုန်းနဲ့ ကွင်းလယ်ကို စိုးမိုးနိုင်စွမ်း လျော့ကျမှုတွေနဲ့အတူ အားနည်းတဲ့ ပြိုင်ဘက် ဝက်စ်ဟမ်းကို အသည်းအသန် အနိုင်ကစားခဲ့ရပါတယ်။

တွဲဖက်နေကျ အထိုင်ဖျက်တဲ့ ဒဏ်ကို အမြဲခံရလေ့ရှိတဲ့ အာဆင်နယ်ဟာ ဘယ်ခြမ်းမှာ တီယာနီနဲ့ မိတ်လန်းနိုင်းလ်စ် မပါဝင်တော့တဲ့အခါ အူဘာမီယန်းဟာ သူ့ရဲ့ Half Space တွေကို ရယူနိုင်ခြင်းမရှိတော့ဘဲ တောင်ပံနဲ့ အလယ်မှာသာ အချိန်ကုန်နေခဲ့ရသလို ဒီထဲမှာ အတွေ့အကြုံနုတဲ့ ဆာကာနဲ့ ဉာဏ်မကောင်းတဲ့ ကိုလာစီနက်ခ်ျတို့ကတော့ သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းကို တားဆီးခဲ့ပါတယ်။



ပွဲချိန် ၄၅ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ တန်ပြန်တိုက်စစ်ကနေ ချေပဂိုးရခဲ့ပြီး ဒီဂိုးကတော့ ဘယ်ခြမ်းမှာ တောင်ပံကစားတဲ့ ဆာကာ ပြန်မဆင်းနိုင်ချိန်မှာ ညာနောက်ခံလူ ဖရက်ဒရစ် ဖြတ်ချိုးပေးခဲ့တာကို ကိုလာစီနက်ခ်ျ မတားဆီးနိုင်ခဲ့ဘဲ တခြားနောက်ခံလူတွေကလည်း ရှင်းမထုတ်နိုင်ခဲ့တာကို အန်တိုနီယိုက အသုံးချပြီး ဂိုးသွင်းခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။


အာဆင်နယ်တို့ ဝီလီယန်အစား ပေပေကို အပြောင်းအလဲလုပ်ခဲ့ပေမယ့် ဘောလုံးပေးမယ့်သူတစ်ယောက် လျော့သွားခဲ့တာသာ အဖတ်တင်ခဲ့ပြီး တိုက်စစ်ကိုလည်း ဘယ်ခြမ်းက ဆာကာနဲ့ ကိုလာစီနက်ခ်ျတို့ အကောင်အထည်မဖော်နိုင်ချိန်မှာ အူဘာမီယန်းကလည်း နောက်အထိ ဘောလုံးဆင်းယူနေခဲ့ရတာပါ။


နှစ်ဂိုး-တစ်ဂိုးနဲ့သာ ပြီးဆုံးခဲ့တဲ့ ရလဒ်ကြောင့် အာဆင်နယ်တို့အနေနဲ့ အဆင့် ၁ နေရာမှာ ဆက်လက်ရပ်တည်နိုင်ဖို့ မဖြစ်နိုင်တော့ဘဲ ညနေပိုင်းက ငါးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဲဗာတန်အောက်ကို ဆင်းပေးလိုက်ရလို့ အဆင့် ၂ ကို ရောက်သွားခဲ့ရပြီး နည်းပြ အာတီတာအတွက်တော့ ဒီနေ့ပွဲဟာ ကိုလာစီနက်ခ်ျကို ဘယ်လိုမှ သုံးမရဘူးဆိုတာကို သဘောပေါက်လိုက်သင့်တဲ့ပွဲဖြစ်သလို အမြန်ဆုံး ခံစစ်သုံးယောက်တန်းအတွက် ကစားပေးမယ့်သူတွေကို အတည်ပြု အထိုင်ချသင့်ပြီဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
SPORTS A2Z.

UNICODE: ဒီနေ့ပွဲမှာတော့ အာဆင်နယ်အသင်းအနေနဲ့ ပွဲမတိုင်ခင် ဒဏ်ရာရသွားတဲ့ တီယာနီအစား ကိုလာစီနက်ချ်ကို ထည့်သွင်းခဲ့ရာမှာ အသင်းရဲ့ ဟန်ချက်က ဆိုးဆိုးရွားရွားပျက်သွားခဲ့ပြီး ရှေ့မှာလည်း ပုံမှန်ကစားနေကျ မိတ်လန်းနိုင်းလ်အစား ဆာကာ ပါဝင်လာချိန်မှာ လုပ်အားနှုန်းနဲ့ ကွင်းလယ်ကို စိုးမိုးနိုင်စွမ်း လျော့ကျမှုတွေနဲ့အတူ အားနည်းတဲ့ ပြိုင်ဘက် ဝက်စ်ဟမ်းကို အသည်းအသန် အနိုင်ကစားခဲ့ရပါတယ်။

တွဲဖက်နေကျ အထိုင်ဖျက်တဲ့ ဒဏ်ကို အမြဲခံရလေ့ရှိတဲ့ အာဆင်နယ်ဟာ ဘယ်ခြမ်းမှာ တီယာနီနဲ့ မိတ်လန်းနိုင်းလ်စ် မပါဝင်တော့တဲ့အခါ အူဘာမီယန်းဟာ သူ့ရဲ့ Half Space တွေကို ရယူနိုင်ခြင်းမရှိတော့ဘဲ တောင်ပံနဲ့ အလယ်မှာသာ အချိန်ကုန်နေခဲ့ရသလို ဒီထဲမှာ အတွေ့အကြုံနုတဲ့ ဆာကာနဲ့ ဉာဏ်မကောင်းတဲ့ ကိုလာစီနက်ချ်တို့ကတော့ သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းကို တားဆီးခဲ့ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတော့ ဆာကာ ထိုးပေးတာကို လူကျွံဘောဖမ်းထားတဲ့ ဝက်စ်ဟမ်းနောက်တန်းကို အူဘာမီယန်းက လှည့်စားဖောက်ထွက်ပြီး ပြန်လည်ဖြတ်တင်ပေးတာကို လာကာဇက်က သူ့ရဲ့ အာဆင်နယ်ကစားသမားဘဝ ဂိုး ၅၀ မြောက်အဖြစ် ခေါင်းတိုက် သွင်းယူနိုင်ခဲ့လို့ အာဆင်နယ်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်တို့ ပင်နယ်တီပေးရနိုင်တဲ့ အနေအထားနှစ်ကြိမ်ဖြစ်ခဲ့သလို ကိုယ့်ဘက်က မတော်တဆမှုနဲ့ ဂိုးမဝင်နိုင်တဲ့ အခြေအနေအဖြစ် ခွင့်ပြုခံခဲ့ရလို့သာ သက်သာခဲ့ရပြီး ဝက်စ်ဟမ်းကတော့ ဟန်ချက်မညီတဲ့ အိမ်ရှင်နောက်တန်းကို မကြာခဏဆိုသလို ခြိမ်းခြောက်နေခဲ့ပါတယ်။

ပွဲချိန် ၄၅ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ တန်ပြန်တိုက်စစ်ကနေ ချေပဂိုးရခဲ့ပြီး ဒီဂိုးကတော့ ဘယ်ခြမ်းမှာ တောင်ပံကစားတဲ့ ဆာကာ ပြန်မဆင်းနိုင်ချိန်မှာ ညာနောက်ခံလူ ဖရက်ဒရစ် ဖြတ်ချိုးပေးခဲ့တာကို ကိုလာစီနက်ချ် မတားဆီးနိုင်ခဲ့ဘဲ တခြားနောက်ခံလူတွေကလည်း ရှင်းမထုတ်နိုင်ခဲ့တာကို အန်တိုနီယိုက အသုံးချပြီး ဂိုးသွင်းခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ကစားအားကျလာတဲ့ အာဆင်နယ်ကွင်းလယ်နဲ့ ခံစစ်ကြောင့် ဝက်စ်ဟမ်းရဲ့ တိုက်စစ်တွေက ပိုမိုခြိမ်းခြောက်နိုင်ခဲ့သလို ဂိုးသမား လီနိုအနေနဲ့ ကာကွယ်နေခဲ့ရပြီး သူ့ရဲ့ မပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကြောင့်လည်း ဂိုးပေးရနိုင်တဲ့ အနေအထားမျိုးတွေကို တွေ့မြင်ခဲ့ရပါတယ်။

အာဆင်နယ်တို့ ဝီလီယန်အစား ပေပေကို အပြောင်းအလဲလုပ်ခဲ့ပေမယ့် ဘောလုံးပေးမယ့်သူတစ်ယောက် လျော့သွားခဲ့တာသာ အဖတ်တင်ခဲ့ပြီး တိုက်စစ်ကိုလည်း ဘယ်ခြမ်းက ဆာကာနဲ့ ကိုလာစီနက်ချ်တို့ အကောင်အထည်မဖော်နိုင်ချိန်မှာ အူဘာမီယန်းကလည်း နောက်အထိ ဘောလုံးဆင်းယူနေခဲ့ရတာပါ။

ပွဲချိန် ၇၇ မိနစ်မှာ လာကာဇက်အစား နကီးတီးယားကို ထည့်သွင်းလိုက်တာကတော့ ဒီပွဲရဲ့ အဖြေဖြစ်ခဲ့သလို ၈၄ မိနစ်မှာတော့ သူကပဲ ဒါနီ စီဘာယော့စ်ရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ချိုးပေးတာကို အနိုင်ဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။

နှစ်ဂိုး-တစ်ဂိုးနဲ့သာ ပြီးဆုံးခဲ့တဲ့ ရလဒ်ကြောင့် အာဆင်နယ်တို့အနေနဲ့ အဆင့် ၁ နေရာမှာ ဆက်လက်ရပ်တည်နိုင်ဖို့ မဖြစ်နိုင်တော့ဘဲ ညနေပိုင်းက ငါးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဲဗာတန်အောက်ကို ဆင်းပေးလိုက်ရလို့ အဆင့် ၂ ကို ရောက်သွားခဲ့ရပြီး နည်းပြ အာတီတာအတွက်တော့ ဒီနေ့ပွဲဟာ ကိုလာစီနက်ချ်ကို ဘယ်လိုမှ သုံးမရဘူးဆိုတာကို သဘောပေါက်လိုက်သင့်တဲ့ပွဲဖြစ်သလို အမြန်ဆုံး ခံစစ်သုံးယောက်တန်းအတွက် ကစားပေးမယ့်သူတွေကို အတည်ပြု အထိုင်ချသင့်ပြီဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.