Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၂၀.၉.၂၀၂၀

– ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ခ်ဲလ္ဆီးၾကားမွာ သေဘာတူညီမွဳေတြ အျပန္အလွန္ ရွိလာႏုိင္ၿပီး ကြင္းလယ္လူ ဘာကာယိုကို,ကို ရီးရဲလ္ ဘက္က ေခၚယူႏုိင္ဖို႔ ႀကဳိးစားေနသလို တုိက္စစ္မွဴး လူကာ ယိုဗစ္ခ်္ကို အငွားနဲ႔ ေခၚယူဖို႔ ခ်ဲလ္ဆီး စိတ္ဝင္စားေန။

– ခ်ဲလ္ဆီးအသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးရွင္တစ္ဦးအျဖစ္ ေရာက္ရွိလာခဲ့တဲ့ ခိုင္ ဟာဗတ္ဇ္ဟာ သူ႕ရဲ႕ ပြဲဦးထြက္ကို စိတ္ဝင္စားတဲ့ပုံ မရွိဘဲ ကစားပုံေကာင္းဖို႔ တျခားကစားသမားေတြလုိမ်ဳိး ဂ႐ုစုိက္ကစားျခင္းမရွိခဲ့ဘူးလို႔ ေပါလ္မာဆန္ စြပ္စြဲ။

– ကြင္းလယ္အဖ်က္ကစားသမားေကာင္းတစ္ဦး အလိုရွိေနတဲ့ ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီက မိုနာကိုမွာ ကစားခဲ့တဲ့ တီမူး ဘာကာယုိကိုရဲ႕ ေျခစြမ္းကို သေဘာက်ေနၿပီး ခ်ဲလ္ဆီးဘက္က သတ္မွတ္ေၾကး ယူ႐ိုသန္း ၃၀ ေပးဖုိ႔ အဆင္သင့္ျဖစ္ေန။

– အင္တာမီလန္အသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ဒုတိယဦးစားေပးေနာက္ခံလူေတြျဖစ္ၾကတဲ့ မားကို႔စ္ အလြန္ဆုိနဲ႔ အီမာဆန္ ပယ္လ္မီယာရီတုိ႔ႏွစ္ဦးထဲက တစ္ဦးကို ေရာင္းခ်ေပးဖို႔ ေဆြးေႏြးသြားမယ္လို႔ အီတလီဂ်ာနယ္လစ္ စီခ်ာရီနီ ေဖာ္ျပ။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတုိ႔ရဲ ဂိုးသမားသစ္ျဖစ္လာမယ့္ ေအဒူယာ မန္ဒီအတြက္ ကိုဗစ္-၁၉ နေဂးတစ္ျဖစ္ေၾကာင္း နမူနာစစ္ေဆးမွဳ ႏွစ္ႀကိမ္ကို ျပသႏုိင္မယ္ဆုိရင္ ၿဗိတိန္ရဲ႕ ေဘာလုံးသမားေတြအတြက္ ျခြင္းခ်က္စည္းမ်ဥ္းအရ အသင္းကို တုိက္႐ိုက္ေခၚယူႏုိင္မွာျဖစ္တယ္လုိ႔ သိရ။

– တနဂၤေႏြေန႔ညမွာ ေတြ႕ဆုံမယ့္ လီဗာပူးလ္အသင္းရဲ႕ ဘယ္ေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္က ၿပဳိင္ဘက္တုိက္စစ္မွဴး တီမို ဗာနာကို ေစာင့္ၾကည့္ျဖစ္ခဲ့ၿပီး အဖြင့္ပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ သူဟာ ခ်ဲလ္ဆီးအသင္းကို ကြဲျပားျခားနားတဲ့ တုိက္စစ္ကစားဟန္နဲ႔ အက်ဳိးျပဳမယ့္သူလို႔ ခ်ီးက်ဴး။

– ကြင္းလယ္လူသစ္ ခုိင္ ဟာဗတ္ဇ္က သူ႕အေနနဲ႔ ဂ်ာမနီနဲ႔ ေလဗာကူဆင္ကစားသမားေဟာင္း မီရွာေအးလ္ ဘားလက္ခ္လိုပဲ ခ်ဲလ္ဆီးအသင္းနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ေအာင္ျမင္မွဳေတြ ရယူလုိေၾကာင္း ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချဲလ်ဆီးကြားမှာ သဘောတူညီမှုတွေ အပြန်အလှန် ရှိလာနိုင်ပြီး ကွင်းလယ်လူ ဘာကာယိုကို,ကို ရီးရဲလ် ဘက်က ခေါ်ယူနိုင်ဖို့ ကြိုးစားနေသလို တိုက်စစ်မှူး လူကာ ယိုဗစ်ချ်ကို အငှားနဲ့ ခေါ်ယူဖို့ ချဲလ်ဆီး စိတ်ဝင်စားနေ။

– ချဲလ်ဆီးအသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်တစ်ဦးအဖြစ် ရောက်ရှိလာခဲ့တဲ့ ခိုင် ဟာဗတ်ဇ်ဟာ သူ့ရဲ့ ပွဲဦးထွက်ကို စိတ်ဝင်စားတဲ့ပုံ မရှိဘဲ ကစားပုံကောင်းဖို့ တခြားကစားသမားတွေလိုမျိုး ဂရုစိုက်ကစားခြင်းမရှိခဲ့ဘူးလို့ ပေါလ်မာဆန် စွပ်စွဲ။

– ကွင်းလယ်အဖျက်ကစားသမားကောင်းတစ်ဦး အလိုရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီက မိုနာကိုမှာ ကစားခဲ့တဲ့ တီမူး ဘာကာယိုကိုရဲ့ ခြေစွမ်းကို သဘောကျနေပြီး ချဲလ်ဆီးဘက်က သတ်မှတ်ကြေး ယူရိုသန်း ၃၀ ပေးဖို့ အဆင်သင့်ဖြစ်နေ။

– အင်တာမီလန်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ဒုတိယဦးစားပေးနောက်ခံလူတွေဖြစ်ကြတဲ့ မားကို့စ် အလွန်ဆိုနဲ့ အီမာဆန် ပယ်လ်မီယာရီတို့နှစ်ဦးထဲက တစ်ဦးကို ရောင်းချပေးဖို့ ဆွေးနွေးသွားမယ်လို့ အီတလီဂျာနယ်လစ် စီချာရီနီ ဖော်ပြ။

– ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ ဂိုးသမားသစ်ဖြစ်လာမယ့် အေဒူယာ မန်ဒီအတွက် ကိုဗစ်-၁၉ နဂေးတစ်ဖြစ်ကြောင်း နမူနာစစ်ဆေးမှု နှစ်ကြိမ်ကို ပြသနိုင်မယ်ဆိုရင် ဗြိတိန်ရဲ့ ဘောလုံးသမားတွေအတွက် ခြွင်းချက်စည်းမျဉ်းအရ အသင်းကို တိုက်ရိုက်ခေါ်ယူနိုင်မှာဖြစ်တယ်လို့ သိရ။

– တနင်္ဂနွေနေ့ညမှာ တွေ့ဆုံမယ့် လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်က ပြိုင်ဘက်တိုက်စစ်မှူး တီမို ဗာနာကို စောင့်ကြည့်ဖြစ်ခဲ့ပြီး အဖွင့်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သူဟာ ချဲလ်ဆီးအသင်းကို ကွဲပြားခြားနားတဲ့ တိုက်စစ်ကစားဟန်နဲ့ အကျိုးပြုမယ့်သူလို့ ချီးကျူး။

– ကွင်းလယ်လူသစ် ခိုင် ဟာဗတ်ဇ်က သူ့အနေနဲ့ ဂျာမနီနဲ့ လေဗာကူဆင်ကစားသမားဟောင်း မီရှာအေးလ် ဘားလက်ခ်လိုပဲ ချဲလ်ဆီးအသင်းနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အောင်မြင်မှုတွေ ရယူလိုကြောင်း ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.