Analysis Match Report Premier League

ဖဲလစ်နဲ့ ပေါ့တာတို့ ဘူခဲ့ကြတဲ့ ဖူလ်ဟမ် 2-1 ချဲလ်ဆီးပွဲက ပြောစရာများ

ကောင်းသလောက်ဆိုး၊ ဆိုးသလောက်ကောင်းခဲ့တဲ့ ဖဲလစ္စ
ဂျာအို ဖဲလစ္စအနေနဲ့ ချဲလ်ဆီးအသင်းမှာ အသင်းဖော်သစ်တွေနဲ့ အသားကျပြီး အကျိုးပြုမှုတွေကို ယူဆောင်ပေးလာနိုင်တဲ့အကြောင်းကို ပြသဖို့ ၁၀၇ စက္ကန့်ပဲ အချိန်ယူခဲ့ပြီး အသင်းရဲ့ ပထမဆုံး ဂိုးပေါက်ခြိမ်းခြောက်မှုကို ပွဲချိန် ၂ မိနစ်ကျော်ကျော်မှာ စတင်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပေးပို့မှု ၇၆ ရာခိုင်နှုန်း တိကျခဲ့ပြီး အထုတ်မခံရခင်အထိ ဘောလုံးအကြိမ် ၄၀ ထိခဲ့တဲ့ ပေါ်တူဂီသားဟာ ဂိုးပေါက်တည့်အောင် ၄ ကြိမ် ကန်နိုင်ခဲ့သလို အသင်းဖော်တွေ အတွက်လည်း ပံ့ပိုးမှုတွေ ပြုလုပ်သွားနိုင်ခဲ့တာပါ။ သူ့ရဲ့ အနီကတ်ကတော့ ဘယ်ချဲလ်ဆီးကစားသမားမှ ပွဲဦးထွက်မှာ မရဖူးတဲ့ စံချိန်ဆိုးလည်း ဖြစ်ခဲ့ပြီး အက်သလက်တီကိုနည်းပြ ဆီမီယွန်နီရဲ့ ကြမ်းတမ်းမှုတွေများ ပါလာခဲ့တာလားလို့ မေးချင်စရာလည်းဖြစ်ခဲ့ရပါတယ်။


၁၁ ဂဏန်းတွေ လွှမ်းမိုးပြီး အထုတ်ခံရတဲ့သူ
ချဲလ်ဆီးအသင်းကို ဇန်နဝါရီ ၁၁ ရက်နေ့မှာ ယူရို ၁၁ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး ကျောနံပါတ် ၁၁ ဝတ်ဆင်ခဲ့တဲ့ ဂျာအို ဖဲလစ္စအနေနဲ့ ဒုတိယပိုင်း ၁၁ မိနစ်ဖြစ်တဲ့ ပွဲချိန် ၅၆ မိနစ်မှာ ဖူလ်ဟမ်ကစားသမား ကင်နီ တီတီကို ဒူးနားအထိ ခြေထောက်မြှောက်ဝင်ခဲ့တာဖြစ်ပြီး ဒိုင်လူကြီး ဒေးဗစ် ကူးထ်ရဲ့ တိုက်ရိုက်အနီကတ်ကို ရရှိသွားခဲ့တာပါ။ ဆီမီယွန်နီတပည့် ပေါ်တူဂီသားအနေနဲ့ ၁၁ ချပ်မြောက် တဲရော့ကတ်မှာ အမှုအခင်းတွေ ကြုံတွေ့ရတတ်တယ်လို့ အဓိပ္ပါယ်ဖွင့်တဲ့ Justice တရားမျှတမှုကတ်ရဲ့ အလိုအတိုင်း အမှုအခင်း ပွေခဲ့တာဖြစ်ပြီး သူ့ရဲ့ အနီကတ် ပြခံရမှုက ဂမ္ဘီရဆန်ခဲ့တယ်လို့လည်း ပြောစရာ ဖြစ်ခဲ့ပါတယ်။

အသင်းဟောင်းကို ပညာပြခဲ့တဲ့ ဝီလီယန်
အာဆင်နယ်၊ ကော်ရင်သီယန်တို့မှာ ကျင်လည်ခဲ့ပြီးမှ ဖူလ်ဟမ်ကို ပြန်ရောက်လာခဲ့ချိန်မှာ အသင်းဟောင်း ချဲလ်ဆီးကို ရင်ဆိုင်ခဲ့တဲ့ ဘရာဇီးလ် တောင်ပံသမား ဝီလီယန်အနေနဲ့ သူ့ရဲ့ ဘယ်ခြမ်းကနေ ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့သလို ပွဲချိန် ၂၅ မိနစ်မှာ တစ်ကိုယ်တော် ခြေစွမ်းနဲ့ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးအတွက် သူ့အနေနဲ့ အသင်းဟောင်းရှေ့မှာ အောင်ပွဲမခံဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဖူလ်ဟမ်အသင်းဖော်တွေရဲ့ ဆွဲခေါ်မှုတွေနောက်မှာ ပူးပေါင်းပြီး အနည်းငယ် အောင်ပွဲခံသွားခဲ့သလို အိမ်ရှင်ပရိသတ်တွေရှေ့မှာ လက်နှစ်ဖက်ကို အသည်းပုံလုပ်ပြခဲ့တာကတော့ ငယ်ချစ်ဟောင်း အပြာရောင်တွေကို ရင်ထဲ အောင့်စေခဲ့တာပါ။

အသင်းကြီး လူဟောင်းတွေ ဆွဲတင်နေတဲ့ ဖူလ်ဟမ်
တခြားအသင်းတွေထက် ပွဲပိုနေပြီး ၁၉ ပွဲအထိ ကစားထားခဲ့ပေမယ့် ဖူလ်ဟမ်တို့ကတော့ ဥရောပဝင်ခွင့် ရရှိနိုင်တဲ့ အဆင့် ၆ ကို ရောက်ရှိ လာနိုင်ခဲ့ကြပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ မျက်စပစ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ လုံးချင်းအိမ်တွေအတွက် ဒီနေ့မှာ ခြေစွမ်းပြခဲ့ကြသူတွေကတော့ အာဆင်နယ် ကစားသမားဟောင်းတွေဖြစ်ကြတဲ့ ဝီလီယန်နဲ့ ဂိုးသမား လီနို၊ ကွင်းလယ်က အန်ဒရီးယက်စ် ပါရဲရားတို့ဖြစ်ကြပြီး သူတို့ရဲ့ တခြားအသင်းဖော်တွေထက် ပိုပြီး ပြင်းပြတဲ့ စိတ်ဓာတ်ပိုင်းတွေက ဒီနေ့မှာ ချဲလ်ဆီးတို့ကို အိမ်ကွင်းမှာ ကျော်ဖြတ်အနိုင်ယူဖို့ ထိုက်တန်ခဲ့ကြတာပါ။

ကူလီဘေလီရဲ့ ဂိုးနဲ့ ဆေး
ချဲလ်ဆီးအသင်းအနေနဲ့ အဝေးကွင်းမှာ ရှုံးနိမ့်နေခဲ့တဲ့ အနေအထားမှာ နောက်ခံလူ ခါလီဒူး ကူလီဘေလီအနေနဲ့ ပွဲချိန် ၄၇ မိနစ်မှာ ကွင်းလယ်လူ မေဆန်မောင့်ရဲ့ ဖရီးကစ် တိုင်ထိထွက်လာတာကို အချိန်ကိုက် ပိတ်သွင်းပြီး ချေပဂိုး ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ချဲလ်ဆီးတို့ရဲ့ သုံးယောက် ခံစစ်တန်း ဘယ်အစွန်မှာလည်း တာဝန်ကျေခဲ့ပေမယ့် ပွဲချိန် ၅၆ မိနစ်မှာ သူ့ရဲ့ မလိုအပ်ဘဲ အားများသွားတဲ့ ပေးပို့မှုက အသင်းဖော်သစ် ဂျာအို ဖဲလစ္စကို အထုတ်ခံရဖို့ ဆေးထိုးသလိုဖြစ်ခဲ့ရပြီး ဒီကနေ ဘောလုံးမထိန်းနိုင်ခဲ့တဲ့ ပေါ်တူဂီသားရဲ့ အနီကတ်က ဖြစ်ပွားသွားခဲ့ရတာပါ။

ရိုက်လိုက်တဲ့ ဘူကျနေတဲ့ ပေါ့တာရဲ့ဖဲ
ရည်းစားကမုန်း ဖဲကရှုံးဆိုတဲ့ စကားအတိုင်းဖြစ်နေတဲ့ ချဲလ်ဆီးနည်းပြ ဂရေဟမ် ပေါ့တာရဲ့ ကံကြမ္မာကတော့ အဆိုးဘက်ကိုချည်း ဦးတည်နေသလို ပြိုင်ဘက်အသင်းကြီးတွေရဲ့ ပရိသတ်တွေကတောင် ရှုံးပါစေလို့ ဆုမတောင်းနိုင်တော့ဘဲ သနားယူနေရပြီဖြစ်ပါတယ်။ ရိုက်လိုက်တိုင်း ဘူကျသလို၊ ၁၂ ပွင့်မှာ ကုလားတက်ပြီး၊ တစ်ချပ်မှောက်တော့ တစ်ကိုးကင်းဖြစ်နေတဲ့ ဘရိုက်တန်နည်းပြဟောင်းအနေနဲ့ ဒဏ်ရာတွေ စုပြုံကြုံတွေ့ချိန်မှာ အသင်းဟောင်းမှာ လက်တွဲခဲ့ဖူးတဲ့ ကူကူရဲလားကိုတောင် မသုံးရဲတော့ဘဲ လူငယ်လေး ဟောလ်နဲ့ အပြောင်းအလဲလုပ်ခဲ့ရသလို သူ့ရဲ့ ကွင်းလယ်မှာ အမျိုးစုံ ကြိုးခုန်ပြီး ဗျူဟာတွေ ခင်းကျင်းနေခဲ့ပေမယ့် ပွဲကို စိုးမိုးဖို့နဲ့ အနိုင်ရဖို့ကတော့ ဝေလာဝေးပဲဖြစ်နေခဲ့တာပါ။

ကီပါနဲ့ သီယာဂို ဆေးလ်ဗားရဲ့ ကျဆင်းမှုများ
ချဲလ်ဆီးအသင်းရဲ့ ဂိုးပေါက်မှာ အေဒူယာ မန်ဒီကို ကျော်ဖြတ်ပြီး နေရာပြန်ရလာတဲ့ ဂိုးသမား ကီပါအနေနဲ့ ဒီနေ့မှာလည်း လက်စွမ်းက မတည်ငြိမ်ဘဲ ပြာယာခတ်နေခဲ့သလို ဖူလ်ဟမ်တိုက်စစ်ရှေ့မှာ ယုန်သူငယ်လေးလို ဖြစ်နေခဲ့တာပါ။ ဘော်ဘီ ဒီကော်ဒိုဗာ-ရိဒ်ရဲ့ ၂၃ မိနစ် ကန်ချက်သာ ဘားမထိဘဲ ဝင်သွားခဲ့ရင် ချဲလ်ဆီးတို့ ဒီထက်ပို ဂိုးပေးရဖို့ ရှိပြီး ဒီနေ့မှာ ကီပါနဲ့အပြိုင် ညံ့ခဲ့သူကတော့ ဝါရင့်နောက်ခံလူကြီး သီယာဂို ဆေးလ်ဗားပဲ ဖြစ်ခဲ့ပါတယ်။ တစ်နိုင်ငံတည်းသား ကားလို့စ် ဗီနီးရှပ်စ်နဲ့ ပြိုင်ဆိုင်ရာမှာ ရုန်းကန်နေခဲ့ရသလို ဒုတိယပိုင်း ပွဲချိန် ၇၃ မိနစ်မှာတော့ သူ့ရဲ့ လူကျွံဘော ဖမ်းမလိုလို၊ ခေါင်းတိုက်ပဲ ရှင်းတော့မလိုလိုနဲ့ တစ်ခုမှ မလုပ်နိုင်ခဲ့တဲ့ ဆုံးဖြတ်ချက် ဝေဝါးသွားမှုက ချဲလ်ဆီးတို့ကို ရှုံးပွဲတွေ့စေခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေကာင္းသေလာက္ဆိုး၊ ဆိုးသေလာက္ေကာင္းခဲ့တဲ့ ဖဲလစၥ
ဂ်ာအို ဖဲလစၥအေနနဲ႔ ခ်ဲလ္ဆီးအသင္းမွာ အသင္းေဖာ္သစ္ေတြနဲ႔ အသားက်ၿပီး အက်ိဳးျပဳမႈေတြကို ယူေဆာင္ေပးလာႏိုင္တဲ့အေၾကာင္းကို ျပသဖို႔ ၁၀၇ စကၠန႔္ပဲ အခ်ိန္ယူခဲ့ၿပီး အသင္းရဲ႕ ပထမဆုံး ဂိုးေပါက္ၿခိမ္းေျခာက္မႈကို ပြဲခ်ိန္ ၂ မိနစ္ေက်ာ္ေက်ာ္မွာ စတင္ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ေပးပို႔မႈ ၇၆ ရာခိုင္ႏႈန္း တိက်ခဲ့ၿပီး အထုတ္မခံရခင္အထိ ေဘာလုံးအႀကိမ္ ၄၀ ထိခဲ့တဲ့ ေပၚတူဂီသားဟာ ဂိုးေပါက္တည့္ေအာင္ ၄ ႀကိမ္ ကန္ႏိုင္ခဲ့သလို အသင္းေဖာ္ေတြ အတြက္လည္း ပံ့ပိုးမႈေတြ ျပဳလုပ္သြားႏိုင္ခဲ့တာပါ။ သူ႔ရဲ႕ အနီကတ္ကေတာ့ ဘယ္ခ်ဲလ္ဆီးကစားသမားမွ ပြဲဦးထြက္မွာ မရဖူးတဲ့ စံခ်ိန္ဆိုးလည္း ျဖစ္ခဲ့ၿပီး အက္သလက္တီကိုနည္းျပ ဆီမီယြန္နီရဲ႕ ၾကမ္းတမ္းမႈေတြမ်ား ပါလာခဲ့တာလားလို႔ ေမးခ်င္စရာလည္းျဖစ္ခဲ့ရပါတယ္။


၁၁ ဂဏန္းေတြ လႊမ္းမိုးၿပီး အထုတ္ခံရတဲ့သူ
ခ်ဲလ္ဆီးအသင္းကို ဇန္နဝါရီ ၁၁ ရက္ေန႔မွာ ယူ႐ို ၁၁ သန္းနဲ႔ ေရာက္ရွိလာခဲ့ၿပီး ေက်ာနံပါတ္ ၁၁ ဝတ္ဆင္ခဲ့တဲ့ ဂ်ာအို ဖဲလစၥအေနနဲ႔ ဒုတိယပိုင္း ၁၁ မိနစ္ျဖစ္တဲ့ ပြဲခ်ိန္ ၅၆ မိနစ္မွာ ဖူလ္ဟမ္ကစားသမား ကင္နီ တီတီကို ဒူးနားအထိ ေျခေထာက္ေျမႇာက္ဝင္ခဲ့တာျဖစ္ၿပီး ဒိုင္လူႀကီး ေဒးဗစ္ ကူးထ္ရဲ႕ တိုက္႐ိုက္အနီကတ္ကို ရရွိသြားခဲ့တာပါ။ ဆီမီယြန္နီတပည့္ ေပၚတူဂီသားအေနနဲ႔ ၁၁ ခ်ပ္ေျမာက္ တဲေရာ့ကတ္မွာ အမႈအခင္းေတြ ႀကဳံေတြ႕ရတတ္တယ္လို႔ အဓိပၸါယ္ဖြင့္တဲ့ Justice တရားမွ်တမႈကတ္ရဲ႕ အလိုအတိုင္း အမႈအခင္း ေပြခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ အနီကတ္ ျပခံရမႈက ဂမၻီရဆန္ခဲ့တယ္လို႔လည္း ေျပာစရာ ျဖစ္ခဲ့ပါတယ္။

အသင္းေဟာင္းကို ပညာျပခဲ့တဲ့ ဝီလီယန္
အာဆင္နယ္၊ ေကာ္ရင္သီယန္တို႔မွာ က်င္လည္ခဲ့ၿပီးမွ ဖူလ္ဟမ္ကို ျပန္ေရာက္လာခဲ့ခ်ိန္မွာ အသင္းေဟာင္း ခ်ဲလ္ဆီးကို ရင္ဆိုင္ခဲ့တဲ့ ဘရာဇီးလ္ ေတာင္ပံသမား ဝီလီယန္အေနနဲ႔ သူ႔ရဲ႕ ဘယ္ျခမ္းကေန ေကာင္းေကာင္းဒုကၡေပးႏိုင္ခဲ့သလို ပြဲခ်ိန္ ၂၅ မိနစ္မွာ တစ္ကိုယ္ေတာ္ ေျခစြမ္းနဲ႔ ဂိုးသြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီဂိုးအတြက္ သူ႔အေနနဲ႔ အသင္းေဟာင္းေရွ႕မွာ ေအာင္ပြဲမခံဖို႔ ဆုံးျဖတ္ခဲ့ေပမယ့္ ဖူလ္ဟမ္အသင္းေဖာ္ေတြရဲ႕ ဆြဲေခၚမႈေတြေနာက္မွာ ပူးေပါင္းၿပီး အနည္းငယ္ ေအာင္ပြဲခံသြားခဲ့သလို အိမ္ရွင္ပရိသတ္ေတြေရွ႕မွာ လက္ႏွစ္ဖက္ကို အသည္းပုံလုပ္ျပခဲ့တာကေတာ့ ငယ္ခ်စ္ေဟာင္း အျပာေရာင္ေတြကို ရင္ထဲ ေအာင့္ေစခဲ့တာပါ။

အသင္းႀကီး လူေဟာင္းေတြ ဆြဲတင္ေနတဲ့ ဖူလ္ဟမ္
တျခားအသင္းေတြထက္ ပြဲပိုေနၿပီး ၁၉ ပြဲအထိ ကစားထားခဲ့ေပမယ့္ ဖူလ္ဟမ္တို႔ကေတာ့ ဥေရာပဝင္ခြင့္ ရရွိႏိုင္တဲ့ အဆင့္ ၆ ကို ေရာက္ရွိ လာႏိုင္ခဲ့ၾကၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုပါ မ်က္စပစ္ျပႏိုင္ခဲ့တာျဖစ္ပါတယ္။ လုံးခ်င္းအိမ္ေတြအတြက္ ဒီေန႔မွာ ေျခစြမ္းျပခဲ့ၾကသူေတြကေတာ့ အာဆင္နယ္ ကစားသမားေဟာင္းေတြျဖစ္ၾကတဲ့ ဝီလီယန္နဲ႔ ဂိုးသမား လီႏို၊ ကြင္းလယ္က အန္ဒရီးယက္စ္ ပါရဲရားတို႔ျဖစ္ၾကၿပီး သူတို႔ရဲ႕ တျခားအသင္းေဖာ္ေတြထက္ ပိုၿပီး ျပင္းျပတဲ့ စိတ္ဓာတ္ပိုင္းေတြက ဒီေန႔မွာ ခ်ဲလ္ဆီးတို႔ကို အိမ္ကြင္းမွာ ေက်ာ္ျဖတ္အႏိုင္ယူဖို႔ ထိုက္တန္ခဲ့ၾကတာပါ။

ကူလီေဘလီရဲ႕ ဂိုးနဲ႔ ေဆး
ခ်ဲလ္ဆီးအသင္းအေနနဲ႔ အေဝးကြင္းမွာ ရႈံးနိမ့္ေနခဲ့တဲ့ အေနအထားမွာ ေနာက္ခံလူ ခါလီဒူး ကူလီေဘလီအေနနဲ႔ ပြဲခ်ိန္ ၄၇ မိနစ္မွာ ကြင္းလယ္လူ ေမဆန္ေမာင့္ရဲ႕ ဖရီးကစ္ တိုင္ထိထြက္လာတာကို အခ်ိန္ကိုက္ ပိတ္သြင္းၿပီး ေခ်ပဂိုး ရယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ သူ႔အေနနဲ႔ ခ်ဲလ္ဆီးတို႔ရဲ႕ သုံးေယာက္ ခံစစ္တန္း ဘယ္အစြန္မွာလည္း တာဝန္ေက်ခဲ့ေပမယ့္ ပြဲခ်ိန္ ၅၆ မိနစ္မွာ သူ႔ရဲ႕ မလိုအပ္ဘဲ အားမ်ားသြားတဲ့ ေပးပို႔မႈက အသင္းေဖာ္သစ္ ဂ်ာအို ဖဲလစၥကို အထုတ္ခံရဖို႔ ေဆးထိုးသလိုျဖစ္ခဲ့ရၿပီး ဒီကေန ေဘာလုံးမထိန္းႏိုင္ခဲ့တဲ့ ေပၚတူဂီသားရဲ႕ အနီကတ္က ျဖစ္ပြားသြားခဲ့ရတာပါ။

႐ိုက္လိုက္တဲ့ ဘူက်ေနတဲ့ ေပါ့တာရဲ႕ဖဲ
ရည္းစားကမုန္း ဖဲကရႈံးဆိုတဲ့ စကားအတိုင္းျဖစ္ေနတဲ့ ခ်ဲလ္ဆီးနည္းျပ ဂေရဟမ္ ေပါ့တာရဲ႕ ကံၾကမၼာကေတာ့ အဆိုးဘက္ကိုခ်ည္း ဦးတည္ေနသလို ၿပိဳင္ဘက္အသင္းႀကီးေတြရဲ႕ ပရိသတ္ေတြကေတာင္ ရႈံးပါေစလို႔ ဆုမေတာင္းႏိုင္ေတာ့ဘဲ သနားယူေနရၿပီျဖစ္ပါတယ္။ ႐ိုက္လိုက္တိုင္း ဘူက်သလို၊ ၁၂ ပြင့္မွာ ကုလားတက္ၿပီး၊ တစ္ခ်ပ္ေမွာက္ေတာ့ တစ္ကိုးကင္းျဖစ္ေနတဲ့ ဘ႐ိုက္တန္နည္းျပေဟာင္းအေနနဲ႔ ဒဏ္ရာေတြ စုၿပဳံႀကဳံေတြ႕ခ်ိန္မွာ အသင္းေဟာင္းမွာ လက္တြဲခဲ့ဖူးတဲ့ ကူကူရဲလားကိုေတာင္ မသုံးရဲေတာ့ဘဲ လူငယ္ေလး ေဟာလ္နဲ႔ အေျပာင္းအလဲလုပ္ခဲ့ရသလို သူ႔ရဲ႕ ကြင္းလယ္မွာ အမ်ိဳးစုံ ႀကိဳးခုန္ၿပီး ဗ်ဴဟာေတြ ခင္းက်င္းေနခဲ့ေပမယ့္ ပြဲကို စိုးမိုးဖို႔နဲ႔ အႏိုင္ရဖို႔ကေတာ့ ေဝလာေဝးပဲျဖစ္ေနခဲ့တာပါ။

ကီပါနဲ႔ သီယာဂို ေဆးလ္ဗားရဲ႕ က်ဆင္းမႈမ်ား
ခ်ဲလ္ဆီးအသင္းရဲ႕ ဂိုးေပါက္မွာ ေအဒူယာ မန္ဒီကို ေက်ာ္ျဖတ္ၿပီး ေနရာျပန္ရလာတဲ့ ဂိုးသမား ကီပါအေနနဲ႔ ဒီေန႔မွာလည္း လက္စြမ္းက မတည္ၿငိမ္ဘဲ ျပာယာခတ္ေနခဲ့သလို ဖူလ္ဟမ္တိုက္စစ္ေရွ႕မွာ ယုန္သူငယ္ေလးလို ျဖစ္ေနခဲ့တာပါ။ ေဘာ္ဘီ ဒီေကာ္ဒိုဗာ-ရိဒ္ရဲ႕ ၂၃ မိနစ္ ကန္ခ်က္သာ ဘားမထိဘဲ ဝင္သြားခဲ့ရင္ ခ်ဲလ္ဆီးတို႔ ဒီထက္ပို ဂိုးေပးရဖို႔ ရွိၿပီး ဒီေန႔မွာ ကီပါနဲ႔အၿပိဳင္ ညံ့ခဲ့သူကေတာ့ ဝါရင့္ေနာက္ခံလူႀကီး သီယာဂို ေဆးလ္ဗားပဲ ျဖစ္ခဲ့ပါတယ္။ တစ္ႏိုင္ငံတည္းသား ကားလို႔စ္ ဗီနီးရွပ္စ္နဲ႔ ၿပိဳင္ဆိုင္ရာမွာ ႐ုန္းကန္ေနခဲ့ရသလို ဒုတိယပိုင္း ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ သူ႔ရဲ႕ လူကြၽံေဘာ ဖမ္းမလိုလို၊ ေခါင္းတိုက္ပဲ ရွင္းေတာ့မလိုလိုနဲ႔ တစ္ခုမွ မလုပ္ႏိုင္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ ေဝဝါးသြားမႈက ခ်ဲလ္ဆီးတို႔ကို ရႈံးပြဲေတြ႕ေစခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.