Premier League

ကီပါရဲ့ အမှားကနေ ပေးလိုက်ရတဲ့ဂိုးကို မှတ်ချက်ပေးလိုက်တဲ့ ပေါ့တား

ချဲလ်ဆီးအသင်းနည်းပြ ဂရေဟမ် ပေါ့တားက ကြာသပတေးနေ့ညက ဖူလ်ဟမ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ကီပါရဲ့ အမှားအပေါ် ၎င်းရဲ့ထင်မြက်ချက်ကို မျှဝေပေးခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ အနောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ဖူလ်ဟမ်အသင်းကို ပွဲ ၂၀ ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပေါ့တားရဲ့ အသင်းအတွက် နောက်ထပ် စိတ်ပျက်စရာ ရလဒ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဝီလီယံက ခရာဗင် ကော့တေ့ဂျ်မှာ ကစားခဲ့တဲ့ ပွဲစဉ် ပထမပိုင်း ၂၅ မိနစ်မှာ ဖူလ်ဟမ်အသင်းကို ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်ရဲ့ ကန်ချက်က ချာလိုဘက်နဲ့ လူထိ လမ်းကြောင်းပြောင်းသွားခဲ့တာဖြစ်ပါတယ်။

ကူလီဘေလီက ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ၂ မိနစ်အကြာမှာ ချေပဂိုး ပြန်လည်သွင်းယူပေးသွားခဲ့တာဖြစ်ပြီး မေဆန် မောင့်ရဲ့ ကန်ချက်က တိုင်ထိထွက်လာတဲ့ ဘောလုံးကို အမှားအယွင်းမရှိ ပိတ်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးကစားသမားသစ် ဂျာအို ဖီလစ်က ၅၈ မိနစ်မှာ တီတီကို အဆင်အခြင်မဲ့ ဖျက်ထုတ်မှုကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ရပြီး စပါးစ်တိုက်စစ်မှူးဟောင်း ကာလို ဗင်နီးရှပ်စ်က နောက်ထပ် ၁၅ မိနစ်အကြာမှာ ပါရဲရားရဲ့ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်ပြီး အနိုင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ကီပါဟာ ဖြတ်တင်ပေးပို့မှုကို ရှင်းထုတ်ဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့်လည်း လက်လှမ်းမမီခဲ့ဘဲ ဗင်နီးရှပ်စ် ဂိုးသွင်းယူနိုင်ဖို့အတွက် လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ချဲလ်ဆီးနည်းပြ ပေါ့တားက အဲဒီသွင်းဂိုးနဲ့ပတ်သက်ပြီး ကီပါအနေနဲ့ ပိုကောင်းအောင် လုပ်ခဲ့သင့်လားလို့ မေးမြန်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ရှုံးနိမ့်တဲ့အချိန်မှာ တစ်ဦးချင်းစီနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ မပြောချင်ပါဘူး။ ဂိုးကိုယ်တိုင်ကိုက ကျွန်တော်တို့ရဲ့ရှုထောင့်ကနေဆိုရင် စိတ်ပျက်စရာဂိုးတစ်ဂိုးဖြစ်နေပြီသားလို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက တစ်ယောက်အပိုနဲ့ ကစားခဲ့တာတောင်မှပဲ ဖိအားတွေ ကျွန်တော်တို့အပေါ်မှာ အများကြီး ပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အဲဒီတော့ ခွင့်ပြုဖို့အတွက် ပျော့လွန်းတဲ့ဂိုးလို့ ခံစားခဲ့ရပြီး အဲဒါက ကျွန်တော်တို့ ပိုကောင်းမွန်အောင် လုပ်ရမယ့်အရာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းနည္းျပ ဂေရဟမ္ ေပါ့တားက ၾကာသပေတးေန႔ညက ဖူလ္ဟမ္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္က ကီပါရဲ႕ အမွားအေပၚ ၎ရဲ႕ထင္ျမက္ခ်က္ကို မွ်ေဝေပးခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ အေနာက္လန္ဒန္ဒါဘီပြဲစဥ္မွာ ဖူလ္ဟမ္အသင္းကို ပြဲ ၂၀ ယွဥ္ၿပိဳင္ကစားခဲ့ၿပီးေနာက္ ပထမဆုံး ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ေပါ့တားရဲ႕ အသင္းအတြက္ ေနာက္ထပ္ စိတ္ပ်က္စရာ ရလဒ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း ဝီလီယံက ခရာဗင္ ေကာ့ေတ့ဂ်္မွာ ကစားခဲ့တဲ့ ပြဲစဥ္ ပထမပိုင္း ၂၅ မိနစ္မွာ ဖူလ္ဟမ္အသင္းကို ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တာျဖစ္ၿပီး ဘရာဇီးလ္ၾကယ္ပြင့္ရဲ႕ ကန္ခ်က္က ခ်ာလိုဘက္နဲ႔ လူထိ လမ္းေၾကာင္းေျပာင္းသြားခဲ့တာျဖစ္ပါတယ္။

ကူလီေဘလီက ဒုတိယပိုင္း ျပန္လည္စတင္ၿပီးေနာက္ ၂ မိနစ္အၾကာမွာ ေခ်ပဂိုး ျပန္လည္သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ေမဆန္ ေမာင့္ရဲ႕ ကန္ခ်က္က တိုင္ထိထြက္လာတဲ့ ေဘာလုံးကို အမွားအယြင္းမရွိ ပိတ္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးကစားသမားသစ္ ဂ်ာအို ဖီလစ္က ၅၈ မိနစ္မွာ တီတီကို အဆင္အျခင္မဲ့ ဖ်က္ထုတ္မႈေၾကာင့္ အနီကတ္နဲ႔ ထုတ္ပယ္ျခင္းခံခဲ့ရၿပီး စပါးစ္တိုက္စစ္မႉးေဟာင္း ကာလို ဗင္နီးရွပ္စ္က ေနာက္ထပ္ ၁၅ မိနစ္အၾကာမွာ ပါရဲရားရဲ႕ ျဖတ္တင္ေပးပို႔မႈကို ေခါင္းတိုက္ၿပီး အႏိုင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ကီပါဟာ ျဖတ္တင္ေပးပို႔မႈကို ရွင္းထုတ္ဖို႔အတြက္ ႀကိဳးပမ္းခဲ့ေပမယ့္လည္း လက္လွမ္းမမီခဲ့ဘဲ ဗင္နီးရွပ္စ္ ဂိုးသြင္းယူႏိုင္ဖို႔အတြက္ လြတ္လြတ္ကြၽတ္ကြၽတ္ အခြင့္အေရး ေပးလိုက္သလို ျဖစ္သြားခဲ့တာျဖစ္ပါတယ္။ ပြဲအၿပီးမွာ ခ်ဲလ္ဆီးနည္းျပ ေပါ့တားက အဲဒီသြင္းဂိုးနဲ႔ပတ္သက္ၿပီး ကီပါအေနနဲ႔ ပိုေကာင္းေအာင္ လုပ္ခဲ့သင့္လားလို႔ ေမးျမန္းျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ရႈံးနိမ့္တဲ့အခ်ိန္မွာ တစ္ဦးခ်င္းစီနဲ႔ပတ္သက္ၿပီး ဘယ္တုန္းကမွ မေျပာခ်င္ပါဘူး။ ဂိုးကိုယ္တိုင္ကိုက ကြၽန္ေတာ္တို႔ရဲ႕ရႈေထာင့္ကေနဆိုရင္ စိတ္ပ်က္စရာဂိုးတစ္ဂိုးျဖစ္ေနၿပီသားလို႔ ကြၽန္ေတာ္ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက တစ္ေယာက္အပိုနဲ႔ ကစားခဲ့တာေတာင္မွပဲ ဖိအားေတြ ကြၽန္ေတာ္တို႔အေပၚမွာ အမ်ားႀကီး ေပးႏိုင္ခဲ့တယ္လို႔ ထင္ပါတယ္။ အဲဒီေတာ့ ခြင့္ျပဳဖို႔အတြက္ ေပ်ာ့လြန္းတဲ့ဂိုးလို႔ ခံစားခဲ့ရၿပီး အဲဒါက ကြၽန္ေတာ္တို႔ ပိုေကာင္းမြန္ေအာင္ လုပ္ရမယ့္အရာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.