Premier League Transfer News

မူဒရစ်ခ်ကို တတိယအကြိမ် ကမ်းလှမ်းလိုက်တဲ့ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့သတင်းများ

– အာဆင်နယ်အသင်းအနေနဲ့ ယူကရိန်းတောင်ပံကစားသမား မိုက်ခေလို မူဒရစ်ခ်အတွက် ရှက်ခ်တာဒိုးနက်ခ်စ်အသင်းဘက်က လက်ခံဖို့ နီးစပ်တဲ့ ဈေးနှုန်းဖြစ်တဲ့ ယူရိုသန်း ၇၀ နဲ့ ကမ်းလှမ်းလိုက်တယ်လို့ နာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော်လိုက်ပြီး အနာဂတ် ခံစားခွင့်တွေအတွက်လည်း ဆက်လက်ဆွေးနွေးနေတယ်လို့ဆို၊။

– မူဒရစ်ခ်အနေနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ဒီအသင်းရဲ့ ကစားသမားတစ်ဦးဖြစ်ချင်ကြောင်းကို သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ မကြာခဏ ထုတ်ဖော်ပြသနေခဲ့သလို ဖိုတိုရှော့နဲ့ ဂန်းနားအင်္ကျီဝတ်ထားတဲ့ ပုံကို တင်ခဲ့တာကတော့ သူ့ဘက်ကပါ ရှက်ခ်တာကို တွန်းအားပေးနေခဲ့ပြီဖြစ်ကြောင်း သိသာထင်ရှားလာခဲ့။

– ယူကရိန်းနည်းပြတစ်ဦးရဲ့ မှတ်ချက်အရတော့ နည်းပြ မီခယ်လ် အာတီတာအနေနဲ့ မူဒရစ်ခ်နဲ့ ဇင်ချန်ကိုအတွဲကို အာဆင်နယ်အသင်းရဲ့ ဘယ်တောင်ပံမှာ ထားရှိဖို့ အောင်မြင်လိမ့်မယ်လို့ ဆိုပြီး ၂၂ နှစ်သားဟာ လက်ရှိ ဦးစားပေးကစားသမား ဂါဘရီယယ်လ် မာတီနယ်လီထက် ပိုကောင်းတယ်လို့ ချီးကျူးသွား။

– အာဆင်နယ်အသင်းအနေနဲ့ လာဇီယိုကွင်းလယ်လူ ဆာဂေး မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းတစ်ရပ်မှာ ရှိနေပြီး ၂၀၂၄ အထိ လက်ကျန်စာချုပ်ကို သက်တမ်းမတိုးချင်တော့တဲ့ ဆားဘီးယားကွင်းလယ်လူကို ရောမကလပ်ဘက်က ဇန်နဝါရီမှာပဲ အပြီးသတ်ခေါ်ယူခွင့် ထည့်သွင်းထားတဲ့ အငှားသဘောတူညီမှု ပြုလုပ်နိုင်ဖို့ အလိုရှိနေ။

– ဂရာနစ် ချာကာနဲ့ သောမတ်စ် ပါတေးတို့ မကစားနိုင်ရင် ချိနဲ့သွားတတ်တဲ့ ကွင်းလယ်ကို အားကစားဒါရိုက်တာ အီဒူးအနေနဲ့ အင်အား ဖြည့်တင်းဖို့ ကြိုးစားသွားဦးမှာဖြစ်ပြီး နွေရာသီမှာ စာချုပ်ကုန်ဆုံးပြီး အလွတ်ခေါ်ယူနိုင်မယ့် ဂျူဗင်တပ်စ်ကွင်းလယ်လူ အက်ဒရီယင် ဟာဗျိုကို ဆောင်းရာသီမှာ ညှိနှိုင်းဈေးနဲ့ ရရှိနိုင်ဖို့ လုပ်ဆောင်သွားဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ မူဒရစ်ခ်ကို အသည်းအသန် အရှိန်မြှင့် ကြိုးစားနေပေမယ့် သူတို့ကို နွေရာသီက စုန်ကန်သွားခဲ့ဖူးတဲ့ ဘာစီလိုနာ တောင်ပံကစားသမား ရာဖင်ညာကိုလည်း စောင့်ကြည့်နေပြီး ချန်ပီယံလိဂ်ကနေ ပြုတ်ခဲ့လို့ တိုင်ပတ်နေတဲ့ ကာတာလန်ကလပ်အနေနဲ့ ပေါင်သန်း ၅၀ ဝန်းကျင်ရရင် ရောင်းချသွားနိုင်။

– ဂန်းနားတွေအနေနဲ့ ကွင်းလယ်ကို အားဖြည့်သွားဖို့အတွက် နွေရာသီမှာ အသံထွက်ခဲ့တဲ့အထဲက လုပ်ခလစာ မတန်တဆ တောင်းဆိုနေပြီး တစ်ပတ်ကို ပေါင်နှစ်သိန်းခွဲ အော်နေပြီး မထိုက်တန်တဲ့ ယူရီ တီးလီးမန်းစ်နဲ့ သူတို့ကို ချေပြီး ခုမှ ချရောင်းနေတဲ့ ဒါနီလိုတို့ကို ခေါ်ယူဖို့ မကြိုးစားတော့ဘဲ လက်လွှတ်သွားဖို့ရှိနေ။

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က ဂါဘရီယယ်လ် ဂျေဆူးစ် ပြန်မလာနိုင်သေးတဲ့ တိုက်စစ်အတွက် အက်ဒီ နကီးတီးယားနဲ့ တင်းတိမ်မနေဘဲ ဇန်နဝါရီမှာ လူသစ်ခေါ်ယူဖို့ ပြောကြားလိုက်သလို ရိုးမားတိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ရအောင် ခေါ်ယူဖို့ တိုက်တွန်း။

– ပြင်သစ်လိဂန်ကလပ် နိစ်အသင်းကို အငှားနဲ့ သွားရောက်ကစားနေပြီး ဒီရာသီမှာ သွင်းဂိုး ၈ ဂိုးအထိ ရရှိခဲ့ပြီဖြစ်တဲ့ အိုင်ဗရီကို့စ်တောင်ပံကစားသမား နီကိုလာ ပေပေရဲ့ တိုးတက်လာတဲ့ ခြေစွမ်းကြောင့် အာဆင်နယ်တို့ ပြန်လည်ရောင်းချဖို့ လွယ်ကူလာနိုင်ပြီး နူနို တာဗာရက်စ်နဲ့ အတူ ရောင်းချငွေဖော်သွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ယူကရိန္းေတာင္ပံကစားသမား မိုက္ေခလို မူဒရစ္ခ္အတြက္ ရွက္ခ္တာဒိုးနက္ခ္စ္အသင္းဘက္က လက္ခံဖို႔ နီးစပ္တဲ့ ေဈးႏႈန္းျဖစ္တဲ့ ယူ႐ိုသန္း ၇၀ နဲ႔ ကမ္းလွမ္းလိုက္တယ္လို႔ နာမည္ႀကီး ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက ထုတ္ေဖာ္လိုက္ၿပီး အနာဂတ္ ခံစားခြင့္ေတြအတြက္လည္း ဆက္လက္ေဆြးေႏြးေနတယ္လို႔ဆို၊။

– မူဒရစ္ခ္အေနနဲ႔ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔ စိတ္အားထက္သန္ေနၿပီး ဒီအသင္းရဲ႕ ကစားသမားတစ္ဦးျဖစ္ခ်င္ေၾကာင္းကို သူ႔ရဲ႕ အင္စတာဂရမ္အေကာင့္ကေန မၾကာခဏ ထုတ္ေဖာ္ျပသေနခဲ့သလို ဖိုတိုေရွာ့နဲ႔ ဂန္းနားအက်ႌဝတ္ထားတဲ့ ပုံကို တင္ခဲ့တာကေတာ့ သူ႔ဘက္ကပါ ရွက္ခ္တာကို တြန္းအားေပးေနခဲ့ၿပီျဖစ္ေၾကာင္း သိသာထင္ရွားလာခဲ့။

– ယူကရိန္းနည္းျပတစ္ဦးရဲ႕ မွတ္ခ်က္အရေတာ့ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ မူဒရစ္ခ္နဲ႔ ဇင္ခ်န္ကိုအတြဲကို အာဆင္နယ္အသင္းရဲ႕ ဘယ္ေတာင္ပံမွာ ထားရွိဖို႔ ေအာင္ျမင္လိမ့္မယ္လို႔ ဆိုၿပီး ၂၂ ႏွစ္သားဟာ လက္ရွိ ဦးစားေပးကစားသမား ဂါဘရီယယ္လ္ မာတီနယ္လီထက္ ပိုေကာင္းတယ္လို႔ ခ်ီးက်ဴးသြား။

– အာဆင္နယ္အသင္းအေနနဲ႔ လာဇီယိုကြင္းလယ္လူ ဆာေဂး မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္ကို ေခၚယူႏိုင္ဖို႔ အေျခအေနေကာင္းတစ္ရပ္မွာ ရွိေနၿပီး ၂၀၂၄ အထိ လက္က်န္စာခ်ဳပ္ကို သက္တမ္းမတိုးခ်င္ေတာ့တဲ့ ဆားဘီးယားကြင္းလယ္လူကို ေရာမကလပ္ဘက္က ဇန္နဝါရီမွာပဲ အၿပီးသတ္ေခၚယူခြင့္ ထည့္သြင္းထားတဲ့ အငွားသေဘာတူညီမႈ ျပဳလုပ္ႏိုင္ဖို႔ အလိုရွိေန။

– ဂရာနစ္ ခ်ာကာနဲ႔ ေသာမတ္စ္ ပါေတးတို႔ မကစားႏိုင္ရင္ ခ်ိနဲ႔သြားတတ္တဲ့ ကြင္းလယ္ကို အားကစားဒါ႐ိုက္တာ အီဒူးအေနနဲ႔ အင္အား ျဖည့္တင္းဖို႔ ႀကိဳးစားသြားဦးမွာျဖစ္ၿပီး ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးၿပီး အလြတ္ေခၚယူႏိုင္မယ့္ ဂ်ဴဗင္တပ္စ္ကြင္းလယ္လူ အက္ဒရီယင္ ဟာဗ်ိဳကို ေဆာင္းရာသီမွာ ညႇိႏႈိင္းေဈးနဲ႔ ရရွိႏိုင္ဖို႔ လုပ္ေဆာင္သြားဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ မူဒရစ္ခ္ကို အသည္းအသန္ အရွိန္ျမႇင့္ ႀကိဳးစားေနေပမယ့္ သူတို႔ကို ေႏြရာသီက စုန္ကန္သြားခဲ့ဖူးတဲ့ ဘာစီလိုနာ ေတာင္ပံကစားသမား ရာဖင္ညာကိုလည္း ေစာင့္ၾကည့္ေနၿပီး ခ်န္ပီယံလိဂ္ကေန ျပဳတ္ခဲ့လို႔ တိုင္ပတ္ေနတဲ့ ကာတာလန္ကလပ္အေနနဲ႔ ေပါင္သန္း ၅၀ ဝန္းက်င္ရရင္ ေရာင္းခ်သြားႏိုင္။

– ဂန္းနားေတြအေနနဲ႔ ကြင္းလယ္ကို အားျဖည့္သြားဖို႔အတြက္ ေႏြရာသီမွာ အသံထြက္ခဲ့တဲ့အထဲက လုပ္ခလစာ မတန္တဆ ေတာင္းဆိုေနၿပီး တစ္ပတ္ကို ေပါင္ႏွစ္သိန္းခြဲ ေအာ္ေနၿပီး မထိုက္တန္တဲ့ ယူရီ တီးလီးမန္းစ္နဲ႔ သူတို႔ကို ေခ်ၿပီး ခုမွ ခ်ေရာင္းေနတဲ့ ဒါနီလိုတို႔ကို ေခၚယူဖို႔ မႀကိဳးစားေတာ့ဘဲ လက္လႊတ္သြားဖို႔ရွိေန။

– အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း ကီဗင္ ကမ္းဘဲလ္က ဂါဘရီယယ္လ္ ေဂ်ဆူးစ္ ျပန္မလာႏိုင္ေသးတဲ့ တိုက္စစ္အတြက္ အက္ဒီ နကီးတီးယားနဲ႔ တင္းတိမ္မေနဘဲ ဇန္နဝါရီမွာ လူသစ္ေခၚယူဖို႔ ေျပာၾကားလိုက္သလို ႐ိုးမားတိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို ရေအာင္ ေခၚယူဖို႔ တိုက္တြန္း။

– ျပင္သစ္လိဂန္ကလပ္ နိစ္အသင္းကို အငွားနဲ႔ သြားေရာက္ကစားေနၿပီး ဒီရာသီမွာ သြင္းဂိုး ၈ ဂိုးအထိ ရရွိခဲ့ၿပီျဖစ္တဲ့ အိုင္ဗရီကို႔စ္ေတာင္ပံကစားသမား နီကိုလာ ေပေပရဲ႕ တိုးတက္လာတဲ့ ေျခစြမ္းေၾကာင့္ အာဆင္နယ္တို႔ ျပန္လည္ေရာင္းခ်ဖို႔ လြယ္ကူလာႏိုင္ၿပီး ႏူႏို တာဗာရက္စ္နဲ႔ အတူ ေရာင္းခ်ေငြေဖာ္သြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.