Ligue1 Other Leagues

မက်ဆီကို ပြန်ခေါ်ပြဖို့ အယ်လ် နက်ဆာပြိုင်ဘက်အသင်းကို ကူညီပေးမယ့် ဆော်ဒီအာဏာပိုင်များ

အယ်လ် နက်ဆာအသင်းဟာ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို အံ့အားသင့်ဖွယ် ခေါ်ယူနိုင်ခဲ့တာကြောင့် ဒေသတွင်းအဓိကပြိုင်ဘက်ဖြစ်တဲ့ အယ်လ် ဟီလာလ်အသင်းကလည်း လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ယခုလအစမှာ အယ်လ်နက်ဆာအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်တာဖြစ်ပြီး ဘလွန်ဒေါ ၅ ဆုရှင်ဟာ ပြီးခဲ့တဲ့အပတ်မှာ ဆော်ဒီ အာရေဗျကလပ်အသင်းရဲ့ ကစားသမားသစ်အဖြစ် တရားဝင်ထုတ်ဖော်မိတ်ဆက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

Mundo Deportivo က အယ်လ်နက်ဆာအသင်းရဲ့ ဒေသတွင်းအဓိကပြိုင်ဘက်ဖြစ်တဲ့ အယ်လ် ဟီလာလ်အသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကာလရှည်ပြိုင်ဘက် လီယွန်နယ် မက်ဆီကို ကြောက်မက်ဖွယ် ပမာဏနဲ့ ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မယ်လို့ ဖော်ပြခဲ့ပါတယ်။

အယ်လ် ဟီလာလ်အသင်းဟာ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးကို တစ်နှစ်လုပ်ခလစာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ထက် မနည်းတဲ့ လစာပမာဏနဲ့ ကမ်းလှမ်းသွားဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပြီး လီယွန်နယ် မက်ဆီဟာ ဆော်ဒီ အာရေဗျနဲ့ ခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်ထားသူဖြစ်ပါတယ်။

မက်ဆီဟာ လက်ရှိမှာ ဆော်ဒီ အာရေဗျနိုင်ငံရဲ့ ခရီးသွားလာရေး သံတမန်အဖြစ် ကိုယ်စားပြု ဆောင်ရွက်ပေးနေသူဖြစ်ပြီး ဆော်ဒီ အာရေဗျ အာဏာပိုင်တွေကလည်း ကမ္ဘာ့ဖလားချန်ပီယံကို ခေါ်ယူနိုင်ဖို့ အယ်လ် ဟီလာလ်အသင်းကို အကောင်းဆုံးအခွင့်အရေးရရှိလာနိုင်စေဖို့ ငွေကြေးပိုင်းအရ အကူအညီပေးသွားမယ်လို့ ယုံကြည်ရပါတယ်။

ဆော်ဒီ အာရေဗျအာဏာပိုင်တွေက ဘောလုံးလောကရဲ့ တသက်တာအကောင်းဆုံး မီဂါစတား ၂ ဦးကို ပိုင်ဆိုင်ထားမယ်ဆိုရင် ဆော်ဒီဘောလုံးလိဂ်တွေကို တိုးတက်စေဖို့အတွက် အကူအညီ ဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ ပါဝင်ကစားပေးသွားဖွယ်ရှိနေပြီး အယ်လ်နက်ဆာနဲ့ အယ်လ် ဟီလာလ်တို့ ၂ သင်းထဲက အကောင်းဆုံးကစားသမားတွေနဲ့ ဆော်ဒီ အာရေဗျကြယ်စင်စုအသင်းကို ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အယ္လ္ နက္ဆာအသင္းဟာ ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒို အံ့အားသင့္ဖြယ္ ေခၚယူႏိုင္ခဲ့တာေၾကာင့္ ေဒသတြင္းအဓိကၿပိဳင္ဘက္ျဖစ္တဲ့ အယ္လ္ ဟီလာလ္အသင္းကလည္း လီယြန္နယ္ မက္ဆီကို ေခၚယူဖို႔ ႀကိဳးပမ္းသြားေတာ့မယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးေနာက္ ယခုလအစမွာ အယ္လ္နက္ဆာအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီလိုက္တာျဖစ္ၿပီး ဘလြန္ေဒါ ၅ ဆုရွင္ဟာ ၿပီးခဲ့တဲ့အပတ္မွာ ေဆာ္ဒီ အာေရဗ်ကလပ္အသင္းရဲ႕ ကစားသမားသစ္အျဖစ္ တရားဝင္ထုတ္ေဖာ္မိတ္ဆက္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

Mundo Deportivo က အယ္လ္နက္ဆာအသင္းရဲ႕ ေဒသတြင္းအဓိကၿပိဳင္ဘက္ျဖစ္တဲ့ အယ္လ္ ဟီလာလ္အသင္းဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ကာလရွည္ၿပိဳင္ဘက္ လီယြန္နယ္ မက္ဆီကို ေၾကာက္မက္ဖြယ္ ပမာဏနဲ႔ ေခၚယူဖို႔ ႀကိဳးပမ္းသြားေတာ့မယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အယ္လ္ ဟီလာလ္အသင္းဟာ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးကို တစ္ႏွစ္လုပ္ခလစာ အေမရိကန္ေဒၚလာ သန္း ၃၀၀ ထက္ မနည္းတဲ့ လစာပမာဏနဲ႔ ကမ္းလွမ္းသြားဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ သိရၿပီး လီယြန္နယ္ မက္ဆီဟာ ေဆာ္ဒီ အာေရဗ်နဲ႔ ခိုင္မာတဲ့ဆက္ဆံေရးကို တည္ေဆာက္ထားသူျဖစ္ပါတယ္။

မက္ဆီဟာ လက္ရွိမွာ ေဆာ္ဒီ အာေရဗ်ႏိုင္ငံရဲ႕ ခရီးသြားလာေရး သံတမန္အျဖစ္ ကိုယ္စားျပဳ ေဆာင္႐ြက္ေပးေနသူျဖစ္ၿပီး ေဆာ္ဒီ အာေရဗ် အာဏာပိုင္ေတြကလည္း ကမာၻ႔ဖလားခ်န္ပီယံကို ေခၚယူႏိုင္ဖို႔ အယ္လ္ ဟီလာလ္အသင္းကို အေကာင္းဆုံးအခြင့္အေရးရရွိလာႏိုင္ေစဖို႔ ေငြေၾကးပိုင္းအရ အကူအညီေပးသြားမယ္လို႔ ယုံၾကည္ရပါတယ္။

ေဆာ္ဒီ အာေရဗ်အာဏာပိုင္ေတြက ေဘာလုံးေလာကရဲ႕ တသက္တာအေကာင္းဆုံး မီဂါစတား ၂ ဦးကို ပိုင္ဆိုင္ထားမယ္ဆိုရင္ ေဆာ္ဒီေဘာလုံးလိဂ္ေတြကို တိုးတက္ေစဖို႔အတြက္ အကူအညီ ျဖစ္ေစလိမ့္မယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မက္ဆီရဲ႕ ပီအက္စ္ဂ်ီအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မွာ ပါဝင္ကစားေပးသြားဖြယ္ရွိေနၿပီး အယ္လ္နက္ဆာနဲ႔ အယ္လ္ ဟီလာလ္တို႔ ၂ သင္းထဲက အေကာင္းဆုံးကစားသမားေတြနဲ႔ ေဆာ္ဒီ အာေရဗ်ၾကယ္စင္စုအသင္းကို ဖြဲ႕စည္းသြားမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.