Ligue1

ရော်နယ်လ်ဒို ပြန်လိုက်မမီနိုင်တော့မယ့် ဂိုးသွင်းစံချိန်ကိုလိုက်မီခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို ဘယ်တော့မှပြန်အနိုင်မယူနိုင်တော့မှာဖြစ်ကောင်းဖြစ်နိုင်တဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီခဲ့ပြီဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ညမှာ အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့လ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ ဗိုလ်စွဲခဲ့ပြီးနောက် ပီအက်စ်ဂျီအတွက် ပြန်လည်ကစားပေးခဲ့တာဖြစ်ပြီး အွန်းဂျေးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကို ဦးဆောင်ခဲ့တဲ့ ခြေစွမ်းအတိုင်း ထပ်တူ ပြသနိုင်ခဲ့တာဖြစ်ပြီး အွန်းဂျေးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း မှော်ဆန်တဲ့ အခိုက်အတန့်ကို ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ကွင်းလယ်ထိ ဘောလုံးဆင်းယူခဲ့ပြီးနောက် အသင်းဖော်တွေနဲ့ အလွန်ကောင်းမွန်တဲ့ အပေးအယူအချိတ်အဆက်ပြုလုပ်ခဲ့ပြီး ၇၂ မိနစ်မှာ ညာခြေနဲ့ အမှားအယွင်းမရှိ အဆုံးသတ် ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒီသွင်းဂိုးဟာ လီယွန်နယ် မက်ဆီရဲ့ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ သွင်းယူခဲ့တဲ့ ၆၉၆ ဂိုးမြောက် သွင်းဂိုး ဖြစ်ခဲ့ပြီး ရော်နယ်လ်ဒိုရဲ့ စံချိန်ကို လိုက်မီခဲ့တာလည်း ဖြစ်ပါတယ်။

အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းအတွက် စုစုပေါင်း ၆၇၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် ၈၆ ပွဲလျော့ပြီး ဂိုးသွင်းစံချိန်ကို လိုက်မီသွားခဲ့တာလည်း ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုကတော့ မန်ယူနိုက်တက်နဲ့ပထမဆုံးအကြိမ် ကစားခဲ့စဉ်အတွင်း ၁၁၈ ဂိုး၊ ရီးရဲလ်မက်ဒရစ်အတွက် ၄၅၀ ဂိုး၊ ဂျူဗင်တပ်အတွက် ၁၀၁ ဂိုး၊ မန်ယူနိုက်တက်နဲ့ ဒုတိယအကြိမ်မှာ ၂၇ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီတိုက်စစ်မှူးအနေနဲ့ ဥရောပကို စွန့်ခွာသွားခဲ့ပြီဖြစ်တာကြောင့် ဒီဂိုးသွင်းစံချိန်မှာ မက်ဆီကို ပြန်လည်အနိုင်ယူနိုင်ဖို့ အခွင့်အရေးက မရှိတော့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ဘယ္ေတာ့မွျပန္အႏိုင္မယူႏိုင္ေတာ့မွာျဖစ္ေကာင္းျဖစ္ႏိုင္တဲ့ ဂိုးသြင္းစံခ်ိန္ကို လိုက္မီခဲ့ၿပီျဖစ္ပါတယ္။

ဗုဒၶဟူးေန႔ညမွာ အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့လ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းနဲ႔အတူ ဗိုလ္စြဲခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီအတြက္ ျပန္လည္ကစားေပးခဲ့တာျဖစ္ၿပီး အြန္းေဂ်းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားကို ဦးေဆာင္ခဲ့တဲ့ ေျခစြမ္းအတိုင္း ထပ္တူ ျပသႏိုင္ခဲ့တာျဖစ္ၿပီး အြန္းေဂ်းကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း ေမွာ္ဆန္တဲ့ အခိုက္အတန႔္ကို ဖန္တီးႏိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ ကြင္းလယ္ထိ ေဘာလုံးဆင္းယူခဲ့ၿပီးေနာက္ အသင္းေဖာ္ေတြနဲ႔ အလြန္ေကာင္းမြန္တဲ့ အေပးအယူအခ်ိတ္အဆက္ျပဳလုပ္ခဲ့ၿပီး ၇၂ မိနစ္မွာ ညာေျခနဲ႔ အမွားအယြင္းမရွိ အဆုံးသတ္ ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ဒီသြင္းဂိုးဟာ လီယြန္နယ္ မက္ဆီရဲ႕ ဥေရာပထိပ္တန္းလိဂ္ ၅ ခုမွာ သြင္းယူခဲ့တဲ့ ၆၉၆ ဂိုးေျမာက္ သြင္းဂိုး ျဖစ္ခဲ့ၿပီး ေရာ္နယ္လ္ဒိုရဲ႕ စံခ်ိန္ကို လိုက္မီခဲ့တာလည္း ျဖစ္ပါတယ္။

အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ ဘာစီလိုနာအသင္းအတြက္ စုစုေပါင္း ၆၇၂ ဂိုး သြင္းယူေပးႏိုင္ခဲ့ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုထက္ ၈၆ ပြဲေလ်ာ့ၿပီး ဂိုးသြင္းစံခ်ိန္ကို လိုက္မီသြားခဲ့တာလည္း ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုကေတာ့ မန္ယူႏိုက္တက္နဲ႔ပထမဆုံးအႀကိမ္ ကစားခဲ့စဥ္အတြင္း ၁၁၈ ဂိုး၊ ရီးရဲလ္မက္ဒရစ္အတြက္ ၄၅၀ ဂိုး၊ ဂ်ဴဗင္တပ္အတြက္ ၁၀၁ ဂိုး၊ မန္ယူႏိုက္တက္နဲ႔ ဒုတိယအႀကိမ္မွာ ၂၇ ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ေပၚတူဂီတိုက္စစ္မႉးအေနနဲ႔ ဥေရာပကို စြန႔္ခြာသြားခဲ့ၿပီျဖစ္တာေၾကာင့္ ဒီဂိုးသြင္းစံခ်ိန္မွာ မက္ဆီကို ျပန္လည္အႏိုင္ယူႏိုင္ဖို႔ အခြင့္အေရးက မရွိေတာ့တာျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.