La Liga Ligue1

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ရော်နယ်လ်ဒိုနဲ့မက်ဆီတို့ထက်ပိုမိုကောင်းမွန်ခဲ့တဲ့ ကစားသမား ၅ ဦး

လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ဟာ လက်ရှိအချိန်အထိ ၂၁ ရာစုရဲ့ ဘောလုံးလောကကို အချိန်အများအပြား လွှမ်းမိုးထားနိုင်တဲ့ ကစားသမားတွေ ဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်နဲ့ ပေါ်တူဂီကြယ်ပွင့်တို့ ၂ ဦးဟာ ဘလွန်ဒေါဆုကို ၁၂ ကြိမ်အထိ အနိုင်ရရှိခဲ့ပြီး ၎င်းတို့ရဲ့ အကောင်းဆုံးကာလတွေမှာ ဘယ်ကစားသမားကမှ ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးအချိန်ကို ဝင်ရောက်နေပြီဖြစ်ပုံပေါ်ပြီး အရင်တုန်းကလောက် လွှမ်းမိုးနိုင်စွမ်း မရှိတော့တာဖြစ်ပါတယ်။

မက်ဆီကလည်း အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့်လည်း အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားအောင်ပွဲရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး ပီအက်စ်ဂျီအသင်းနဲ့လည်း အကောင်းဆုံးပုံစံကို ပြသနေတာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ထက် ပိုမိုသာလွန်ပြီး ဘလွန်ဒေါဆုကို ကစားသမားအနည်းငယ်ကသာ ရယူနိုင်ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း တသက်တာအကောင်းဆုံးကစားသမား ၂ ဦးထက်ပိုမိုသာလွန်ခဲ့တဲ့ ကစားသမား ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၅။ ရောဘတ် လီဗန်ဒေါ့ဗ်စကီး

ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ ၂၁ ရာစုရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး အများစုက ပိုလန်တိုက်စစ်မှူးဟာ ၂၀၂၀ ဘလွန်ဒေါကို ရရှိခဲ့သင့်တယ်လို့ ယုံကြည်ခဲ့ကြပေမယ့်လည်း အဲဒီနှစ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆုပေးပွဲဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ လီဗန်ဒေါ့ဗ်စကီးဟာ ပြီးခဲ့တဲ့ ၂ ရာသီစလုံးမှာ ဥရောပရွှေဖိနပ်ဆုကို ရရှိခဲ့ပြီး ဘွန်ဒက်စ်လီဂါဖလား ၁၀ ကြိမ်၊ ပိုကယ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ လီယွန်နယ် မက်ဆီဟာ ဘလွန်ဒေါဆုကို ၇ ကြိမ်မြောက် ရရှိခဲ့ပြီး အဲဒီဆုဟာ တစ်ဦးချင်းအဆင့်မှာ လီဗန်ဒေါ့ဗ်စကီးရဲ့ ထူးခြားတဲ့အောင်မြင်မှုတွေအတွက် ရရှိခဲ့သင့်တဲ့ ဆုဖြစ်တယ်လို့ အများစုက ယုံကြည်ခဲ့တာဖြစ်ပါတယ်။

၄။ အင်နီယေစတာ

အင်နီယေစတာဟာ ၂၁ ရာစုရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားဆိုတာ ငြင်းချက်ထုတ်စရာမရှိဘဲ ဒီစာရင်းထဲမှာ ထိပ်ပိုင်းနားမရှိရတဲ့တစ်ခုတည်းသော အကြောင်းအရင်းက ၂၀၁၈ ခုနှစ်မှာ ဂျပန်ကလပ်ဖြစ်တဲ့ ဗစ်ဆယ် ကိုဘေးကို ပြောင်းရွှေ့သွားခဲ့တာကြောင့် ဖြစ်ပါတယ်။ စပိန်ကွင်းလယ်ကစားသမားရဲ့ ကစားသမားဘဝ အကောင်းဆုံးအချိန်မှာ ဘယ်သူမှ ထိလို့မရခဲ့ဘဲ ပြိုင်ဘက်တွေကို အလွယ်တကူဖြတ်ကျော်ပြီး မယုံနိုင်ဖွယ်ကောင်းတဲ့ ပေးပို့မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အင်နီယေစတာဟာ လီယွန်နယ် မက်ဆီနဲ့ ဘာစီလိုနာမှာ အတူတူကစားခဲ့တဲ့အချိန်အတွင်း အလိုအလျောက်သိစိတ်နဲ့ အချိတ်အဆက်ပြုလုပ်ခဲ့ပြီး ပြိုင်ဘက်ခံစစ်တွေအတွက် အိပ်မက်ဆိုးဖြစ်ခဲ့တာဖြစ်ပါတယ်။ အင်နီယေစတာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွင်း လာလီဂါဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၄ ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့ပြီး ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ ခုနှစ်တွေမှာ လာလီဂါရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

၃။ လူကာ မိုဒရစ်

လူကာ မိုဒရစ်ဟာ ၂၀၁၂ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ပြီးနောက်မှာ ထိပ်တန်းကွင်းလယ်ကစားသမားဖြစ်ဖို့ အချိန်အနည်းငယ်ယူခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့နှစ်တွေမှာ ခရိုအေးရှားကွင်းလယ်ကစားသမားဟာ တသက်တာအကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံခဲ့ရတာဖြစ်ပါတယ်။ မိုဒရစ်ဟာ ကွင်းလယ်မှာ နေရာတိုင်း ကစားနိုင်ပြီး မခိုမကပ်ကစားနိုင်တဲ့ ခေတ်သစ်ဘောလုံးလောကရဲ့ နည်းစနစ်ပိုင်း အကျွမ်းကျင်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်ကို ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ချန်ပီယံလိဂ်ဖလား ၅ ကြိမ် ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မိုဒရစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို ဗိုလ်လုပွဲအထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ရွှေဘောလုံးဆုကို ရရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကွင်းလယ်ဖန်တီးရှင်ဟာ ဘောလုံးသမိုင်းမှာ ဉာဏ်ရည်အထက်မြက်ဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဘောလုံးပေးပို့နိုင်စွမ်းကလည်း သူမတူအောင် ထူးခြားကောင်းမွန်တာကြောင့် တသက်တာအကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦးအဖြစ် သမိုင်းတွင်ကျန်ရစ်တော့မှာဖြစ်ပါတယ်။

၂။ နေမာ

နေမာဟာ နည်းစနစ်ပိုင်းမှာ ပါရမီအပါဆုံးဘောလုံးသမားတွေထဲက တစ်ဦးဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ မတူညီတဲ့ကလပ်အသင်း ၃ သင်းအတွက် အနည်းဆုံး ဂိုး ၁၀၀ သွင်းယူနိုင်ခဲ့တဲ့ ဘောလုံးသမိုင်းထဲက ကစားသမား ၃ ဦးထဲက တစ်ဦးဖြစ်ပါတယ်။ နေမာဟာ ၎င်းရဲ့ ခန့်မှန်းရခက်တဲ့ လှည့်ကွက်၊ လျင်မြန်တဲ့ ပြေးအား၊ ဘောလုံးပေးပို့နိုင်စွမ်းနဲ့ ဂိုးသွင်းသေချာမှုတို့ကြောင့် ပွဲအဖြေပြောင်းလဲပေးသူ ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဘရာဇီးလ်တိုက်စစ်မှူးဟာ လာလီဂါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ လိဂန်းဖလား၄ ကြိမ်၊ ပြင်သစ်ဖလား ၃ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၃ ကြိမ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။

၁။ လူးဝစ္စ ဆွာရက်ဇ်

လူးဝစ္စ ဆွာရက်ဇ်ဟာ ကစားသမားဘဝ အားအကောင်းဆုံးအချိန်မှာ ဥရောပရွှေဖိနပ်ဆုကို ၂ ကြိမ်(တစ်ကြိမ်ကို ရော်နယ်လ်ဒိုနဲ့ ပူးတွဲ)ရရှိခဲ့ပြီး ဘောလုံးသမိုင်းထဲမှာ မြင်ဖူးသမျှထဲက ကြောက်မက်ဖွယ်အကောင်းဆုံး အဆုံးသတ်သူဖြစ်ခဲ့တာဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ဘက်ပေါင်းစုံမှာ ပြီးပြည့်စုံခဲ့ပြီး ရဲရင့်မှု၊ သန်မာမှု၊ ထက်မြက်မှု၊ နည်းစနစ်ပိုင်း ပါရမီပါမှုနဲ့ ပြိုင်ဘက်ကစားသမားတွေကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် ပညာသားပါပါ စိတ်ဓာတ်စစ်ဆင်မှုမှာလည်း ဆရာတစ်ဆူဖြစ်ခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ပြိုင်ဘက်နောက်ခံလူတွေကို ၎င်းရဲ့ မယုံနိုင်ဖွယ်ကောင်းတဲ့လိမ်ခေါက်မှု၊ မြန်နှုန်း၊ ဂိုးကန်သွင်းမှုအရည်အချင်းတွေနဲ့ ထိတ်လန့်စေခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းမှာ လီယွန်နယ် မက်ဆီနဲ့ တွဲဖက်ပြီး ဥရောပရဲ့ ကြောက်မက်ဖွယ်အကောင်းဆုံးတိုက်စစ်အတွဲကို ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ ဥရုဂွေးဝါရင့်တိုက်စစ်မှူးဟာ ၂၀၂၀ မှာ ဘာစီလိုနာကို စွန့်ခွာပြီးနောက် ၂၀၂၀-၂၀၂၁ ရာသီမှာ အက်သလက်တီကို မက်ဒရစ်ကို လာလီဂါဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ လာလီဂါဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၄ ကြိမ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားကို ၁ ကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ဟာ လက္ရွိအခ်ိန္အထိ ၂၁ ရာစုရဲ႕ ေဘာလုံးေလာကကို အခ်ိန္အမ်ားအျပား လႊမ္းမိုးထားႏိုင္တဲ့ ကစားသမားေတြ ျဖစ္ပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္နဲ႔ ေပၚတူဂီၾကယ္ပြင့္တို႔ ၂ ဦးဟာ ဘလြန္ေဒါဆုကို ၁၂ ႀကိမ္အထိ အႏိုင္ရရွိခဲ့ၿပီး ၎တို႔ရဲ႕ အေကာင္းဆုံးကာလေတြမွာ ဘယ္ကစားသမားကမွ ယွဥ္ၿပိဳင္ႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုဟာ ကစားသမားဘဝ ေနာက္ဆုံးအခ်ိန္ကို ဝင္ေရာက္ေနၿပီျဖစ္ပုံေပၚၿပီး အရင္တုန္းကေလာက္ လႊမ္းမိုးႏိုင္စြမ္း မရွိေတာ့တာျဖစ္ပါတယ္။

မက္ဆီကလည္း အသက္ ၃၅ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ေပမယ့္လည္း အာဂ်င္တီးနားအသင္းကို ကမာၻ႔ဖလားေအာင္ပြဲရရွိေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းနဲ႔လည္း အေကာင္းဆုံးပုံစံကို ျပသေနတာ ျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ထက္ ပိုမိုသာလြန္ၿပီး ဘလြန္ေဒါဆုကို ကစားသမားအနည္းငယ္ကသာ ရယူႏိုင္ခဲ့ၾကတာျဖစ္ၿပီး ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္း တသက္တာအေကာင္းဆုံးကစားသမား ၂ ဦးထက္ပိုမိုသာလြန္ခဲ့တဲ့ ကစားသမား ၅ ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

၅။ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး

ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးဟာ ၂၁ ရာစုရဲ႕ အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ၿပီး အမ်ားစုက ပိုလန္တိုက္စစ္မႉးဟာ ၂၀၂၀ ဘလြန္ေဒါကို ရရွိခဲ့သင့္တယ္လို႔ ယုံၾကည္ခဲ့ၾကေပမယ့္လည္း အဲဒီႏွစ္မွာ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ဆုေပးပြဲဖ်က္သိမ္းခဲ့တာျဖစ္ပါတယ္။ လီဗန္ေဒါ့ဗ္စကီးဟာ ၿပီးခဲ့တဲ့ ၂ ရာသီစလုံးမွာ ဥေရာပေ႐ႊဖိနပ္ဆုကို ရရွိခဲ့ၿပီး ဘြန္ဒက္စ္လီဂါဖလား ၁၀ ႀကိမ္၊ ပိုကယ္ဖလား ၄ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္ ကိုင္ေျမႇာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္မွာ လီယြန္နယ္ မက္ဆီဟာ ဘလြန္ေဒါဆုကို ၇ ႀကိမ္ေျမာက္ ရရွိခဲ့ၿပီး အဲဒီဆုဟာ တစ္ဦးခ်င္းအဆင့္မွာ လီဗန္ေဒါ့ဗ္စကီးရဲ႕ ထူးျခားတဲ့ေအာင္ျမင္မႈေတြအတြက္ ရရွိခဲ့သင့္တဲ့ ဆုျဖစ္တယ္လို႔ အမ်ားစုက ယုံၾကည္ခဲ့တာျဖစ္ပါတယ္။

၄။ အင္နီေယစတာ

အင္နီေယစတာဟာ ၂၁ ရာစုရဲ႕ အေကာင္းဆုံးကြင္းလယ္ကစားသမားဆိုတာ ျငင္းခ်က္ထုတ္စရာမရွိဘဲ ဒီစာရင္းထဲမွာ ထိပ္ပိုင္းနားမရွိရတဲ့တစ္ခုတည္းေသာ အေၾကာင္းအရင္းက ၂၀၁၈ ခုႏွစ္မွာ ဂ်ပန္ကလပ္ျဖစ္တဲ့ ဗစ္ဆယ္ ကိုေဘးကို ေျပာင္းေ႐ႊ႕သြားခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ စပိန္ကြင္းလယ္ကစားသမားရဲ႕ ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္မွာ ဘယ္သူမွ ထိလို႔မရခဲ့ဘဲ ၿပိဳင္ဘက္ေတြကို အလြယ္တကူျဖတ္ေက်ာ္ၿပီး မယုံႏိုင္ဖြယ္ေကာင္းတဲ့ ေပးပို႔မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အင္နီေယစတာဟာ လီယြန္နယ္ မက္ဆီနဲ႔ ဘာစီလိုနာမွာ အတူတူကစားခဲ့တဲ့အခ်ိန္အတြင္း အလိုအေလ်ာက္သိစိတ္နဲ႔ အခ်ိတ္အဆက္ျပဳလုပ္ခဲ့ၿပီး ၿပိဳင္ဘက္ခံစစ္ေတြအတြက္ အိပ္မက္ဆိုးျဖစ္ခဲ့တာျဖစ္ပါတယ္။ အင္နီေယစတာဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္တြင္း လာလီဂါဖလား ၄ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္၊ ကိုပါဒယ္ေရးဖလား ၄ ႀကိမ္၊ ဖီဖာကလပ္ကမာၻ႔ဖလား ၁ ႀကိမ္ ရရွိခဲ့ၿပီး ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ ခုႏွစ္ေတြမွာ လာလီဂါရဲ႕အေကာင္းဆုံးကြင္းလယ္ကစားသမားအျဖစ္ ေ႐ြးခ်ယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

၃။ လူကာ မိုဒရစ္

လူကာ မိုဒရစ္ဟာ ၂၀၁၂ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ၿပီးေနာက္မွာ ထိပ္တန္းကြင္းလယ္ကစားသမားျဖစ္ဖို႔ အခ်ိန္အနည္းငယ္ယူခဲ့ရေပမယ့္လည္း ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ခ႐ိုေအးရွားကြင္းလယ္ကစားသမားဟာ တသက္တာအေကာင္းဆုံးကြင္းလယ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံခဲ့ရတာျဖစ္ပါတယ္။ မိုဒရစ္ဟာ ကြင္းလယ္မွာ ေနရာတိုင္း ကစားႏိုင္ၿပီး မခိုမကပ္ကစားႏိုင္တဲ့ ေခတ္သစ္ေဘာလုံးေလာကရဲ႕ နည္းစနစ္ပိုင္း အကြၽမ္းက်င္ဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ရီးရဲလ္မက္ဒရစ္ကို ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္း ခ်န္ပီယံလိဂ္ဖလား ၅ ႀကိမ္ ရရွိေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ မိုဒရစ္ဟာ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ခ႐ိုေအးရွားအသင္းကို ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီးေနာက္ ေ႐ႊေဘာလုံးဆုကို ရရွိခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ကြင္းလယ္ဖန္တီးရွင္ဟာ ေဘာလုံးသမိုင္းမွာ ဉာဏ္ရည္အထက္ျမက္ဆုံးကြင္းလယ္ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ေဘာလုံးေပးပို႔ႏိုင္စြမ္းကလည္း သူမတူေအာင္ ထူးျခားေကာင္းမြန္တာေၾကာင့္ တသက္တာအေကာင္းဆုံးကြင္းလယ္ကစားသမားတစ္ဦးအျဖစ္ သမိုင္းတြင္က်န္ရစ္ေတာ့မွာျဖစ္ပါတယ္။

၂။ ေနမာ

ေနမာဟာ နည္းစနစ္ပိုင္းမွာ ပါရမီအပါဆုံးေဘာလုံးသမားေတြထဲက တစ္ဦးျဖစ္ၿပီး ဘရာဇီးလ္တိုက္စစ္မႉးဟာ မတူညီတဲ့ကလပ္အသင္း ၃ သင္းအတြက္ အနည္းဆုံး ဂိုး ၁၀၀ သြင္းယူႏိုင္ခဲ့တဲ့ ေဘာလုံးသမိုင္းထဲက ကစားသမား ၃ ဦးထဲက တစ္ဦးျဖစ္ပါတယ္။ ေနမာဟာ ၎ရဲ႕ ခန႔္မွန္းရခက္တဲ့ လွည့္ကြက္၊ လ်င္ျမန္တဲ့ ေျပးအား၊ ေဘာလုံးေပးပို႔ႏိုင္စြမ္းနဲ႔ ဂိုးသြင္းေသခ်ာမႈတို႔ေၾကာင့္ ပြဲအေျဖေျပာင္းလဲေပးသူ ျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္း ဘရာဇီးလ္တိုက္စစ္မႉးဟာ လာလီဂါဖလား ၂ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္၊ လိဂန္းဖလား၄ ႀကိမ္၊ ျပင္သစ္ဖလား ၃ ႀကိမ္၊ ကိုပါဒယ္ေရးဖလား ၃ ႀကိမ္နဲ႔ ဖီဖာကလပ္ကမာၻ႔ဖလား ၁ ႀကိမ္ ရရွိခဲ့တာျဖစ္ပါတယ္။

၁။ လူးဝစၥ ဆြာရက္ဇ္

လူးဝစၥ ဆြာရက္ဇ္ဟာ ကစားသမားဘဝ အားအေကာင္းဆုံးအခ်ိန္မွာ ဥေရာပေ႐ႊဖိနပ္ဆုကို ၂ ႀကိမ္(တစ္ႀကိမ္ကို ေရာ္နယ္လ္ဒိုနဲ႔ ပူးတြဲ)ရရွိခဲ့ၿပီး ေဘာလုံးသမိုင္းထဲမွာ ျမင္ဖူးသမွ်ထဲက ေၾကာက္မက္ဖြယ္အေကာင္းဆုံး အဆုံးသတ္သူျဖစ္ခဲ့တာျဖစ္ပါတယ္။ ဆြာရက္ဇ္ဟာ ဘက္ေပါင္းစုံမွာ ၿပီးျပည့္စုံခဲ့ၿပီး ရဲရင့္မႈ၊ သန္မာမႈ၊ ထက္ျမက္မႈ၊ နည္းစနစ္ပိုင္း ပါရမီပါမႈနဲ႔ ၿပိဳင္ဘက္ကစားသမားေတြကို စိတ္အေႏွာင့္အယွက္ျဖစ္ေစမယ့္ ပညာသားပါပါ စိတ္ဓာတ္စစ္ဆင္မႈမွာလည္း ဆရာတစ္ဆူျဖစ္ခဲ့ပါတယ္။ ဆြာရက္ဇ္ဟာ ၿပိဳင္ဘက္ေနာက္ခံလူေတြကို ၎ရဲ႕ မယုံႏိုင္ဖြယ္ေကာင္းတဲ့လိမ္ေခါက္မႈ၊ ျမန္ႏႈန္း၊ ဂိုးကန္သြင္းမႈအရည္အခ်င္းေတြနဲ႔ ထိတ္လန႔္ေစခဲ့တာျဖစ္ၿပီး ဘာစီလိုနာအသင္းမွာ လီယြန္နယ္ မက္ဆီနဲ႔ တြဲဖက္ၿပီး ဥေရာပရဲ႕ ေၾကာက္မက္ဖြယ္အေကာင္းဆုံးတိုက္စစ္အတြဲကို ပုံေဖာ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဥ႐ုေဂြးဝါရင့္တိုက္စစ္မႉးဟာ ၂၀၂၀ မွာ ဘာစီလိုနာကို စြန႔္ခြာၿပီးေနာက္ ၂၀၂၀-၂၀၂၁ ရာသီမွာ အက္သလက္တီကို မက္ဒရစ္ကို လာလီဂါဖလားရရွိေအာင္ ကူညီေပးႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္းမွာ လာလီဂါဖလား ၅ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္၊ ကိုပါဒယ္ေရးဖလား ၄ ႀကိမ္နဲ႔ ဖီဖာကလပ္ကမာၻ႔ဖလားကို ၁ ႀကိမ္ ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.