La Liga

စပိန်စူပါဖလားပွဲစဉ်အပြီးမှာ အမ်ဘာပေကို ခေါ်ဖို့ တောင်းဆိုခံနေရတဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေဟာ ဗုဒ္ဓဟူးနေ့ညနေက ဗလင်စီယာအသင်းနဲ့ ကစားခဲ့တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်က ဗင်နီးရှပ်စ် ဂျူနီယာရဲ့ စွမ်းဆောင်ရည်ကို ဒေါသထွက်ခဲ့ကြပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်အသင်းက King Fahd ကွင်းထဲမှာ ဗလင်စီယာကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း နောက်ထပ်တစ်ကြိမ် စိတ်ပျက်ဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပါတယ်။

ဗင်နီးရှပ်စ် ဂျူနီယာဟာ လိမ်ခေါက်ဖို့ ကြိုးပမ်းမှု ၁၀ ကြိမ်မှာ ၂ ကြိမ်သာ အောင်မြင်၊ တစ်ဦးချင်းတိုက်ပွဲ ၂၄ ကြိမ်မှာ ၁၁ ကြိမ်သာ အနိုင်ရ၊ ဘောလုံးပိုင်ဆိုင်မှု ၂၉ ကြိမ် ဆုံးရှုံးပြီး ကြီးမားတဲ့အခွင့်အရေးတစ်ကြိမ်ကိုလည်း လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဗင်နီးရှပ်စ် ဂျူနီယာဟာ ကာတာမှာ ကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ရီးရဲလ်မက်ဒရစ်ကို ပြန်လည်ရောက်ရှိလာတဲ့အချိန်ကတည်းက သွင်းဂိုးပါဝင်ပတ်သက်မှု ပြုလုပ်နိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေဟာ ဘရာဇီးလ်ကြယ်ပွင့်ဆီကနေ နောက်ထပ်တစ်ကြိမ် စိတ်ပျက်စရာ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီးနောက် ၎င်းတို့ရဲ့ စိတ်ပျက်မှုကို တွစ်တာပေါ်မှာ မျှဝေခဲ့ကြပြီး ပီအက်စ်ဂျီကြယ်ပွင့် ခီလီယန် အမ်ဘာပေကို ခေါ်ယူဖို့ လိုအပ်နေပြီလို့ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

“ကျွန်တော်တို့ အမ်ဘာပေကို လိုအပ်နေပြီလို့ ပြောတဲ့အချိန်မှာ မက်ဒရစ်ပရိသတ်အားလုံးအတွက် ကျွန်တော် စကားပြောနေတာပါ။ ဒီ ကလေကချေ ဗင်နီက သူ့အရင်တုန်းက ခြေစွမ်းမျိုး ပြန်ရနေပြီ။ အနည်းဆုံးတော့ ဘယ်တောင်ပံတိုက်စစ်မှာ ရိုဒရီဂိုကို ကစားခိုင်းပါ”လို့ ရီးရဲလ်မက်ဒရစ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “ဗင်နီးရှပ်စ် ဂျူနီယာ ကျေးဇူးပြုပြီး ပြန်လာပေးပါ။ ခု ကွင်းထဲမှာ မြင်နေရတဲ့တစ်ယောက်က ဗင်နီးရှပ်စ် အစစ်မဟုတ်ဘူး”လို့ နောက်ထပ် ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

ဗင်နီးရှပ်စ် ဂျူနီယာဟာ ယခုရာသီ ပြိုင်ပွဲစုံ ၂၃ ပွဲမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တော်တော်လေးစိတ်ပျက်စရာ ကောင်းနေတာဖြစ်ပြီး ၂၀၂၁-၂၀၂၂ ရာသီအတွင်း လာလီဂါ၊ ချန်ပီယံလိဂ်နဲ့ စပိန်စူပါဖလားရရှိအောင် ၅၂ ပွဲမှာ သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္ပရိသတ္ေတြဟာ ဗုဒၶဟူးေန႔ညေနက ဗလင္စီယာအသင္းနဲ႔ ကစားခဲ့တဲ့ စပိန္စူပါဖလား ဆီမီးဖိုင္နယ္ပြဲစဥ္က ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ စြမ္းေဆာင္ရည္ကို ေဒါသထြက္ခဲ့ၾကပါတယ္။

ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ရီးရဲလ္မက္ဒရစ္အသင္းက King Fahd ကြင္းထဲမွာ ဗလင္စီယာကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့ေပမယ့္လည္း ေနာက္ထပ္တစ္ႀကိမ္ စိတ္ပ်က္ဖြယ္ေကာင္းတဲ့ စြမ္းေဆာင္ရည္ကို ျပသခဲ့တာျဖစ္ပါတယ္။

ဗင္နီးရွပ္စ္ ဂ်ဴနီယာဟာ လိမ္ေခါက္ဖို႔ ႀကိဳးပမ္းမႈ ၁၀ ႀကိမ္မွာ ၂ ႀကိမ္သာ ေအာင္ျမင္၊ တစ္ဦးခ်င္းတိုက္ပြဲ ၂၄ ႀကိမ္မွာ ၁၁ ႀကိမ္သာ အႏိုင္ရ၊ ေဘာလုံးပိုင္ဆိုင္မႈ ၂၉ ႀကိမ္ ဆုံးရႈံးၿပီး ႀကီးမားတဲ့အခြင့္အေရးတစ္ႀကိမ္ကိုလည္း လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ဗင္နီးရွပ္စ္ ဂ်ဴနီယာဟာ ကာတာမွာ က်င္းပခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကေန ရီးရဲလ္မက္ဒရစ္ကို ျပန္လည္ေရာက္ရွိလာတဲ့အခ်ိန္ကတည္းက သြင္းဂိုးပါဝင္ပတ္သက္မႈ ျပဳလုပ္ႏိုင္ျခင္း မရွိေသးတာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ပရိသတ္ေတြဟာ ဘရာဇီးလ္ၾကယ္ပြင့္ဆီကေန ေနာက္ထပ္တစ္ႀကိမ္ စိတ္ပ်က္စရာ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ၎တို႔ရဲ႕ စိတ္ပ်က္မႈကို တြစ္တာေပၚမွာ မွ်ေဝခဲ့ၾကၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ ခီလီယန္ အမ္ဘာေပကို ေခၚယူဖို႔ လိုအပ္ေနၿပီလို႔ ေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ အမ္ဘာေပကို လိုအပ္ေနၿပီလို႔ ေျပာတဲ့အခ်ိန္မွာ မက္ဒရစ္ပရိသတ္အားလုံးအတြက္ ကြၽန္ေတာ္ စကားေျပာေနတာပါ။ ဒီ ကေလကေခ် ဗင္နီက သူ႔အရင္တုန္းက ေျခစြမ္းမ်ိဳး ျပန္ရေနၿပီ။ အနည္းဆုံးေတာ့ ဘယ္ေတာင္ပံတိုက္စစ္မွာ ႐ိုဒရီဂိုကို ကစားခိုင္းပါ”လို႔ ရီးရဲလ္မက္ဒရစ္ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “ဗင္နီးရွပ္စ္ ဂ်ဴနီယာ ေက်းဇူးျပဳၿပီး ျပန္လာေပးပါ။ ခု ကြင္းထဲမွာ ျမင္ေနရတဲ့တစ္ေယာက္က ဗင္နီးရွပ္စ္ အစစ္မဟုတ္ဘူး”လို႔ ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

ဗင္နီးရွပ္စ္ ဂ်ဴနီယာဟာ ယခုရာသီ ၿပိဳင္ပြဲစုံ ၂၃ ပြဲမွာ သြင္းဂိုး ၁၀ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့သူျဖစ္ေပမယ့္လည္း ၿပီးခဲ့တဲ့ရာသီနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ေတာ္ေတာ္ေလးစိတ္ပ်က္စရာ ေကာင္းေနတာျဖစ္ၿပီး ၂၀၂၁-၂၀၂၂ ရာသီအတြင္း လာလီဂါ၊ ခ်န္ပီယံလိဂ္နဲ႔ စပိန္စူပါဖလားရရွိေအာင္ ၅၂ ပြဲမွာ သြင္းဂိုး ၂၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ အႀကိမ္ ၂၀ ျပဳလုပ္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.