La Liga

လက်ရွေးစင်ကနေ အိမ်ပြန်ပို့ခံရပြီး သမိုင်းဝင်မှတ်တမ်းတစ်ခုအဆုံးသတ်ခဲ့ရတဲ့ ဂရစ်ဇ်မန်း

အက်သလက်တီကို မက်ဒရစ်ကြယ်ပွင့် ဂရစ်ဇ်မန်းဟာ ဒီနိုင်ငံတကာပွဲစဉ်အားလပ်ရက်မှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးနိုင်တော့မှာမဟုတ်ဘဲ တနင်္လာနေ့က ကလဲဖောင်တိန်ကနေ မက်ဒရစ်ကို ပြန်လာခဲ့ရပါတယ်။

အသက် ၃၂ နှစ်အရွယ်ကစားသမားဟာ မကြာသေးမီက ၃ ပတ်လောက်အထိ အနားယူခဲ့ရတဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ရုန်းကန်နေရဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အင်တာနဲ့ပွဲမှာ ၁၀၅ မိနစ်အထိ ပါဝင်ကစားပေးခဲ့ပေမယ့်တနင်္ဂနွေနေ့ညက ဘာစီလိုနာနဲ့ပွဲမှာ ၄၅ မိနစ်သာ ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခဲ့ပြီးနောက် ဂျာမနီ၊ ချီလီတို့နဲ့ ကစားမယ့် ခြေစမ်းပွဲတွေမှာ ပါဝင်ကစားပေးဖို့ထက် အိမ်ပြန်ပြီး ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာအောင် လုပ်တာက ပိုကောင်းလိမ့်မယ်လို့ ဆုံးဖြတ်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် ဂရစ်ဇ်မန်းဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ သမိုင်းဝင်စံချိန်တစ်ခုကို အဆုံးသတ်ခဲ့ရပြီဖြစ်ပြီး အက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့်ဟာ ၂၀၁၇ ခုနှစ်ကတည်းက လက်ရွေးစင်အသင်းအတွက် ၈၄ ပွဲဆက်တိုက် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အတွက် နောက်ထပ် ဆက်တိုက် ပွဲအများဆုံးကစားပေးခဲ့တဲ့ ကစားသမားကတော့ ပက်ထရစ် ဗီယာရာ(၄၄ ပွဲ)ဖြစ်ပြီး ဂရစ်ဇ်မန်းဟာ လက်ရွေးစင်အတွက် ၁၂၇ ပွဲမှာ ၄၄ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပေမယ့် ဒီနွေရာသီ ယူရိုပြိုင်ပွဲမှာ ယူရို ၂၀၀၀ နောက်ပိုင်း ပထမဆုံးအကြိမ် ပြင်သစ်အတွက် အောင်မြင်မှု ပြန်လည်ရရှိအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အက္သလက္တီကို မက္ဒရစ္ၾကယ္ပြင့္ ဂရစ္ဇ္မန္းဟာ ဒီႏိုင္ငံတကာပြဲစဥ္အားလပ္ရက္မွာ ျပင္သစ္လက္ေ႐ြးစင္အသင္းအတြက္ ပါဝင္ကစားေပးႏိုင္ေတာ့မွာမဟုတ္ဘဲ တနလၤာေန႔က ကလဲေဖာင္တိန္ကေန မက္ဒရစ္ကို ျပန္လာခဲ့ရပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ကစားသမားဟာ မၾကာေသးမီက ၃ ပတ္ေလာက္အထိ အနားယူခဲ့ရတဲ့ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ႐ုန္းကန္ေနရဆဲျဖစ္ၿပီး ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က အင္တာနဲ႔ပြဲမွာ ၁၀၅ မိနစ္အထိ ပါဝင္ကစားေပးခဲ့ေပမယ့္တနဂၤေႏြေန႔ညက ဘာစီလိုနာနဲ႔ပြဲမွာ ၄၅ မိနစ္သာ ကစားေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္အသင္းနဲ႔ ပူးေပါင္းခဲ့ၿပီးေနာက္ ဂ်ာမနီ၊ ခ်ီလီတို႔နဲ႔ ကစားမယ့္ ေျခစမ္းပြဲေတြမွာ ပါဝင္ကစားေပးဖို႔ထက္ အိမ္ျပန္ၿပီး ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာေအာင္ လုပ္တာက ပိုေကာင္းလိမ့္မယ္လို႔ ဆုံးျဖတ္ျခင္းခံခဲ့ရတာျဖစ္တယ္လို႔ Mundo Deportivo က ေဖာ္ျပခဲ့ပါတယ္။

ဒါေၾကာင့္ ဂရစ္ဇ္မန္းဟာ ျပင္သစ္လက္ေ႐ြးစင္အသင္းနဲ႔ သမိုင္းဝင္စံခ်ိန္တစ္ခုကို အဆုံးသတ္ခဲ့ရၿပီျဖစ္ၿပီး အက္သလက္တီကိုမက္ဒရစ္ၾကယ္ပြင့္ဟာ ၂၀၁၇ ခုႏွစ္ကတည္းက လက္ေ႐ြးစင္အသင္းအတြက္ ၈၄ ပြဲဆက္တိုက္ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ျပင္သစ္အတြက္ ေနာက္ထပ္ ဆက္တိုက္ ပြဲအမ်ားဆုံးကစားေပးခဲ့တဲ့ ကစားသမားကေတာ့ ပက္ထရစ္ ဗီယာရာ(၄၄ ပြဲ)ျဖစ္ၿပီး ဂရစ္ဇ္မန္းဟာ လက္ေ႐ြးစင္အတြက္ ၁၂၇ ပြဲမွာ ၄၄ ဂိုးအထိ သြင္းယူေပးထားႏိုင္ခဲ့ေပမယ့္ ဒီေႏြရာသီ ယူ႐ိုၿပိဳင္ပြဲမွာ ယူ႐ို ၂၀၀၀ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ျပင္သစ္အတြက္ ေအာင္ျမင္မႈ ျပန္လည္ရရွိေအာင္ ကူညီေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.