La Liga

Underrated အဖြစ်ဆုံးကစားသမားကို သတ်မှတ်ခဲ့တဲ့ အွန်နရီ

သီယာရီ အွန်နရီက ဘောလုံးလောကမှာ လက်ရှိအချိန်အထိ Underrated အဖြစ်ဆုံးကစားသမားက အက်သလက်တီကို မက်ဒရစ်နဲ့ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။

ဂရစ်ဇ်မန်းဟာ အက်သလက်တီကို မက်ဒရစ်ရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်အဖြစ် ၁၇၆ ဂိုးနဲ့ ရပ်တည်နေပြီး နိုင်ငံတကာအဆင့်မှာလည်း ၂၀၁၈ ကမ္ဘာ့ဖလားအောင်မြင်မှုမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နေရာစုံ ကစားနိုင်တဲ့ အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူးဟာ ဘယ်တုန်းကမှ ကစားသမားဘဝတလျှောက် ထိုက်တန်တဲ့ ချီးကျူး ဂုဏ်ပြုမှုမျိုး မရရှိခဲ့ဖူးဘူးလို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဂရစ်ဇ်မန်းကို မေ့ထားလို့မရပါဘူး။ အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားတာကလည်း အရည်အချင်းပဲဆိုတာ ကျွန်တော်တို့ကို သတိပေးနေတဲ့သူပါ။ ဂရစ်ဇ်မန်းက လက်ရှိအချိန်အထိ ဘောလုံးလောကမှာ တည်ရှိနေတဲ့ ကစားသမားတွေထဲမှာ Underrated အဖြစ်ဆုံးပါပဲ။ ကျွန်တော်တို့ မကြာခဏ ခီလီယန်အကြောင်း ပြောကြတယ်။ အဲဒီအကြောင်းတွေ အများကြီး ပြောမိတဲ့အတွက် ကျွန်တော်တောင် သူ့ကို စော်ကားသလို ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဂရစ်ဇ်မန်းရဲ့ ဘောလုံးပေးပို့မှုတွေ၊ သွင်းဂိုးတွေကို ကြည့်လိုက်ပါ။ သူ့လိုမျိုး တိုက်စစ် ၄ နေရာစလုံးမှာ ကစားနိုင်တဲ့ ကစားသမားမျိုး ဘောလုံးသမိုင်းမှာ ဘယ်သူရှိလဲ ပြောစမ်းပါ။ အများကြီး မရှိပါဘူး။ ဂျီရူးက အဲဒီကစားသမားတွေထဲက တစ်ဦးပါ။ ”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
သီယာရီ အြန္နရီက ေဘာလုံးေလာကမွာ လက္ရွိအခ်ိန္အထိ Underrated အျဖစ္ဆုံးကစားသမားက အက္သလက္တီကို မက္ဒရစ္နဲ႔ ျပင္သစ္တိုက္စစ္မႉး ဂရစ္ဇ္မန္းျဖစ္တယ္လို႔ သတ္မွတ္ခဲ့ပါတယ္။

ဂရစ္ဇ္မန္းဟာ အက္သလက္တီကို မက္ဒရစ္ရဲ႕ တသက္တာထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ၁၇၆ ဂိုးနဲ႔ ရပ္တည္ေနၿပီး ႏိုင္ငံတကာအဆင့္မွာလည္း ၂၀၁၈ ကမာၻ႔ဖလားေအာင္ျမင္မႈမွာ အဓိကက်တဲ့အခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနရာစုံ ကစားႏိုင္တဲ့ အက္သလက္တီကို မက္ဒရစ္တိုက္စစ္မႉးဟာ ဘယ္တုန္းကမွ ကစားသမားဘဝတေလွ်ာက္ ထိုက္တန္တဲ့ ခ်ီးက်ဴး ဂုဏ္ျပဳမႈမ်ိဳး မရရွိခဲ့ဖူးဘူးလို႔ ေျပာဆိုလိုက္တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ဂရစ္ဇ္မန္းကို ေမ့ထားလို႔မရပါဘူး။ အလုပ္ျပင္းျပင္းထန္ထန္ ႀကိဳးစားတာကလည္း အရည္အခ်င္းပဲဆိုတာ ကြၽန္ေတာ္တို႔ကို သတိေပးေနတဲ့သူပါ။ ဂရစ္ဇ္မန္းက လက္ရွိအခ်ိန္အထိ ေဘာလုံးေလာကမွာ တည္ရွိေနတဲ့ ကစားသမားေတြထဲမွာ Underrated အျဖစ္ဆုံးပါပဲ။ ကြၽန္ေတာ္တို႔ မၾကာခဏ ခီလီယန္အေၾကာင္း ေျပာၾကတယ္။ အဲဒီအေၾကာင္းေတြ အမ်ားႀကီး ေျပာမိတဲ့အတြက္ ကြၽန္ေတာ္ေတာင္ သူ႔ကို ေစာ္ကားသလို ျဖစ္ခဲ့တယ္။ ဒါေပမယ့္ ဂရစ္ဇ္မန္းရဲ႕ ေဘာလုံးေပးပို႔မႈေတြ၊ သြင္းဂိုးေတြကို ၾကည့္လိုက္ပါ။ သူ႔လိုမ်ိဳး တိုက္စစ္ ၄ ေနရာစလုံးမွာ ကစားႏိုင္တဲ့ ကစားသမားမ်ိဳး ေဘာလုံးသမိုင္းမွာ ဘယ္သူရွိလဲ ေျပာစမ္းပါ။ အမ်ားႀကီး မရွိပါဘူး။ ဂ်ီ႐ူးက အဲဒီကစားသမားေတြထဲက တစ္ဦးပါ။ ”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.