La Liga

ကွာတားတက်ပေမယ့် အောင်ပွဲမခံဘူးလို့ ပြောလိုက်တဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်

အန်တိုနီယို ရူဒီဂါက ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ပွဲက အသင်းရဲ့ စွမ်းဆောင်ရည်ကြောင့် တော်တော်လေး စိတ်ပျက်ခဲ့တဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လိုက်ပ်ဇစ်နဲ့ ကစားခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ တစ်ဖက် ၁ ဂိုးစီ အိမ်ကွင်းမှာ သရေကျခဲ့ပြီး ပထမအကျော့တုန်းက ဘရာဟင် ဒီယက်ဇ် သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့်သာ ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက လိုက်ပ်ဇစ်နဲ့ပွဲစဉ်မှာ တိုက်စစ်မှာ ဗင်နီးရှပ်စ် ဂျူနီယာတစ်ဦးတည်းထားပြီး ကွင်းလယ်ကစားသမား ၅ ဦးအထိ အံ့အားသင့်ဖွယ် အသုံးပြုဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီရဲ့ အကွက်ဆန်းက လုံးဝ အလုပ်မဖြစ်ခဲ့ဘဲ ပထမပိုင်းမှာ ရီးရဲလ်မက်ဒရစ်က ဂိုးကန်သွင်းမှုတစ်ကြိမ်တောင် မပြုလုပ်နိုင်ခဲ့ဘဲ လိုက်ပ်ဇစ်က အခွင့်အရေးအများအပြား ဖန်တီးနိုင်ခဲ့ပေမယ့် အဆုံးမသတ်နိုင်ခဲ့လို့သာ အိမ်ရှင်တို့ သက်သာရာရခဲ့တာဖြစ်ပါတယ်။

အန်ဆယ်လော့တီက ဒုတိယပိုင်းမှာတော့ ရိုဒရီဂိုကို လူစားဝင်ကစားစေခဲ့ပြီး ၆၅ မိနစ်မှာတော့ ဗင်နီးရှပ်စ် ဂျူနီယာက အလွန်ကောင်းမွန်တဲ့ ဘယ်လင်ဟမ်ရဲ့ တန်ပြန်တိုက်စစ်ကနေတဆင့် ဦးဆောင်ဂိုး သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လိုက်ပ်ဇစ်က နောက်ထပ် ၃ မိနစ်အကြာမှာ အသင်းခေါင်းဆောင် ဝီလီ အော်ဘန်ရဲ့ သွင်းဂိုးနဲ့ ပြန်လည်ချေပသွားနိုင်ခဲ့တာဖြစ်ပြီး ဂျာမန်ကလပ်ဟာ ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၄၀ အထိ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ဂိုးပေါက် ၄ ကြိမ်သာ တည့်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ရူဒီဂါက ပွဲနဲ့ပတ်သက်တဲ့ အမြင်ကို မျှဝေခဲ့ပြီး ရီးရဲလ်မက်ဒရစ်တို့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း အောင်ပွဲခံချင်စိတ်မရှိတဲ့အကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဟင့်အင်း။ ကျွန်တော်တို့ ကွာတားတက်လို့ အောင်ပွဲခံမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီပွဲကိုတော့ အောင်ပွဲမခံပါဘူး။ ဘာလို့လဲဆိုတော့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်မဟုတ်ခဲ့လို့ပါ။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ နောက်တဆင့်တက်ခဲ့တာမှန်တယ်။ ဒါပေမယ့် ပြောရမယ့်ကိစ္စတွေက ရှိနေတယ်။”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အန္တိုနီယို ႐ူဒီဂါက ဗုဒၶဟူးေန႔ညက ကစားခဲ့တဲ့ လိုက္ပ္ဇစ္နဲ႔ပြဲက အသင္းရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ ေတာ္ေတာ္ေလး စိတ္ပ်က္ခဲ့တဲ့အေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ လိုက္ပ္ဇစ္နဲ႔ ကစားခဲ့တဲ့ ၁၆ သင္းရႈံးထြက္အဆင့္ ဒုတိယအေက်ာ့ပြဲစဥ္မွာ တစ္ဖက္ ၁ ဂိုးစီ အိမ္ကြင္းမွာ သေရက်ခဲ့ၿပီး ပထမအေက်ာ့တုန္းက ဘရာဟင္ ဒီယက္ဇ္ သြင္းယူခဲ့တဲ့ သြင္းဂိုးေၾကာင့္သာ ကြာတားဖိုင္နယ္တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပ အန္ဆယ္ေလာ့တီက လိုက္ပ္ဇစ္နဲ႔ပြဲစဥ္မွာ တိုက္စစ္မွာ ဗင္နီးရွပ္စ္ ဂ်ဴနီယာတစ္ဦးတည္းထားၿပီး ကြင္းလယ္ကစားသမား ၅ ဦးအထိ အံ့အားသင့္ဖြယ္ အသုံးျပဳဖို႔ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

အန္ဆယ္ေလာ့တီရဲ႕ အကြက္ဆန္းက လုံးဝ အလုပ္မျဖစ္ခဲ့ဘဲ ပထမပိုင္းမွာ ရီးရဲလ္မက္ဒရစ္က ဂိုးကန္သြင္းမႈတစ္ႀကိမ္ေတာင္ မျပဳလုပ္ႏိုင္ခဲ့ဘဲ လိုက္ပ္ဇစ္က အခြင့္အေရးအမ်ားအျပား ဖန္တီးႏိုင္ခဲ့ေပမယ့္ အဆုံးမသတ္ႏိုင္ခဲ့လို႔သာ အိမ္ရွင္တို႔ သက္သာရာရခဲ့တာျဖစ္ပါတယ္။

အန္ဆယ္ေလာ့တီက ဒုတိယပိုင္းမွာေတာ့ ႐ိုဒရီဂိုကို လူစားဝင္ကစားေစခဲ့ၿပီး ၆၅ မိနစ္မွာေတာ့ ဗင္နီးရွပ္စ္ ဂ်ဴနီယာက အလြန္ေကာင္းမြန္တဲ့ ဘယ္လင္ဟမ္ရဲ႕ တန္ျပန္တိုက္စစ္ကေနတဆင့္ ဦးေဆာင္ဂိုး သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လိုက္ပ္ဇစ္က ေနာက္ထပ္ ၃ မိနစ္အၾကာမွာ အသင္းေခါင္းေဆာင္ ဝီလီ ေအာ္ဘန္ရဲ႕ သြင္းဂိုးနဲ႔ ျပန္လည္ေခ်ပသြားႏိုင္ခဲ့တာျဖစ္ၿပီး ဂ်ာမန္ကလပ္ဟာ ဂိုးေပါက္ကန္သြင္းမႈ အႀကိမ္ ၄၀ အထိ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ဂိုးေပါက္ ၄ ႀကိမ္သာ တည့္ခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ ႐ူဒီဂါက ပြဲနဲ႔ပတ္သက္တဲ့ အျမင္ကို မွ်ေဝခဲ့ၿပီး ရီးရဲလ္မက္ဒရစ္တို႔ ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့ေပမယ့္လည္း ေအာင္ပြဲခံခ်င္စိတ္မရွိတဲ့အေၾကာင္း ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ဟင့္အင္း။ ကြၽန္ေတာ္တို႔ ကြာတားတက္လို႔ ေအာင္ပြဲခံမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ဒီပြဲကိုေတာ့ ေအာင္ပြဲမခံပါဘူး။ ဘာလို႔လဲဆိုေတာ့ ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္မဟုတ္ခဲ့လို႔ပါ။ ေနာက္ဆုံးမွာေတာ့ ကြၽန္ေတာ္တို႔ ေနာက္တဆင့္တက္ခဲ့တာမွန္တယ္။ ဒါေပမယ့္ ေျပာရမယ့္ကိစၥေတြက ရွိေနတယ္။”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.