La Liga

အိုးထရက်ဖို့ဒ်လာမယ့်အစား ရီးရဲလ်မှာပဲ အရန်ခုံမှာ ဒူးနန့်ပြီးထိုင်နေမယ်လို့ ဆုံးဖြတ်ထားတဲ့ သက်ကြီးကစားသမား

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဂျိုဆေးလူက ဒီနွေရာသီမှာ သူ့ကို ခေါ်ယူဖို့ ကနဦး စုံစမ်းမေးမြန်းမှုတွေ လုပ်လာတဲ့ မန်ချက်စတာယူနိုက်တက် ဘာပဲကမ်းလှမ်းကမ်းလှမ်း ငြင်းပယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးဟာ အင်္ဂလန်မှာ စတုတ်၊ နယူးကာဆယ်တို့အတွက် ၃ ရာသီ ကစားပေးခဲ့တဲ့အချိန်တုန်းက သွင်းဂိုး ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့သူဖြစ်ပြီး စပိန်ကို ၂၀၁၉ မှာ ပြန်ပြီး အလာဗက်စ်အတွက် ကစားပေးခဲ့ချိန်မှာတော့ ၃ ရာသီဆက်တိုက် ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျိုဆေးလူရဲ့ အထင်ကြီးဖွယ်ခြေစွမ်းပြသမှုကြောင့် အက်စပန်ညိုက ခေါ်ယူခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ လာလီဂါ ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ ဘန်ဇီးမားရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ရီးရဲလ်မက်ဒရစ်ကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဂျိုဆေးလူဟာ အန်ဆယ်လော့တီအတွက် ပုံမှန်ပွဲထွက်ခွင့်ရကစားသမားမဟုတ်ပေမယ့်လည်း ဒီရာသီပြိုင်ပွဲစုံ ၁၄ ဂိုးအထိ သွင်းယူထားနိုင်သေးတာဖြစ်ပြီး အသက် ၃၄ နှစ်အရွယ်ကစားသမားရဲ့ ခြေစွမ်းကြောင့် မန်ယူနိုက်တက် စိတ်ဝင်စားလာခဲ့တယ်လို့ သိရပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ ဟွိုင်လန်းနေရာမှာ အရန်သင့်အသုံးပြုနိုင်မယ့် ကစားသမားမျိုး ရှာဖွေနေတာဖြစ်ပြီး Fichajes ရဲ့ သတင်းအရ ဂျိုဆေးလူဟာ ရီးရဲလ်မက်ဒရစ်မှာပဲ ကစားသမားဘဝ အဆုံးသတ်ချင်တာကြောင့် အိုးထရက်ဖို့ဒ်ကို ပြောင်းဖို့ ငြင်းဆန်မှာဖြစ်တယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီရာသီကုန်မှာ ဂျိုဆေးလူကို အက်စပန်ညိုကနေ ယူရို ၁.၅ သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့်ကို အသက်သွင်းသွားဖွယ်ရှိပြီး ပြီးခဲ့တဲ့နှစ်မှာ ရီးရဲလ်ကို ရောက်ရှိလာခဲ့ပြီးနောက် ရာသီကြိုမှာ မန်ယူနိုက်တက်ကို နောက်ပြန်ကန်ချက်နဲ့ အံ့အားသင့်ဖွယ်ဂိုးသွင်းသွားပြီးကတည်းက သရဲနီတွေက အနီးကပ်စောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။

SportsA2Z

ZAWGYI:
ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး ဂ်ိဳေဆးလူက ဒီေႏြရာသီမွာ သူ႔ကို ေခၚယူဖို႔ ကနဦး စုံစမ္းေမးျမန္းမႈေတြ လုပ္လာတဲ့ မန္ခ်က္စတာယူႏိုက္တက္ ဘာပဲကမ္းလွမ္းကမ္းလွမ္း ျငင္းပယ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ အဂၤလန္မွာ စတုတ္၊ နယူးကာဆယ္တို႔အတြက္ ၃ ရာသီ ကစားေပးခဲ့တဲ့အခ်ိန္တုန္းက သြင္းဂိုး ၁၀ ဂိုးသာ သြင္းယူႏိုင္ခဲ့သူျဖစ္ၿပီး စပိန္ကို ၂၀၁၉ မွာ ျပန္ၿပီး အလာဗက္စ္အတြက္ ကစားေပးခဲ့ခ်ိန္မွာေတာ့ ၃ ရာသီဆက္တိုက္ ၁၀ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂ်ိဳေဆးလူရဲ႕ အထင္ႀကီးဖြယ္ေျခစြမ္းျပသမႈေၾကာင့္ အက္စပန္ညိဳက ေခၚယူခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီမွာ လာလီဂါ ၁၆ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘန္ဇီးမားရဲ႕ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ ရီးရဲလ္မက္ဒရစ္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

ဂ်ိဳေဆးလူဟာ အန္ဆယ္ေလာ့တီအတြက္ ပုံမွန္ပြဲထြက္ခြင့္ရကစားသမားမဟုတ္ေပမယ့္လည္း ဒီရာသီၿပိဳင္ပြဲစုံ ၁၄ ဂိုးအထိ သြင္းယူထားႏိုင္ေသးတာျဖစ္ၿပီး အသက္ ၃၄ ႏွစ္အ႐ြယ္ကစားသမားရဲ႕ ေျခစြမ္းေၾကာင့္ မန္ယူႏိုက္တက္ စိတ္ဝင္စားလာခဲ့တယ္လို႔ သိရပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ဟြိဳင္လန္းေနရာမွာ အရန္သင့္အသုံးျပဳႏိုင္မယ့္ ကစားသမားမ်ိဳး ရွာေဖြေနတာျဖစ္ၿပီး Fichajes ရဲ႕ သတင္းအရ ဂ်ိဳေဆးလူဟာ ရီးရဲလ္မက္ဒရစ္မွာပဲ ကစားသမားဘဝ အဆုံးသတ္ခ်င္တာေၾကာင့္ အိုးထရက္ဖို႔ဒ္ကို ေျပာင္းဖို႔ ျငင္းဆန္မွာျဖစ္တယ္လို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ဒီရာသီကုန္မွာ ဂ်ိဳေဆးလူကို အက္စပန္ညိဳကေန ယူ႐ို ၁.၅ သန္းနဲ႔ အၿပီးသတ္ ဝယ္ယူခြင့္ကို အသက္သြင္းသြားဖြယ္ရွိၿပီး ၿပီးခဲ့တဲ့ႏွစ္မွာ ရီးရဲလ္ကို ေရာက္ရွိလာခဲ့ၿပီးေနာက္ ရာသီႀကိဳမွာ မန္ယူႏိုက္တက္ကို ေနာက္ျပန္ကန္ခ်က္နဲ႔ အံ့အားသင့္ဖြယ္ဂိုးသြင္းသြားၿပီးကတည္းက သရဲနီေတြက အနီးကပ္ေစာင့္ၾကည့္ခဲ့ၾကတာျဖစ္ပါတယ္။

SportsA2Z