La Liga Match Report

ဆိုစီဒက်ကို အရန်အသင်းနဲ့ အနိုင်ကစားပြခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

သောကြာနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်ဆိုစီဒက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ပွဲစဉ်မှာ လာလီဂါအမှတ်ပေးဇယား ဦးဆောင်သူတွေဟာ ဒုတိယပွဲထွက်ကစားသမားတွေ အများအပြားနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အာဒါ ဂူလာက ရီးရဲလ်မက်ဒရစ်အတွက် ပထမပိုင်းမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် အန်ဆယ်လော့တီရဲ့အသင်းဟာ ၃၆ ကြိမ်မြောက် စပိန်အမှတ်ပေးဖလားကို စံချိန်တင် ဆွတ်ခူးသွားဖို့ ပိုမိုနီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

ရာသီကုန်ဖို့ ၅ ပွဲသာ လိုတော့ချိန်မှာ ရီးရဲလ်မက်ဒရစ်ဟာ ရမှတ် စုစုပေါင်း ၈၄ မှတ်အထိ ရရှိခဲ့ပြီဖြစ်ပြီး ဒုတိယနေရာက ဘာစီလိုနာထက် ၁၄ မှတ်အသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက တနင်္ဂနွေနေ့က ဘာစီလိုနာကို ၃-၂ နဲ့ အနိုင်ယူနိုင်ခဲ့တဲ့ လူစာရင်းကို ၉ နေရာအထိ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဘိုင်ယန်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်ခင် ဘယ်လင်ဟမ်၊ တိုနီ ခရူးစ်တို့လို အဓိကကစားသမားတွေကို အနားပေးခဲ့တာဖြစ်ပါတယ်။

အမှတ်ပေးဇယား အဆင့် ၆ နေရာက ရီးရဲလ်ဆိုစီဒက်ဟာ ယူရိုပါလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာ အသာစီး ရယူနိုင်ခဲ့သလို အခွင့်အရေးကောင်းအချို့ ရခဲ့ပေမယ့်လည်း ရီးရဲလ်ဂိုးသမား ကီပါက ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဧည့်သည်တွေဟာ ပထမပိုင်းမှာ ရခဲ့တဲ့ တစ်ခုတည်းသော အခွင့်အရေးကို အသုံးချနိုင်ခဲ့တာဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် တူရကီ ကွင်းလယ်ကြယ်ပွင့် အာဒါ ဂူလာက ဖီနာဘာချီကနေ ပြောင်းလာပြီးနောက် ပထမဆုံးပွဲထွက်ပါဝင်ကစားပေးခဲ့ရာမှာ ၂၉ မိနစ်မှာ ကာဗာဂျယ် ညာတောင်ပံကနေ ချိုးပေးလိုက်တဲ့ဘောလုံးကို ဂိုးညာဘက်အောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၃ မိနစ်အကြာမှာ ကူဘိုက ဆိုစီဒက်အတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း ဒိုင်လူကြီးက VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် တိုက်စစ်စတင်ချိန်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကို မြင်တွေ့ခဲ့တာကြောင့် ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။

ရီးရဲလ်ဆိုစီဒက်ဟာ ဒုတိယပိုင်းမှာလည်း နောက်ထပ်တစ်ဂိုး ပယ်ဖျက်ခံခဲ့ရပြီး မီခေးလ် မိုရီနိုရဲ့ သွင်းဂိုးက လူကျွံနေတာကြောင့် ခွင့်ပြုခြင်း မခံခဲ့ရတာဖြစ်သလို တူရီယန်တေးရဲ့ ပင်နယ်တီဧရိယာအစွန်က ကန်ချက်ကလည်း ကီပါရဲ့ လက်စွမ်းပြ ကာကွယ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်က နောက်ထပ် ဦးဆောင်ဂိုး ရရှိဖို့ နီးစပ်ခဲ့သေးပြီး ကမာဗင်ဂါရဲ့ အနီးကပ် ကန်သွင်းချက်ကို ဆိုစီဒက် ဂိုးသမား အဲလက်စ် ရီမီရိုက အလွန်ကောင်းမွန်တဲ့ ကာကွယ်မှုပြုလုပ်ပြီး ငြင်းပယ်ခဲ့လို့သာ ဂိုးထပ်မရခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နောက်ခံလူ အီဒါ မီလီတာအိုဟာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ၂၅၈ ရက်ကြာ အနားယူခဲ့ရပြီးနောက် သောကြာနေ့ညကပွဲစဉ်မှာ ပြန်လည်ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ဘောလုံးပေးပို့မှု ၃၈ ကြိမ်အောင်မြင်၊ တစ်ဦးချင်းတိုက်ပွဲ ၅ ကြိမ်အနိုင်ရ၊ ဖျက်ထုတ်မှု ၂ ကြိမ်၊ ရှင်းထုတ်မှု ၂ ကြိမ်၊ ခေါင်းတိုက်ရှင်းထုတ်မှု ၂ ကြိမ်၊ ဘောလုံးပြန်ဆယ်ယူမှု ၂ ကြိမ်နဲ့ ဂိုးကန်သွင်းမှု ပိတ်ဆို့မှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေသာၾကာေန႔ညက ကစားခဲ့တဲ့ ရီးရဲလ္ဆိုစီဒက္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ ပြဲစဥ္မွာ လာလီဂါအမွတ္ေပးဇယား ဦးေဆာင္သူေတြဟာ ဒုတိယပြဲထြက္ကစားသမားေတြ အမ်ားအျပားနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

အာဒါ ဂူလာက ရီးရဲလ္မက္ဒရစ္အတြက္ ပထမပိုင္းမွာ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ဒီႏိုင္ပြဲေၾကာင့္ အန္ဆယ္ေလာ့တီရဲ႕အသင္းဟာ ၃၆ ႀကိမ္ေျမာက္ စပိန္အမွတ္ေပးဖလားကို စံခ်ိန္တင္ ဆြတ္ခူးသြားဖို႔ ပိုမိုနီးစပ္လာခဲ့ၿပီျဖစ္ပါတယ္။

ရာသီကုန္ဖို႔ ၅ ပြဲသာ လိုေတာ့ခ်ိန္မွာ ရီးရဲလ္မက္ဒရစ္ဟာ ရမွတ္ စုစုေပါင္း ၈၄ မွတ္အထိ ရရွိခဲ့ၿပီျဖစ္ၿပီး ဒုတိယေနရာက ဘာစီလိုနာထက္ ၁၄ မွတ္အသာနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပ အန္ဆယ္ေလာ့တီက တနဂၤေႏြေန႔က ဘာစီလိုနာကို ၃-၂ နဲ႔ အႏိုင္ယူႏိုင္ခဲ့တဲ့ လူစာရင္းကို ၉ ေနရာအထိ အေျပာင္းအလဲျပဳလုပ္ခဲ့ၿပီး ဘိုင္ယန္နဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲမတိုင္ခင္ ဘယ္လင္ဟမ္၊ တိုနီ ခ႐ူးစ္တို႔လို အဓိကကစားသမားေတြကို အနားေပးခဲ့တာျဖစ္ပါတယ္။

အမွတ္ေပးဇယား အဆင့္ ၆ ေနရာက ရီးရဲလ္ဆိုစီဒက္ဟာ ယူ႐ိုပါလိဂ္ဝင္ခြင့္အတြက္ တိုက္ပြဲဝင္ေနတာျဖစ္ၿပီး ေဘာလုံးပိုင္ဆိုင္မႈအပိုင္းမွာ အသာစီး ရယူႏိုင္ခဲ့သလို အခြင့္အေရးေကာင္းအခ်ိဳ႕ ရခဲ့ေပမယ့္လည္း ရီးရဲလ္ဂိုးသမား ကီပါက ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ေတြဟာ ပထမပိုင္းမွာ ရခဲ့တဲ့ တစ္ခုတည္းေသာ အခြင့္အေရးကို အသုံးခ်ႏိုင္ခဲ့တာျဖစ္ၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္ တူရကီ ကြင္းလယ္ၾကယ္ပြင့္ အာဒါ ဂူလာက ဖီနာဘာခ်ီကေန ေျပာင္းလာၿပီးေနာက္ ပထမဆုံးပြဲထြက္ပါဝင္ကစားေပးခဲ့ရာမွာ ၂၉ မိနစ္မွာ ကာဗာဂ်ယ္ ညာေတာင္ပံကေန ခ်ိဳးေပးလိုက္တဲ့ေဘာလုံးကို ဂိုးညာဘက္ေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၃ မိနစ္အၾကာမွာ ကူဘိုက ဆိုစီဒက္အတြက္ ေခ်ပဂိုးကို သြင္းယူေပးခဲ့ေပမယ့္လည္း ဒိုင္လူႀကီးက VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ တိုက္စစ္စတင္ခ်ိန္မွာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တာကို ျမင္ေတြ႕ခဲ့တာေၾကာင့္ ဂိုးကို ပယ္ဖ်က္ခဲ့ပါတယ္။

ရီးရဲလ္ဆိုစီဒက္ဟာ ဒုတိယပိုင္းမွာလည္း ေနာက္ထပ္တစ္ဂိုး ပယ္ဖ်က္ခံခဲ့ရၿပီး မီေခးလ္ မိုရီႏိုရဲ႕ သြင္းဂိုးက လူကြၽံေနတာေၾကာင့္ ခြင့္ျပဳျခင္း မခံခဲ့ရတာျဖစ္သလို တူရီယန္ေတးရဲ႕ ပင္နယ္တီဧရိယာအစြန္က ကန္ခ်က္ကလည္း ကီပါရဲ႕ လက္စြမ္းျပ ကာကြယ္မႈကို ခံခဲ့ရတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္က ေနာက္ထပ္ ဦးေဆာင္ဂိုး ရရွိဖို႔ နီးစပ္ခဲ့ေသးၿပီး ကမာဗင္ဂါရဲ႕ အနီးကပ္ ကန္သြင္းခ်က္ကို ဆိုစီဒက္ ဂိုးသမား အဲလက္စ္ ရီမီ႐ိုက အလြန္ေကာင္းမြန္တဲ့ ကာကြယ္မႈျပဳလုပ္ၿပီး ျငင္းပယ္ခဲ့လို႔သာ ဂိုးထပ္မရခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ အီဒါ မီလီတာအိုဟာ ဒူးအ႐ြတ္စုတ္ၿပဲဒဏ္ရာေၾကာင့္ ၂၅၈ ရက္ၾကာ အနားယူခဲ့ရၿပီးေနာက္ ေသာၾကာေန႔ညကပြဲစဥ္မွာ ျပန္လည္ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး ေဘာလုံးေပးပို႔မႈ ၃၈ ႀကိမ္ေအာင္ျမင္၊ တစ္ဦးခ်င္းတိုက္ပြဲ ၅ ႀကိမ္အႏိုင္ရ၊ ဖ်က္ထုတ္မႈ ၂ ႀကိမ္၊ ရွင္းထုတ္မႈ ၂ ႀကိမ္၊ ေခါင္းတိုက္ရွင္းထုတ္မႈ ၂ ႀကိမ္၊ ေဘာလုံးျပန္ဆယ္ယူမႈ ၂ ႀကိမ္နဲ႔ ဂိုးကန္သြင္းမႈ ပိတ္ဆို႔မႈ ၁ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.