La Liga

နှလုံးရောဂါကြောင့် အနားယူခဲ့ရပြီးနောက် မြက်ခင်းစိမ်းပေါ်ပြန်ခြေချတော့မယ့် အဂွေရို

ဆာဂျီယို အဂွေရိုဟာ ၂၀၂၁ ခုနှစ်မှာ ကျန်းမာရေးကြောင့် ကစားသမားဘဝကနေ အနားယူခဲ့ရပြီးနောက် ကွင်းထဲကို စိတ်လှုပ်ရှားဖွယ် ပြန်လာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဆရာဝန်တွေရဲ့ အကြံပေးစကားကြောင့် အဂွေရိုဟာ နှလုံးရပ် လဲကျနိုင်တဲ့ အန္တရာယ်ကို တွက်ဆပြီး ကစားသမားဘဝကို ထင်ထားတာထက် အများကြီးစောပြီး အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ အာဂျင်တီးနားတိုက်စစ်မှူးဟာ အလာဗက်စ်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာအတွက် ပါဝင်ကစားပေးနေရင်း ရင်ဘတ်အောင့်ပြီး အသက်ရှူရ ခက်ခဲတဲ့ ပြဿနာတွေကို ရင်ဆိုင်ခဲ့ရတာကြောင့် လူစားလဲလှယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီပွဲစဉ်ဟာ နူးကမ့်မှာ ဘာစီလိုနာအတွက် အဂွေရို ပထမဆုံးပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပေမယ့်လည်း ပထမပိုင်း ၄၁ မိနစ်မှာပဲ ခေါင်းတိုက်ဘောမှာ အနိုင်ရရှိခဲ့ပြီးနောက် မြက်ခင်းပေါ် လဲကျခဲ့ပြီး အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ အဂွေရိုဟာ နောက်ထပ်တစ်လအကြာ သတင်းစာရှင်းလင်းပွဲမှာ မျက်ရည်စက်လက်နဲ့ ကစားသမားဘဝကနေ အနားယူပြီဖြစ်တဲ့အကြောင်းကို ကြေညာခဲ့ပြီး ဘောလုံးမရှိတဲ့ဘဝမှာ အသားကျအောင် ကြိုးစားသွားရမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဂွေရိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ လေ့ကျင့်ရေးဆင်းခဲ့ပြီး ကာတာမှာ လီယွန်နယ် မက်ဆီရဲ့အသင်းက အောင်ပွဲရရှိခဲ့ပြီးနောက် အောင်ပွဲခံရာမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်စီးတီးဂန္တဝင်က အချစ်မြတ်နိုးဆုံးအလုပ်ကို ပြန်လည် လုပ်ဆောင်တော့မယ်လို့ ကြေညာခဲ့ပြီဖြစ်ပြီး အဂွေရိုဟာ အီကွေဒေါကလပ်အသင်း ဘာစီလိုနာ အက်စ်စီရဲ့ နှစ်စဉ်ကစားနေကျ ခြေစမ်းပွဲစဉ် ၂၀၂၃ နိုချေ အမာရီလာအတွက် ဧည့်သည်ကစားသမားအဖြစ် ကစားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ခြေစမ်းပွဲစဉ်ကို ဇန်နဝါရီ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဂွေရိုဟာ လက်ရှိမှာတော့ ပါဝင်ကစားပေးဖို့အတွက် မီးစိမ်းပြသခြင်း ခံခဲ့ရပြီ ဖြစ်ပါတယ်။ “ကျွန်တော် နိုချေ အမာရီလာကို စောင့်မျှော်နေပါတယ်။ ဘာစီလိုနာ အက်စ်စီ ပရိသတ်တွေနဲ့အတူ ကောင်းမွန်တဲ့အချိန်တွေရရှိဖို့နဲ့ ပျော်ရွှင်ဖို့ စောင့်မျှော်နေပါတယ်။ ကျွန်တော် နှလုံးအထူးကုနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အရမ်းကောင်းမွန်နေပါတယ်။ ကျွန်တော် လေ့ကျင့်ရေးတောင် စဆင်းနေခဲ့ပြီးပါပြီ။ အဲဒီတော့ ကျွန်တော် နိုချေ အမာရီလာပြိုင်ပွဲမှာ ပါဝင်ကစားပေးနိုင်မှာပါ”

“ကျွန်တော် ကွင်းထဲမှာ နောက်ထပ်တစ်ကြိမ် ပျော်ရွှင်ခံစားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော် ကာတာမှာတုန်းက ထမင်းထွက်စားပြီး အီကွေဒေါရဲ့ ပထမဆုံးပွဲစဉ်ကို ကြည့်ရှုခဲ့ပါတယ်။ ဘာစီလိုနာ အက်စ်စီပရိသတ်အချို့က ကျွန်တော့်ကို မှတ်မိသွားခဲ့ပြီး နိုချေ အမာရီလာကို လာဖို့ ပြောခဲ့ကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်လ်ဒင်ညို၊ ဒီယေဂို ဖော်လန်၊ ကာကာ၊ ဒဲလ် ပီယဲရို၊ ပီယာလို၊ ကားလို့စ် တီဗက်ဇ်တို့လို ကမ္ဘာကျော်စားသမားတွေဟာ ဒီပြိုင်ပွဲမှာ ကစားခဲ့ကြဖူးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆာဂ်ီယို အေဂြ႐ိုဟာ ၂၀၂၁ ခုႏွစ္မွာ က်န္းမာေရးေၾကာင့္ ကစားသမားဘဝကေန အနားယူခဲ့ရၿပီးေနာက္ ကြင္းထဲကို စိတ္လႈပ္ရွားဖြယ္ ျပန္လာဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ဆရာဝန္ေတြရဲ႕ အႀကံေပးစကားေၾကာင့္ အေဂြ႐ိုဟာ ႏွလုံးရပ္ လဲက်ႏိုင္တဲ့ အႏၲရာယ္ကို တြက္ဆၿပီး ကစားသမားဘဝကို ထင္ထားတာထက္ အမ်ားႀကီးေစာၿပီး အဆုံးသတ္ဖို႔ ဆုံးျဖတ္ခဲ့ရတာျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလမွာ အာဂ်င္တီးနားတိုက္စစ္မႉးဟာ အလာဗက္စ္နဲ႔ကစားခဲ့တဲ့ပြဲစဥ္မွာ ဘာစီလိုနာအတြက္ ပါဝင္ကစားေပးေနရင္း ရင္ဘတ္ေအာင့္ၿပီး အသက္ရႉရ ခက္ခဲတဲ့ ျပႆနာေတြကို ရင္ဆိုင္ခဲ့ရတာေၾကာင့္ လူစားလဲလွယ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

အဲဒီပြဲစဥ္ဟာ ႏူးကမ့္မွာ ဘာစီလိုနာအတြက္ အေဂြ႐ို ပထမဆုံးပြဲထြက္ပါဝင္ကစားေပးခဲ့တဲ့ ပြဲစဥ္ျဖစ္ခဲ့ေပမယ့္လည္း ပထမပိုင္း ၄၁ မိနစ္မွာပဲ ေခါင္းတိုက္ေဘာမွာ အႏိုင္ရရွိခဲ့ၿပီးေနာက္ ျမက္ခင္းေပၚ လဲက်ခဲ့ၿပီး အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။ အေဂြ႐ိုဟာ ေနာက္ထပ္တစ္လအၾကာ သတင္းစာရွင္းလင္းပြဲမွာ မ်က္ရည္စက္လက္နဲ႔ ကစားသမားဘဝကေန အနားယူၿပီျဖစ္တဲ့အေၾကာင္းကို ေၾကညာခဲ့ၿပီး ေဘာလုံးမရွိတဲ့ဘဝမွာ အသားက်ေအာင္ ႀကိဳးစားသြားရမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အေဂြ႐ိုဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းနဲ႔ ေလ့က်င့္ေရးဆင္းခဲ့ၿပီး ကာတာမွာ လီယြန္နယ္ မက္ဆီရဲ႕အသင္းက ေအာင္ပြဲရရွိခဲ့ၿပီးေနာက္ ေအာင္ပြဲခံရာမွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မန္စီးတီးဂႏၲဝင္က အခ်စ္ျမတ္ႏိုးဆုံးအလုပ္ကို ျပန္လည္ လုပ္ေဆာင္ေတာ့မယ္လို႔ ေၾကညာခဲ့ၿပီျဖစ္ၿပီး အေဂြ႐ိုဟာ အီေကြေဒါကလပ္အသင္း ဘာစီလိုနာ အက္စ္စီရဲ႕ ႏွစ္စဥ္ကစားေနက် ေျခစမ္းပြဲစဥ္ ၂၀၂၃ ႏိုေခ် အမာရီလာအတြက္ ဧည့္သည္ကစားသမားအျဖစ္ ကစားေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ေျခစမ္းပြဲစဥ္ကို ဇန္နဝါရီ ၂၈ ရက္ေန႔မွာ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး အသက္ ၃၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အေဂြ႐ိုဟာ လက္ရွိမွာေတာ့ ပါဝင္ကစားေပးဖို႔အတြက္ မီးစိမ္းျပသျခင္း ခံခဲ့ရၿပီ ျဖစ္ပါတယ္။ “ကြၽန္ေတာ္ ႏိုေခ် အမာရီလာကို ေစာင့္ေမွ်ာ္ေနပါတယ္။ ဘာစီလိုနာ အက္စ္စီ ပရိသတ္ေတြနဲ႔အတူ ေကာင္းမြန္တဲ့အခ်ိန္ေတြရရွိဖို႔နဲ႔ ေပ်ာ္႐ႊင္ဖို႔ ေစာင့္ေမွ်ာ္ေနပါတယ္။ ကြၽန္ေတာ္ ႏွလုံးအထူးကုနဲ႔ စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ၿပီး အရမ္းေကာင္းမြန္ေနပါတယ္။ ကြၽန္ေတာ္ ေလ့က်င့္ေရးေတာင္ စဆင္းေနခဲ့ၿပီးပါၿပီ။ အဲဒီေတာ့ ကြၽန္ေတာ္ ႏိုေခ် အမာရီလာၿပိဳင္ပြဲမွာ ပါဝင္ကစားေပးႏိုင္မွာပါ”

“ကြၽန္ေတာ္ ကြင္းထဲမွာ ေနာက္ထပ္တစ္ႀကိမ္ ေပ်ာ္႐ႊင္ခံစားႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ကြၽန္ေတာ္ ကာတာမွာတုန္းက ထမင္းထြက္စားၿပီး အီေကြေဒါရဲ႕ ပထမဆုံးပြဲစဥ္ကို ၾကည့္ရႈခဲ့ပါတယ္။ ဘာစီလိုနာ အက္စ္စီပရိသတ္အခ်ိဳ႕က ကြၽန္ေတာ့္ကို မွတ္မိသြားခဲ့ၿပီး ႏိုေခ် အမာရီလာကို လာဖို႔ ေျပာခဲ့ၾကပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ေရာ္နယ္လ္ဒင္ညိဳ၊ ဒီေယဂို ေဖာ္လန္၊ ကာကာ၊ ဒဲလ္ ပီယဲ႐ို၊ ပီယာလို၊ ကားလို႔စ္ တီဗက္ဇ္တို႔လို ကမာၻေက်ာ္စားသမားေတြဟာ ဒီၿပိဳင္ပြဲမွာ ကစားခဲ့ၾကဖူးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.