La Liga

နှလုံးရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်ရမှုကြောင့် ပွဲပါဝင်မကစားနိုင်ခဲ့တဲ့ ဘာဆာကြယ်ပွင့်

ဘာစီလိုနာကြယ်ပွင့်နောက်ခံကစားသမား ဂျာအို ကန်ဆယ်လိုဟာ ပြီးခဲ့တဲ့အပတ်က အက်သလက်တီကို မက်ဒရစ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်ကို နှလုံးရောဂါ စိုးရိမ်ရမှုကြောင့် ပါဝင်ကစားပေးခွင့်မရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကန်ဆယ်လိုဟာ ဒီရာသီမှာ ဘာစီလိုနာရဲ့ လာလီဂါ ၂၆ ပွဲမှာ ၂၂ ပွဲ ပါဝင်ကစားပေးထားသူဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်နဲ့ပွဲမှာ ပါဝင်မလာခဲတာက ပရိသတ်တွေအတွက် ထူးဆန်းနေခဲ့တာဖြစ်ပါတယ်။

RAC1 ရဲ့ ပြောကြားချက်အရ ကန်ဆယ်လိုရဲ့ ဆွေမျိုးသားချင်းတွေထဲက တစ်ဦးဟာ နှလုံးရောဂါဖြစ်ပွားနေတာကို တွေ့ရှိခဲ့ရတဲ့အတွက် ဆေးအဖွဲ့က ပေါ်တူဂီကြယ်ပွင့်ကို အက်သလက်တီကို မက်ဒရစ်နဲ့ပွဲမှာ မကစားဘဲ အနားယူဖို့ အကြံပြုခဲ့တာဖြစ်ပါတယ်။

နှလုံးရောဂါက မျိုးရိုးလိုက်တဲ့ ရောဂါဖြစ်ပေမယ့် ကန်ဆယ်လိုကို အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်ဆိုတာကို အသင်းဆေးအဖွဲ့က ငြင်းဆန်ချင်နေတာဖြစ်ပြီး နှလုံးရောဂါဟာ ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

ကစားသမားတစ်ယောက်အနေနဲ့ နှလုံးရောဂါ ဖြစ်ပွားနိုင်တဲ့ အခွင့်အရေး နည်းနည်းလေး ရှိတယ်ဆိုရင်တောင်မှ သတိထားကာကွယ်ဖို့က အရေးကြီးတာဖြစ်ပြီး ဆာဂျီယို အဂွေရိုဟာ ဘာစီလိုနာအတွက် ၄ ပွဲသာ ကစားရသေးချိန်မှာ နှလုံးရောဂါကြောင့် ကစားသမားဘဝကနေ အနားယူခဲ့ရဖူးတာဖြစ်ပါတယ်။

ဒါလေ ဘလင်းကလည်း ၂၀၁၉ ခုနှစ်တုန်းက ပွဲကစားချိန်အတွင်း မအီမသာဖြစ်ခဲ့ပြီးနောက် နှလုံးကြွက်သားရောင်ရမ်းနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ပုံမှန်မဟုတ်တဲ့ နှလုံးခုန်သံကို သိရှိနိုင်ဖို့ နှလုံးစက်ထည့်ခဲ့ရတာဖြစ်ပါတယ်။ ခရစ်ရှန် အဲရစ်ဆင်ကလည်း ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကွင်းအတွင်း လဲကျခဲ့​ပြီးနောက် နှလုံးစက်တပ်ပြီး ဘောလုံး ဆက်ကစားနေရတာဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်တုန်းက ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာ မာ့စ်-ဗီဗီယန် ဖိုး နှလုံးရောဂါကြောင့် ကွင်းတွင်းလဲကျသေဆုံးခဲ့ပြီးနောက်ပိုင်း ၂၀၀၇ ခုနှစ်တုန်းက ဆီဗီလာနောက်ခံလူ အန်တိုနီယို ပူအာတာ သေဆုံးခဲ့မှုကလည်း မျိုးရိုးလိုက် နှလုံးရောဂါကြောင့်ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘာစီလိုနာၾကယ္ပြင့္ေနာက္ခံကစားသမား ဂ်ာအို ကန္ဆယ္လိုဟာ ၿပီးခဲ့တဲ့အပတ္က အက္သလက္တီကို မက္ဒရစ္ကို အႏိုင္ရခဲ့တဲ့ပြဲစဥ္ကို ႏွလုံးေရာဂါ စိုးရိမ္ရမႈေၾကာင့္ ပါဝင္ကစားေပးခြင့္မရခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ကန္ဆယ္လိုဟာ ဒီရာသီမွာ ဘာစီလိုနာရဲ႕ လာလီဂါ ၂၆ ပြဲမွာ ၂၂ ပြဲ ပါဝင္ကစားေပးထားသူျဖစ္ၿပီး အက္သလက္တီကို မက္ဒရစ္နဲ႔ပြဲမွာ ပါဝင္မလာခဲတာက ပရိသတ္ေတြအတြက္ ထူးဆန္းေနခဲ့တာျဖစ္ပါတယ္။

RAC1 ရဲ႕ ေျပာၾကားခ်က္အရ ကန္ဆယ္လိုရဲ႕ ေဆြမ်ိဳးသားခ်င္းေတြထဲက တစ္ဦးဟာ ႏွလုံးေရာဂါျဖစ္ပြားေနတာကို ေတြ႕ရွိခဲ့ရတဲ့အတြက္ ေဆးအဖြဲ႕က ေပၚတူဂီၾကယ္ပြင့္ကို အက္သလက္တီကို မက္ဒရစ္နဲ႔ပြဲမွာ မကစားဘဲ အနားယူဖို႔ အႀကံျပဳခဲ့တာျဖစ္ပါတယ္။

ႏွလုံးေရာဂါက မ်ိဳး႐ိုးလိုက္တဲ့ ေရာဂါျဖစ္ေပမယ့္ ကန္ဆယ္လိုကို အက်ိဳးသက္ေရာက္မႈ ရွိလာႏိုင္တယ္ဆိုတာကို အသင္းေဆးအဖြဲ႕က ျငင္းဆန္ခ်င္ေနတာျဖစ္ၿပီး ႏွလုံးေရာဂါဟာ ပေရာ္ဖက္ရွင္နယ္ေဘာလုံးေလာကမွာ အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ႏိုင္တဲ့ ျပႆနာတစ္ခုျဖစ္ပါတယ္။

ကစားသမားတစ္ေယာက္အေနနဲ႔ ႏွလုံးေရာဂါ ျဖစ္ပြားႏိုင္တဲ့ အခြင့္အေရး နည္းနည္းေလး ရွိတယ္ဆိုရင္ေတာင္မွ သတိထားကာကြယ္ဖို႔က အေရးႀကီးတာျဖစ္ၿပီး ဆာဂ်ီယို အေဂြ႐ိုဟာ ဘာစီလိုနာအတြက္ ၄ ပြဲသာ ကစားရေသးခ်ိန္မွာ ႏွလုံးေရာဂါေၾကာင့္ ကစားသမားဘဝကေန အနားယူခဲ့ရဖူးတာျဖစ္ပါတယ္။

ဒါေလ ဘလင္းကလည္း ၂၀၁၉ ခုႏွစ္တုန္းက ပြဲကစားခ်ိန္အတြင္း မအီမသာျဖစ္ခဲ့ၿပီးေနာက္ ႏွလုံးႂကြက္သားေရာင္ရမ္းေနေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ ပုံမွန္မဟုတ္တဲ့ ႏွလုံးခုန္သံကို သိရွိႏိုင္ဖို႔ ႏွလုံးစက္ထည့္ခဲ့ရတာျဖစ္ပါတယ္။ ခရစ္ရွန္ အဲရစ္ဆင္ကလည္း ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ကြင္းအတြင္း လဲက်ခဲ့​ၿပီးေနာက္ ႏွလုံးစက္တပ္ၿပီး ေဘာလုံး ဆက္ကစားေနရတာျဖစ္ပါတယ္။

၂၀၀၃ ခုႏွစ္တုန္းက ကြန္ဖက္ဒေရးရွင္းဖလားၿပိဳင္ပြဲမွာ မာ့စ္-ဗီဗီယန္ ဖိုး ႏွလုံးေရာဂါေၾကာင့္ ကြင္းတြင္းလဲက်ေသဆုံးခဲ့ၿပီးေနာက္ပိုင္း ၂၀၀၇ ခုႏွစ္တုန္းက ဆီဗီလာေနာက္ခံလူ အန္တိုနီယို ပူအာတာ ေသဆုံးခဲ့မႈကလည္း မ်ိဳး႐ိုးလိုက္ ႏွလုံးေရာဂါေၾကာင့္ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.