La Liga Match Report

အက်သလက်တီကိုနဲ့ ပွဲကြမ်းခဲ့ပေမယ့် ရီးရဲလ်ကို အမှတ်ပြန်ဖြတ်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ အရော်ဂျို၊ ခရစ္စတင်ဆန်၊ ကွန်ဒီနဲ့ အဲလက်စ် ဘာလ်ဒီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ဂါဗီနဲ့ ဒီယုံးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပက်ဒရီ၊ အန်ဆူ ဖာတီနဲ့ ဒမ်ဘီလီတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် အက်သလက်တီကိုမက်ဒရစ်အသင်းကတော့ ဂိုးသမား အော့ဘလက်ခ်၊ ခံစစ်မှာ ဆာဗစ်ချ်၊ ဟီမီနက်ဇ်နဲ့ မန်ဒါဗာတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ယော်ရန်တေ၊ ကိုကီ၊ ပါဘလို ဘာရီယို့စ်၊ မိုလီနာနဲ့ ကာရက်စ်ကိုတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဂရစ်ဇ်မန်းနဲ့ ဂျာအို ဖဲလစ္စတို့ နှစ်ဦးကို တွဲဖက်ပေးခဲ့တာပါ။

ဆီမီယွန်နီရဲ့ ခံစစ်လွန် ကစားဟန်မှာ တိုက်စစ်ကစားသမားတွေ စိတ်ပျက်လာတာ မဆန်းဘူးလို့ပဲ ပြောရမှာဖြစ်ပြီး ဒီနေ့မှာ ၃-၅-၂ ပုံစံနဲ့ ပွဲကို ချဉ်းကပ်ခဲ့ပေမယ့် အခွင့်အရေး ဖန်တီးနိုင်မယ့်သူမျိုးတွေကို သုံးမယ့်အစား ပိတ်ကစားပြီး ကောင်တာကစားဖို့ပဲ ကြိုးစားနေတာက ဒီနည်းပြရဲ့ ကျဆုံးခန်း ဖြစ်သလို ဘာစီလိုနာတို့ကတော့ ပုံမှန်အတိုင်းပဲ ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားလာခဲ့တာဖြစ်ပါတယ်။

တီကိုတို့အနေနဲ့ ဘာစီလိုနာရဲ့ ခံစစ်ကြောင်းနဲ့ ကွင်းလယ်ကြားက မခိုင်မာတဲ့ ကွက်လပ်ကို အတိုင်းအတာတစ်ခုအားဖြင့် ထိုးနှက်နိုင်ခဲ့ပေမယ့် အဆုံးသတ် ကန်သွင်းမှုပိုင်းတွေမှာတော့ အားရစရာ မရှိခဲ့လို့ ဂိုးရဖို့ ဝေးနေခဲ့သလို လီဗန်ဒေါ့ဗ်စကီး ပွဲပယ်ခံထားရလို့ အန်ဆူ ဖာတီကို တင်ကစားတဲ့ ကာတာလန်သားတွေရဲ့ တိုက်စစ်ကလည်း တောင်ပံတွေကိုပဲ မျှော်လင့်နေခဲ့ရတာပါ။

ပွဲချိန် ၂၂ မိနစ်မှာတော့ ဘာစီလိုနာတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ပက်ဒရီရဲ့ ကွင်းလယ်ကနေ ဧရိယာထဲအထိ တစ်ကိုယ်တော် ဆွဲပြေးပြီး ချပေးတာကို ဂါဗီက လှည့်ထွက်ပြီး ညာဘက်ကို ဆက်လက်ခင်းပေးခဲ့ရာမှာ ဒမ်ဘီလီက မနားတမ်း ကန်သွင်းပြီး တီကိုခံစစ်နဲ့ ဂိုးသမား အော့ဘလက်ခ်တို့ကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ ဟီမီနက်ဇ် လူမကြည့်ဘဲ နောက်ပြန်ပေးပြီး ရောင်းတာကို ပက်ဒရီ ညံ့ဖျင်းခဲ့လို့ ဂိုးမရခဲ့တာကြောင့် အက်သလက်တီကိုတို့ သက်သာခဲ့ရပြီး အိမ်ရှင်တွေအနေနဲ့ ဂိုးပြန်ရဖို့ ထိုးဖောက်နေခဲ့ပေမယ့် တွဲလုံးတွေက စိတ်ပျက်စရာဖြစ်နေခဲ့သလို ကြိုက်သလိုကန် ဂိုးပေါက်မတည့်တဲ့ အဆုံးသတ်ပိုင်းကလည်း တော်တော်ဆိုးဆိုးဖြစ်နေခဲ့တာပါ။

ဘာစီလိုနာရဲ့ ဘယ်ခြမ်းတိုက်စစ်ဖြစ်တဲ့ ပက်ဒရီနဲ့ မက်ဆီရဲ့ နံပါတ် ၁၀ ကို မတန်မရာ ယူဝတ်ပြီး ဘုန်းနိမ့်သွားတဲ့ အန်ဆူ ဖာတီတို့ကလည်း စိတ်ပျက်စရာပုံစံကို ဆက်လက်ပြနေခဲ့ပြီး ဂရစ်ဇ်မန်းရဲ့ Volley ကန်ချက်ကိုတော့ တာစတီဂန် ပုတ်ထုတ်သွားနိုင်ခဲ့လို့ အက်သလက်တီကိုတို့ ချေပဂိုးနဲ့ ဝေးခဲ့ပြီး ပထမပိုင်းမှာ ကာတာလန်သားတွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စချိန်မှာလည်း အက်သလက်တီကိုတို့ကပဲ ပိုမိုခြိမ်းခြောက်နိုင်ခဲ့သလို ဘာစီလိုနာတို့ကတော့ သုံးစားမရတဲ့ အန်ဆူ ဖာတီအစား ဖယ်ရန် တောရက်စ်ကို ထည့်သွင်းခဲ့ပြီး ကွင်းလယ်ကို အားဖြည့်ဖို့ ဒီယုံးအစား ကက်ဆီယေးကို အစားထိုးခဲ့ချိန်မှာ အိမ်ရှင်တွေကတော့ ကွင်းလယ်က ဘာရီယို့စ်နဲ့ ကာရက်စ်ကိုတို့အစား ကွန်ဒေါ့ဘီယာနဲ့ မိုရာတာတို့ကို ထည့်ပြီး တိုက်စစ်မြှင့်လာခဲ့တာပါ။

ပွဲချိန် ၇၂ မိနစ်မှာတော့ ဖယ်ရန် တောရက်စ် ဂိုးသွင်းပေမယ့် လူကျွံနေခဲ့သလို ဘာစီလိုနာတို့ အနိုင်သေချာစေဖို့ ဂါဗီအစား ရာဖင်ညာ၊ ဆာဂျီယို ဘူးစ်ကွက်အစား ဆာဂျီ ရောဘတ်တို၊ အဲလက်စ် ဘာလ်ဒီအစား မားကို့စ် အလွန်ဆိုတို့ကို ထည့်ပြီး ထိန်းကစားသွားခဲ့သလို တီကိုတို့ကတော့ ဂျာအို ဖဲလစ္စ၊ ကိုကီနဲ့ မန်ဒါဗာတို့အစား ကော်ရီးယား၊ လီမာနဲ့ ရက်ဂီယွန်တို့ကို ထည့်သွင်းခဲ့ပေမယ့် တိုက်စစ်ပိုင်းကတော့ အလွဲချင်းပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာတော့ အချင်းများပြီး မြက်ခင်းပေါ် လုံးထွေးနေကြတဲ့ အက်သလက်တီကိုနောက်ခံလူ ဆာဗစ်ချ်နဲ့ ဘာစီလိုနာရဲ့ ဖယ်ရန် တောရက်စ်တို့ကို အာရုံနောက်ခံချင်ပုံမရတဲ့ ဒိုင်လူကြီး ဟိုဆေး မူနူရာက တိုက်ရိုက်အနီကတ်ပြပြီး နှစ်ယောက်စလုံးကို ထုတ်ပယ်သွားခဲ့သလို ပွဲချိန် အပြည့်မှာတော့ ပထမပိုင်းက ရလဒ်က ပြောင်းလဲခြင်းမရှိတော့တာပါ။

မက်ဒရစ်မှာ တစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် ဘာစီလိုနာတို့အနေနဲ့ ဗီလာရီးရဲလ်ကို ရှုံးသွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တို့ကို ဇယားထိပ် ယှဉ်ပြိုင်မှုကနေ သုံးမှတ် ပြန်ဖြတ်နိုင်ခဲ့သလို လာလီဂါကို ဆက်လက်ဦးဆောင်ခဲ့ကြပြီး အိမ်ရှင် အက်သလက်တီကိုတို့ကတော့ ဇယားထိပ်နဲ့ ၁၄ မှတ်အကွာ အဆင့် ၅ မှာ ရပ်တည်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား တာစတီဂန္၊ ခံစစ္မွာ အေရာ္ဂ်ိဳ၊ ခရစၥတင္ဆန္၊ ကြန္ဒီနဲ႔ အဲလက္စ္ ဘာလ္ဒီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ဂါဗီနဲ႔ ဒီယုံးတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ပက္ဒရီ၊ အန္ဆူ ဖာတီနဲ႔ ဒမ္ဘီလီတို႔ကို ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။

အိမ္ရွင္ အက္သလက္တီကိုမက္ဒရစ္အသင္းကေတာ့ ဂိုးသမား ေအာ့ဘလက္ခ္၊ ခံစစ္မွာ ဆာဗစ္ခ်္၊ ဟီမီနက္ဇ္နဲ႔ မန္ဒါဗာတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေယာ္ရန္ေတ၊ ကိုကီ၊ ပါဘလို ဘာရီယို႔စ္၊ မိုလီနာနဲ႔ ကာရက္စ္ကိုတို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ဂရစ္ဇ္မန္းနဲ႔ ဂ်ာအို ဖဲလစၥတို႔ ႏွစ္ဦးကို တြဲဖက္ေပးခဲ့တာပါ။

ဆီမီယြန္နီရဲ႕ ခံစစ္လြန္ ကစားဟန္မွာ တိုက္စစ္ကစားသမားေတြ စိတ္ပ်က္လာတာ မဆန္းဘူးလို႔ပဲ ေျပာရမွာျဖစ္ၿပီး ဒီေန႔မွာ ၃-၅-၂ ပုံစံနဲ႔ ပြဲကို ခ်ဥ္းကပ္ခဲ့ေပမယ့္ အခြင့္အေရး ဖန္တီးႏိုင္မယ့္သူမ်ိဳးေတြကို သုံးမယ့္အစား ပိတ္ကစားၿပီး ေကာင္တာကစားဖို႔ပဲ ႀကိဳးစားေနတာက ဒီနည္းျပရဲ႕ က်ဆုံးခန္း ျဖစ္သလို ဘာစီလိုနာတို႔ကေတာ့ ပုံမွန္အတိုင္းပဲ ပြဲကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားလာခဲ့တာျဖစ္ပါတယ္။

တီကိုတို႔အေနနဲ႔ ဘာစီလိုနာရဲ႕ ခံစစ္ေၾကာင္းနဲ႔ ကြင္းလယ္ၾကားက မခိုင္မာတဲ့ ကြက္လပ္ကို အတိုင္းအတာတစ္ခုအားျဖင့္ ထိုးႏွက္ႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ ကန္သြင္းမႈပိုင္းေတြမွာေတာ့ အားရစရာ မရွိခဲ့လို႔ ဂိုးရဖို႔ ေဝးေနခဲ့သလို လီဗန္ေဒါ့ဗ္စကီး ပြဲပယ္ခံထားရလို႔ အန္ဆူ ဖာတီကို တင္ကစားတဲ့ ကာတာလန္သားေတြရဲ႕ တိုက္စစ္ကလည္း ေတာင္ပံေတြကိုပဲ ေမွ်ာ္လင့္ေနခဲ့ရတာပါ။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ပက္ဒရီရဲ႕ ကြင္းလယ္ကေန ဧရိယာထဲအထိ တစ္ကိုယ္ေတာ္ ဆြဲေျပးၿပီး ခ်ေပးတာကို ဂါဗီက လွည့္ထြက္ၿပီး ညာဘက္ကို ဆက္လက္ခင္းေပးခဲ့ရာမွာ ဒမ္ဘီလီက မနားတမ္း ကန္သြင္းၿပီး တီကိုခံစစ္နဲ႔ ဂိုးသမား ေအာ့ဘလက္ခ္တို႔ကို အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာ ဟီမီနက္ဇ္ လူမၾကည့္ဘဲ ေနာက္ျပန္ေပးၿပီး ေရာင္းတာကို ပက္ဒရီ ညံ့ဖ်င္းခဲ့လို႔ ဂိုးမရခဲ့တာေၾကာင့္ အက္သလက္တီကိုတို႔ သက္သာခဲ့ရၿပီး အိမ္ရွင္ေတြအေနနဲ႔ ဂိုးျပန္ရဖို႔ ထိုးေဖာက္ေနခဲ့ေပမယ့္ တြဲလုံးေတြက စိတ္ပ်က္စရာျဖစ္ေနခဲ့သလို ႀကိဳက္သလိုကန္ ဂိုးေပါက္မတည့္တဲ့ အဆုံးသတ္ပိုင္းကလည္း ေတာ္ေတာ္ဆိုးဆိုးျဖစ္ေနခဲ့တာပါ။

ဘာစီလိုနာရဲ႕ ဘယ္ျခမ္းတိုက္စစ္ျဖစ္တဲ့ ပက္ဒရီနဲ႔ မက္ဆီရဲ႕ နံပါတ္ ၁၀ ကို မတန္မရာ ယူဝတ္ၿပီး ဘုန္းနိမ့္သြားတဲ့ အန္ဆူ ဖာတီတို႔ကလည္း စိတ္ပ်က္စရာပုံစံကို ဆက္လက္ျပေနခဲ့ၿပီး ဂရစ္ဇ္မန္းရဲ႕ Volley ကန္ခ်က္ကိုေတာ့ တာစတီဂန္ ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ အက္သလက္တီကိုတို႔ ေခ်ပဂိုးနဲ႔ ေဝးခဲ့ၿပီး ပထမပိုင္းမွာ ကာတာလန္သားေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စခ်ိန္မွာလည္း အက္သလက္တီကိုတို႔ကပဲ ပိုမိုၿခိမ္းေျခာက္ႏိုင္ခဲ့သလို ဘာစီလိုနာတို႔ကေတာ့ သုံးစားမရတဲ့ အန္ဆူ ဖာတီအစား ဖယ္ရန္ ေတာရက္စ္ကို ထည့္သြင္းခဲ့ၿပီး ကြင္းလယ္ကို အားျဖည့္ဖို႔ ဒီယုံးအစား ကက္ဆီေယးကို အစားထိုးခဲ့ခ်ိန္မွာ အိမ္ရွင္ေတြကေတာ့ ကြင္းလယ္က ဘာရီယို႔စ္နဲ႔ ကာရက္စ္ကိုတို႔အစား ကြန္ေဒါ့ဘီယာနဲ႔ မိုရာတာတို႔ကို ထည့္ၿပီး တိုက္စစ္ျမႇင့္လာခဲ့တာပါ။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ဖယ္ရန္ ေတာရက္စ္ ဂိုးသြင္းေပမယ့္ လူကြၽံေနခဲ့သလို ဘာစီလိုနာတို႔ အႏိုင္ေသခ်ာေစဖို႔ ဂါဗီအစား ရာဖင္ညာ၊ ဆာဂ်ီယို ဘူးစ္ကြက္အစား ဆာဂ်ီ ေရာဘတ္တို၊ အဲလက္စ္ ဘာလ္ဒီအစား မားကို႔စ္ အလြန္ဆိုတို႔ကို ထည့္ၿပီး ထိန္းကစားသြားခဲ့သလို တီကိုတို႔ကေတာ့ ဂ်ာအို ဖဲလစၥ၊ ကိုကီနဲ႔ မန္ဒါဗာတို႔အစား ေကာ္ရီးယား၊ လီမာနဲ႔ ရက္ဂီယြန္တို႔ကို ထည့္သြင္းခဲ့ေပမယ့္ တိုက္စစ္ပိုင္းကေတာ့ အလြဲခ်င္းၿပိဳင္ခဲ့ၾကတာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပိုမွာေတာ့ အခ်င္းမ်ားၿပီး ျမက္ခင္းေပၚ လုံးေထြးေနၾကတဲ့ အက္သလက္တီကိုေနာက္ခံလူ ဆာဗစ္ခ်္နဲ႔ ဘာစီလိုနာရဲ႕ ဖယ္ရန္ ေတာရက္စ္တို႔ကို အာ႐ုံေနာက္ခံခ်င္ပုံမရတဲ့ ဒိုင္လူႀကီး ဟိုေဆး မူႏူရာက တိုက္႐ိုက္အနီကတ္ျပၿပီး ႏွစ္ေယာက္စလုံးကို ထုတ္ပယ္သြားခဲ့သလို ပြဲခ်ိန္ အျပည့္မွာေတာ့ ပထမပိုင္းက ရလဒ္က ေျပာင္းလဲျခင္းမရွိေတာ့တာပါ။

မက္ဒရစ္မွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့တဲ့ ဒီပြဲရလဒ္ေၾကာင့္ ဘာစီလိုနာတို႔အေနနဲ႔ ဗီလာရီးရဲလ္ကို ရႈံးသြားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္တို႔ကို ဇယားထိပ္ ယွဥ္ၿပိဳင္မႈကေန သုံးမွတ္ ျပန္ျဖတ္ႏိုင္ခဲ့သလို လာလီဂါကို ဆက္လက္ဦးေဆာင္ခဲ့ၾကၿပီး အိမ္ရွင္ အက္သလက္တီကိုတို႔ကေတာ့ ဇယားထိပ္နဲ႔ ၁၄ မွတ္အကြာ အဆင့္ ၅ မွာ ရပ္တည္ေနခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.