Premier League

မက္ဂြိဳင္းယား ဂိုးသြင္းႏိုင္လို႔ ဆိုးလ္ရွား စိတ္သက္သာရာရ

ခ်ဲလ္ဆီးကို(၂)ဂိုးျပတ္နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ပထမဆံုးပရီးမီးယားလိဂ္ဂိုးကို သြင္းယူႏိုင္ခဲ့တဲ့ ေနာက္ခံလူ ဟယ္ရီ မက္ဂြိဳင္းယားအတြက္ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားကေတာ့ ေတာ္ေတာ္ေလးစိတ္သက္သာရာရသြားပါတယ္။ တစ္ဆက္တည္းမွာပဲ ပြဲခ်ိန္မိနစ္(၂၀)ေလာက္မွာ ကြင္းေဘးစည္းအျပင္ကို လဲက်သြားခ်ိန္ ဘတ္ရွဴအာယီရဲ႕ေပါင္ၿခံကို ရည္ရြယ္ခ်က္ရွိရွိ ကန္လိုက္တဲ့ လုပ္ရပ္အတြက္ မက္ဂြိဳင္းယားကို အနီကတ္ျပသင့္တယ္ဆိုတဲ့ ေ၀ဖန္မႈေတြကိုလည္း ဆိုးလ္ရွားက ျငင္းဆိုလိုက္ပါတယ္။

ေနာက္ခံလူေတြထဲ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း(၈၀)နဲ႔ ယူႏိုက္တက္ကို ေရာက္လာၿပီးေနာက္ပိုင္း ဟယ္ရီ မက္ဂြိဳင္းယားဟာ ပရီးမီးယားလိဂ္သြင္းဂိုး လံုး၀မရခဲ့ေသးတာလည္းျဖစ္ေပမယ့္ ခ်ဲလ္ဆီးနဲ႔ပြဲမွာေတာ့ ဘရူႏိုဖာနန္ဒက္စ္ရဲ႕ ေထာင့္ကန္ေဘာကို ေခါင္းတိုက္ၿပီး ဂိုးသြင္းႏိုင္ခဲ့ၿပီး သူ႕ရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ ခန္႔အပ္ခံရတဲ့ ေနာက္ပုိင္းမွာမွ ဂိုးေတြ ရခဲ့တာလည္းျဖစ္ပါတယ္။

ေနာက္တစ္ႀကိမ္မွာလည္း ဖာနန္ဒက္စ္ရဲ႕အလြတ္တည္ကန္ေဘာကို မက္ဂြိဳင္းယား ေခါင္းတုိက္ခြင့္ရေသးေပမယ့္ ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ ဆီဇာ အက္စပီလီေကြတာ ရွင္းထုတ္ႏိုင္ခဲ့လို႔ ဂိုးထပ္မရခဲ့တာပါ။ ဒါကို ၾကည့္ရင္ ဘရူႏိုဖာနန္ဒက္စ္ရဲ႕ တည္ကန္ေဘာေတြကို မက္ဂြိဳင္းယား ေခါင္းတုိက္ႏိုင္ဖို႔ ေလ့က်င့္ေရးအစီအစဥ္မွာ သီးျခားျပင္ဆင္ခဲ့မယ္လို႔လည္း ယံုၾကည္ရပါတယ္။

ယူႏိုက္တက္အတြက္အဖြင့္ဂိုးကိုေတာ့ အာရြန္ ဝန္ဘစ္ဆာကာရဲ႕ ျဖတ္တင္ေဘာကတစ္ဆင့္ အန္တိုနီ မာစီယယ္လ္က ေခါင္းတိုက္သြင္းခဲ့တာပါ။ အိမ္ရွင္ ပရိသတ္ေတြကေတာ့ ကာ့ဇူးမားနဲ႔ အိုလီဗီးေယး ဂ်ရူးတို႔ရဲ႕ သြင္းဂိုးေတြကို VAR ျပန္ၾကည့္ၿပီး ပယ္ဖ်က္ခဲ့လို႔ ေဒါသထြက္စရာျဖစ္ခဲ့ပါတယ္။

ပြဲအၿပီးမွာ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက”ဒါက (၄)ပြဲဆက္ ေပးဂိုးမရွိရလဒ္ ယူႏိုင္ခဲ့မႈနဲ႔အတူ ျပန္လာႏိုင္ခဲ့တာပါ။ ခံစစ္မွာ ကၽြန္ေတာ္တို႔အသင္း ေကာင္းသထက္ပိုေကာင္းလာပါၿပီ။ တကယ္ေကာင္းတဲ့ သြင္းဂိုး(၂)ဂိုးကိုလည္း ရခဲ့ပါတယ္။ အသင္းကစားပံုက အတိုင္းအတာတစ္ရပ္အထိ ဆြဲေဆာင္မႈရွိခဲ့တယ္လို႔ ေျပာရင္ မွ်တပါတယ္။ ကၽြန္ေတာ္တို႔ဟာ ဟယ္ရီရဲ႕ ေခါင္းတိုက္ခ်က္ေတြနဲ႔ပတ္သက္ၿပီး အခ်ိန္ေတာ္ေတာ္ၾကာၾကား အမ်ားႀကီး စေနာက္ခဲ့ၾကရတာပါ”လို႔လည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ချဲလ်ဆီးကို(၂)ဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အတွက် ပထမဆုံးပရီးမီးယားလိဂ်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားအတွက် နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကတော့ တော်တော်လေးစိတ်သက်သာရာရသွားပါတယ်။ တစ်ဆက်တည်းမှာပဲ ပွဲချိန်မိနစ်(၂၀)လောက်မှာ ကွင်းဘေးစည်းအပြင်ကို လဲကျသွားချိန် ဘတ်ရှူအာယီရဲ့ပေါင်ခြံကို ရည်ရွယ်ချက်ရှိရှိ ကန်လိုက်တဲ့ လုပ်ရပ်အတွက် မက်ဂွိုင်းယားကို အနီကတ်ပြသင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေကိုလည်း ဆိုးလ်ရှားက ငြင်းဆိုလိုက်ပါတယ်။

နောက်ခံလူတွေထဲ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)နဲ့ ယူနိုက်တက်ကို ရောက်လာပြီးနောက်ပိုင်း ဟယ်ရီ မက်ဂွိုင်းယားဟာ ပရီးမီးယားလိဂ်သွင်းဂိုး လုံးဝမရခဲ့သေးတာလည်းဖြစ်ပေမယ့် ချဲလ်ဆီးနဲ့ပွဲမှာတော့ ဘရူနိုဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘောကို ခေါင်းတိုက်ပြီး ဂိုးသွင်းနိုင်ခဲ့ပြီး သူ့ရဲ့ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရတဲ့ နောက်ပိုင်းမှာမှ ဂိုးတွေ ရခဲ့တာလည်းဖြစ်ပါတယ်။

နောက်တစ်ကြိမ်မှာလည်း ဖာနန်ဒက်စ်ရဲ့အလွတ်တည်ကန်ဘောကို မက်ဂွိုင်းယား ခေါင်းတိုက်ခွင့်ရသေးပေမယ့် ချဲလ်ဆီးအသင်းခေါင်းဆောင် ဆီဇာ အက်စပီလီကွေတာ ရှင်းထုတ်နိုင်ခဲ့လို့ ဂိုးထပ်မရခဲ့တာပါ။ ဒါကို ကြည့်ရင် ဘရူနိုဖာနန်ဒက်စ်ရဲ့ တည်ကန်ဘောတွေကို မက်ဂွိုင်းယား ခေါင်းတိုက်နိုင်ဖို့ လေ့ကျင့်ရေးအစီအစဉ်မှာ သီးခြားပြင်ဆင်ခဲ့မယ်လို့လည်း ယုံကြည်ရပါတယ်။

ယူနိုက်တက်အတွက်အဖွင့်ဂိုးကိုတော့ အာရွန် ဝန်ဘစ်ဆာကာရဲ့ ဖြတ်တင်ဘောကတစ်ဆင့် အန်တိုနီ မာစီယယ်လ်က ခေါင်းတိုက်သွင်းခဲ့တာပါ။ အိမ်ရှင် ပရိသတ်တွေကတော့ ကာ့ဇူးမားနဲ့ အိုလီဗီးယေး ဂျရူးတို့ရဲ့ သွင်းဂိုးတွေကို VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခဲ့လို့ ဒေါသထွက်စရာဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက”ဒါက (၄)ပွဲဆက် ပေးဂိုးမရှိရလဒ် ယူနိုင်ခဲ့မှုနဲ့အတူ ပြန်လာနိုင်ခဲ့တာပါ။ ခံစစ်မှာ ကျွန်တော်တို့အသင်း ကောင်းသထက်ပိုကောင်းလာပါပြီ။ တကယ်ကောင်းတဲ့ သွင်းဂိုး(၂)ဂိုးကိုလည်း ရခဲ့ပါတယ်။ အသင်းကစားပုံက အတိုင်းအတာတစ်ရပ်အထိ ဆွဲဆောင်မှုရှိခဲ့တယ်လို့ ပြောရင် မျှတပါတယ်။ ကျွန်တော်တို့ဟာ ဟယ်ရီရဲ့ ခေါင်းတိုက်ချက်တွေနဲ့ပတ်သက်ပြီး အချိန်တော်တော်ကြာကြား အများကြီး စနောက်ခဲ့ကြရတာပါ”လို့လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.