Match Report Premier League

အိမ္ကြင္းမွာ အေကာင္းဆုံးတုိက္စစ္ကို ျပသခဲ့ၿပီး အန္ဆယ္ေလာ့တီရဲ႕ အစြမ္းနဲ႔ အဲဗာတန္ရဲ႕ ႏိုင္ပြဲ

အဲဗာတန္အသင္းအေနနဲ႔ အိမ္ကြင္းမွာ ႏွစ္ႀကိမ္တုိင္တုိင္ ဦးေဆာင္ခံခဲ့ရေပမယ့္လည္း ကဲလ္ဗတ္-လူဝင္ရဲ႕ ဟက္ထရစ္၊ ရစ္ခ်ာလစ္ဆန္၊ ဟားမက္စ္ ႐ိုဒရီးရက္ဇ္တုိ႔ရဲ႕ ေျခစြမ္းျပမွဳေတြနဲ႔ ငါးဂိုးျပန္သြင္းၿပီး ဒီတစ္ပတ္အတြက္ အေစာဆုံးပြဲအၿပီးမွာ ႏွစ္ပြဲကစား ေျခာက္မွတ္နဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္ကို ေရာက္လာႏုိင္ခဲ့ပါတယ္။

အရင္ပြဲေတြလိုပဲ အယ္လန္၊ ဒူကူေယးနဲ႔ အန္ဒေရး ဂိုမက္ဇ္တုိ႔ကို ကြင္းလယ္သုံးဦးအတြဲအျဖစ္ အထိုင္ခ်ခဲ့တဲ့ အဲဗာတန္အေနနဲ႔ ဖိကစားႏုိင္ခဲ့ေပမယ့္ ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ ကြင္းလယ္က လူေပးမွားမွဳကေန ကစားသမားသစ္ ဒီယန္ဂါနာက ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ေနာက္ခံလူေတြၾကားက ကန္သြင္းခဲ့ရာမွာ ပစ္ခ္ဖို႔ဒ္နဲ႔ ေနရာယူပုံ အားနည္းခဲ့လို႔ အဖြင့္ဂိုး ေပးခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ ျဖတ္တင္ေဘာကေန ရစ္ခ်ာလစ္ဆန္ ေခါင္းတုိက္ဖို႔ ႀကဳိးစားတာကေန ေနာက္ခံလူနဲ႔ ထိၿပီး ျပန္ထြက္လာတာကို လူနည္းနည္းကၽြံသလိုျဖစ္ေနတဲ့ ကဲလ္ဗတ္-လူဝင္က ေနာက္ေပါက္နဲ႔ ကန္သြင္းခဲ့ရာမွာ ဂိုးရခဲ့ၿပီး ဒီဂိုးကိုေတာ့ VAR ျပန္ၾကည့္ၿပီး ဆုံးျဖတ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ဘယ္ျခမ္းက ဆြဲေျပးလာတဲ့ ရစ္ခ်ာလစ္ဆန္က ကြင္းလယ္ထဲကို ဝင္ေရာက္ေနရာယူခဲ့တဲ့ ဟားမက္စ္ဆီ ထိုးေပးခဲ့တာကို ကိုလံဘီယာသားက ဘယ္ေျခနဲ႔ အတြင္းကို ခ်ဳိးၿပီး ကန္သြင္းခဲ့ရာမွာ ဂိုးတုိင္ေအာက္ေထာင့္ကို ဝင္သြားခဲ့လုိ႔ ဂိုးသမား မကာကြယ္ႏုိင္ခဲ့ဘဲ အဲဗာတန္တုိ႔ ပထမပုိင္းကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ခဲ့ၿပီး နာက်င္အခ်ိန္ပုိမွာေတာ့ ေနာက္ခံလူ ကီရန္ ဂစ္ဘ္စ္ အထုတ္ခံခဲ့ရလုိ႔ ဝက္စ္ဘရြန္းတုိ႔ ဆယ္ေယာက္နဲ႔ ကစားခဲ့ရပါတယ္။

ဒုတိယပုိင္း ျပန္စၿပီး ႏွစ္မိနစ္အၾကာမွာေတာ့ အဲဗာတန္ဂိုးေရွ႕ ညာျခမ္းမွာ ရရွိခဲ့တဲ့ ဖရီးကစ္ကို ဘရာဇီးလ္သား မက္တီးယပ္စ္ ပါရဲရားက တုိက္႐ုိက္ကန္သြင္းခဲ့ရာမွာေတာ့ ေဘာလုံးရဲ႕ ဦးတည္ရာက ဂိုးသမား ဖမ္းမိဖို႔ မလြယ္ခဲ့လို႔ ဝက္စ္ဘရြန္းတုိ႔ ဒုတိယေခ်ပဂိုးျပန္ရခဲ့ပါတယ္။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ဖရီးကစ္ကေန ရစ္ခ်ာလစ္ဆန္ရဲ႕ ေခါင္းတုိက္ခ်က္ ျပန္ထြက္လာတာကို မုိက္ကယ္ ကီးန္ပိတ္သြင္းႏုိင္ခဲ့လုိ႔ အဲဗာတန္တုိ႔ အႏုိင္ဂိုး စတင္ရရွိခဲ့ၿပီး အိမ္ကြင္း ဂြတ္ဒီဆန္ပါ့ခ္မွာ ႏုိင္ပြဲအတြက္ အသာစီးရယူႏိုင္ခဲ့ပါတယ္။

ပြဲ ၆၂ မိနစ္မွာေတာ့ ဂိုးဧရိယာအစပ္ကေန ဟားမက္စ္ မ,တင္ေပးတာကို ရစ္ခ်ာလစ္ဆန္က လူကၽြံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ထြက္ၿပီး ဂိုးသမားနဲ႔ အေတြ႕မွာ အတြင္းကို ျပန္ခ်ဳိးေပးတာကို အလုိက္သင့္ လြတ္လြတ္ကၽြတ္ကၽြတ္ ေစာင့္ေနခဲ့တဲ့ တုိက္စစ္မွဴး ကဲလ္ဗတ္-လူဝင္က သူ႕ရဲ႕ ဒုတိယဂိုးအျဖစ္ သြင္းယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဟားမက္စ္ရဲ႕ ေထာင့္ကန္ေဘာကို ဝက္စ္ဘရြန္းေနာက္ခံလူေတြ မဖ်က္ထုတ္ႏုိင္ဘဲ က်လာတာကို ကဲလ္ဗတ္-လူဝင္ ေခါင္းခုန္တုိက္ခဲ့ေပမယ့္ ေက်ာနဲ႔ပဲ ထိခဲ့ၿပီး ဒီေဘာလုံးက ဂိုးသမားကိုေတာ့ မင္သက္မိသြားေစဖို႔ လုံေလာက္ခဲ့လို႔ သူ႕အတြက္ ဟက္ထရစ္ကို ရယူႏုိင္ခဲ့ၿပီး ပြဲစဥ္ ၂ မွာပဲ ဒီရာသီအတြက္ ဟက္ထရစ္ကို စတင္ပုိင္ဆုိင္သြားႏုိင္ခဲ့ပါတယ္။

ဒီပြဲမွာေတာ့ အန္ဆယ္ေလာ့တီရဲ႕ ကစားကြက္ ပုိမိလာခဲ့သလို ရစ္ခ်ာလစ္ဆန္အေနနဲ႔ မျဖစ္ႏုိင္တဲ့ ေထာင့္မ်ဳိးကေန မသန္တဲ့ ဘယ္ေျခနဲ႔ ကန္တာမ်ဳိးကလြဲရင္ ကဲလ္ဗတ္-လူဝင္၊ ဟားမက္စ္တုိ႔နဲ႔ ခ်ိတ္ဆက္ကစားမွဳေတြ ေတာ္ေတာ္တုိးတက္လာခဲ့တဲ့အတြက္ အခုလုိ စိတ္ေက်နပ္စရာႏုိင္ပြဲနဲ႔ ထိုက္တန္ခဲ့တာျဖစ္ၿပီး တျခားအသင္းႀကီးေတြ မကန္ခင္မွာ ပရီးမီးယားလိဂ္ရဲ႕ နံပါတ္တစ္အျဖစ္ ရပ္တည္သြားႏုိင္ခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အဲဗာတန်အသင်းအနေနဲ့ အိမ်ကွင်းမှာ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ခံခဲ့ရပေမယ့်လည်း ကဲလ်ဗတ်-လူဝင်ရဲ့ ဟက်ထရစ်၊ ရစ်ချာလစ်ဆန်၊ ဟားမက်စ် ရိုဒရီးရက်ဇ်တို့ရဲ့ ခြေစွမ်းပြမှုတွေနဲ့ ငါးဂိုးပြန်သွင်းပြီး ဒီတစ်ပတ်အတွက် အစောဆုံးပွဲအပြီးမှာ နှစ်ပွဲကစား ခြောက်မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ကို ရောက်လာနိုင်ခဲ့ပါတယ်။

အရင်ပွဲတွေလိုပဲ အယ်လန်၊ ဒူကူယေးနဲ့ အန်ဒရေး ဂိုမက်ဇ်တို့ကို ကွင်းလယ်သုံးဦးအတွဲအဖြစ် အထိုင်ချခဲ့တဲ့ အဲဗာတန်အနေနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၁၀ မိနစ်မှာတော့ ကွင်းလယ်က လူပေးမှားမှုကနေ ကစားသမားသစ် ဒီယန်ဂါနာက တောက်လျှောက်ဆွဲပြေးပြီး နောက်ခံလူတွေကြားက ကန်သွင်းခဲ့ရာမှာ ပစ်ခ်ဖို့ဒ်နဲ့ နေရာယူပုံ အားနည်းခဲ့လို့ အဖွင့်ဂိုး ပေးခဲ့ရပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ ဖြတ်တင်ဘောကနေ ရစ်ချာလစ်ဆန် ခေါင်းတိုက်ဖို့ ကြိုးစားတာကနေ နောက်ခံလူနဲ့ ထိပြီး ပြန်ထွက်လာတာကို လူနည်းနည်းကျွံသလိုဖြစ်နေတဲ့ ကဲလ်ဗတ်-လူဝင်က နောက်ပေါက်နဲ့ ကန်သွင်းခဲ့ရာမှာ ဂိုးရခဲ့ပြီး ဒီဂိုးကိုတော့ VAR ပြန်ကြည့်ပြီး ဆုံးဖြတ်ခဲ့ရပါတယ်။

ပွဲချိန် ၄၅ မိနစ်မှာတော့ ဘယ်ခြမ်းက ဆွဲပြေးလာတဲ့ ရစ်ချာလစ်ဆန်က ကွင်းလယ်ထဲကို ဝင်ရောက်နေရာယူခဲ့တဲ့ ဟားမက်စ်ဆီ ထိုးပေးခဲ့တာကို ကိုလံဘီယာသားက ဘယ်ခြေနဲ့ အတွင်းကို ချိုးပြီး ကန်သွင်းခဲ့ရာမှာ ဂိုးတိုင်အောက်ထောင့်ကို ဝင်သွားခဲ့လို့ ဂိုးသမား မကာကွယ်နိုင်ခဲ့ဘဲ အဲဗာတန်တို့ ပထမပိုင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ နောက်ခံလူ ကီရန် ဂစ်ဘ်စ် အထုတ်ခံခဲ့ရလို့ ဝက်စ်ဘရွန်းတို့ ဆယ်ယောက်နဲ့ ကစားခဲ့ရပါတယ်။

ဒုတိယပိုင်း ပြန်စပြီး နှစ်မိနစ်အကြာမှာတော့ အဲဗာတန်ဂိုးရှေ့ ညာခြမ်းမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို ဘရာဇီးလ်သား မက်တီးယပ်စ် ပါရဲရားက တိုက်ရိုက်ကန်သွင်းခဲ့ရာမှာတော့ ဘောလုံးရဲ့ ဦးတည်ရာက ဂိုးသမား ဖမ်းမိဖို့ မလွယ်ခဲ့လို့ ဝက်စ်ဘရွန်းတို့ ဒုတိယချေပဂိုးပြန်ရခဲ့ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ ဖရီးကစ်ကနေ ရစ်ချာလစ်ဆန်ရဲ့ ခေါင်းတိုက်ချက် ပြန်ထွက်လာတာကို မိုက်ကယ် ကီးန်ပိတ်သွင်းနိုင်ခဲ့လို့ အဲဗာတန်တို့ အနိုင်ဂိုး စတင်ရရှိခဲ့ပြီး အိမ်ကွင်း ဂွတ်ဒီဆန်ပါ့ခ်မှာ နိုင်ပွဲအတွက် အသာစီးရယူနိုင်ခဲ့ပါတယ်။

ပွဲ ၆၂ မိနစ်မှာတော့ ဂိုးဧရိယာအစပ်ကနေ ဟားမက်စ် မ,တင်ပေးတာကို ရစ်ချာလစ်ဆန်က လူကျွံထောင်ချောက်ကို ဖြတ်ကျော်ထွက်ပြီး ဂိုးသမားနဲ့ အတွေ့မှာ အတွင်းကို ပြန်ချိုးပေးတာကို အလိုက်သင့် လွတ်လွတ်ကျွတ်ကျွတ် စောင့်နေခဲ့တဲ့ တိုက်စစ်မှူး ကဲလ်ဗတ်-လူဝင်က သူ့ရဲ့ ဒုတိယဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ ဟားမက်စ်ရဲ့ ထောင့်ကန်ဘောကို ဝက်စ်ဘရွန်းနောက်ခံလူတွေ မဖျက်ထုတ်နိုင်ဘဲ ကျလာတာကို ကဲလ်ဗတ်-လူဝင် ခေါင်းခုန်တိုက်ခဲ့ပေမယ့် ကျောနဲ့ပဲ ထိခဲ့ပြီး ဒီဘောလုံးက ဂိုးသမားကိုတော့ မင်သက်မိသွားစေဖို့ လုံလောက်ခဲ့လို့ သူ့အတွက် ဟက်ထရစ်ကို ရယူနိုင်ခဲ့ပြီး ပွဲစဉ် ၂ မှာပဲ ဒီရာသီအတွက် ဟက်ထရစ်ကို စတင်ပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။

ဒီပွဲမှာတော့ အန်ဆယ်လော့တီရဲ့ ကစားကွက် ပိုမိလာခဲ့သလို ရစ်ချာလစ်ဆန်အနေနဲ့ မဖြစ်နိုင်တဲ့ ထောင့်မျိုးကနေ မသန်တဲ့ ဘယ်ခြေနဲ့ ကန်တာမျိုးကလွဲရင် ကဲလ်ဗတ်-လူဝင်၊ ဟားမက်စ်တို့နဲ့ ချိတ်ဆက်ကစားမှုတွေ တော်တော်တိုးတက်လာခဲ့တဲ့အတွက် အခုလို စိတ်ကျေနပ်စရာနိုင်ပွဲနဲ့ ထိုက်တန်ခဲ့တာဖြစ်ပြီး တခြားအသင်းကြီးတွေ မကန်ခင်မှာ ပရီးမီးယားလိဂ်ရဲ့ နံပါတ်တစ်အဖြစ် ရပ်တည်သွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.