Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၁၉.၉.၂၀၂၀

– ကူလီေဘလီ၊ ကြန္ဒီနဲ႔ ဟီမီနက္ဇ္တုိ႔ သုံးဦးစလုံးနဲ႔ ေျပာင္းေရႊ႕ေၾကး ညႇိမရေသးတဲ့ မန္ခ်က္စတာစီးတီးအသင္းတာဝန္ရွိသူေတြအေနနဲ႔ လက္က်န္ ႏွစ္ပတ္တာ ကာလအတြင္းမွာ ခုလို ပစ္မွတ္မ်ားေနၿပီး အဆင္မေျပတာမ်ဳိး မျဖစ္သင့္ဘဲ ညာသန္ခံစစ္မွဴးတစ္ဦးအတြက္ ေသေသခ်ာခ်ာ ေရြးခ်ယ္ေခၚယူသင့္တယ္လုိ႔ ေဝဖန္ေနၾက။

– ေငြေရးေၾကးေရး က်ပ္တည္းေနတဲ့ လာလီဂါကလပ္ေတြအတြက္ေတာ့ မန္စီးတီးရဲ႕ ေနာက္ခံလူ ရွာေဖြမွဳဟာ သူတုိ႔အတြက္ အခြင့္ေကာင္းယူရမယ့္ အခ်က္လိုမ်ဳိး အသုံးခ်ေနၾကတာျဖစ္ၿပီး ကြန္ဒီအတြက္ ဆီဗီလာက ယူ႐ုိသန္း ၉၀ နဲ႔ ဟီမီနက္ဇ္အတြက္ အက္သလက္တီကို မက္ဒရစ္က ယူ႐ိုသန္း ၁၂၀ အသီးသီးေတာင္းဆုိထား။

– တုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုရဲ႕ ဒဏ္ရာဟာ ထင္သေလာက္ ျမန္ျမန္ဆန္ဆန္ သက္သာလာျခင္းမရွိဘဲ ဒီရာသီရဲ႕ ပထမဆုံးလေတြ ျဖစ္ၾကတဲ့ စက္တင္ဘာနဲ႔ ေအာက္တိုဘာႏွစ္လေလာက္ကို လြဲေခ်ာ္ရဖို႔ ရွိေနတာေၾကာင့္ အရန္တုိက္စစ္မွဴးေခၚယူဖို႔ကိုပါ စီးတီးတုိ႔ စဥ္းစားရဖြယ္ရွိလာ။

– မက္ဆီကို ၂၀၂၁ ခုႏွစ္ ေႏြရာသီမွာ ေခၚယူမွာလားလို႔ ေမးျမန္းခဲ့မွဳေတြအေပၚ မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ ျပန္လည္ ေျဖၾကားျခင္းမျပဳခဲ့ဘဲ ႏွဳတ္ဆိတ္ေနခဲ့။

– မန္စီးတီးအသင္းနဲ႔ ခ်ိတ္ဆက္ေနခဲ့ၿပီး နာပိုလီနဲ႔ ေဆြးေႏြးလုိ႔ အဆင္မေျပတဲ့ ဆက္ဆံေရးကို စိတ္ပ်က္ေနၿပီျဖစ္တဲ့ ကူလီေဘလီအေနနဲ႔ ျပင္သစ္ခ်န္ပီယံ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕ေတာ့မယ္လို႔ သတင္းထြက္ေပၚလာ။

– ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းရဲ႕ လူငယ္ခံစစ္မွဴးသစ္ျဖစ္တဲ့ ကီယာနာ ဟိုးဗားအေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းနဲ႔ပြဲအတြက္ အခ်ိန္မီ မွတ္ပုံတင္ႏုိင္ခဲ့ျခင္း မရွိတာေၾကာင့္ လြဲေခ်ာ္မွာျဖစ္ေၾကာင္းသိရ။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ အရန္ကစားသမားေတြျဖစ္ၾကတဲ့ ဂိုးသမား အာရီယာနက္ ျမဴရစ္နဲ႔ တုိက္စစ္မွဴး ပါဘလို မုိရီႏိုတုိ႔ကို စီးတီးေဘာလုံးအသင္းအဖြဲ႕ရဲ႕ စပိန္ကိုယ္စားျပဳ ပုိင္ဆုိင္ထားတဲ့ အသင္းတစ္သင္းျဖစ္တဲ့ ဂ်ီ႐ိုနာအသင္းဆီ အငွားခ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ကူလီဘေလီ၊ ကွန်ဒီနဲ့ ဟီမီနက်ဇ်တို့ သုံးဦးစလုံးနဲ့ ပြောင်းရွှေ့ကြေး ညှိမရသေးတဲ့ မန်ချက်စတာစီးတီးအသင်းတာဝန်ရှိသူတွေအနေနဲ့ လက်ကျန် နှစ်ပတ်တာ ကာလအတွင်းမှာ ခုလို ပစ်မှတ်များနေပြီး အဆင်မပြေတာမျိုး မဖြစ်သင့်ဘဲ ညာသန်ခံစစ်မှူးတစ်ဦးအတွက် သေသေချာချာ ရွေးချယ်ခေါ်ယူသင့်တယ်လို့ ဝေဖန်နေကြ။

– ငွေရေးကြေးရေး ကျပ်တည်းနေတဲ့ လာလီဂါကလပ်တွေအတွက်တော့ မန်စီးတီးရဲ့ နောက်ခံလူ ရှာဖွေမှုဟာ သူတို့အတွက် အခွင့်ကောင်းယူရမယ့် အချက်လိုမျိုး အသုံးချနေကြတာဖြစ်ပြီး ကွန်ဒီအတွက် ဆီဗီလာက ယူရိုသန်း ၉၀ နဲ့ ဟီမီနက်ဇ်အတွက် အက်သလက်တီကို မက်ဒရစ်က ယူရိုသန်း ၁၂၀ အသီးသီးတောင်းဆိုထား။

– တိုက်စစ်မှူး ဆာဂျီယို အဂွေရိုရဲ့ ဒဏ်ရာဟာ ထင်သလောက် မြန်မြန်ဆန်ဆန် သက်သာလာခြင်းမရှိဘဲ ဒီရာသီရဲ့ ပထမဆုံးလတွေ ဖြစ်ကြတဲ့ စက်တင်ဘာနဲ့ အောက်တိုဘာနှစ်လလောက်ကို လွဲချော်ရဖို့ ရှိနေတာကြောင့် အရန်တိုက်စစ်မှူးခေါ်ယူဖို့ကိုပါ စီးတီးတို့ စဉ်းစားရဖွယ်ရှိလာ။

– မက်ဆီကို ၂၀၂၁ ခုနှစ် နွေရာသီမှာ ခေါ်ယူမှာလားလို့ မေးမြန်းခဲ့မှုတွေအပေါ် မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ ပြန်လည် ဖြေကြားခြင်းမပြုခဲ့ဘဲ နှုတ်ဆိတ်နေခဲ့။

– မန်စီးတီးအသင်းနဲ့ ချိတ်ဆက်နေခဲ့ပြီး နာပိုလီနဲ့ ဆွေးနွေးလို့ အဆင်မပြေတဲ့ ဆက်ဆံရေးကို စိတ်ပျက်နေပြီဖြစ်တဲ့ ကူလီဘေလီအနေနဲ့ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းထွက်ပေါ်လာ။

– ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းရဲ့ လူငယ်ခံစစ်မှူးသစ်ဖြစ်တဲ့ ကီယာနာ ဟိုးဗားအနေနဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ပွဲအတွက် အချိန်မီ မှတ်ပုံတင်နိုင်ခဲ့ခြင်း မရှိတာကြောင့် လွဲချော်မှာဖြစ်ကြောင်းသိရ။

– မန်ချက်စတာစီးတီးအသင်းရဲ့ အရန်ကစားသမားတွေဖြစ်ကြတဲ့ ဂိုးသမား အာရီယာနက် မြူရစ်နဲ့ တိုက်စစ်မှူး ပါဘလို မိုရီနိုတို့ကို စီးတီးဘောလုံးအသင်းအဖွဲ့ရဲ့ စပိန်ကိုယ်စားပြု ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းဖြစ်တဲ့ ဂျီရိုနာအသင်းဆီ အငှားချ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.