Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၁၉.၉.၂၀၂၀

– ရင္းေနးရဲ႕ ဂိုးသမား ေအဒူယာ မန္ဒီအတြက္ ခ်ဲလ္ဆီးဘက္က ဂ်ီ႐ူးနဲ႔ တုိမိုရီတုိ႔ကို အငွားနဲ႔ ျပန္လည္ထည့္သြင္းေပးဖို႔ ေတာင္းဆုိမွဳက မေအာင္ျမင္ခဲ့ဘဲ ယူ႐ုိ ၂၅ သန္းနဲ႔ သေဘာတူညီမွဳၿပီးဆုံးခဲ့ၿပီျဖစ္ၿပီး မန္ဒီကေတာ့ အသင္းေဖာ္ေတြကို ႏွဳတ္ဆက္ေန။

– လီဗာပူးလ္နဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲစဥ္အတြက္ သီယာဂို ေဆးလ္ဗားနဲ႔ ဘန္ ေခ်းလ္ဝဲလ္တုိ႔ကို အသုံးမျပဳေသးဖို႔ နည္းျပ လမ္းပတ္ ဆုံးျဖတ္ထားၿပီး ဟာကင္မ္ ဇီယက္ရွ္ရဲ႕ ဒဏ္ရာက တစ္ပတ္ေလာက္ အနားယူရဦးမွာျဖစ္သလို ခရစၥတီယန္ ပူလီရွစ္ခ်္ အတြက္ေတာ့ ျပန္ကစားႏုိင္မယ့္ရက္ကို မေျပာႏုိင္ေသး။

– ေအဒူယာ မန္ဒီကို လက္ရွိဂိုးသမား ကီပါကို ဖိအားေပးႏုိင္ဖို႔အတြက္ ေခၚယူခဲ့ၿပီးရင္ လက္က်န္အခ်ိန္အတြင္း ေနာက္ထပ္ပစ္မွတ္အေနနဲ႔ ဝက္စ္ဟမ္းရဲ႕ ဒက္ကလန္ ႐ိုက္စ္ကို ကမ္းလွမ္းသြားမွာျဖစ္တယ္လို႔ ႐ိုမာႏိုေဖာ္ျပခဲ့ၿပီး တစ္ဖက္ကလည္း ေရာင္းခ်ဖို႔ ရွိလာႏုိင္။

– ၂၀၁၇ ခုႏွစ္က ေပါင္ ၂၃ သန္းနဲ႔ ေခၚယူထားခဲ့တဲ့ ညာေနာက္ခံလူ ဒါဗီေဒး ဇက္ပါေကာ္စတာကို စီးရီးေအကလပ္ ဂ်ီႏိုအာဆီ တစ္ရာသီ အငွားခ်လုိက္ၿပီျဖစ္ၿပီး အၿပီးသတ္ေခၚယူမွဳ ပါဝင္ျခင္းမရွိဘူးလို႔ ခ်ဲလ္ဆီးအသင္း တရားဝင္ထုတ္ျပန္။

– ခ်ဲလ္ဆီးတုိက္စစ္မွဴး တီမို ဗာနာက ဒီအသင္းကို သူေျပာင္းေရႊ႕လာျဖစ္ဖို႔အတြက္ အသင္းေဖာ္ေဟာင္းနဲ႔ ဂ်ာမန္လက္ေရြးစင္အသင္းမွာ အတူကစားခဲ့တဲ့ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါရဲ႕ သက္ေရာက္မွဳက ႀကီးမားခဲ့တယ္လုိ႔ဆို။

– အသင္းအတြက္ ပြဲတုိင္း ပြဲထြက္ခြင့္ရခ်င္မွ ရမွာျဖစ္ေပမယ့္ အက္ဇ္ပီလီေကြတာဟာ ခ်ဲလ္ဆီးရဲ႕ တရားဝင္အသင္းေခါင္းေဆာင္ျဖစ္တာေၾကာင့္ အေရးပါတဲ့ အခန္းက႑ကေန ပါဝင္သြားရမွာျဖစ္ၿပီး သူ႕အတြက္ ႀကီးမားတဲ့ အေထာက္အကူျဖစ္မယ္လုိ႔ လမ္းပတ္ ေျပာၾကား။

– အက္စ္တန္ဗီလာအသင္းကို ဒီေန႔မွာ အၿပီးသတ္ေျပာင္းေရႊ႕ေရာက္ရွိလာခဲ့တဲ့ ဘာထရန္ ထရာအုိေရးအတြက္ လီယြန္အသင္းဆီကေန ခ်ဲလ္ဆီးတုိ႔ ေပါင္ ၁၇ သန္းရဲ႕ ၁၅ ရာခိုင္ႏွဳန္းအျဖစ္ ေပါင္ ၂.၅၅ သန္း ရရွိမည္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ရင်းနေးရဲ့ ဂိုးသမား အေဒူယာ မန်ဒီအတွက် ချဲလ်ဆီးဘက်က ဂျီရူးနဲ့ တိုမိုရီတို့ကို အငှားနဲ့ ပြန်လည်ထည့်သွင်းပေးဖို့ တောင်းဆိုမှုက မအောင်မြင်ခဲ့ဘဲ ယူရို ၂၅ သန်းနဲ့ သဘောတူညီမှုပြီးဆုံးခဲ့ပြီဖြစ်ပြီး မန်ဒီကတော့ အသင်းဖော်တွေကို နှုတ်ဆက်နေ။

– လီဗာပူးလ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်အတွက် သီယာဂို ဆေးလ်ဗားနဲ့ ဘန် ချေးလ်ဝဲလ်တို့ကို အသုံးမပြုသေးဖို့ နည်းပြ လမ်းပတ် ဆုံးဖြတ်ထားပြီး ဟာကင်မ် ဇီယက်ရှ်ရဲ့ ဒဏ်ရာက တစ်ပတ်လောက် အနားယူရဦးမှာဖြစ်သလို ခရစ္စတီယန် ပူလီရှစ်ချ် အတွက်တော့ ပြန်ကစားနိုင်မယ့်ရက်ကို မပြောနိုင်သေး။

– အေဒူယာ မန်ဒီကို လက်ရှိဂိုးသမား ကီပါကို ဖိအားပေးနိုင်ဖို့အတွက် ခေါ်ယူခဲ့ပြီးရင် လက်ကျန်အချိန်အတွင်း နောက်ထပ်ပစ်မှတ်အနေနဲ့ ဝက်စ်ဟမ်းရဲ့ ဒက်ကလန် ရိုက်စ်ကို ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ ရိုမာနိုဖော်ပြခဲ့ပြီး တစ်ဖက်ကလည်း ရောင်းချဖို့ ရှိလာနိုင်။

– ၂၀၁၇ ခုနှစ်က ပေါင် ၂၃ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ညာနောက်ခံလူ ဒါဗီဒေး ဇက်ပါကော်စတာကို စီးရီးအေကလပ် ဂျီနိုအာဆီ တစ်ရာသီ အငှားချလိုက်ပြီဖြစ်ပြီး အပြီးသတ်ခေါ်ယူမှု ပါဝင်ခြင်းမရှိဘူးလို့ ချဲလ်ဆီးအသင်း တရားဝင်ထုတ်ပြန်။

– ချဲလ်ဆီးတိုက်စစ်မှူး တီမို ဗာနာက ဒီအသင်းကို သူပြောင်းရွှေ့လာဖြစ်ဖို့အတွက် အသင်းဖော်ဟောင်းနဲ့ ဂျာမန်လက်ရွေးစင်အသင်းမှာ အတူကစားခဲ့တဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါရဲ့ သက်ရောက်မှုက ကြီးမားခဲ့တယ်လို့ဆို။

– အသင်းအတွက် ပွဲတိုင်း ပွဲထွက်ခွင့်ရချင်မှ ရမှာဖြစ်ပေမယ့် အက်ဇ်ပီလီကွေတာဟာ ချဲလ်ဆီးရဲ့ တရားဝင်အသင်းခေါင်းဆောင်ဖြစ်တာကြောင့် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားရမှာဖြစ်ပြီး သူ့အတွက် ကြီးမားတဲ့ အထောက်အကူဖြစ်မယ်လို့ လမ်းပတ် ပြောကြား။

– အက်စ်တန်ဗီလာအသင်းကို ဒီနေ့မှာ အပြီးသတ်ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဘာထရန် ထရာအိုရေးအတွက် လီယွန်အသင်းဆီကနေ ချဲလ်ဆီးတို့ ပေါင် ၁၇ သန်းရဲ့ ၁၅ ရာခိုင်နှုန်းအဖြစ် ပေါင် ၂.၅၅ သန်း ရရှိမည်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.