Other Leagues

ရော်နယ်လ်ဒိုအတွက် တင်းကြပ်တဲ့ ဥပဒေကိုပါ ဖြေလျှော့ပေးမယ့် ဆော်ဒီ

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့ဟာ လက်မထပ်ရသေးတဲ့ စုံတွဲတွေ အတူတူနေထိုင်တဲ့အပေါ်မှာ တင်းကြပ်ထားတဲ့ ဆော်ဒီ အာရေဗျရဲ့ ဥပဒေကို ချွင်းချက်ထားပေးခြင်းခံရမှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အယ်လ် နက်ဆာအသင်းနဲ့တစ်ရာသီကိုပေါင် ၁၇၃ သန်းတန်ကြေးရှိတဲ့ ၂ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုကို ယခုအပတ်အစောပိုင်းမှာ အယ်လ် နက်ဆာအသင်းက ကစားသမားသစ်အဖြစ် ထုတ်ဖော်မိတ်ဆက်ခဲ့တာဖြစ်ပြီး ၆ နှစ်နီးပါး အတူတူနေထိုင်လာတဲ့ ချစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်နဲ့ သားသမီးတွေကလည်း Mrsool Park က ပရိသတ်ပေါင်း ၂၅၀၀၀ ကျော်ကို နှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်မထပ်ရသေးတဲ့ စုံတွဲတွေအနေနဲ့ အတူတူ နေထိုင်မယ်ဆိုရင် ဆော်ဒီ အာရေဗျရဲ့ ဥပဒေကို ချိုးဖောက်ရာကျမှာ ဖြစ်ပေမယ့်လည်း ရော်နယ်လ်ဒိုနဲ့ ကလေး ၂ ဦးမိခင် ဂျော်ဂျီနာတို့ဟာ ပေါ်တူဂီကြယ်ပွင့်ရဲ့ ကမ္ဘာပေါ်က ထင်ပေါ်အကျော်ကြားဆုံးအားကစားသမားတွေထဲက တစ်ဦးဆိုတဲ့ဂုဏ်ပုဒ်ကြောင့် ချွင်းချက်ပေးခြင်းခံရမှာဖြစ်တယ်လို့ SPORT က ဖော်ပြခဲ့ပါတယ်။ SPORT က အာဏာပိုင်တွေအနေနဲ့ ရော်နယ်လ်ဒိုနဲ့ ဂျော်ဂျီနာတို့ကြားကို ကြားဝင်မှာမဟုတ်ဘူးလို့ ခန့်မှန်းခဲ့တဲ့ ဆော်ဒီ ရှေ့နေ ၂ ဦးရဲ့ ပြောစကားကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

“ဥပဒေက လက်ထပ်စာချုပ်မရှိဘဲ အတူတကွပေါင်းသင်းနေထိုင်ခြင်းကို တားမြစ်ထားဆဲဖြစ်ပေမယ့်လည်း အာဏာပိုင်တွေဟာ မျက်စိမှိတ်ပြီး ဘယ်သူ့ကိုမှ တရားမစွဲဘဲ စနေတော့မှာပါ။ ဟုတ်တာပေါ့။ ဒီဥပဒေတွေက ပြဿနာ ဒါမှမဟုတ် ပြစ်မှုကျူးလွန်မှုရှိတဲ့အချိန်ကျရင် အသုံးပြုတာပါ”လို့ ပထမရှေ့နေတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒုတိယရှေ့နေကလည်း “ဒီကနေ့ ဆော်ဒီ အာရေဗျအာဏာပိုင်တွေက ဒီကိစ္စမှာ ကြားဝင်မှာမဟုတ်ဘူး။ ဒါပေမယ့် ဥပဒေကတော့ လက်မထပ်ဘဲ အတူတကွပေါင်းသင်းခြင်းကိုတော့ ဆက်ပြီး တားမြစ်ထားမှာပါ”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ အရှေ့အလယ်ပိုင်းမှာ ပွဲဦးထွက် ပါဝင်ကစားပေးရခြင်းမရှိသေးသူဖြစ်ပြီး အယ်လ် နက်ဆာဟာ ခွင့်ပြုထားတဲ့ ပြည်ပကစားသမားအရေအတွက် ကျော်လွန်နေတာကြောင့် ပေါ်တူဂီတိုက်စစ်မှူးကို ကစားသမားသစ်အဖြစ်စာရင်းသွင်းနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ေဂ်ာ္ဂ်ီနာ ႐ိုဒရီဂြက္ဇ္တို႔ဟာ လက္မထပ္ရေသးတဲ့ စုံတြဲေတြ အတူတူေနထိုင္တဲ့အေပၚမွာ တင္းၾကပ္ထားတဲ့ ေဆာ္ဒီ အာေရဗ်ရဲ႕ ဥပေဒကို ခြၽင္းခ်က္ထားေပးျခင္းခံရမွာျဖစ္တယ္လို႔ သိရပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးေနာက္ အယ္လ္ နက္ဆာအသင္းနဲ႔တစ္ရာသီကိုေပါင္ ၁၇၃ သန္းတန္ေၾကးရွိတဲ့ ၂ ႏွစ္ခြဲ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုကို ယခုအပတ္အေစာပိုင္းမွာ အယ္လ္ နက္ဆာအသင္းက ကစားသမားသစ္အျဖစ္ ထုတ္ေဖာ္မိတ္ဆက္ခဲ့တာျဖစ္ၿပီး ၆ ႏွစ္နီးပါး အတူတူေနထိုင္လာတဲ့ ခ်စ္သူ ေဂ်ာ္ဂ်ီနာ ႐ိုဒရီဂြက္ဇ္နဲ႔ သားသမီးေတြကလည္း Mrsool Park က ပရိသတ္ေပါင္း ၂၅၀၀၀ ေက်ာ္ကို ႏႈတ္ဆက္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လက္မထပ္ရေသးတဲ့ စုံတြဲေတြအေနနဲ႔ အတူတူ ေနထိုင္မယ္ဆိုရင္ ေဆာ္ဒီ အာေရဗ်ရဲ႕ ဥပေဒကို ခ်ိဳးေဖာက္ရာက်မွာ ျဖစ္ေပမယ့္လည္း ေရာ္နယ္လ္ဒိုနဲ႔ ကေလး ၂ ဦးမိခင္ ေဂ်ာ္ဂ်ီနာတို႔ဟာ ေပၚတူဂီၾကယ္ပြင့္ရဲ႕ ကမာၻေပၚက ထင္ေပၚအေက်ာ္ၾကားဆုံးအားကစားသမားေတြထဲက တစ္ဦးဆိုတဲ့ဂုဏ္ပုဒ္ေၾကာင့္ ခြၽင္းခ်က္ေပးျခင္းခံရမွာျဖစ္တယ္လို႔ SPORT က ေဖာ္ျပခဲ့ပါတယ္။ SPORT က အာဏာပိုင္ေတြအေနနဲ႔ ေရာ္နယ္လ္ဒိုနဲ႔ ေဂ်ာ္ဂ်ီနာတို႔ၾကားကို ၾကားဝင္မွာမဟုတ္ဘူးလို႔ ခန႔္မွန္းခဲ့တဲ့ ေဆာ္ဒီ ေရွ႕ေန ၂ ဦးရဲ႕ ေျပာစကားကို ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

“ဥပေဒက လက္ထပ္စာခ်ဳပ္မရွိဘဲ အတူတကြေပါင္းသင္းေနထိုင္ျခင္းကို တားျမစ္ထားဆဲျဖစ္ေပမယ့္လည္း အာဏာပိုင္ေတြဟာ မ်က္စိမွိတ္ၿပီး ဘယ္သူ႔ကိုမွ တရားမစြဲဘဲ စေနေတာ့မွာပါ။ ဟုတ္တာေပါ့။ ဒီဥပေဒေတြက ျပႆနာ ဒါမွမဟုတ္ ျပစ္မႈက်ဴးလြန္မႈရွိတဲ့အခ်ိန္က်ရင္ အသုံးျပဳတာပါ”လို႔ ပထမေရွ႕ေနတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ဒုတိယေရွ႕ေနကလည္း “ဒီကေန႔ ေဆာ္ဒီ အာေရဗ်အာဏာပိုင္ေတြက ဒီကိစၥမွာ ၾကားဝင္မွာမဟုတ္ဘူး။ ဒါေပမယ့္ ဥပေဒကေတာ့ လက္မထပ္ဘဲ အတူတကြေပါင္းသင္းျခင္းကိုေတာ့ ဆက္ၿပီး တားျမစ္ထားမွာပါ”လို႔ ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ အေရွ႕အလယ္ပိုင္းမွာ ပြဲဦးထြက္ ပါဝင္ကစားေပးရျခင္းမရွိေသးသူျဖစ္ၿပီး အယ္လ္ နက္ဆာဟာ ခြင့္ျပဳထားတဲ့ ျပည္ပကစားသမားအေရအတြက္ ေက်ာ္လြန္ေနတာေၾကာင့္ ေပၚတူဂီတိုက္စစ္မႉးကို ကစားသမားသစ္အျဖစ္စာရင္းသြင္းႏိုင္ျခင္းမရွိေသးဘူးလို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.