ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သောကြာနေ့ညက အယ်လ် နက်ဆာရဲ့ ပွဲစဉ်ကို အရေးကြီးပုဂ္ဂိုလ်တွေအတွက် သတ်မှတ်ထားတဲ့ ထိုင်ခုံကနေ စောင့်ကြည့်ခဲ့တာကို မြင်တွေ့ခဲ့ရပေမယ့်လည်း ပထမပိုင်းအပြီးမှာ ထိုင်ခုံကို ပြန်မလာခဲ့ဘူးလို့ သိရပါတယ်။
အယ်လ် နက်ဆာအသင်းဟာ လူစာရင်းထဲမှာ ဆော်ဒီ အာရေဗျကစားသမားမဟုတ်တဲ့ ပြည်ပကစားသမား သတ်မှတ်ချက်ထက် ကျော်လွန်နေခဲ့တာကြောင့် အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးဟာ အယ်လ် တာအီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အသင်းသစ်ရဲ့ပွဲစဉ်ကို ပွဲကြည့်ပရိသတ်အဖြစ်နဲ့သာ ကြည့်ခဲ့ရတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ ဆော်ဒီ အာရေဗျကလပ်အသင်းနဲ့ ယခုအပတ်အစောပိုင်းမှာ တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၅ သန်းတန်ကြေးရှိတဲ့စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး အယ်လ် တာအီးနဲ့ပွဲစဉ်မှာ ပွဲဦးထွက်ပါဝင်ကစားပေးလိမ့်မယ်လို့ မျှော်မှန်းခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
ပေါ်တူဂီဂန္တဝင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ဧပြီလက အဲဗာတန်ပရိသတ်ရဲ့လက်ထဲက ဖုန်းကို ရိုက်ချခဲ့ပြီးနောက် လက်ရှိမှာ အက်ဖ်အေရဲ့ ၂ ပွဲပယ် ပြစ်ဒဏ် ကျခံနေရတာဖြစ်ပါတယ်။
အယ်လ် နက်ဆာအသင်းဟာ ၎င်းတို့ရဲ့ အဓိက ကစားသမားခေါ်ယူမှုအတွက် လူစာရင်းကို ပြန်လည်စီစဉ်ဖို့ လိုအပ်နေတာကြောင့် ရော်နယ်လ်ဒိုအနေနဲ့ ပထမဆုံးပွဲစဉ်ကို ပါဝင်ကစားပေးဖို့ စောင့်ဆိုင်းရမှုက ထပ်မံကြာရှည်မယ့်အရေးနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
အယ်လ် နက်ဆာအသင်းရဲ့ လက်ရှိ လူစာရင်းထဲမှာ ဆော်ဒီလိဂ်ရဲ့ စည်းမျဉ်းအရ အများဆုံး ခွင့်ပြုထားတဲ့ အရေအတွက် ဖြစ်တဲ့ ပြည်ပ ကစားသမား ၈ ဦးအထိ ရှိနေတာဖြစ်ပြီး “အယ်လ် နက်ဆာက ရော်နယ်လ်ဒိုကို စာရင်းမသွင်းရသေးပါဘူး။ ဘာလို့လဲဆိုတော့ ပြည်ပကစားသမားအတွက် နေရာလွတ်မရှိနေလို့ပါ။ ရော်နယ်လ်ဒိုကို စာရင်းသွင်းနိုင်ဖို့ နိုင်ငံခြားကစားသမားတစ်ဦးကို ရောင်းချတာ ဒါမှမဟုတ် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းရမှာပါ”လို့ အယ်လ် နက်ဆာအသင်းတာဝန်ရှိသူက AFP ကို ပြောကြားခဲ့ပါတယ်။
အယ်လ် နက်ဆာရဲ့ ဆော်ဒီ အာရေဗျအပြင်ဘက်က ကစားသမားတွေထဲမှာ အာဆင်နယ်ဂိုးသမားဟောင်း အော့စပီနာ၊ ဘရာဇီးလ်ကစားသမား ၂ ဦးဖြစ်တဲ့ ဂူစတာဗို၊ အန်ဒါဆန် တာလစ်စ်ကာ၊ ကင်မရွန်းတိုက်စစ်မှူး ဗင်းဆင့် အဘူဘာကာတို့ ပါဝင်နေတာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ေသာၾကာေန႔ညက အယ္လ္ နက္ဆာရဲ႕ ပြဲစဥ္ကို အေရးႀကီးပုဂၢိဳလ္ေတြအတြက္ သတ္မွတ္ထားတဲ့ ထိုင္ခုံကေန ေစာင့္ၾကည့္ခဲ့တာကို ျမင္ေတြ႕ခဲ့ရေပမယ့္လည္း ပထမပိုင္းအၿပီးမွာ ထိုင္ခုံကို ျပန္မလာခဲ့ဘူးလို႔ သိရပါတယ္။
အယ္လ္ နက္ဆာအသင္းဟာ လူစာရင္းထဲမွာ ေဆာ္ဒီ အာေရဗ်ကစားသမားမဟုတ္တဲ့ ျပည္ပကစားသမား သတ္မွတ္ခ်က္ထက္ ေက်ာ္လြန္ေနခဲ့တာေၾကာင့္ အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ အယ္လ္ တာအီးကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ အသင္းသစ္ရဲ႕ပြဲစဥ္ကို ပြဲၾကည့္ပရိသတ္အျဖစ္နဲ႔သာ ၾကည့္ခဲ့ရတာျဖစ္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ေဟာင္းဟာ ေဆာ္ဒီ အာေရဗ်ကလပ္အသင္းနဲ႔ ယခုအပတ္အေစာပိုင္းမွာ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၇၅ သန္းတန္ေၾကးရွိတဲ့စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး အယ္လ္ တာအီးနဲ႔ပြဲစဥ္မွာ ပြဲဦးထြက္ပါဝင္ကစားေပးလိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္း ခံခဲ့ရတာျဖစ္ပါတယ္။
ေပၚတူဂီဂႏၲဝင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ဧၿပီလက အဲဗာတန္ပရိသတ္ရဲ႕လက္ထဲက ဖုန္းကို ႐ိုက္ခ်ခဲ့ၿပီးေနာက္ လက္ရွိမွာ အက္ဖ္ေအရဲ႕ ၂ ပြဲပယ္ ျပစ္ဒဏ္ က်ခံေနရတာျဖစ္ပါတယ္။
အယ္လ္ နက္ဆာအသင္းဟာ ၎တို႔ရဲ႕ အဓိက ကစားသမားေခၚယူမႈအတြက္ လူစာရင္းကို ျပန္လည္စီစဥ္ဖို႔ လိုအပ္ေနတာေၾကာင့္ ေရာ္နယ္လ္ဒိုအေနနဲ႔ ပထမဆုံးပြဲစဥ္ကို ပါဝင္ကစားေပးဖို႔ ေစာင့္ဆိုင္းရမႈက ထပ္မံၾကာရွည္မယ့္အေရးနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။
အယ္လ္ နက္ဆာအသင္းရဲ႕ လက္ရွိ လူစာရင္းထဲမွာ ေဆာ္ဒီလိဂ္ရဲ႕ စည္းမ်ဥ္းအရ အမ်ားဆုံး ခြင့္ျပဳထားတဲ့ အေရအတြက္ ျဖစ္တဲ့ ျပည္ပ ကစားသမား ၈ ဦးအထိ ရွိေနတာျဖစ္ၿပီး “အယ္လ္ နက္ဆာက ေရာ္နယ္လ္ဒိုကို စာရင္းမသြင္းရေသးပါဘူး။ ဘာလို႔လဲဆိုေတာ့ ျပည္ပကစားသမားအတြက္ ေနရာလြတ္မရွိေနလို႔ပါ။ ေရာ္နယ္လ္ဒိုကို စာရင္းသြင္းႏိုင္ဖို႔ ႏိုင္ငံျခားကစားသမားတစ္ဦးကို ေရာင္းခ်တာ ဒါမွမဟုတ္ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းရမွာပါ”လို႔ အယ္လ္ နက္ဆာအသင္းတာဝန္ရွိသူက AFP ကို ေျပာၾကားခဲ့ပါတယ္။
အယ္လ္ နက္ဆာရဲ႕ ေဆာ္ဒီ အာေရဗ်အျပင္ဘက္က ကစားသမားေတြထဲမွာ အာဆင္နယ္ဂိုးသမားေဟာင္း ေအာ့စပီနာ၊ ဘရာဇီးလ္ကစားသမား ၂ ဦးျဖစ္တဲ့ ဂူစတာဗို၊ အန္ဒါဆန္ တာလစ္စ္ကာ၊ ကင္မ႐ြန္းတိုက္စစ္မႉး ဗင္းဆင့္ အဘူဘာကာတို႔ ပါဝင္ေနတာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.