Other Leagues

ရော်နယ်လ်ဒိုကို ခေါ်ပြီးနောက် ပထမဆုံးကစားမယ့်ပွဲကို ဖျက်ခဲ့ရတဲ့ အယ်လ် နက်ဆာ

ခရစ္စတီယာနို ရော်နယ်လ်ဒို ရောက်ရှိလာပြီးနောက်ပိုင်း အယ်လ် နက်ဆာရဲ့ ပထမဆုံးဆော်ဒီပရိုလိဂ်ပွဲစဉ်ဟာ ဖျက်သိမ်းခဲ့ပြီလို့ အသင်းရဲ့ထုတ်ပြန်ကြေညာချက်ထဲမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ယခုအပတ်အစောပိုင်းမှာ ဆော်ဒီ အာရေဗျကလပ်အသင်းနဲ့ ကြီးမားတဲ့ငွေကြေးပမာဏနဲ့ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဘလွန်ဒေါ ၅ ဆုရှင်ဟာ ကွင်းထဲမှာ ထုတ်ဖော်မိတ်ဆက်ခြင်းမခံရမီ သတင်းစာရှင်းလင်းပွဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ကြာသပတေးနေ့ညနေ ဒေသတွင်းစံတော်ချိန်မှာ အယ်လ် နက်ဆာအသင်းက အယ်လ် တာအီးနဲ့ ကစားသွားဖို့ စီစဉ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ ရာသီဥတုကြောင့် လျှပ်စစ်မီးအခက်အခဲရှိလာနိုင်တဲ့အတွက် ပွဲကို သောကြာနေ့ ပြောင်းရွှေ့လိုက်ပြီဖြစ်ပါတယ်။

“သည်းထန်တဲ့ မိုးရွာသွန်းမှုနဲ့ ရာသီဥတုအခြေအနေတွေက ကွင်းရဲ့ လျှပ်စစ်မီးအပေါ်အကျိုးသက်ရောက်မှုရှိတာကြောင့် ဒီနေ့ည အယ်လ် တာအီးနဲ့ပွဲစဉ်ကို ၂၄ နာရီ ရွှေ့ဆိုင်းလိုက်တယ်လို့ တရားဝင် အသိပေးလိုပါတယ်။ ပရိသတ်တွေအတွက် အဆင်မပြေမှုတွေဖြစ်ခဲ့တဲ့အတွက် တောင်းပန်ပြီး အားလုံး လုံခြုံစိတ်ချတဲ့ ခရီးစဉ်ဖြစ်ဖို့ ဆုတောင်းပေးပါတယ်”လို့ တွစ်တာက ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ အယ်လ် တာအီးနဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးမလားဆိုတာတော့ မသိရသေးဘဲ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဧပြီလတုန်းက အဲဗာတန်ပရိသတ်ကလေးငယ်ရဲ့ဖုန်းကို ရိုက်ခွဲခဲ့ပြီးနောက် အက်ဖ်အေရဲ့ မလျော်ကန်တဲ့အပြုအမူနဲ့ စွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပေါင် ၅ သောင်း ဒဏ်ငွေနဲ့ ၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရတာဖြစ်ပေမယ့်လည်း နိုဝင်ဘာလမှာ ပရီးမီးယားလိဂ်ကို စွန့်ခွာခဲ့တာကြောင့် ပြစ်ဒဏ်ကျခံခဲ့ရခြင်းမရှိသေးတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ နောက်ထပ် အပြစ်ပေးခံရနိုင်တဲ့ အန္တရာယ်ရှိနေပေမယ့်လည်း ပွဲပယ်ပြစ်ဒဏ်ကို ဖီဆန်နိုင်တယ်လို့ ပြောဆိုမှုတွေရှိနေပြီး အဲဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင်ပြောဆိုမှုမျိုးတော့ မရှိခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒို ေရာက္ရွိလာၿပီးေနာက္ပိုင္း အယ္လ္ နက္ဆာရဲ႕ ပထမဆုံးေဆာ္ဒီပ႐ိုလိဂ္ပြဲစဥ္ဟာ ဖ်က္သိမ္းခဲ့ၿပီလို႔ အသင္းရဲ႕ထုတ္ျပန္ေၾကညာခ်က္ထဲမွာ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ယခုအပတ္အေစာပိုင္းမွာ ေဆာ္ဒီ အာေရဗ်ကလပ္အသင္းနဲ႔ ႀကီးမားတဲ့ေငြေၾကးပမာဏနဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး ဘလြန္ေဒါ ၅ ဆုရွင္ဟာ ကြင္းထဲမွာ ထုတ္ေဖာ္မိတ္ဆက္ျခင္းမခံရမီ သတင္းစာရွင္းလင္းပြဲမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ၾကာသပေတးေန႔ညေန ေဒသတြင္းစံေတာ္ခ်ိန္မွာ အယ္လ္ နက္ဆာအသင္းက အယ္လ္ တာအီးနဲ႔ ကစားသြားဖို႔ စီစဥ္ထားတာျဖစ္ၿပီး လက္ရွိမွာေတာ့ ရာသီဥတုေၾကာင့္ လွ်ပ္စစ္မီးအခက္အခဲရွိလာႏိုင္တဲ့အတြက္ ပြဲကို ေသာၾကာေန႔ ေျပာင္းေ႐ႊ႕လိုက္ၿပီျဖစ္ပါတယ္။

“သည္းထန္တဲ့ မိုး႐ြာသြန္းမႈနဲ႔ ရာသီဥတုအေျခအေနေတြက ကြင္းရဲ႕ လွ်ပ္စစ္မီးအေပၚအက်ိဳးသက္ေရာက္မႈရွိတာေၾကာင့္ ဒီေန႔ည အယ္လ္ တာအီးနဲ႔ပြဲစဥ္ကို ၂၄ နာရီ ေ႐ႊ႕ဆိုင္းလိုက္တယ္လို႔ တရားဝင္ အသိေပးလိုပါတယ္။ ပရိသတ္ေတြအတြက္ အဆင္မေျပမႈေတြျဖစ္ခဲ့တဲ့အတြက္ ေတာင္းပန္ၿပီး အားလုံး လုံၿခဳံစိတ္ခ်တဲ့ ခရီးစဥ္ျဖစ္ဖို႔ ဆုေတာင္းေပးပါတယ္”လို႔ တြစ္တာက ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ေရးသားထားပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ အယ္လ္ တာအီးနဲ႔ပြဲစဥ္မွာ ပါဝင္ကစားေပးမလားဆိုတာေတာ့ မသိရေသးဘဲ အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဧၿပီလတုန္းက အဲဗာတန္ပရိသတ္ကေလးငယ္ရဲ႕ဖုန္းကို ႐ိုက္ခြဲခဲ့ၿပီးေနာက္ အက္ဖ္ေအရဲ႕ မေလ်ာ္ကန္တဲ့အျပဳအမူနဲ႔ စြဲခ်က္တင္ခံခဲ့ရတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေပါင္ ၅ ေသာင္း ဒဏ္ေငြနဲ႔ ၂ ပြဲပယ္ ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရတာျဖစ္ေပမယ့္လည္း ႏိုဝင္ဘာလမွာ ပရီးမီးယားလိဂ္ကို စြန႔္ခြာခဲ့တာေၾကာင့္ ျပစ္ဒဏ္က်ခံခဲ့ရျခင္းမရွိေသးတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေနာက္ထပ္ အျပစ္ေပးခံရႏိုင္တဲ့ အႏၲရာယ္ရွိေနေပမယ့္လည္း ပြဲပယ္ျပစ္ဒဏ္ကို ဖီဆန္ႏိုင္တယ္လို႔ ေျပာဆိုမႈေတြရွိေနၿပီး အဲဒီကိစၥနဲ႔ပတ္သက္ၿပီး တရားဝင္ေျပာဆိုမႈမ်ိဳးေတာ့ မရွိခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.