International World Cup

မက်ဆီနဲ့ တကမ္ဘာလုံးကို ကမ္ဘာ့ဖလားအတုနဲ့ မျက်လှည့်ပြခဲ့တဲ့ ဖီဖာ

အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့လက ပြင်သစ်ကို ဗိုလ်လုပွဲမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လူဆေးလ်ကွင်းကြီးထဲမှာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ နိုင်ငံတကာဘောလုံးလောကရဲ့ဂုဏ်သိက္ခာအကြီးမားဆုံး ဆုဖလားကို လူဆေးလ်ကွင်းကြီးထဲမှာ တစ်ကမ္ဘာလုံးရဲ့ရှေ့မှာ ကိုင်မြှောက်ခဲ့ပြီး ပီအက်စ်ဂျီကြယ်ပွင့်ဟာ လူမှုကွန်ရက်ပေါ်မျာ အောင်ပွဲခံဓာတ်ပုံအများအပြားကို မျှဝေခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီရဲ့ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ထားတဲ့ ဓာတ်ပုံဟာ လူမှုကွန်ရက်ပေါ်မှာ Liked အများဆုံးပို့စ်အဖြစ် စံချိန်တင်ထားတဲ့ ကြက်ဥရဲ့ပုံကို လျင်လျင်မြန်မြန်ပဲ ကျော်တက်သွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ လီယွန်နယ် မက်ဆီနဲ့ အာဂျင်တီးနားအသင်းဖော်တွေကိုင်မြှောက်ထားတဲ့ ကမ္ဘာ့ဖလားဟာ ပုံတူပွားထားတဲ့အတုသာဖြစ်ပြီး ဖီဖာက အာဂျင်တီးနားအသင်း စင်မြင့်ထက်မှာ ဆုဖလားကိုင်မြှောက်ပြီးနောက် သိပ်မကြာမီမှာပဲ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းအရ ကမ္ဘာ့ဖလားအစစ်ကို ပြန်လည်သိမ်းဆည်းသွားခဲ့တယ်လို့ သိရပါတယ်။

အာဂျင်တီးနားကစားသမားတွေဟာ အောင်ပွဲခံဖို့သာ အာရုံစိုက်နေတာကြောင့် ဆုဖလားက အတုဆိုတာကို သတိမပြုမိခဲ့ဘဲ ဒီမာရီယာက ကမ္ဘာ့ဖလားအတုကို ကိုင်မြှောက်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ ဒီမာရီယာဟာ အသင်းခေါင်းဆောင်အဖြစ်နဲ့ အောင်ပွဲခံမှုကို ဦးဆောင်ရမယ့် တာဝန်ရှိတဲ့ လီယွန်နယ် မက်ဆီ ဆီကို ကမ္ဘာ့ဖလားကို လွဲပြောင်းပေးခဲ့ပြီး အဲဒီကမ္ဘာ့ဖလားရုပ်တုကို မန်နူရယ်နဲ့ ပေါ်လာလို့ အမည်ရတဲ့ အာဂျင်တီးနားစုံတွဲက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားနိုင်ငံသား စုံတွဲဟာ အရှေ့အလယ်ပိုင်းမှာ နေထိုင်နေစဉ်အတွင်း အာဂျင်တီးနားလက်ရွေးစင်တစ်သင်းလုံးလက်မှတ်ထိုးထားတဲ့ ဆုဖလားကို လိုချင်ခဲ့တာဖြစ်ပြီး “စိတ်ကူးကတော့ ကစားသမားတွေက ကမ္ဘာ့ဖလားမှာလက်မှတ်ထိုးပေးနိုင်မယ်ပေါ့။ ဒါပေမယ့် အဆုံးမှာတော့ ကမ္ဘာ့ဖလားက ကွင်းထဲကို ၃ ကြိမ်လောက်ရောက်သွားခဲ့တယ်။ ပထမဆုံးတစ်ခါက ပါရေဒက်စ်ရဲ့အမျိုးက ယူသွားခဲ့တာဖြစ်ပြီး သူ(ပါရေဒက်စ်)က လက်မှတ်ထိုးခဲ့တယ်”

“အဲဒီမှာ ကျွန်တော် ကစားသမားတော်တော်များများကို ‘ခင်ဗျားတို့ ပါရေဒက်စ်ဆီမှာ ဖလားတွေ့ရင် အဲဒါက ကျွန်တော်တို့ဖလားနော်’လို့ အော်ပြောခဲ့ပြီး နောက်ဆုံးမှာ လော်တာရို မာတီနက်ဇ်က အဲဒီဖလားကို လက်မှတ်လည်း ထိုးပေးပြီး ယူလာပေးခဲ့တယ်။ ဖီဖာက ဝန်ထမ်းတွေက ရောက်လာပြီး အဲဒီဖလားက မူရင်းမဟုတ်ဘူးဆိုတာ သေချာအောင် အတည်ပြုဖို့ ပြောခဲ့တယ်”လို့ မန်နူရယ်က ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားအသင္းဟာ ၿပီးခဲ့တဲ့လက ျပင္သစ္ကို ဗိုလ္လုပြဲမွာ ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ လူေဆးလ္ကြင္းႀကီးထဲမွာ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ႏိုင္ငံတကာေဘာလုံးေလာကရဲ႕ဂုဏ္သိကၡာအႀကီးမားဆုံး ဆုဖလားကို လူေဆးလ္ကြင္းႀကီးထဲမွာ တစ္ကမာၻလုံးရဲ႕ေရွ႕မွာ ကိုင္ေျမႇာက္ခဲ့ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ လူမႈကြန္ရက္ေပၚမ်ာ ေအာင္ပြဲခံဓာတ္ပုံအမ်ားအျပားကို မွ်ေဝခဲ့တာျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီရဲ႕ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ထားတဲ့ ဓာတ္ပုံဟာ လူမႈကြန္ရက္ေပၚမွာ Liked အမ်ားဆုံးပို႔စ္အျဖစ္ စံခ်ိန္တင္ထားတဲ့ ၾကက္ဥရဲ႕ပုံကို လ်င္လ်င္ျမန္ျမန္ပဲ ေက်ာ္တက္သြားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ လီယြန္နယ္ မက္ဆီနဲ႔ အာဂ်င္တီးနားအသင္းေဖာ္ေတြကိုင္ေျမႇာက္ထားတဲ့ ကမာၻ႔ဖလားဟာ ပုံတူပြားထားတဲ့အတုသာျဖစ္ၿပီး ဖီဖာက အာဂ်င္တီးနားအသင္း စင္ျမင့္ထက္မွာ ဆုဖလားကိုင္ေျမႇာက္ၿပီးေနာက္ သိပ္မၾကာမီမွာပဲ သတ္မွတ္ထားတဲ့ လုပ္ထုံးလုပ္နည္းအရ ကမာၻ႔ဖလားအစစ္ကို ျပန္လည္သိမ္းဆည္းသြားခဲ့တယ္လို႔ သိရပါတယ္။

အာဂ်င္တီးနားကစားသမားေတြဟာ ေအာင္ပြဲခံဖို႔သာ အာ႐ုံစိုက္ေနတာေၾကာင့္ ဆုဖလားက အတုဆိုတာကို သတိမျပဳမိခဲ့ဘဲ ဒီမာရီယာက ကမာၻ႔ဖလားအတုကို ကိုင္ေျမႇာက္ခဲ့တဲ့ ပထမဆုံးကစားသမားျဖစ္ခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ ဒီမာရီယာဟာ အသင္းေခါင္းေဆာင္အျဖစ္နဲ႔ ေအာင္ပြဲခံမႈကို ဦးေဆာင္ရမယ့္ တာဝန္ရွိတဲ့ လီယြန္နယ္ မက္ဆီ ဆီကို ကမာၻ႔ဖလားကို လြဲေျပာင္းေပးခဲ့ၿပီး အဲဒီကမာၻ႔ဖလား႐ုပ္တုကို မန္ႏူရယ္နဲ႔ ေပၚလာလို႔ အမည္ရတဲ့ အာဂ်င္တီးနားစုံတြဲက ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားႏိုင္ငံသား စုံတြဲဟာ အေရွ႕အလယ္ပိုင္းမွာ ေနထိုင္ေနစဥ္အတြင္း အာဂ်င္တီးနားလက္ေ႐ြးစင္တစ္သင္းလုံးလက္မွတ္ထိုးထားတဲ့ ဆုဖလားကို လိုခ်င္ခဲ့တာျဖစ္ၿပီး “စိတ္ကူးကေတာ့ ကစားသမားေတြက ကမာၻ႔ဖလားမွာလက္မွတ္ထိုးေပးႏိုင္မယ္ေပါ့။ ဒါေပမယ့္ အဆုံးမွာေတာ့ ကမာၻ႔ဖလားက ကြင္းထဲကို ၃ ႀကိမ္ေလာက္ေရာက္သြားခဲ့တယ္။ ပထမဆုံးတစ္ခါက ပါေရဒက္စ္ရဲ႕အမ်ိဳးက ယူသြားခဲ့တာျဖစ္ၿပီး သူ(ပါေရဒက္စ္)က လက္မွတ္ထိုးခဲ့တယ္”

“အဲဒီမွာ ကြၽန္ေတာ္ ကစားသမားေတာ္ေတာ္မ်ားမ်ားကို ‘ခင္ဗ်ားတို႔ ပါေရဒက္စ္ဆီမွာ ဖလားေတြ႕ရင္ အဲဒါက ကြၽန္ေတာ္တို႔ဖလားေနာ္’လို႔ ေအာ္ေျပာခဲ့ၿပီး ေနာက္ဆုံးမွာ ေလာ္တာ႐ို မာတီနက္ဇ္က အဲဒီဖလားကို လက္မွတ္လည္း ထိုးေပးၿပီး ယူလာေပးခဲ့တယ္။ ဖီဖာက ဝန္ထမ္းေတြက ေရာက္လာၿပီး အဲဒီဖလားက မူရင္းမဟုတ္ဘူးဆိုတာ ေသခ်ာေအာင္ အတည္ျပဳဖို႔ ေျပာခဲ့တယ္”လို႔ မန္ႏူရယ္က ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.