အာဂျင်တီးနားကြယ်ပွင့် ပါပူ ဂိုးမက်ဇ်ဟာ အသင်းဖော် အီမီလီယာနို မာတီနက်ဇ်ကို တက်တူးအသစ်နဲ့ ဂုဏ်ပြုခဲ့တဲ့အကြောင်းကို အင်စတာဂရမ်မှာ မျှဝေခဲ့ပါတယ်။
ဆီဗီလာကြယ်ပွင့်ဟာ ကာတာက ကမ္ဘာ့ဖလားအောင်ပွဲကို အောင်ပွဲခံတဲ့အနေနဲ့ တက်တူးအသစ်ပုံ ၃ ပုံကို အင်စတာဂရမ်မှာ မျှဝေခဲ့တာဖြစ်ပြီး ၎င်းရဲ့နာမည်ပါဝင်တဲ့ အာဂျင်တီးနားရှပ်ပုံ၊ ကမ္ဘာ့ဖလားပုံနဲ့ မာတီနက်ဇ်ရဲ့ အံ့မခန်းကာကွယ်မှုပုံ ၃ ပုံကို တက်တူးထိုးခဲ့တာဖြစ်ပါတယ်။
အီမီလီယာနို မာတီနက်ဇ်ဟာ ပြင်သစ်အသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ အချိန်ပိုမှာ အာဂျင်တီးနားအသင်းကို ပင်နယ်တီအဆုံးအဖြတ်ထိ ဆက်သွားပြီး အနိုင်ရရှိစေမယ့် မူအာနီရဲ့ ကန်သွင်းချက်ကို အရေးကြီးတဲ့ ကာကွယ်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ ပွဲကစားချိန် ၁၂၂ မိနစ်နဲ့ ၄၃ စက္ကန့်မှာ ပြင်သစ် တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီဟာ အာဂျင်တီးနားအသင်းရဲ့ ပင်နယ်တီထိပ်မှာ မာတီနက်ဇ်နဲ့ တစ်ဦးချင်း ကန်သွင်းခွင့် ရရှိခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုးသာ ဝင်သွားခဲ့ရင် ပြင်သစ်အသင်းက ကမ္ဘာ့ဖလားကို ၂ ကြိမ်ဆက် ဗိုလ်စွဲနိုင်ခဲ့မှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဂျင်တီးနားဂိုးသမားဟာ ကြောက်မက်ဖွယ်ကောင်းလောက်တဲ့ လက်စွမ်းနဲ့ ကာကွယ်နိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ထိ ဆက်သွားခဲ့ရပြီး မာတီနက်ဇ်ဟာ ပြင်သစ်ကစားသမားတွေကို ပင်နယ်တီမှာ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်နိုင်ခဲ့တာကြောင့် အာဂျင်တီးနားက ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
ပါပူ ဂိုးမက်ဇ်ဟာ ကမ္ဘာ့ဖလားအပြီးမှာ ဒဏ်ရာကြောင့် ဆီဗီလာအသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိသေးသူဖြစ်ပေမယ့်လည်း မာတီနက်ဇ်ကတော့ အက်စတန် ဗီလာနဲ့ ဝုလ်ဗ်စ်တို့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
အက်စတန် ဗီလာဂိုးသမား အီမီလီယာနို မာတီနက်ဇ်ဟာ ဝုလ်ဗ်စ်နဲ့ပွဲစဉ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အာဂျင်တီးနားအတွက် ပြသခဲ့တဲ့ လက်စွမ်းအတိုင်း အရေးကြီးတဲ့ ကာကွယ်မှုတွေ ထပ်မံ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ပိုဒန့်စ်ရဲ့ ဘယ်ခြေနဲ့ အမှတ်မထင် ကန်သွင်းယူမှုကိုတော့ မကာကွယ်နိုင်ခဲ့ဘဲ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
အာဂ်င္တီးနားၾကယ္ပြင့္ ပါပူ ဂိုးမက္ဇ္ဟာ အသင္းေဖာ္ အီမီလီယာႏို မာတီနက္ဇ္ကို တက္တူးအသစ္နဲ႔ ဂုဏ္ျပဳခဲ့တဲ့အေၾကာင္းကို အင္စတာဂရမ္မွာ မွ်ေဝခဲ့ပါတယ္။
ဆီဗီလာၾကယ္ပြင့္ဟာ ကာတာက ကမာၻ႔ဖလားေအာင္ပြဲကို ေအာင္ပြဲခံတဲ့အေနနဲ႔ တက္တူးအသစ္ပုံ ၃ ပုံကို အင္စတာဂရမ္မွာ မွ်ေဝခဲ့တာျဖစ္ၿပီး ၎ရဲ႕နာမည္ပါဝင္တဲ့ အာဂ်င္တီးနားရွပ္ပုံ၊ ကမာၻ႔ဖလားပုံနဲ႔ မာတီနက္ဇ္ရဲ႕ အံ့မခန္းကာကြယ္မႈပုံ ၃ ပုံကို တက္တူးထိုးခဲ့တာျဖစ္ပါတယ္။
အီမီလီယာႏို မာတီနက္ဇ္ဟာ ျပင္သစ္အသင္းနဲ႔ ကစားခဲ့တဲ့ ကမာၻ႔ဖလားဗိုလ္လုပြဲ အခ်ိန္ပိုမွာ အာဂ်င္တီးနားအသင္းကို ပင္နယ္တီအဆုံးအျဖတ္ထိ ဆက္သြားၿပီး အႏိုင္ရရွိေစမယ့္ မူအာနီရဲ႕ ကန္သြင္းခ်က္ကို အေရးႀကီးတဲ့ ကာကြယ္မႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
ကမာၻ႔ဖလားဗိုလ္လုပြဲရဲ႕ ပြဲကစားခ်ိန္ ၁၂၂ မိနစ္နဲ႔ ၄၃ စကၠန႔္မွာ ျပင္သစ္ တိုက္စစ္မႉး ရန္ဒဲလ္ ကိုလို မူအာနီဟာ အာဂ်င္တီးနားအသင္းရဲ႕ ပင္နယ္တီထိပ္မွာ မာတီနက္ဇ္နဲ႔ တစ္ဦးခ်င္း ကန္သြင္းခြင့္ ရရွိခဲ့တာျဖစ္ၿပီး အဲဒီသြင္းဂိုးသာ ဝင္သြားခဲ့ရင္ ျပင္သစ္အသင္းက ကမာၻ႔ဖလားကို ၂ ႀကိမ္ဆက္ ဗိုလ္စြဲႏိုင္ခဲ့မွာျဖစ္ပါတယ္။
ဒါေပမယ့္လည္း အာဂ်င္တီးနားဂိုးသမားဟာ ေၾကာက္မက္ဖြယ္ေကာင္းေလာက္တဲ့ လက္စြမ္းနဲ႔ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ထိ ဆက္သြားခဲ့ရၿပီး မာတီနက္ဇ္ဟာ ျပင္သစ္ကစားသမားေတြကို ပင္နယ္တီမွာ စိတ္ဓာတ္စစ္ဆင္ေရး ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ အာဂ်င္တီးနားက ၄-၂ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။
ပါပူ ဂိုးမက္ဇ္ဟာ ကမာၻ႔ဖလားအၿပီးမွာ ဒဏ္ရာေၾကာင့္ ဆီဗီလာအသင္းအတြက္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိေသးသူျဖစ္ေပမယ့္လည္း မာတီနက္ဇ္ကေတာ့ အက္စတန္ ဗီလာနဲ႔ ဝုလ္ဗ္စ္တို႔ ၁-၁ သေရက်ခဲ့တဲ့ပြဲစဥ္မွာ ျပန္လည္ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။
အက္စတန္ ဗီလာဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ဟာ ဝုလ္ဗ္စ္နဲ႔ပြဲစဥ္မွာ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက အာဂ်င္တီးနားအတြက္ ျပသခဲ့တဲ့ လက္စြမ္းအတိုင္း အေရးႀကီးတဲ့ ကာကြယ္မႈေတြ ထပ္မံ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ပိုဒန႔္စ္ရဲ႕ ဘယ္ေျခနဲ႔ အမွတ္မထင္ ကန္သြင္းယူမႈကိုေတာ့ မကာကြယ္ႏိုင္ခဲ့ဘဲ ခြင့္ျပဳခဲ့ရတာ ျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.