International Other Leagues Premier League Transfer News

အယ်လ်နာဆာကို ပြောင်းရွှေ့ပြီး ပိုက်ဆံနဲ့ မျက်ရည်သုတ်နိုင်ခဲ့ပြီဖြစ်တဲ့ ရော်နယ်လ်ဒို

ပြီးခဲ့တဲ့ သောကြာနေ့ညမှာတော့ အသင်းလက်မဲ့ ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ကမ္ဘာ့ဖလား ကစားနေစဉ်ကတည်းက သတင်းတွေ ထွက်နေခဲ့တဲ့ ဆော်ဒီအာရေးဘီးယားကလပ် အယ်လ်နာဆာနဲ့ တရားဝင် ပေါင်းထုပ်သွားခဲ့ပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်မှာ ကျခဲ့ရတဲ့ မျက်ရည်တွေကို ပိုက်ဆံနဲ့ တိတ်အောင် သုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ်မှာ သေသေချာချာ လိုချင်တဲ့ ဥရောပအသင်းကြီးမျိုး မရှိတော့ဘဲ သင့်တော်မယ့် အသင်းကို ထိပ်တန်းလိဂ်ပြိုင်ပွဲတွေမှာ ရှာမရတော့လို့ အေးဂျင့် ဂျော်ဂျီ မန်ဒက်စ်နဲ့ပါ ခွာပြဲခဲ့တဲ့ ရော်နယ်လ်ဒိုအနေနဲ့ ငွေဖြစ်မြန်တဲ့ အရှေ့အလယ်ပိုင်းဒေသကို ပြောင်းရွှေ့ခဲ့ရာမှာ လုပ်ခငွေအဖြစ် တစ်နှစ်ကို ပေါင် ၁၇၅ သန်း ရရှိသွားမှာပါ။

ဒါဟာ သူ့အတွက်တော့ ဥရောပမှာ ဘယ်လိုမှ ရှာဖွေလို့ မရနိုင်တဲ့ တစ်ပတ်လုပ်ခ ၃,၃၆၅,၃၈၄ ပေါင်ကို ဆော်ဒီမှာ ရယူနိုင်တော့မှာဖြစ်ပြီး ကစားသမားဘဝ နေဝင်ချိန်မှာ ဂုဏ်သိက္ခာကြီးမြင့်မှုကို ဆက်လက်ရှာဖွေဖို့ မဖြစ်နိုင်တော့တဲ့အတွက် တစ်ချိန်တုန်းက တရုတ်စူပါလိဂ်ကို ပြောင်းခဲ့ကြတဲ့ ကစားသမားတွေလိုပဲ ငွေကြေးကိုပဲ ရွေးချယ်သွားရတော့မှာလည်း ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဘက်တော့ ရော်နယ်လ်ဒိုနဲ့ နှစ်နှစ်စာချုပ်ကို လက်မှတ်ထိုးခဲ့ပြီလို့ အသင်းအင်္ကျီနဲ့အတူ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီး သူတို့ရဲ့ တရားဝင် တွစ်တာအကောင့်ကနေ “ကမ္ဘာ့အကောင်းဆုံး အားကစားသမားဟာ အယ်လ်နာဆာနဲ့ တရားဝင် လက်မှတ်ထိုးခဲ့ပြီ”လို့ တင်ရှိသွားခဲ့တာပါ။

နိုင်ငံတကာအဆင့်မှာ ၁၉၆ ပွဲ ကစားပြီး ၁၁၈ ဂိုး သွင်းယူထားခဲ့တဲ့ စံချိန်ရှင် ပေါ်တူဂီ GOAT ရဲ့ ဆော်ဒီကလပ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ကို ပရိသတ်တွေနဲ့ ဘောလုံးကျွမ်းကျင်သူတွေထဲမှာတော့ အမျိုးမျိုး ဝေဖန်မှုတွေ ရှိနေကြပေမယ့် လောလောဆယ်မှာ သူနဲ့ သင့်တော်တဲ့ ချန်ပီယံလိဂ်ဝင် အသင်းကြီးမျိုးကို ရှာဖွေလို့ မရနိုင်ချိန်မှာ မျက်စိစုံမှိတ်လိုက်တာပဲလို့လည်း ဆိုနေကြပါတယ်။

ရော်နယ်လ်ဒိုရဲ့ နှစ်နှစ်စာ ပေါင်သန်း ၃၅၀ ရရှိသွားမယ့် အယ်လ်နာဆာနဲ့ သဘောတူညီချက်မှာ ကလပ်အသင်းတစ်သင်းနဲ့ ကိစ္စမျိုးတင် မဟုတ်ဘဲ ဆော်ဒီနိုင်ငံရဲ့ ဂရိနိုင်ငံနဲ့ ပူးတွဲကမ်းလှမ်းသွးမယ့် ၂၀၃၀ ကမ္ဘာ့ဖလား ကျင်းပခွင့်ကို ရယူဖို့အတွက်လည်း သံတမန်အဖြစ် ကူညီပေးသွားရဖို့ ပါဝင်နေပြီး အိမ်ရှင်မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်းရဲ့ ရည်မှန်းချက်ကို အကောင်အထည် ဖော်သွားပေးရမှာလည်းဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီကို ပီအက်စ်ဂျီဆီ ခေါ်ယူပြီး ကမ္ဘာ့ဖလားကျင်းပခွင့်နဲ့အတူ ကာတာနိုင်ငံရဲ့ ပုံရိပ်ကို မြှင့်တင်ခဲ့တဲ့ လမ်းကို ဆော်ဒီနိုင်ငံကလည်း ရော်နယ်လ်ဒိုနဲ့အတူ တစ်ထပ်တည်း လျှောက်လှမ်းဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး သူတို့ပိုင်ဆိုင်တဲ့ နယူးကာဆယ်လ်နဲ့တော့ ပရီးမီးယားလိဂ်မှာ ဇာတ်ညွှန်းမရေးနိုင်ခဲ့ချိန်မှာ ဘဏ္ဏာရေး ကန့်သတ်ချက်ဆိုလို့ မြူမှုန်တောင် မရှိခဲ့တဲ့ အယ်လ်နာဆာနဲ့ ဇာတ်ကားရိုက်ခဲ့ကြတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းကို ပီးယားစ် မော်ဂန်နဲ့ အင်တာဗျူး အထုပ်ဖြေပြပြီး အမုန်းနဲ့ လမ်းခွဲခဲ့တဲ့ ရော်နယ်လ်ဒိုအနေနဲ့ အယ်လ်နာဆာအသင်းရဲ့ ကမ်းလှမ်းမှုအပြင် နောက်ထပ် အမည်မဖော်ပြတဲ့ ဆော်ဒီကလပ်တစ်ခုရဲ့ တစ်နှစ်လုပ်ခ ပေါင်သန်း ၃၁၀ နဲ့ ကမ်းလှမ်းမှုကိုလည်း ရရှိခဲ့တယ်လို့ သိရပြီး အဲ့ဒီ ကလပ်ကိုတော့ ပယ်ချခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ စိတ်ဒုံးဒုံးချပြီး ဆော်ဒီမှာ ဘော်မချက်ခင်မှာတော့ ဥရောပရဲ့ ချန်ပီယံလိဂ် ကလပ်အသင်းကြီးတွေဖြစ်ကြတဲ့ ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကို မက်ဒရစ်နဲ့ နာပိုလီတို့ကို ပြောင်းရွှေ့ဖို့ နွေရာသီကနေ ဆောင်းရာသီအထိ ချိတ်ဆက်နေခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ လက်ရှိမှာတော့ အိုးလ်ထရက်ဖို့ဒ်က လုပ်ခထက် ၇ ဆနီးပါး မြင့်မားတဲ့ လစာငွေကို ရရှိသွားတော့မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ေသာၾကာေန႔ညမွာေတာ့ အသင္းလက္မဲ့ ကစားသမား ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ ကမာၻ႔ဖလား ကစားေနစဥ္ကတည္းက သတင္းေတြ ထြက္ေနခဲ့တဲ့ ေဆာ္ဒီအာေရးဘီးယားကလပ္ အယ္လ္နာဆာနဲ႔ တရားဝင္ ေပါင္းထုပ္သြားခဲ့ၿပီျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္မွာ က်ခဲ့ရတဲ့ မ်က္ရည္ေတြကို ပိုက္ဆံနဲ႔ တိတ္ေအာင္ သုတ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္မွာ ေသေသခ်ာခ်ာ လိုခ်င္တဲ့ ဥေရာပအသင္းႀကီးမ်ိဳး မရွိေတာ့ဘဲ သင့္ေတာ္မယ့္ အသင္းကို ထိပ္တန္းလိဂ္ၿပိဳင္ပြဲေတြမွာ ရွာမရေတာ့လို႔ ေအးဂ်င့္ ေဂ်ာ္ဂ်ီ မန္ဒက္စ္နဲ႔ပါ ခြာၿပဲခဲ့တဲ့ ေရာ္နယ္လ္ဒိုအေနနဲ႔ ေငြျဖစ္ျမန္တဲ့ အေရွ႕အလယ္ပိုင္းေဒသကို ေျပာင္းေ႐ႊ႕ခဲ့ရာမွာ လုပ္ခေငြအျဖစ္ တစ္ႏွစ္ကို ေပါင္ ၁၇၅ သန္း ရရွိသြားမွာပါ။

ဒါဟာ သူ႔အတြက္ေတာ့ ဥေရာပမွာ ဘယ္လိုမွ ရွာေဖြလို႔ မရႏိုင္တဲ့ တစ္ပတ္လုပ္ခ ၃,၃၆၅,၃၈၄ ေပါင္ကို ေဆာ္ဒီမွာ ရယူႏိုင္ေတာ့မွာျဖစ္ၿပီး ကစားသမားဘဝ ေနဝင္ခ်ိန္မွာ ဂုဏ္သိကၡာႀကီးျမင့္မႈကို ဆက္လက္ရွာေဖြဖို႔ မျဖစ္ႏိုင္ေတာ့တဲ့အတြက္ တစ္ခ်ိန္တုန္းက တ႐ုတ္စူပါလိဂ္ကို ေျပာင္းခဲ့ၾကတဲ့ ကစားသမားေတြလိုပဲ ေငြေၾကးကိုပဲ ေ႐ြးခ်ယ္သြားရေတာ့မွာလည္း ျဖစ္ပါတယ္။

အယ္လ္နာဆာအသင္းဘက္ေတာ့ ေရာ္နယ္လ္ဒိုနဲ႔ ႏွစ္ႏွစ္စာခ်ဳပ္ကို လက္မွတ္ထိုးခဲ့ၿပီလို႔ အသင္းအက်ႌနဲ႔အတူ တရားဝင္ ထုတ္ျပန္ေၾကညာခဲ့ၿပီး သူတို႔ရဲ႕ တရားဝင္ တြစ္တာအေကာင့္ကေန “ကမာၻ႔အေကာင္းဆုံး အားကစားသမားဟာ အယ္လ္နာဆာနဲ႔ တရားဝင္ လက္မွတ္ထိုးခဲ့ၿပီ”လို႔ တင္ရွိသြားခဲ့တာပါ။

ႏိုင္ငံတကာအဆင့္မွာ ၁၉၆ ပြဲ ကစားၿပီး ၁၁၈ ဂိုး သြင္းယူထားခဲ့တဲ့ စံခ်ိန္ရွင္ ေပၚတူဂီ GOAT ရဲ႕ ေဆာ္ဒီကလပ္ကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခ်က္ကို ပရိသတ္ေတြနဲ႔ ေဘာလုံးကြၽမ္းက်င္သူေတြထဲမွာေတာ့ အမ်ိဳးမ်ိဳး ေဝဖန္မႈေတြ ရွိေနၾကေပမယ့္ ေလာေလာဆယ္မွာ သူနဲ႔ သင့္ေတာ္တဲ့ ခ်န္ပီယံလိဂ္ဝင္ အသင္းႀကီးမ်ိဳးကို ရွာေဖြလို႔ မရႏိုင္ခ်ိန္မွာ မ်က္စိစုံမွိတ္လိုက္တာပဲလို႔လည္း ဆိုေနၾကပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ ႏွစ္ႏွစ္စာ ေပါင္သန္း ၃၅၀ ရရွိသြားမယ့္ အယ္လ္နာဆာနဲ႔ သေဘာတူညီခ်က္မွာ ကလပ္အသင္းတစ္သင္းနဲ႔ ကိစၥမ်ိဳးတင္ မဟုတ္ဘဲ ေဆာ္ဒီႏိုင္ငံရဲ႕ ဂရိႏိုင္ငံနဲ႔ ပူးတြဲကမ္းလွမ္းသြးမယ့္ ၂၀၃၀ ကမာၻ႔ဖလား က်င္းပခြင့္ကို ရယူဖို႔အတြက္လည္း သံတမန္အျဖစ္ ကူညီေပးသြားရဖို႔ ပါဝင္ေနၿပီး အိမ္ရွင္မင္းသား မိုဟာမက္ ဘင္ဆယ္လ္မန္းရဲ႕ ရည္မွန္းခ်က္ကို အေကာင္အထည္ ေဖာ္သြားေပးရမွာလည္းျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီကို ပီအက္စ္ဂ်ီဆီ ေခၚယူၿပီး ကမာၻ႔ဖလားက်င္းပခြင့္နဲ႔အတူ ကာတာႏိုင္ငံရဲ႕ ပုံရိပ္ကို ျမႇင့္တင္ခဲ့တဲ့ လမ္းကို ေဆာ္ဒီႏိုင္ငံကလည္း ေရာ္နယ္လ္ဒိုနဲ႔အတူ တစ္ထပ္တည္း ေလွ်ာက္လွမ္းဖို႔ လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး သူတို႔ပိုင္ဆိုင္တဲ့ နယူးကာဆယ္လ္နဲ႔ေတာ့ ပရီးမီးယားလိဂ္မွာ ဇာတ္ၫႊန္းမေရးႏိုင္ခဲ့ခ်ိန္မွာ ဘဏၰာေရး ကန႔္သတ္ခ်က္ဆိုလို႔ ျမဴမႈန္ေတာင္ မရွိခဲ့တဲ့ အယ္လ္နာဆာနဲ႔ ဇာတ္ကား႐ိုက္ခဲ့ၾကတာပါ။

မန္ခ်က္စတာယူႏိုက္တက္အသင္းကို ပီးယားစ္ ေမာ္ဂန္နဲ႔ အင္တာဗ်ဴး အထုပ္ေျဖျပၿပီး အမုန္းနဲ႔ လမ္းခြဲခဲ့တဲ့ ေရာ္နယ္လ္ဒိုအေနနဲ႔ အယ္လ္နာဆာအသင္းရဲ႕ ကမ္းလွမ္းမႈအျပင္ ေနာက္ထပ္ အမည္မေဖာ္ျပတဲ့ ေဆာ္ဒီကလပ္တစ္ခုရဲ႕ တစ္ႏွစ္လုပ္ခ ေပါင္သန္း ၃၁၀ နဲ႔ ကမ္းလွမ္းမႈကိုလည္း ရရွိခဲ့တယ္လို႔ သိရၿပီး အဲ့ဒီ ကလပ္ကိုေတာ့ ပယ္ခ်ခဲ့တာလည္းျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုအေနနဲ႔ စိတ္ဒုံးဒုံးခ်ၿပီး ေဆာ္ဒီမွာ ေဘာ္မခ်က္ခင္မွာေတာ့ ဥေရာပရဲ႕ ခ်န္ပီယံလိဂ္ ကလပ္အသင္းႀကီးေတြျဖစ္ၾကတဲ့ ဘိုင္ယန္ျမဴးနစ္၊ အက္သလက္တီကို မက္ဒရစ္နဲ႔ နာပိုလီတို႔ကို ေျပာင္းေ႐ႊ႕ဖို႔ ေႏြရာသီကေန ေဆာင္းရာသီအထိ ခ်ိတ္ဆက္ေနခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ လက္ရွိမွာေတာ့ အိုးလ္ထရက္ဖို႔ဒ္က လုပ္ခထက္ ၇ ဆနီးပါး ျမင့္မားတဲ့ လစာေငြကို ရရွိသြားေတာ့မွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.