Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၁၉.၉.၂၀၂၀

– ေနာက္ခံလူ အဲလက္စ္ တဲလက္စ္အတြက္ တစ္ပတ္လုပ္ခ ေပါင္ ၈၈၀၀၀၊ ငါးႏွစ္စာခ်ဳပ္နဲ႔ ပုဂၢဳိလ္ေရး သေဘာတူညီမွဳ ရယူႏုိင္ခဲ့ၿပီး ေပၚတိုနဲ႔ ေျပာင္းေရႊ႕ေၾကးအတြက္ ယူႏုိက္တက္ ဆက္လက္ညႇိႏွဳိင္းေန၊ အသင္းရဲ႕ ေတာင္ပံမွာ ဖန္တီးမွဳေတြ ပုိမိုလာဖြယ္ရွိ။

– အဲလက္စ္ တဲလက္စ္နဲ႔ ပုဂၢဳိလ္ေရး သေဘာတူညီမွဳ ရရွိခဲ့ေပမယ့္လည္း ပရိသတ္ေတြရဲ႕ အျမင္မွာေတာ့ အက္ဒ္ ဝုဒ္ဝဒ္ရဲ႕ ယုံၾကည္ရမွဳနဲ႔ ေလးစားခံရမွဳကေတာ့ ေတာ္ေတာ္ေလးက်ဆင္းေနၿပီျဖစ္ၿပီး ရက္ဂီလြန္၊ ဟားလန္း၊ ေဘးလ္၊ ဂါဘရီယယ္လ္၊ သီယာဂိုတုိ႔ေတြကိုလည္း ဒီလိုမ်ဳိး သေဘာတူညီခဲ့တာ မေမ့နဲ႔လို႔ ပရိသတ္ေတြခ်င္း သတိေပးေနၾက။

– ၿပီးခဲ့တဲ့လ အေျပာင္းအေရႊ႕ေတြ စတင္ခ်ိန္က ေပါင္သန္း ၅၀ ေခၚထားခဲ့တဲ့ ဝတ္ဖို႔ဒ္ေတာင္ပံကစားသမား အစၥမုိင္လာ ဆားရ္အတြက္ လက္ရွိမွာ ေပါင္သန္း ၃၀ နဲ႔ ရရွိႏုိင္မွာျဖစ္ၿပီး မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ခ်ိတ္ဆက္စုံစမ္းခဲ့ေၾကာင္း အင္ဒီပန္းဒန္႔ အတည္ျပဳ။

– ယူႏုိက္တက္နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားကေတာ့ လက္ရွိခံစစ္ပုိင္းမွာ ကစားသမားသစ္ မေခၚယူႏုိင္ခ်ိန္မွာ အဲရစ္ ဘုိင္လီကိုလည္း ေမ့မထားဖို႔နဲ႔ သူဟာ ကစားသမားေကာင္းတစ္ေယာက္ျဖစ္တယ္လို႔ ထရိန္နင္မွာ ေျခစြမ္းျပခဲ့အၿပီးမွာ ေျပာၾကား။

– မန္ခ်က္စတာယူႏုိက္တက္ရဲ႕ စိတ္ဝင္စားမွဳေတြကို အဆုံးသတ္ခဲ့ၿပီး အက္စတန္ဗီလာအသင္းနဲ႔ ငါးႏွစ္စာခ်ဳပ္ သက္တမ္းတုိးခဲ့ျခင္းအတြက္ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ပရီးမီးယားလိဂ္ရဲ႕ ပြဲအမ်ားဆုံး ကစားထားခဲ့သူ ကစားသမားေဟာင္း ဂယ္ရက္သ္ ဘယ္ရီ ခ်ီးက်ဴး။

– ဂ်ဴဗင္တပ္စ္အသင္းနည္းျပ အန္ဒရီယာ ပီယာလိုရဲ႕ အစီအစဥ္ေတြထဲမွာ မပါဝင္ေတာ့ဘဲ ကလပ္အသင္းဘက္က လစာေငြ မေပးေခ်ခ်င္ေတာ့တဲ့ ဝါရင့္ကြင္းလယ္လူ ဆာမီ ခီဒီရာကို မန္ခ်က္စတာယူႏိုက္တက္ဘက္က အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ရရွိဖို႔ ႀကဳိးစားသြားဖြယ္ရွိ။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ အေျပာင္းအေရႊ႕ေဈးကြက္ထဲမွာ လိုခ်င္တဲ့ ကစားသမားေတြကို ရရွိဖို႔ ႀကဳိးႀကဳိးစားစား လုပ္ေဆာင္ေနတယ္လုိ႔ နည္းျပ ဆုိးလ္ရွား ေျပာၾကားခဲ့ၿပီး ကစားသမားသစ္ေတြ ေခၚယူႏုိင္ဖို႔ ယုံၾကည္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– နောက်ခံလူ အဲလက်စ် တဲလက်စ်အတွက် တစ်ပတ်လုပ်ခ ပေါင် ၈၈၀၀၀၊ ငါးနှစ်စာချုပ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ပေါ်တိုနဲ့ ပြောင်းရွှေ့ကြေးအတွက် ယူနိုက်တက် ဆက်လက်ညှိနှိုင်းနေ၊ အသင်းရဲ့ တောင်ပံမှာ ဖန်တီးမှုတွေ ပိုမိုလာဖွယ်ရှိ။

– အဲလက်စ် တဲလက်စ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း ပရိသတ်တွေရဲ့ အမြင်မှာတော့ အက်ဒ် ဝုဒ်ဝဒ်ရဲ့ ယုံကြည်ရမှုနဲ့ လေးစားခံရမှုကတော့ တော်တော်လေးကျဆင်းနေပြီဖြစ်ပြီး ရက်ဂီလွန်၊ ဟားလန်း၊ ဘေးလ်၊ ဂါဘရီယယ်လ်၊ သီယာဂိုတို့တွေကိုလည်း ဒီလိုမျိုး သဘောတူညီခဲ့တာ မမေ့နဲ့လို့ ပရိသတ်တွေချင်း သတိပေးနေကြ။

– ပြီးခဲ့တဲ့လ အပြောင်းအရွှေ့တွေ စတင်ချိန်က ပေါင်သန်း ၅၀ ခေါ်ထားခဲ့တဲ့ ဝတ်ဖို့ဒ်တောင်ပံကစားသမား အစ္စမိုင်လာ ဆားရ်အတွက် လက်ရှိမှာ ပေါင်သန်း ၃၀ နဲ့ ရရှိနိုင်မှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အနေနဲ့ ချိတ်ဆက်စုံစမ်းခဲ့ကြောင်း အင်ဒီပန်းဒန့် အတည်ပြု။

– ယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကတော့ လက်ရှိခံစစ်ပိုင်းမှာ ကစားသမားသစ် မခေါ်ယူနိုင်ချိန်မှာ အဲရစ် ဘိုင်လီကိုလည်း မေ့မထားဖို့နဲ့ သူဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်တယ်လို့ ထရိန်နင်မှာ ခြေစွမ်းပြခဲ့အပြီးမှာ ပြောကြား။

– မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုတွေကို အဆုံးသတ်ခဲ့ပြီး အက်စတန်ဗီလာအသင်းနဲ့ ငါးနှစ်စာချုပ် သက်တမ်းတိုးခဲ့ခြင်းအတွက် ဂျက်ခ် ဂရီးလစ်ရှ်ကို ပရီးမီးယားလိဂ်ရဲ့ ပွဲအများဆုံး ကစားထားခဲ့သူ ကစားသမားဟောင်း ဂယ်ရက်သ် ဘယ်ရီ ချီးကျူး။

– ဂျူဗင်တပ်စ်အသင်းနည်းပြ အန်ဒရီယာ ပီယာလိုရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်တော့ဘဲ ကလပ်အသင်းဘက်က လစာငွေ မပေးချေချင်တော့တဲ့ ဝါရင့်ကွင်းလယ်လူ ဆာမီ ခီဒီရာကို မန်ချက်စတာယူနိုက်တက်ဘက်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိဖို့ ကြိုးစားသွားဖွယ်ရှိ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ လိုချင်တဲ့ ကစားသမားတွေကို ရရှိဖို့ ကြိုးကြိုးစားစား လုပ်ဆောင်နေတယ်လို့ နည်းပြ ဆိုးလ်ရှား ပြောကြားခဲ့ပြီး ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ ယုံကြည်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.