Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၁၉.၉.၂၀၂၀

– လီဗာပူးလ္အသင္းအေနနဲ႔ ဝုလ္ဗ္စ္ေတာင္ပံတုိက္စစ္မွဴး ဒီယိုဂို ဂ်ဳိတာကို ေပါင္ ၄၁ သန္းတန္ သေဘာတူညီမွဳမွာ ေပါင္ ၄ သန္း ကနဦး ေပးေခ်ၿပီး ေခၚယူသြားဖို႔ ရွိေနသလို အသင္းရဲ႕ ဒီေႏြရာသီ တတိယေျမာက္ကစားသမား ေခၚယူမွဳျဖစ္လာဖို႔ရွိေန။

– ဝုလ္ဗ္စ္ဘက္က အလိုရွိေနတဲ့ အသက္ ၁၈ ႏွစ္အရြယ္ လူငယ္ေနာက္ခံလူ ကီယာနာ ဟူးဗားကိုေတာ့ ေပါင္ ၁၃.၅ သန္းနဲ႔ ေရာင္းခ်ေပးဖို႔ ရွိေနၿပီး ေပါင္ ၉ သန္းကို စစခ်င္း ေပးေခ်ၿပီး ဆုေၾကးခံစားခြင့္ ေပါင္ ၄.၅ သန္း ထည့္သြင္းထား။

– သူ႕ရဲ႕ မိတ္ေဆြ သီယာဂို အယ္လ္ကန္တာရာဟာ မာေဆးဆုိက္မွာ အျပာေရာင္အစား အနီေရာင္ကိုအသင္းမွား ေရြးမိတယ္ထင္တယ္လို႔ အဲဗာတန္နည္းျပ ကာလို အန္ဆယ္ေလာ့တီက ေနာက္ေျပာင္လုိက္ၿပီး လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ကေတာ့ ေပ်ာ္ရႊင္ေနမွာပဲလို႔ဆို။

– လီဗာပူးလ္အသင္းအေနနဲ႔ ဂ်ဳိတာကို ေခၚယူၿပီးရင္ အသင္းရဲ႕ ဘဏၰာေရးအေျခအေနကို ထိန္းညႇိႏိုင္ဖို႔ ကစားသမား ၆ ဦးကို ေရာင္းခ်သြားမွာျဖစ္ၿပီး ဒီထဲက တစ္ဦးျဖစ္တဲ့ လူငယ္တုိက္စစ္မွဴး ဘ႐ူးစတားအတြက္ေတာ့ အငွားလား အေရာင္းလား မေသခ်ာေသး။

– သီယာဂို အယ္လ္ကန္တာရာအေနနဲ႔ လီဗာပူးလ္အသင္းကို ေျပာင္းေရႊ႕ဖို႔ တရားဝင္ မေၾကျငာႏုိင္ခင္ကတည္းက သူ႕ရဲ႕ အသင္းေဖာ္ လီဗာပူးလ္ကစားသမားေဟာင္း ေကာ္တင္ညဳိနဲ႔ တုိင္ပင္ခဲ့ၿပီး အသင္းေျပာင္းေတာ့မယ္လုိ႔ ဆုိခဲ့တာျဖစ္ေၾကာင္း သိရ။

– နည္းျပ ယာဂန္ ကေလာ့ပ္ကေတာ့ အသင္းရဲ႕ အားကစားဒါ႐ိုက္တာ မုိက္ကယ္ အက္ဒဝပ္လုပ္ေဆာင္ေနတဲ့ ၂၄ နာရီအတြင္း မထင္မွတ္တဲ့ အေျပာင္းအေရႊ႕ႀကဳိးစားမွဳေတြထဲမွာ ေရွာ္လ္ကာဗဟိုေနာက္ခံလူ အိုဇန္ ကာဘက္ကိုပါ ေပါင္းထည့္ေစဖို႔ ဆႏၵရွိေန။

– ဂ်ဳိတာကို ေခၚယူဖို႔ သေဘာတူညီခဲ့ၿပီျဖစ္တဲ့အတြက္ လီဗာပူးလ္အေနနဲ႔ ဝတ္ဖို႔ဒ္ေတာင္ပံကစားသမား အစၥမုိင္လာ ဆားရ္ကိုေတာ့ အၿပဳိင္ႀကဳိးစားေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ဆီကို လက္လႊတ္ေပးသြားဖို႔ ရွိေန။

– သီယာဂိုကို အသင္းေဖာ္သစ္ ဗုိင္နယ္လ္ဒြမ္က တြစ္တာမွာ ဝဲလ္ကမ္းလုိ႔ ႀကဳိဆုိသြားခဲ့ၿပီး ဂ႐ုစိုက္ေပးပါလို႔ ေျပာခဲ့တဲ့ ဘုိင္ယန္ျမဴးနစ္ကိုေတာ့ လီဗာပူးလ္ဘက္က ဂ႐ုစိုက္ေပးမွာ အေသအခ်ာပါပဲလို႔ ႏွစ္သင္းစလုံးရဲ႕ ကစားသမားေဟာင္း ဇာဘီ အလြန္ဆုိ ေရးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်အသင်းအနေနဲ့ ဝုလ်ဗ်စ်တောင်ပံတိုက်စစ်မှူး ဒီယိုဂို ဂျိုတာကို ပေါင် ၄၁ သန်းတန် သဘောတူညီမှုမှာ ပေါင် ၄ သန်း ကနဦး ပေးချေပြီး ခေါ်ယူသွားဖို့ ရှိနေသလို အသင်းရဲ့ ဒီနွေရာသီ တတိယမြောက်ကစားသမား ခေါ်ယူမှုဖြစ်လာဖို့ရှိနေ။

– ဝုလ်ဗ်စ်ဘက်က အလိုရှိနေတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်နောက်ခံလူ ကီယာနာ ဟူးဗားကိုတော့ ပေါင် ၁၃.၅ သန်းနဲ့ ရောင်းချပေးဖို့ ရှိနေပြီး ပေါင် ၉ သန်းကို စစချင်း ပေးချေပြီး ဆုကြေးခံစားခွင့် ပေါင် ၄.၅ သန်း ထည့်သွင်းထား။

– သူ့ရဲ့ မိတ်ဆွေ သီယာဂို အယ်လ်ကန်တာရာဟာ မာဆေးဆိုက်မှာ အပြာရောင်အစား အနီရောင်ကိုအသင်းမှား ရွေးမိတယ်ထင်တယ်လို့ အဲဗာတန်နည်းပြ ကာလို အန်ဆယ်လော့တီက နောက်ပြောင်လိုက်ပြီး လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ကတော့ ပျော်ရွှင်နေမှာပဲလို့ဆို။

– လီဗာပူးလ်အသင်းအနေနဲ့ ဂျိုတာကို ခေါ်ယူပြီးရင် အသင်းရဲ့ ဘဏ္ဏာရေးအခြေအနေကို ထိန်းညှိနိုင်ဖို့ ကစားသမား ၆ ဦးကို ရောင်းချသွားမှာဖြစ်ပြီး ဒီထဲက တစ်ဦးဖြစ်တဲ့ လူငယ်တိုက်စစ်မှူး ဘရူးစတားအတွက်တော့ အငှားလား အရောင်းလား မသေချာသေး။

– သီယာဂို အယ်လ်ကန်တာရာအနေနဲ့ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ တရားဝင် မကြေငြာနိုင်ခင်ကတည်းက သူ့ရဲ့ အသင်းဖော် လီဗာပူးလ်ကစားသမားဟောင်း ကော်တင်ညိုနဲ့ တိုင်ပင်ခဲ့ပြီး အသင်းပြောင်းတော့မယ်လို့ ဆိုခဲ့တာဖြစ်ကြောင်း သိရ။

– နည်းပြ ယာဂန် ကလော့ပ်ကတော့ အသင်းရဲ့ အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒဝပ်လုပ်ဆောင်နေတဲ့ ၂၄ နာရီအတွင်း မထင်မှတ်တဲ့ အပြောင်းအရွှေ့ကြိုးစားမှုတွေထဲမှာ ရှော်လ်ကာဗဟိုနောက်ခံလူ အိုဇန် ကာဘက်ကိုပါ ပေါင်းထည့်စေဖို့ ဆန္ဒရှိနေ။

– ဂျိုတာကို ခေါ်ယူဖို့ သဘောတူညီခဲ့ပြီဖြစ်တဲ့အတွက် လီဗာပူးလ်အနေနဲ့ ဝတ်ဖို့ဒ်တောင်ပံကစားသမား အစ္စမိုင်လာ ဆားရ်ကိုတော့ အပြိုင်ကြိုးစားနေတဲ့ မန်ချက်စတာယူနိုက်တက်ဆီကို လက်လွှတ်ပေးသွားဖို့ ရှိနေ။

– သီယာဂိုကို အသင်းဖော်သစ် ဗိုင်နယ်လ်ဒွမ်က တွစ်တာမှာ ဝဲလ်ကမ်းလို့ ကြိုဆိုသွားခဲ့ပြီး ဂရုစိုက်ပေးပါလို့ ပြောခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကိုတော့ လီဗာပူးလ်ဘက်က ဂရုစိုက်ပေးမှာ အသေအချာပါပဲလို့ နှစ်သင်းစလုံးရဲ့ ကစားသမားဟောင်း ဇာဘီ အလွန်ဆို ရေးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.