Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၁၉.၉.၂၀၂၀

– အက္သလက္တီကို မက္ဒရစ္နည္းျပ ဒီေယဂို ဆီမီယြန္နီရဲ႕ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို ဆက္သြယ္စုံစမ္းမွဳ ထြက္ေပၚလာခဲ့ အၿပီးမွာ အာဆင္နယ္ပရိသတ္ေတြကေတာ့ ဒီအတြက္ စိတ္လွဳပ္ရွားေနၿပီး ေသာမတ္စ္ ပါေတးအတြက္ ေငြေၾကးအလိုက္ေပးၿပီး အလဲအထပ္သေဘာတူညီမွဳရဖို႔ ေတာင္းဆုိေနၾက။

– ေအာဝါအတြက္ ဘာျဖစ္လို႔ အာဆင္နယ္အသင္းရဲ႕ ကမ္းလွမ္းမွဳ ေရာက္မလာေသးတာလဲလို႔ ေမးျမန္းမွဳကို လီယြန္အသင္းဥကၠဌ ယြန္း-မီခ်ယ္ အိုလာက သူ႕ကို တကယ္တမ္း စိတ္မဝင္စားလို႔ျဖစ္ႏုိင္သလို ဒီအတြက္ ေငြမသုံးႏုိင္လုိ႔လည္း ျဖစ္ႏုိင္တယ္လို႔ ေျဖၾကား။

– အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူ ကိုလာစီနက္ခ်္ကို ဝက္စ္ဟမ္းအသင္းနည္းျပ ေဒးဗစ္ မြဳိက္စ္က အမွန္တကယ္ အလိုရွိေနတာျဖစ္ၿပီး သူ႕ရဲ႕ ကစားပုံေကာင္းျခင္းမရွိတဲ့ ခံစစ္ဘယ္ျခမ္းအတြက္ ဗဟိုနဲ႔ ေတာင္ပံေတြမွာ အသုံးျပဳႏိုင္ဖို႔ ရည္ရြယ္။

– အဲလက္စ္ ႐ူနာဆန္အေနနဲ႔ ဒီေန႔မွာ အာဆင္နယ္ရဲ႕ လန္ဒန္ ေကာ္လ္နီ ထရိန္နင္စင္တာကို ေရာက္ရွိလာခဲ့ၿပီျဖစ္ၿပီး လိုအပ္တဲ့ အၿပီးသတ္ကိစၥေတြအားလုံး ေဆာင္ရြက္ၿပီးသြားရင္ ကစားသမားသစ္အျဖစ္ မနက္ျဖန္ေလာက္မွာ တရားဝင္ေၾကျငာႏိုင္ဖို႔ရွိေန။

– အာဆင္နယ္အသင္းကေန ေရာင္းထုတ္ဖို႔ သတင္းထြက္ေနတဲ့ စာရင္းထဲက တစ္ဦးျဖစ္ၿပီး ခံစစ္နဲ႔ အဖ်က္ပုိင္းမွာ ေနရာစုံ ကစားႏုိင္တဲ့ ကယ္လမ္ ခ်ိမ္းဘားစ္ကို တစ္ရာသီအေကာင္းဆုံးဆုေပးခဲ့တဲ့ ဖူလ္ဟမ္၊ ဝက္စ္ဟမ္း၊ နယူးကာဆယ္လ္နဲ႔ လိဒ္စ္ယူႏိုက္တက္တို႔က ေခၚယူဖို႔ စိတ္ဝင္စားေန။

– အာဆင္နယ္အသင္းမွာ ေခၚယူမွဳအသစ္ ဝီလီယန္နဲ႔ နီကိုလာ ေပေပလို ကစားသမားေကာင္းေတြ ရွိေနေပမယ့္လည္း ပင္နယ္တီကို တာဝန္ယူကန္သြင္းရမယ့္သူကေတာ့ အသင္းေခါင္းေဆာင္ အူဘာမီယန္းပဲလို႔ နည္းျပ မီခယ္လ္ အာတီတာ ေၾကျငာသြားခဲ့။

– အာဆင္နယ္ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို ရရွိဖို႔ အီတလီအသင္းေတြျဖစ္ၾကတဲ့ ေအစီမီလန္၊ ႐ိုးမားနဲ႔ တုိရီႏိုတုိ႔က အၿပဳိင္အဆုိင္ ႀကဳိးစားေနၾကၿပီး တုိရီႏိုက အေျခအေနေကာင္းေနခ်ိန္မွာ အက္သလက္တီကို မက္ဒရစ္ရဲ႕ ၾကားဝင္မွဳကို ႀကဳံေတြ႕ရႏိုင္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အက်သလက်တီကို မက်ဒရစ်နည်းပြ ဒီယေဂို ဆီမီယွန်နီရဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို ဆက်သွယ်စုံစမ်းမှု ထွက်ပေါ်လာခဲ့ အပြီးမှာ အာဆင်နယ်ပရိသတ်တွေကတော့ ဒီအတွက် စိတ်လှုပ်ရှားနေပြီး သောမတ်စ် ပါတေးအတွက် ငွေကြေးအလိုက်ပေးပြီး အလဲအထပ်သဘောတူညီမှုရဖို့ တောင်းဆိုနေကြ။

– အောဝါအတွက် ဘာဖြစ်လို့ အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှု ရောက်မလာသေးတာလဲလို့ မေးမြန်းမှုကို လီယွန်အသင်းဥက္ကဌ ယွန်း-မီချယ် အိုလာက သူ့ကို တကယ်တမ်း စိတ်မဝင်စားလို့ဖြစ်နိုင်သလို ဒီအတွက် ငွေမသုံးနိုင်လို့လည်း ဖြစ်နိုင်တယ်လို့ ဖြေကြား။

– အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ကိုလာစီနက်ချ်ကို ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ် မွိုက်စ်က အမှန်တကယ် အလိုရှိနေတာဖြစ်ပြီး သူ့ရဲ့ ကစားပုံကောင်းခြင်းမရှိတဲ့ ခံစစ်ဘယ်ခြမ်းအတွက် ဗဟိုနဲ့ တောင်ပံတွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်။

– အဲလက်စ် ရူနာဆန်အနေနဲ့ ဒီနေ့မှာ အာဆင်နယ်ရဲ့ လန်ဒန် ကော်လ်နီ ထရိန်နင်စင်တာကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး လိုအပ်တဲ့ အပြီးသတ်ကိစ္စတွေအားလုံး ဆောင်ရွက်ပြီးသွားရင် ကစားသမားသစ်အဖြစ် မနက်ဖြန်လောက်မှာ တရားဝင်ကြေငြာနိုင်ဖို့ရှိနေ။

– အာဆင်နယ်အသင်းကနေ ရောင်းထုတ်ဖို့ သတင်းထွက်နေတဲ့ စာရင်းထဲက တစ်ဦးဖြစ်ပြီး ခံစစ်နဲ့ အဖျက်ပိုင်းမှာ နေရာစုံ ကစားနိုင်တဲ့ ကယ်လမ် ချိမ်းဘားစ်ကို တစ်ရာသီအကောင်းဆုံးဆုပေးခဲ့တဲ့ ဖူလ်ဟမ်၊ ဝက်စ်ဟမ်း၊ နယူးကာဆယ်လ်နဲ့ လိဒ်စ်ယူနိုက်တက်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေ။

– အာဆင်နယ်အသင်းမှာ ခေါ်ယူမှုအသစ် ဝီလီယန်နဲ့ နီကိုလာ ပေပေလို ကစားသမားကောင်းတွေ ရှိနေပေမယ့်လည်း ပင်နယ်တီကို တာဝန်ယူကန်သွင်းရမယ့်သူကတော့ အသင်းခေါင်းဆောင် အူဘာမီယန်းပဲလို့ နည်းပြ မီခယ်လ် အာတီတာ ကြေငြာသွားခဲ့။

– အာဆင်နယ်ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို ရရှိဖို့ အီတလီအသင်းတွေဖြစ်ကြတဲ့ အေစီမီလန်၊ ရိုးမားနဲ့ တိုရီနိုတို့က အပြိုင်အဆိုင် ကြိုးစားနေကြပြီး တိုရီနိုက အခြေအနေကောင်းနေချိန်မှာ အက်သလက်တီကို မက်ဒရစ်ရဲ့ ကြားဝင်မှုကို ကြုံတွေ့ရနိုင်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.