Ligue1 Premier League

အမ်ဘာပေကို မကြုံစဖူး ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရမယ့် မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခီလီယန် အမ်ဘာပေကို ခေါ်ယူဖို့ဆိုရင် တသက်တာ အကြီးမားဆုံး ပြောင်းရွှေ့ကြေးကုန်ကျလိမ့်မယ်လို့ ပြောကြားခြင်းခံခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နောက်ထပ်အပြောင်းအရွှေ့အတွက် ဂရုတစိုက် စဉ်းစားနေတာဖြစ်ပြီး နည်းပြတက်ဟက်ဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၂၀၀ ကျော်သုံးစွဲပြီး ကစားသမားသစ် ၆ ဦးအထိ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီကစားသမားတွေထဲက ၃ ဦးဖြစ်တဲ့ ကာစီမီရို၊ ခရစ်ရှန် အဲရစ်ဆင်နဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ဟာ အသင်းသစ်မှာ ပုံမှန်ပွဲထွက်ခွင့်ရကစားသမားတွေအဖြစ် လျင်လျင်မြန်မြန်ပဲ အသားကျသွားခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့ကာလ ဖွင့်လှစ်တော့မှာဖြစ်တာကြောင့် တန်ဟက်နဲ့ ထိပ်ပိုင်းတာဝန်ရှိသူတွေဟာ နောက်ထပ် အပြောင်းအရွှေ့ လုပ်ဆောင်ဖို့ စဉ်းစားနေတာဖြစ်ပြီး အသင်းနဲ့လမ်းခွဲခဲ့တဲ့ ရော်နယ်လ်ဒိုကြောင့် တိုက်စစ်မှူးသစ် ခေါ်ယူဖို့က ပိုများနေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ သတင်းတွေအခိုင်အမာထွက်ပေါ်နေခဲ့တဲ့သူကတော့ ကိုဒီ ဂက်ခ်ပိုဖြစ်ပြီး ပီအက်စ်ဗွီကြယ်ပွင့်ကို လီဗာပူးလ်က ကြားဖြတ် လက်ဦးမှု ရယူသွားနိုင်ခဲ့တာကြောင့် မျှော်လင့်ချက်မရှိတော့တာဖြစ်ပါတယ်။

ဒါကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ရေတိုစီမံကိန်းအနေနဲ့ ယခုရာသီကုန်အထိ အငှားနဲ့ ခေါ်ယူမှုပြုလုပ်ဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ချဲလ်ဆီးကြယ်ပွင့်ဟောင်း မိုရာတာကို ချဉ်းကပ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ လာမယ့်နွေရာသီမှာတော့ မန်ချက်စတာယူနိုက်တက်ဟာ ကြီးမားတဲ့ ငွေကြေးပမာဏ သုံးစွဲသွားဖို့ အဆင်သင့်ဖြစ်နေပြီး ဒူဆန် ဗလာဟိုဗစ်ချ်၊ ဂွန်ဆာလို ရာမို့စ်တို့အပြင် ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး အမ်ဘာပေကိုပါ ပစ်မှတ်စာရင်းထဲထည့်ထားတယ်လို့ သိရပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့သူဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ဂုဏ်သတင်း အခိုင်အမာရရှိထားသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမ်ဘာပေကို ခေါ်ယူဖို့က မန်ချက်စတာယူနိုက်တက်အတွက် တော်တော်လေးကို ခက်ခဲမှာ သိသာနေပြီး ပီအက်စ်ဂျီကြယ်ပွင့်ကို ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်တို့ ၂ သင်းစလုံးက မကြာသေးမီက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ဖူးပေမယ့်လည်း မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေကို ခေါ်ယူဖို့ ငွေကြေးပိုင်းအရ တတ်နိုင်တဲ့တစ်သင်းတည်းသော အသင်းဖြစ်နိုင်ပြီး ၎င်းရဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၆ သိန်းနဲ့တင် လီဗာပူးလ်အသင်းက လက်ရှောင်သွားပုံပေါ်ပါတယ်။ အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဂျာနယ်လစ်တစ်ဦးက အမ်ဘာပေရဲ့ ပြောင်းရွှေ့ကြေးက ဘယ်လောက်ရှိနိုင်လဲဆိုတာကို ဂျုဒ် ဘယ်လင်ဟမ်ကို တိုင်းတာမှုတစ်ခုအဖြစ် အသုံးပြုပြီး တွက်ချက်ပြခဲ့ပြီး ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေးချေရဖို့များတယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဟာ နေမာအတွက် ပီအက်စ်ဂျီအသင်း ပေးချေခဲ့တဲ့ ယူရို ၂၂၂ သန်းဖြစ်ပေမယ့်လည်း ဒင်း ဂျုံးစ်က အမ်ဘာပေအတွက် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပေါင်သန်း ၂၀၀ နဲ့ အထက် ပေးချေရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ “ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့တစ်စုံတယောက်က ပေါင်သန်း ၂၀၀ တန်ဘောလုံးသမားပုံစံမျိုးပေါက်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သံသယဖြစ်စရာမရှိပါဘူး။ အခုအချိန်မှာ ဂျုဒ် ဘယ်လင်ဟမ်က ပေါင်သန်း ၁၃၀ တန်ဘောလုံးသမားဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ခင်ဗျားကြားမှာပါ။ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ အမ်ဘာပေလို တိုက်စစ်ကစားသမားကို ခင်ဗျား နှစ်သက်တယ်ဆိုရင် အဲဒါကို အမှတ်တစ်ခုအနေနဲ့ အသုံးပြုရပါမယ်။ အဲဒီတော့ အဲဒီတန်ကြေးကနေ ပေါင်သန်း ၂၀၀ အထက်အထိ ရှိပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ခီလီယန္ အမ္ဘာေပကို ေခၚယူဖို႔ဆိုရင္ တသက္တာ အႀကီးမားဆုံး ေျပာင္းေ႐ႊ႕ေၾကးကုန္က်လိမ့္မယ္လို႔ ေျပာၾကားျခင္းခံခဲ့ရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ေနာက္ထပ္အေျပာင္းအေ႐ႊ႕အတြက္ ဂ႐ုတစိုက္ စဥ္းစားေနတာျဖစ္ၿပီး နည္းျပတက္ဟက္ဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေပါင္သန္း ၂၀၀ ေက်ာ္သုံးစြဲၿပီး ကစားသမားသစ္ ၆ ဦးအထိ ေခၚယူခဲ့တာျဖစ္ပါတယ္။ အဲဒီကစားသမားေတြထဲက ၃ ဦးျဖစ္တဲ့ ကာစီမီ႐ို၊ ခရစ္ရွန္ အဲရစ္ဆင္နဲ႔ လီဆန္ဒ႐ို မာတီနက္ဇ္တို႔ဟာ အသင္းသစ္မွာ ပုံမွန္ပြဲထြက္ခြင့္ရကစားသမားေတြအျဖစ္ လ်င္လ်င္ျမန္ျမန္ပဲ အသားက်သြားခဲ့တာျဖစ္ပါတယ္။

ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလ ဖြင့္လွစ္ေတာ့မွာျဖစ္တာေၾကာင့္ တန္ဟက္နဲ႔ ထိပ္ပိုင္းတာဝန္ရွိသူေတြဟာ ေနာက္ထပ္ အေျပာင္းအေ႐ႊ႕ လုပ္ေဆာင္ဖို႔ စဥ္းစားေနတာျဖစ္ၿပီး အသင္းနဲ႔လမ္းခြဲခဲ့တဲ့ ေရာ္နယ္လ္ဒိုေၾကာင့္ တိုက္စစ္မႉးသစ္ ေခၚယူဖို႔က ပိုမ်ားေနတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္နဲ႔ သတင္းေတြအခိုင္အမာထြက္ေပၚေနခဲ့တဲ့သူကေတာ့ ကိုဒီ ဂက္ခ္ပိုျဖစ္ၿပီး ပီအက္စ္ဗြီၾကယ္ပြင့္ကို လီဗာပူးလ္က ၾကားျဖတ္ လက္ဦးမႈ ရယူသြားႏိုင္ခဲ့တာေၾကာင့္ ေမွ်ာ္လင့္ခ်က္မရွိေတာ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဟာ ေရတိုစီမံကိန္းအေနနဲ႔ ယခုရာသီကုန္အထိ အငွားနဲ႔ ေခၚယူမႈျပဳလုပ္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း မိုရာတာကို ခ်ဥ္းကပ္ဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။ လာမယ့္ေႏြရာသီမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ဟာ ႀကီးမားတဲ့ ေငြေၾကးပမာဏ သုံးစြဲသြားဖို႔ အဆင္သင့္ျဖစ္ေနၿပီး ဒူဆန္ ဗလာဟိုဗစ္ခ်္၊ ဂြန္ဆာလို ရာမို႔စ္တို႔အျပင္ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး အမ္ဘာေပကိုပါ ပစ္မွတ္စာရင္းထဲထည့္ထားတယ္လို႔ သိရပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့သူျဖစ္ၿပီး ကမာၻ႔ထိပ္တန္းတိုက္စစ္မႉးေတြထဲက တစ္ဦးအျဖစ္ ဂုဏ္သတင္း အခိုင္အမာရရွိထားသူျဖစ္ပါတယ္။ ဒါေပမယ့္လည္း အမ္ဘာေပကို ေခၚယူဖို႔က မန္ခ်က္စတာယူႏိုက္တက္အတြက္ ေတာ္ေတာ္ေလးကို ခက္ခဲမွာ သိသာေနၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ကို ရီးရဲလ္မက္ဒရစ္နဲ႔ လီဗာပူးလ္တို႔ ၂ သင္းစလုံးက မၾကာေသးမီက ေခၚယူဖို႔ ပစ္မွတ္ထားခဲ့ဖူးေပမယ့္လည္း မေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အမ္ဘာေပကို ေခၚယူဖို႔ ေငြေၾကးပိုင္းအရ တတ္ႏိုင္တဲ့တစ္သင္းတည္းေသာ အသင္းျဖစ္ႏိုင္ၿပီး ၎ရဲ႕ တစ္ပတ္လုပ္ခလစာ ေပါင္ ၆ သိန္းနဲ႔တင္ လီဗာပူးလ္အသင္းက လက္ေရွာင္သြားပုံေပၚပါတယ္။ အေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူ ဂ်ာနယ္လစ္တစ္ဦးက အမ္ဘာေပရဲ႕ ေျပာင္းေ႐ႊ႕ေၾကးက ဘယ္ေလာက္ရွိႏိုင္လဲဆိုတာကို ဂ်ဳဒ္ ဘယ္လင္ဟမ္ကို တိုင္းတာမႈတစ္ခုအျဖစ္ အသုံးျပဳၿပီး တြက္ခ်က္ျပခဲ့ၿပီး ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပးေခ်ရဖို႔မ်ားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လက္ရွိကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးဟာ ေနမာအတြက္ ပီအက္စ္ဂ်ီအသင္း ေပးေခ်ခဲ့တဲ့ ယူ႐ို ၂၂၂ သန္းျဖစ္ေပမယ့္လည္း ဒင္း ဂ်ဳံးစ္က အမ္ဘာေပအတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေပါင္သန္း ၂၀၀ နဲ႔ အထက္ ေပးေခ်ရလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့တစ္စုံတေယာက္က ေပါင္သန္း ၂၀၀ တန္ေဘာလုံးသမားပုံစံမ်ိဳးေပါက္ပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး သံသယျဖစ္စရာမရွိပါဘူး။ အခုအခ်ိန္မွာ ဂ်ဳဒ္ ဘယ္လင္ဟမ္က ေပါင္သန္း ၁၃၀ တန္ေဘာလုံးသမားျဖစ္ေကာင္းျဖစ္ႏိုင္တယ္ဆိုတဲ့ ေျပာဆိုမႈေတြကို ခင္ဗ်ားၾကားမွာပါ။ ပြဲအေျဖကို ေျပာင္းလဲေပးႏိုင္တဲ့ အမ္ဘာေပလို တိုက္စစ္ကစားသမားကို ခင္ဗ်ား ႏွစ္သက္တယ္ဆိုရင္ အဲဒါကို အမွတ္တစ္ခုအေနနဲ႔ အသုံးျပဳရပါမယ္။ အဲဒီေတာ့ အဲဒီတန္ေၾကးကေန ေပါင္သန္း ၂၀၀ အထက္အထိ ရွိပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.