ပေါလ် မာဆန်က အာဆင်နယ်အသင်းဟာ ဘရိုက်တန်ကို ၄-၂ နဲ့ အနိုင်ယူပြီး လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ ၇ မှတ်အထိ ဖြတ်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ အသင်းကြီး ၄ သင်းကို ထုတ်ပယ်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ဘရိုက်တန်အတွက် အလွန်အားကောင်းလွန်းတဲ့အသင်းဆိုတာကို သက်သေပြသနိုင်ခဲ့ပြီး မန်ချက်စတာစီးတီးအသင်းဟာ အိမ်ကွင်းမှာ အဲဗာတန်နဲ့ သရေကျပြီး ရမှတ်လျော့ကျခဲ့ပြီးနောက် အာတီတာရဲ့အသင်းဟာ ဆုဖလားပြိုင်ပွဲမှာ သိသိသာသာ ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဂန်းနားတွေဟာ အေးမက်စ်ကွင်းမှာ ၆၅ စက္ကန့်မှာပဲ ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပြီး ဘရိုက်တန်က ဒုတိယပိုင်းမှာ ချေပဂိုးတွေ ပြန်လည်သွင်းယူခဲ့ပေမယ့်လည်း ယခုရာသီ ၁၄ ပွဲမြောက်နိုင်ပွဲကို ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ရာသီပထမပိုင်းမှာ အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့တာဖြစ်ပေမယ့်လည်း ကမ္ဘာ့ဖလားနားရက်နဲ့ ဂျေးဇု ဒဏ်ရာရရှိသွားမှုကြောင့် အရှိန်လျော့ကျသွားမှာစိုးရိမ်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ဟာ လက်ရှိအချိန်အထိ အဲဒီ စိုးရိမ်မှုတွေကို ငြင်းပယ်ထားနိုင်ခဲ့ပြီး ဘောက်ဆင်ဒေးမှာ လန်ဒန်ပြိုင်ဘက် ဝက်စ်ဟမ်းကို နောက်ကနေ လိုက်ကစားပြီး အနိုင်ယူနိုင်ခဲ့ပြီးနောက် အမြင့်ပျံနေတဲ့ စင်ရော်တွေကို ၂၀၂၂ ခုနှစ်ရဲ့ နောက်ဆုံးပွဲစဉ်မှာ အပြတ်အသတ် အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပေါလ် မာဆန်က အာတီတာရဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားကို အမှန်တကယ် စိန်ခေါ်နေတဲ့အသင်းဖြစ်တယ်လို့ ယုံကြည်နေပြီး ၎င်းရဲ့အသင်းဟောင်းရဲ့ ခြေစွမ်းဟာ အသင်းကြီး ၄ သင်းကို ဆုဖလားပြိုင်ပွဲကနေ ငြင်းပယ်ခဲ့ပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ လက်ရှိမှာတော့ အဆင့် ၄ နေရာက မန်ချက်စတာစီးတီးနဲ့ ၁၁ မှတ်အထိ သာလွန်နေပြီး စပါးစ်၊ လီဗာပူးလ်၊ ချဲလ်ဆီးတို့လို အသင်းတွေကို ပိုလို့တောင် ရမှတ်တွေ ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
“ဆုဖလားပြိုင်ပွဲက သူတို့လက်ထဲမှာပါ။ အခု ပရီးမီးယားလိဂ်ဖလားကို အနိုင်မရနိုင်တဲ့ အသင်းကြီးတွေ ရှိနေပါတယ်။ ခင်ဗျား ချဲလ်ဆီး၊ လီဗာပူးလ်၊ စပါးစ်နဲ့ မန်ယူနိုက်တက်တို့ကို ကြည့်လိုက်ပါ။ ကျွန်တော့်အတွက်တော့ တခြားအသင်းတွေက တစ်သင်းက ပရီးမီးယားလိဂ်သမိုင်းမှာ အထူးခြားဆုံးနိုင်ပွဲဆက်စံချိန် လုပ်ပြနိုင်တာမျိုးမရှိဘူးဆိုရင်တော့ အာဆင်နယ်နဲ့ မန်စီးတီးပဲ ဖလားရသွားမယ်လို့ ထင်ပါတယ်။ အခုအချိန်မှာ အာဆင်နယ်ကို ရပ်တန့်နိုင်တဲ့သူ ဘယ်သူမှ မမြင်ပါဘူး။ သူတို့တွေ အရမ်းကောင်းကောင်း ကစားနေပြီး ဒါက တိုက်ဆိုင်မှုမဟုတ်ပါဘူး”
“သူတို့တွေ အိုးထရက်ဖို့ဒ်ကို သွားခဲ့ပြီး အလဲထိုးခံခဲ့ရတယ်။ ကျွန်တော်ကတော့ သူတို့ အဲဒီလိုဖြစ်ဖို့ မထိုက်တန်ခဲ့ဘူးလို့ ထင်ပါတယ်။ ရှုံးပွဲတွေနဲ့ ကြုံနိုင်တဲ့ အနေအထားတွေရှိခဲ့ပြီး သူတို့တွေ ပြန်လာနိုင်ခဲ့ပါတယ်။ သူတို့တွေ ဝက်စ်ဟမ်းကို ၁-၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီး သူတို့တွေ ပြန်လာနိုင်ခဲ့ပြီး အဆုံးသတ်ပေးနိုင်ခဲ့တယ်။ သူတို့တွေက ဆုဖလားပြိုင်ပွဲထဲမှာ ရှိနေပါတယ်။ မေးခွန်းထုတ်စရာမလိုပါဘူး။ ဒါက တိုက်ဆိုင်မှုမဟုတ်ဘူး။ သူတို့တွေက သူတို့တွေ ရှိရမယ့်နေရာမှာ ရှိနေတာပါ။ ဘာလို့လဲဆိုတော့ သူတို့က အရမ်းကောင်းတဲ့အသင်းမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ေပါလ္ မာဆန္က အာဆင္နယ္အသင္းဟာ ဘ႐ိုက္တန္ကို ၄-၂ နဲ႔ အႏိုင္ယူၿပီး လက္ရွိ ခ်န္ပီယံ မန္ခ်က္စတာစီးတီးနဲ႔ ၇ မွတ္အထိ ျဖတ္ႏိုင္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲမွာ အသင္းႀကီး ၄ သင္းကို ထုတ္ပယ္ခဲ့ပါတယ္။
အာဆင္နယ္ဟာ ဘ႐ိုက္တန္အတြက္ အလြန္အားေကာင္းလြန္းတဲ့အသင္းဆိုတာကို သက္ေသျပသႏိုင္ခဲ့ၿပီး မန္ခ်က္စတာစီးတီးအသင္းဟာ အိမ္ကြင္းမွာ အဲဗာတန္နဲ႔ သေရက်ၿပီး ရမွတ္ေလ်ာ့က်ခဲ့ၿပီးေနာက္ အာတီတာရဲ႕အသင္းဟာ ဆုဖလားၿပိဳင္ပြဲမွာ သိသိသာသာ ဦးေဆာင္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
ဂန္းနားေတြဟာ ေအးမက္စ္ကြင္းမွာ ၆၅ စကၠန႔္မွာပဲ ဦးေဆာင္ဂိုး ရရွိသြားခဲ့တာျဖစ္ၿပီး ဘ႐ိုက္တန္က ဒုတိယပိုင္းမွာ ေခ်ပဂိုးေတြ ျပန္လည္သြင္းယူခဲ့ေပမယ့္လည္း ယခုရာသီ ၁၄ ပြဲေျမာက္ႏိုင္ပြဲကို ရယူသြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။
အာဆင္နယ္ဟာ ရာသီပထမပိုင္းမွာ အေကာင္းဆုံးပုံစံနဲ႔ စတင္ႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း ကမာၻ႔ဖလားနားရက္နဲ႔ ေဂ်းဇု ဒဏ္ရာရရွိသြားမႈေၾကာင့္ အရွိန္ေလ်ာ့က်သြားမွာစိုးရိမ္မႈေတြ ရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာဆင္နယ္ဟာ လက္ရွိအခ်ိန္အထိ အဲဒီ စိုးရိမ္မႈေတြကို ျငင္းပယ္ထားႏိုင္ခဲ့ၿပီး ေဘာက္ဆင္ေဒးမွာ လန္ဒန္ၿပိဳင္ဘက္ ဝက္စ္ဟမ္းကို ေနာက္ကေန လိုက္ကစားၿပီး အႏိုင္ယူႏိုင္ခဲ့ၿပီးေနာက္ အျမင့္ပ်ံေနတဲ့ စင္ေရာ္ေတြကို ၂၀၂၂ ခုႏွစ္ရဲ႕ ေနာက္ဆုံးပြဲစဥ္မွာ အျပတ္အသတ္ အႏိုင္ယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ေပါလ္ မာဆန္က အာတီတာရဲ႕ အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ဖလားကို အမွန္တကယ္ စိန္ေခၚေနတဲ့အသင္းျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး ၎ရဲ႕အသင္းေဟာင္းရဲ႕ ေျခစြမ္းဟာ အသင္းႀကီး ၄ သင္းကို ဆုဖလားၿပိဳင္ပြဲကေန ျငင္းပယ္ခဲ့ၿပီးျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အာဆင္နယ္ဟာ လက္ရွိမွာေတာ့ အဆင့္ ၄ ေနရာက မန္ခ်က္စတာစီးတီးနဲ႔ ၁၁ မွတ္အထိ သာလြန္ေနၿပီး စပါးစ္၊ လီဗာပူးလ္၊ ခ်ဲလ္ဆီးတို႔လို အသင္းေတြကို ပိုလို႔ေတာင္ ရမွတ္ေတြ ျဖတ္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။
“ဆုဖလားၿပိဳင္ပြဲက သူတို႔လက္ထဲမွာပါ။ အခု ပရီးမီးယားလိဂ္ဖလားကို အႏိုင္မရႏိုင္တဲ့ အသင္းႀကီးေတြ ရွိေနပါတယ္။ ခင္ဗ်ား ခ်ဲလ္ဆီး၊ လီဗာပူးလ္၊ စပါးစ္နဲ႔ မန္ယူႏိုက္တက္တို႔ကို ၾကည့္လိုက္ပါ။ ကြၽန္ေတာ့္အတြက္ေတာ့ တျခားအသင္းေတြက တစ္သင္းက ပရီးမီးယားလိဂ္သမိုင္းမွာ အထူးျခားဆုံးႏိုင္ပြဲဆက္စံခ်ိန္ လုပ္ျပႏိုင္တာမ်ိဳးမရွိဘူးဆိုရင္ေတာ့ အာဆင္နယ္နဲ႔ မန္စီးတီးပဲ ဖလားရသြားမယ္လို႔ ထင္ပါတယ္။ အခုအခ်ိန္မွာ အာဆင္နယ္ကို ရပ္တန႔္ႏိုင္တဲ့သူ ဘယ္သူမွ မျမင္ပါဘူး။ သူတို႔ေတြ အရမ္းေကာင္းေကာင္း ကစားေနၿပီး ဒါက တိုက္ဆိုင္မႈမဟုတ္ပါဘူး”
“သူတို႔ေတြ အိုးထရက္ဖို႔ဒ္ကို သြားခဲ့ၿပီး အလဲထိုးခံခဲ့ရတယ္။ ကြၽန္ေတာ္ကေတာ့ သူတို႔ အဲဒီလိုျဖစ္ဖို႔ မထိုက္တန္ခဲ့ဘူးလို႔ ထင္ပါတယ္။ ရႈံးပြဲေတြနဲ႔ ႀကဳံႏိုင္တဲ့ အေနအထားေတြရွိခဲ့ၿပီး သူတို႔ေတြ ျပန္လာႏိုင္ခဲ့ပါတယ္။ သူတို႔ေတြ ဝက္စ္ဟမ္းကို ၁-၀ နဲ႔ ရႈံးနိမ့္ေနခဲ့ၿပီး သူတို႔ေတြ ျပန္လာႏိုင္ခဲ့ၿပီး အဆုံးသတ္ေပးႏိုင္ခဲ့တယ္။ သူတို႔ေတြက ဆုဖလားၿပိဳင္ပြဲထဲမွာ ရွိေနပါတယ္။ ေမးခြန္းထုတ္စရာမလိုပါဘူး။ ဒါက တိုက္ဆိုင္မႈမဟုတ္ဘူး။ သူတို႔ေတြက သူတို႔ေတြ ရွိရမယ့္ေနရာမွာ ရွိေနတာပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔က အရမ္းေကာင္းတဲ့အသင္းမို႔လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.