တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အကယ်ဒမီထွက် မားကပ်စ် အက်ဒွပ်ကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟာ ယခုနှစ်အစောပိုင်း ဇန်နဝါရီလမှာ စပို့တင်း လစ္စဘွန်းကို ပြောင်းရွှေ့ပြီးကတည်းက အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသနေခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၃၉ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၂ ကြိမ်ပြုလုပ်နိုင်ခဲ့သူ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အက်ဒွပ်ဟာ တော့တင်ဟမ်ဟော့စပါးလူငယ်အကယ်ဒမီကနေ အဆင့်ဆင့် တိုးတက်လာခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ဗစ်တိုးရီးယား ဂီမာရေးစ်ကို ယူရို ၁.၂၅ သန်းနဲ့ မပြောင်းရွှေ့ခင် စီနီယာပွဲစဉ် ၁ ပွဲသာ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ စပို့တင်း လစ္စဘွန်းကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီကတည်းက အထင်ကြီးဖွယ် ခြေစွမ်းပြသနေခဲ့တာကြောင့် တော့တင်ဟမ်ဟော့စပါးအသင်းက ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။
ကွန်တီရဲ့အသင်းဟာ တိုက်စစ်မှာ ဟာရီ ကိန်း ဆွန်ဟောင်မင်၊ ကူလူဆက်ဗ်စကီးတို့လို အလွန်ကောင်းမွန်တဲ့ တိုက်စစ်ကစားသမားတွေရှိပေမယ့်လည်း အရန်သင့်အသုံးပြုဖို့ ထားထားတဲ့ ကစားသမားတွေက အကျိုးသက်ရောက်မှု မပြသနိုင်ခဲ့တာဖြစ်ပါတယ်။
စပါးစ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အဲဗာတန်အသင်းကနေ ရစ်ချာလီဆန်ကို ခေါ်ယူခဲ့ပေမယ့်လည်း ဘရာဇီးလ်ကြယ်ပွင့်ဟာ ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး ဘရိုင်ယန် ဂီးလ်၊ လူးကပ်စ် မော်ရာတို့ကလည်း အထင်ကြီးဖွယ်ခြေစွမ်းမပြသနိုင်တာကြောင့် ယခုလမှာ အသင်းကို စွန့်ခွာဖွယ်တောင်ရှိနေတာဖြစ်ပါတယ်။
အဲဒါကြောင့် စပါးစ်အသင်းဟာ အက်ဒွပ်ကို ခေါ်ယူဖို့အတွက် စပို့တင်းလစ္စဘွန်းကို ဆက်သွယ်ခဲ့တာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းဟာ အင်္ဂလန်တိုက်စစ်မှူးရဲ့ အနာဂတ်ရောင်းချရမှုကနေ ၅၀ ရာခိုင်နှုန်းရရှိမယ့် အချက်ကိုလည်း ထည့်သွင်း ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် တော့တင်ဟမ်ဟော့စပါးအသင်းဟာ အက်ဒွပ်ကို တစ်ဝက်ဈေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပေမယ့်လည်း စပို့တင်းလစ္စဘွန်းဟာ ယခုရာသီပြိုင်ပွဲစုံ ၂၄ ပွဲမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်ထားတဲ့ ကြယ်ပွင့်ကစားသမားကို ဇန်နဝါရီလမှာ ရောင်းထုတ်ချင်အောင် စည်းရုံးဖို့တော့ ခက်ခဲမှာ ဖြစ်ပါတယ်။
မားကပ်စ် အက်ဒွပ်ဟာ စပို့တင်း လစ္စဘွန်းအသင်းက ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ချိန်မှာ အသင်းဟောင်းကို အထင်ကြီးသွားစေမယ့် ခြေစွမ်းမျိုး ပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အကယ္ဒမီထြက္ မားကပ္စ္ အက္ဒြပ္ကို ျပန္လည္ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ အဂၤလန္တိုက္စစ္မႉးဟာ ယခုႏွစ္အေစာပိုင္း ဇန္နဝါရီလမွာ စပို႔တင္း လစၥဘြန္းကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းျပသေနခဲ့တာျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၃၉ ပြဲမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၂ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။
အသက္ ၂၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အက္ဒြပ္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးလူငယ္အကယ္ဒမီကေန အဆင့္ဆင့္ တိုးတက္လာခဲ့သူျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာ ဗစ္တိုးရီးယား ဂီမာေရးစ္ကို ယူ႐ို ၁.၂၅ သန္းနဲ႔ မေျပာင္းေ႐ႊ႕ခင္ စီနီယာပြဲစဥ္ ၁ ပြဲသာ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ စပို႔တင္း လစၥဘြန္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး အဲဒီကတည္းက အထင္ႀကီးဖြယ္ ေျခစြမ္းျပသေနခဲ့တာေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက ျပန္လည္ေခၚယူဖို႔ စိတ္ဝင္စားလာခဲ့တာျဖစ္ပါတယ္။
ကြန္တီရဲ႕အသင္းဟာ တိုက္စစ္မွာ ဟာရီ ကိန္း ဆြန္ေဟာင္မင္၊ ကူလူဆက္ဗ္စကီးတို႔လို အလြန္ေကာင္းမြန္တဲ့ တိုက္စစ္ကစားသမားေတြရွိေပမယ့္လည္း အရန္သင့္အသုံးျပဳဖို႔ ထားထားတဲ့ ကစားသမားေတြက အက်ိဳးသက္ေရာက္မႈ မျပသႏိုင္ခဲ့တာျဖစ္ပါတယ္။
စပါးစ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အဲဗာတန္အသင္းကေန ရစ္ခ်ာလီဆန္ကို ေခၚယူခဲ့ေပမယ့္လည္း ဘရာဇီးလ္ၾကယ္ပြင့္ဟာ ဒဏ္ရာ ရရွိသြားခဲ့တာျဖစ္ၿပီး ဘ႐ိုင္ယန္ ဂီးလ္၊ လူးကပ္စ္ ေမာ္ရာတို႔ကလည္း အထင္ႀကီးဖြယ္ေျခစြမ္းမျပသႏိုင္တာေၾကာင့္ ယခုလမွာ အသင္းကို စြန႔္ခြာဖြယ္ေတာင္ရွိေနတာျဖစ္ပါတယ္။
အဲဒါေၾကာင့္ စပါးစ္အသင္းဟာ အက္ဒြပ္ကို ေခၚယူဖို႔အတြက္ စပို႔တင္းလစၥဘြန္းကို ဆက္သြယ္ခဲ့တာျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အသင္းဟာ အဂၤလန္တိုက္စစ္မႉးရဲ႕ အနာဂတ္ေရာင္းခ်ရမႈကေန ၅၀ ရာခိုင္ႏႈန္းရရွိမယ့္ အခ်က္ကိုလည္း ထည့္သြင္း ခ်ဳပ္ဆိုထားခဲ့တာျဖစ္ပါတယ္။
ဒါေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အက္ဒြပ္ကို တစ္ဝက္ေဈးနဲ႔ ေခၚယူႏိုင္မွာျဖစ္ေပမယ့္လည္း စပို႔တင္းလစၥဘြန္းဟာ ယခုရာသီၿပိဳင္ပြဲစုံ ၂၄ ပြဲမွာ သြင္းဂိုး ၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္ျပဳလုပ္ထားတဲ့ ၾကယ္ပြင့္ကစားသမားကို ဇန္နဝါရီလမွာ ေရာင္းထုတ္ခ်င္ေအာင္ စည္း႐ုံးဖို႔ေတာ့ ခက္ခဲမွာ ျဖစ္ပါတယ္။
မားကပ္စ္ အက္ဒြပ္ဟာ စပို႔တင္း လစၥဘြန္းအသင္းက ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ ရင္ဆိုင္ကစားခဲ့ခ်ိန္မွာ အသင္းေဟာင္းကို အထင္ႀကီးသြားေစမယ့္ ေျခစြမ္းမ်ိဳး ျပသႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.