Match Report Premier League

ပိတ်ကစားတဲ့ အဲဗာတန်ကို ဘယ်လိုမှ မနိုင်ဘဲဖြစ်ခဲ့ရပြီး သရေသာရတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ ဂျွန်စတုန်းစ်၊ လူးဝစ္စနဲ့ အာကေတို့ကို သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဒီဘရိုင်းနားနဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မာရက်ဇ်၊ ဂရီးလစ်ရှ်နဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးသုံးပွဲဆက်တိုက် ရှုံးပြီး တန်းဆင်းဇုန်နဲ့ နီးလာခဲ့တဲ့ အဲဗာတန်တို့ကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ တာကော့ဗ်စကီး၊ ဂေါ့ဖရီ၊ ကိုဒီ၊ ပက်တာဆန်နဲ့ မစ်ကိုလန်ကိုတို့ကို ငါးယောက်တန်းထားပြီး ပိတ်ကစားလာခဲ့သလို ကွင်းလယ်မှာတော့ ဂါနာ ဂေးယီ၊ အိုနာနာ၊ အီဝိုဘီနဲ့ ဂရေးတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ကဲလ်ဗတ်-လူဝင်တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

အဲဗာတန်တို့အနေနဲ့ ပွဲစကတည်းက ခပ်ကြမ်းကြမ်း ချဉ်းကပ်လာခဲ့သလို စက္ကန့်ပိုင်းအတွင်းမှာပဲ ဟားလန်းကို နောက်ကနေ တီးထည့်လိုက်တဲ့ ဂေါ့ဖရီကြောင့် အိမ်ရှင်ပရိသတ်တွေက ကာယကံရှင်နဲ့ ဒိုင်လူကြီး မက်ဒ်လီကို လှောင်ပြောင်ခဲ့ကြပြီး မန်စီးတီးတို့အနေနဲ့ ထုံးစံအတိုင်း ဘောလုံးကိုင်ရင်း ပွဲကို စီးထားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာ ဒီဘရိုင်းနားရဲ့ လျှပ်တစ်ပြက် ပေးပို့မှုကနေ ဟားလန်းရဲ့ ထောင့်ကျဉ်းကန်ချက် တိုင်ဘေးက လွဲချော်သွားခဲ့သလို ပွဲချိန် ၁၉ မိနစ်မှာ ဒီဘရိုင်းနားရဲ့ ဖရီးကစ်ကနေ ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ ဂျွန်စတုန်းစ်ကို ပစ်ခ်ဖို့ဒ် တားဆီးရာမှာ ခေါင်းထိခဲ့လို့ မန်စီးတီးဘက်က ဂရီးလစ်ရှ် ဦးဆောင်တဲ့ ကစားသမားတွေနဲ့ အဲဗာတန်ခံစစ်သမားတွေကြား အငြင်းပွားခဲ့ကြသေးတာပါ။

ပွဲချိန် ၂၄ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်တွဲလုံးကနေ ဘောလုံးရလာတဲ့ ဂရီးလစ်ရှ်က ညာခြမ်းနေရာလွတ်ထဲ ချပေးရာမှာ မာကင်ကပ်ခံမထားရဘဲ လွတ်နေတဲ့ မာရက်ဇ်က အဲဗာတန်နောက်ခံလူတွေကို လိမ်ခေါက်ပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ ဟားလန်းက ညာခြေနဲ့ ကန်သွင်းနိုင်ခဲ့လို့ ဂိုးသမား ပစ်ခ်ဖို့ဒ် မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ဂိုးပေးလိုက်ရအပြီးမှာတော့ အဲဗာတန်တို့ အမြင့်ဘောတွေနဲ့ ထိုးဖောက်ပြီး ကဲလ်ဗတ်-လူဝင်နဲ့ ခေါင်းတိုက်ဖို့ ကြိုးစားခဲ့ကြပေမယ့် စီးတီးခံစစ်က ထိန်းချုပ်သွားနိုင်ခဲ့သလို ပွဲချိန် ၄၄ မိနစ်မှာတော့ ညာခြမ်းက ဖရီးကစ်ကို ဒီဘရိုင်းနား ကန်တင်ပေးရာမှာ လူကြားထဲကနေ ပြေးထွက်လာတဲ့ ဂျွန်စတုန်းစ်က ဒိုင်ဗင်ထိုးပြီး ခေါင်းတိုက်ခဲ့ရာမှာ တိုင်ထိထွက်ခဲ့လို့ အိမ်ရှင်တွေ ရင်ခံခဲ့ရတာပါ။

ပထမပိုင်း ပွဲပြီးခါနီးမှာတော့ မစ်ကိုလန်ကို,ကို ခပ်ကြမ်းကြမ်းဖျက်တဲ့ ဟားလန်း အဝါကတ်ထိခဲ့အပြီးမှာ မန်စီးတီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း အဲဗာတန်တို့က Low Block နဲ့ ကွင်းလယ်မှာပါ ပိတ်ဆို့ပြီး ခံစစ်ငါးယောက်တန်းနှစ်တန်း ကစားခဲ့တာကြောင့် စိတ်သိပ်မရှည်ချင်တဲ့ အိမ်ရှင်တွေ ဖန်တီးမှု ကျဆင်းလာခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာတော့ အဲဗာတန်တို့ ချေပဂိုး သွင်းယူသွားခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ ဂေးယီ ပေးတာကို တောက်လျှောက်ဆွဲပြေးခဲ့တဲ့ တောင်ပံကစားသမား ဂရေးက ဧရိယာထဲအထိ ဆွဲပြေးခဲ့ချိန်မှာ ဘယ်တောင်ပံကနေ Overlap လုပ်ခဲ့တဲ့ မစ်ကိုလန်ကိုကြောင့် အာကန်ဂျီ အာရုံများသွားပြီး နေရာလွတ် ပေါ်လာခဲ့ချိန်မှာ ဂရေးက ဘယ်သူ့မှ မပေးဘဲ ညာဘက်အပေါ်ထောင့်ကို ဂိုးသမား အီဒါဆန်ပေါ်ကနေ ကျော်ကန်သွင်းယူသွားခဲ့တာပါ။

ဒီနောက်မှာတော့ အဲဗာတန်တို့ဘက်က ကဲလ်ဗတ်-လူဝင်နဲ့ ပက်တာဆန်တို့အစား မော်ပေနဲ့ ကိုးလ်မန်းတို့ကို လဲကစားခဲ့သလို ဂေးယီအစား တွမ်ဒေးဗီးစ်ကို ထပ်ထည့်ပြီး ကွင်းလယ်မှာ ကစားအား မကျဘဲ ပိတ်ဆို့နိုင်ဖို့ နည်းပြ လမ်းပတ်က မှန်မှန်ကန်ကန် လုပ်ဆောင်သွားခဲ့ချိန်မှာ ဂွါဒီယိုလာအနေနဲ့ အပြောင်းအလဲလုပ်ဖို့ ပျက်ကွက်နေခဲ့ပြီး ပွဲပြီးခါနီးအထိ ဒီအတိုင်းပဲ ဆက်ကစားခဲ့တာဖြစ်ပါတယ်။

အဲဗာတန်တို့အနေနဲ့ ခံစစ်ဇုန်နဲ့ ဧရိယာထဲမှာ တစ်သင်းလုံးဆင်းပြီး ပိတ်ဆို့သွားခဲ့တာကြောင့် ဟားလန်းတောင် တောင်ပံပြောင်းဖောက်ရမလို ဖြစ်နေခဲ့ချိန်မှာမှ ဂွါဒီယိုလာအနေနဲ့ ဂရီးလစ်ရှ်၊ လူးဝစ္စနဲ့ ဘာနာဒို ဆေးလ်ဗားတို့အစား ဖိုဒန်၊ ဂွန်ဒိုးဝမ်နဲ့ အယ်လ်ဗာရက်ဇ်တို့ကို ပွဲချိန် ၈၇ မိနစ်မှာ ပြောင်းလဲသွားခဲ့ပြီး နာကျင်အချိန်ပိုအဖြစ်နဲ့တော့ ၁၁ မိနစ်အထိ သတ်မှတ်ပေးခဲ့တာပါ။

ဒါပေမယ့် အဝေးကွင်းမှာ တစ်မှတ်ပဲဖြစ်ဖြစ် ရအောင်ယူမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ပိတ်ကစားနေတဲ့ အဲဗာတန်တို့ရဲ့ ခံစစ်ကစားမှုကို စီးတီးတို့ ဘယ်လိုမှ မကျော်နိုင်တော့ဘဲ ပေါ့ပေါ့လျော့လျော့နဲ့ ပွဲကို ချဉ်းကပ်ခဲ့ကြတဲ့ နည်းပြ ဂွါဒီယိုလာနဲ့ ကစားသမားတွေအနေနဲ့ အနိုင်ရဖို့ မလုပ်နိုင်ကြတော့ဘဲ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ အာကန္ဂ်ီ၊ ဂြၽန္စတုန္းစ္၊ လူးဝစၥနဲ႔ အာေကတို႔ကို သုံးစြဲခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဒီဘ႐ိုင္းနားနဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မာရက္ဇ္၊ ဂရီးလစ္ရွ္နဲ႔ ဟားလန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ေနာက္ဆုံးသုံးပြဲဆက္တိုက္ ရႈံးၿပီး တန္းဆင္းဇုန္နဲ႔ နီးလာခဲ့တဲ့ အဲဗာတန္တို႔ကေတာ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ တာေကာ့ဗ္စကီး၊ ေဂါ့ဖရီ၊ ကိုဒီ၊ ပက္တာဆန္နဲ႔ မစ္ကိုလန္ကိုတို႔ကို ငါးေယာက္တန္းထားၿပီး ပိတ္ကစားလာခဲ့သလို ကြင္းလယ္မွာေတာ့ ဂါနာ ေဂးယီ၊ အိုနာနာ၊ အီဝိုဘီနဲ႔ ဂေရးတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ကဲလ္ဗတ္-လူဝင္တစ္ဦးတည္းကို အေထာင္ထားလာခဲ့တာပါ။

အဲဗာတန္တို႔အေနနဲ႔ ပြဲစကတည္းက ခပ္ၾကမ္းၾကမ္း ခ်ဥ္းကပ္လာခဲ့သလို စကၠန႔္ပိုင္းအတြင္းမွာပဲ ဟားလန္းကို ေနာက္ကေန တီးထည့္လိုက္တဲ့ ေဂါ့ဖရီေၾကာင့္ အိမ္ရွင္ပရိသတ္ေတြက ကာယကံရွင္နဲ႔ ဒိုင္လူႀကီး မက္ဒ္လီကို ေလွာင္ေျပာင္ခဲ့ၾကၿပီး မန္စီးတီးတို႔အေနနဲ႔ ထုံးစံအတိုင္း ေဘာလုံးကိုင္ရင္း ပြဲကို စီးထားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာ ဒီဘ႐ိုင္းနားရဲ႕ လွ်ပ္တစ္ျပက္ ေပးပို႔မႈကေန ဟားလန္းရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ တိုင္ေဘးက လြဲေခ်ာ္သြားခဲ့သလို ပြဲခ်ိန္ ၁၉ မိနစ္မွာ ဒီဘ႐ိုင္းနားရဲ႕ ဖရီးကစ္ကေန ေခါင္းတိုက္ဖို႔ ႀကိဳးစားတဲ့ ဂြၽန္စတုန္းစ္ကို ပစ္ခ္ဖို႔ဒ္ တားဆီးရာမွာ ေခါင္းထိခဲ့လို႔ မန္စီးတီးဘက္က ဂရီးလစ္ရွ္ ဦးေဆာင္တဲ့ ကစားသမားေတြနဲ႔ အဲဗာတန္ခံစစ္သမားေတြၾကား အျငင္းပြားခဲ့ၾကေသးတာပါ။

ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္တြဲလုံးကေန ေဘာလုံးရလာတဲ့ ဂရီးလစ္ရွ္က ညာျခမ္းေနရာလြတ္ထဲ ခ်ေပးရာမွာ မာကင္ကပ္ခံမထားရဘဲ လြတ္ေနတဲ့ မာရက္ဇ္က အဲဗာတန္ေနာက္ခံလူေတြကို လိမ္ေခါက္ၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ဟားလန္းက ညာေျခနဲ႔ ကန္သြင္းႏိုင္ခဲ့လို႔ ဂိုးသမား ပစ္ခ္ဖို႔ဒ္ မကာကြယ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ဂိုးေပးလိုက္ရအၿပီးမွာေတာ့ အဲဗာတန္တို႔ အျမင့္ေဘာေတြနဲ႔ ထိုးေဖာက္ၿပီး ကဲလ္ဗတ္-လူဝင္နဲ႔ ေခါင္းတိုက္ဖို႔ ႀကိဳးစားခဲ့ၾကေပမယ့္ စီးတီးခံစစ္က ထိန္းခ်ဳပ္သြားႏိုင္ခဲ့သလို ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ညာျခမ္းက ဖရီးကစ္ကို ဒီဘ႐ိုင္းနား ကန္တင္ေပးရာမွာ လူၾကားထဲကေန ေျပးထြက္လာတဲ့ ဂြၽန္စတုန္းစ္က ဒိုင္ဗင္ထိုးၿပီး ေခါင္းတိုက္ခဲ့ရာမွာ တိုင္ထိထြက္ခဲ့လို႔ အိမ္ရွင္ေတြ ရင္ခံခဲ့ရတာပါ။

ပထမပိုင္း ပြဲၿပီးခါနီးမွာေတာ့ မစ္ကိုလန္ကို,ကို ခပ္ၾကမ္းၾကမ္းဖ်က္တဲ့ ဟားလန္း အဝါကတ္ထိခဲ့အၿပီးမွာ မန္စီးတီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းမွာလည္း အဲဗာတန္တို႔က Low Block နဲ႔ ကြင္းလယ္မွာပါ ပိတ္ဆို႔ၿပီး ခံစစ္ငါးေယာက္တန္းႏွစ္တန္း ကစားခဲ့တာေၾကာင့္ စိတ္သိပ္မရွည္ခ်င္တဲ့ အိမ္ရွင္ေတြ ဖန္တီးမႈ က်ဆင္းလာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ အဲဗာတန္တို႔ ေခ်ပဂိုး သြင္းယူသြားခဲ့ၾကၿပီး တန္ျပန္တိုက္စစ္ကေန ေဂးယီ ေပးတာကို ေတာက္ေလွ်ာက္ဆြဲေျပးခဲ့တဲ့ ေတာင္ပံကစားသမား ဂေရးက ဧရိယာထဲအထိ ဆြဲေျပးခဲ့ခ်ိန္မွာ ဘယ္ေတာင္ပံကေန Overlap လုပ္ခဲ့တဲ့ မစ္ကိုလန္ကိုေၾကာင့္ အာကန္ဂ်ီ အာ႐ုံမ်ားသြားၿပီး ေနရာလြတ္ ေပၚလာခဲ့ခ်ိန္မွာ ဂေရးက ဘယ္သူ႔မွ မေပးဘဲ ညာဘက္အေပၚေထာင့္ကို ဂိုးသမား အီဒါဆန္ေပၚကေန ေက်ာ္ကန္သြင္းယူသြားခဲ့တာပါ။

ဒီေနာက္မွာေတာ့ အဲဗာတန္တို႔ဘက္က ကဲလ္ဗတ္-လူဝင္နဲ႔ ပက္တာဆန္တို႔အစား ေမာ္ေပနဲ႔ ကိုးလ္မန္းတို႔ကို လဲကစားခဲ့သလို ေဂးယီအစား တြမ္ေဒးဗီးစ္ကို ထပ္ထည့္ၿပီး ကြင္းလယ္မွာ ကစားအား မက်ဘဲ ပိတ္ဆို႔ႏိုင္ဖို႔ နည္းျပ လမ္းပတ္က မွန္မွန္ကန္ကန္ လုပ္ေဆာင္သြားခဲ့ခ်ိန္မွာ ဂြါဒီယိုလာအေနနဲ႔ အေျပာင္းအလဲလုပ္ဖို႔ ပ်က္ကြက္ေနခဲ့ၿပီး ပြဲၿပီးခါနီးအထိ ဒီအတိုင္းပဲ ဆက္ကစားခဲ့တာျဖစ္ပါတယ္။

အဲဗာတန္တို႔အေနနဲ႔ ခံစစ္ဇုန္နဲ႔ ဧရိယာထဲမွာ တစ္သင္းလုံးဆင္းၿပီး ပိတ္ဆို႔သြားခဲ့တာေၾကာင့္ ဟားလန္းေတာင္ ေတာင္ပံေျပာင္းေဖာက္ရမလို ျဖစ္ေနခဲ့ခ်ိန္မွာမွ ဂြါဒီယိုလာအေနနဲ႔ ဂရီးလစ္ရွ္၊ လူးဝစၥနဲ႔ ဘာနာဒို ေဆးလ္ဗားတို႔အစား ဖိုဒန္၊ ဂြန္ဒိုးဝမ္နဲ႔ အယ္လ္ဗာရက္ဇ္တို႔ကို ပြဲခ်ိန္ ၈၇ မိနစ္မွာ ေျပာင္းလဲသြားခဲ့ၿပီး နာက်င္အခ်ိန္ပိုအျဖစ္နဲ႔ေတာ့ ၁၁ မိနစ္အထိ သတ္မွတ္ေပးခဲ့တာပါ။

ဒါေပမယ့္ အေဝးကြင္းမွာ တစ္မွတ္ပဲျဖစ္ျဖစ္ ရေအာင္ယူမယ္ဆိုတဲ့ စိတ္ဓာတ္မ်ိဳးနဲ႔ ပိတ္ကစားေနတဲ့ အဲဗာတန္တို႔ရဲ႕ ခံစစ္ကစားမႈကို စီးတီးတို႔ ဘယ္လိုမွ မေက်ာ္ႏိုင္ေတာ့ဘဲ ေပါ့ေပါ့ေလ်ာ့ေလ်ာ့နဲ႔ ပြဲကို ခ်ဥ္းကပ္ခဲ့ၾကတဲ့ နည္းျပ ဂြါဒီယိုလာနဲ႔ ကစားသမားေတြအေနနဲ႔ အႏိုင္ရဖို႔ မလုပ္ႏိုင္ၾကေတာ့ဘဲ သေရတစ္မွတ္နဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.