Match Report Premier League

စင်ရော်သိုက်မှာ ဂိုးမိုးရွာပြီး Happy New Year အော်ခဲ့တဲ့ အာဆင်နယ်ရဲ့ နိုင်ပွဲ

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဆာလီဘာ၊ ဂါဘရီယယ်လ်၊ ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ကိုပဲ အပြောင်းအလဲမရှိ ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ နကီးတီးယားတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘရိုက်တန်တို့ကတော့ ဂိုးသမား ရောဘတ် ဆန်ချက်ဇ်၊ ခံစစ်မှာ ဒန့်ခ်၊ ကောလ်ဝီလ်၊ လမ့်ပ်တေနဲ့ အက်စ်တူပီညန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဂရော့စ်၊ ဂီးလ်မိုး၊ မီတိုမာ၊ လယ်လာနာနဲ့ မာ့ချ်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ထရော့ဆတ်တစ်ယောက်တည်းကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် ၂ မိနစ်မှာကတည်းက အာဆင်နယ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ မာတီနယ်လီက ဆွဲဝင်ပြီး ကန်သွင်းရာမှာ နောက်ခံလူတွေနဲ့ ထိထွက်ပြီး ပြန်ကျလာတဲ့ ဘောလုံးကို ဆာကာက ဧရိယာထဲမှာ တစ်ချက်ထိန်းပြီး ဘရိုက်တန်နောက်ခံလူတွေ အငိုက်မိသွားခဲ့ချိန်မှာ အနီးကပ် ကန်သွင်းယူနိုင်ခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

သိပ်မကြာခင်မှာ ဇင်ချန်ကိုရဲ့ အနီးကပ်ကန်ချက်ကို ဘရိုက်တန်ဂိုးသမား ဆန်ချက်ဇ် ပိတ်ဆို့ကာကွယ်နိုင်ခဲ့လို့ အာဆင်နယ်တို့ ဒုတိယဂိုးနဲ့ လွဲခဲ့ရသလို ထောင့်ကန်ဘောကနေ ပြန်ထွက်လာတာကို ပါတေးရဲ့ ပိတ်သွင်းချက်ကတော့ လူထိထွက်ခဲ့တာကြောင့် အိမ်ရှင်တွေ သက်သာခဲ့ရပြီး ကွင်းလယ်မှာ အသာစီးပြန်ယူဖို့ ကြိုးစားလာခဲ့တာပါ။

ဘရိုက်တန်တို့ရဲ့ ဘောလုံးကိုင်ကစားနေမှုကို Pressing ကောင်းကောင်းနဲ့ တုံ့ပြန်နိုင်ဖို့ လိုအပ်နေခဲ့ပေမယ့် အာဆင်နယ်ဘက်က ထိုးဖောက်ပြီး ဂိုးသွင်းနိုင်မှ နာမည်ကြီးမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လိုက်မလုဘဲ အင်အားချွေတာ ကစားနေတဲ့ နကီးတီးယားကြောင့် ကျန်တဲ့ ကစားသမားတွေ ပိုပင်ပန်းခဲ့သလို ပထမပိုင်းမှာ ဘောလုံး ပိုင်ဆိုင်မှု ၃၃ ရာခိုင်နှုန်းသာ ရခဲ့တဲ့အထိ အားမရစရာပဲ ဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဆာကာရဲ့ ညာထောင့်ကန်ဘောကို ဘရိုက်တန်ကွင်းလယ်လူ ဂီးလ်မိုး ခေါင်းတိုက်ရှင်းထုတ်ရာကနေ ပြန်ကျလာတဲ့ ဘောလုံးကို အော်ဒီဂွါဒ်က ဧရိယာအစပ်ကနေ လျင်လျင်မြန်မြန် ပြေးဝင်ပြီး ညာဘက်ထောင့်ထဲကို Volley ကန်သွင်းယူနိုင်ခဲ့တာပါ။

ပထမပိုင်းပြီးခါနီးမှာတော့ အဝါကတ် သိပ်ပြချင်နေတဲ့ ဒိုင်လူကြီး အန်ထော်နီ တေလာကြောင့် ဘရိုက်တန်ဘက်က ဂီးလ်မိုးနဲ့ အာဆင်နယ်ရဲ့ ဂါဘရီယယ်လ်၊ ပါတေးတို့ စုစုပေါင်း သုံးဦးကို နှစ်မိနစ်အတွင်း သုံးကြိမ် ပြသခဲ့တာကြောင့် နည်းပြတွေရဲ့ စောဒကတက်မှုကိုပါ ဖြေရှင်းခဲ့ရပြီး နာကျင် အချိန်ပို ၃ မိနစ်အပြီးမှာ ဧည့်သည် လန်ဒန်သားတွေက နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာ အာဆင်နယ်တို့ပဲ တတိယဂိုး ရယူနိုင်ခဲ့ပြီး အထနှေးနေတဲ့ ဘရိုက်တန်တို့ကို တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်လာခဲ့တဲ့ ပါတေးက ဘယ်ခြမ်းကို ခင်းပေးတာကို မာတီနယ်လီက အတွင်းကို ချိုးမလိုနဲ့ အပြင်ကို ချိုးပြီးမှ ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဆန်ချက်ဇ် ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို နကီးတီးယားက နောက်ကနေ ပိတ်သွင်းနိုင်ခဲ့တာပါ။

ပွဲချိန် ၅၇ မိနစ်မှာ ဘယ်ခြမ်းကနေ တင်ပေးလိုက်တဲ့ အော်ဒီဂွါဒ်ရဲ့ ဖရီးကစ်ကနေ ဂါဘရီယယ်လ်က အနီးကပ် ကန်သွင်းနိုင်ခဲ့ပေမယ့် ဂိုးသမား ဆန်ချက်ဇ်တည့်တည့်ဖြစ်နေလို့ အာဆင်နယ်တို့ နောက်တစ်ဂိုးနဲ့ ဝေးခဲ့ရပြီး ပွဲချိန် မိနစ် ၆၀ မှာတော့ ဂန်းနားတွေဘက်က ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့အစား တိုမီယာစုနဲ့ တီယာနီတို့ကို ပြောင်းလဲခဲ့သလို ဘရိုက်တန်တို့ကတော့ ထရော့ဆတ်နဲ့ လယ်လာနာတို့အစား ဖာဂူဆန်နဲ့ ဆာမီယန်တို့ကို ထည့်သွင်းခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ ဘရိုက်တန်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ကြပြီး ဒီနေ့ပွဲမှ ဝင်ကစားပြီး ပွဲကြောင်နေတဲ့ တိုမီယာစု အမှားလုပ်ပြီး ဘောလုံးပျက်ရာကနေ ကွင်းလယ်မှာ မတားဆီးနိုင်ခဲ့ဘဲ Defensive Shape ပျက်နေတဲ့ အာဆင်နယ်ခံစစ်ကြားကနေ ဂရော့စ်က ထိုးပေးလိုက်တာကို လူကျွံ ထောင်ချောက်ကို ဖြတ်ထွက်သွားခဲ့တဲ့ မီတိုမာက ညာဘက်တိုင်ခြေကို အသာအယာ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နကီးတီးယားရဲ့ ဘောလုံးလက်ခံဖို့ နေရာယူပုံတွေက ဂျေဆူးစ်နဲ့ မတူဘဲ သူ့ရဲ့ ပြေးလမ်းကြောင်းရဖို့သာ အာရုံစိုက်ပြီး တွဲလုံးတွေ ဖန်တီးဖို့ကို အလေးမပေးခဲ့လို့ အာဆင်နယ်တို့ တိုက်စစ်မှာ မကြာခဏ ဘောလုံးပျက်နေခဲ့သလို ဆာကာရဲ့ ပွဲပန်းပြီး ခပ်ပျော့ပျော့ဖြစ်လာတဲ့ ကစားဟန်ကို ဘရိုက်တန်တို့ အခွင့်ကောင်းယူနေခဲ့ကြလို့ အိမ်ရှင်တွေ အားတက်ပြီး ပိုဖိကစားနေခဲ့ကြပါတယ်။

ဒါပေမယ့် ပွဲချိန် ၇၁ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ စတုတ္ထ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ ဘောလုံးပြန်ရလာတဲ့ အော်ဒီဂွါဒ်ရဲ့ ဘယ်တောင်ပံဆီ အမြော်အမြင်ကြီးမားတဲ့ ပေးပို့မှုကို ချိန်သားကိုက် ပြေးတက်သွားနိုင်ခဲ့တဲ့ မာတီနယ်လီက အတွင်းကို ဆွဲဝင်ပြီး ကန်သွင်းယူခဲ့ရာမှာ ဂိုးသမား ဆန်ချက်ဇ် ကာကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးထဲ ဝင်သွားခဲ့လို့ ဘရိုက်တန်တို့ အသည်းကွဲခဲ့ရတာပါ။

ပွဲချိန် ၇၇ မိနစ်မှာတော့ ဘရိုက်တန်တို့ နောက်ထပ် ချေပဂိုးတစ်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ နကီးတီးယား လိုက်မလုတာကြောင့် ခံစစ်ကနေ ဒန့်ခ် ကန်တင်ခွင့်ရသွားတဲ့ ဘောလုံးကို ခပ်ညံ့ညံ့ပုံစံနဲ့ ထိန်းသိမ်းပြီး မရှင်းထုတ်နိုင်ခဲ့တဲ့ ဆာလီဘာရဲ့ နှစ်ပွဲဆက်တိုက် မှားတဲ့ အမှားကနေ နောက်က ပါလာတဲ့ ဖာဂူဆန်က ရယူသွားခဲ့ပြီး ဂိုးသမား ရမ်းစ်ဒေးလ်ကိုပါ ကျော်ဖြတ်ကန်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်တို့ဘက်က ကပ္ပတိန် အော်ဒီဂွါဒ်အစား ဟိုးလ်ဒင်းကို ထည့်ပြီး ပိတ်ကစားခဲ့ပေမယ့် လုံးဝ လဒူကျနေတဲ့ ဆာလီဘာကြောင့် ခံစစ်က အပေါက်အပြဲများနေခဲ့သလို ပွဲချိန် ၈၉ မိနစ်မှာ မီတိုမာက တစ်ဂိုးထပ်သွင်းခဲ့ပေမယ့် လူပါးပါးလေး ကျွံနေတာကြောင့် ဘရိုက်တန်တို့ နစ်နာခဲ့ရပြီး ဘောလုံးကို လိုက်မလုတဲ့ နကီးတီးယားရဲ့ လမ်းလျှောက်နေမှုကြောင့်လည်း အာတီတာရဲ့လူတွေ ဆယ်ယောက်နဲ့ ကစားရသလိုဖြစ်နေခဲ့တာပါ။

နာကျင်အချိန်ပို ၆ မိနစ်အထိ ပေးခဲ့တဲ့ ပွဲမှာ ဘရိုက်တန်ရဲ့ တိုက်စစ်ကို ခုခံကာကွယ်ခဲ့ကြအပြီးမှာတော့ အဝေးကွင်းမှာ လေးဂိုး-နှစ်ဂိုးနဲ့ အာဆင်နယ်တို့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဒီပွဲရလဒ်ကြောင့် သရေကျသွားခဲ့ကြတဲ့ ဒုတိယနေရာက မန်စီးတီးကို ၇ မှတ်နဲ့ တတိယနေရာက နယူးကာဆယ်လ်တို့ကို ၉ မှတ်အသီးသီး ဖြတ်လိုက်သလို ၂၀၂၂ ခုနှစ်ကို အနိုင်နဲ့ပိုင်းပြီး နှုတ်ဆက်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဆာလီဘာ၊ ဂါဘရီယယ္လ္၊ ဘန္ဝႈိက္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပါေတး၊ ခ်ာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ကိုပဲ အေျပာင္းအလဲမရွိ ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ နကီးတီးယားတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဘ႐ိုက္တန္တို႔ကေတာ့ ဂိုးသမား ေရာဘတ္ ဆန္ခ်က္ဇ္၊ ခံစစ္မွာ ဒန႔္ခ္၊ ေကာလ္ဝီလ္၊ လမ့္ပ္ေတနဲ႔ အက္စ္တူပီညန္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂေရာ့စ္၊ ဂီးလ္မိုး၊ မီတိုမာ၊ လယ္လာနာနဲ႔ မာ့ခ်္တို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ ထေရာ့ဆတ္တစ္ေယာက္တည္းကို တင္ကစားလာခဲ့တာပါ။

ပြဲခ်ိန္ ၂ မိနစ္မွာကတည္းက အာဆင္နယ္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန မာတီနယ္လီက ဆြဲဝင္ၿပီး ကန္သြင္းရာမွာ ေနာက္ခံလူေတြနဲ႔ ထိထြက္ၿပီး ျပန္က်လာတဲ့ ေဘာလုံးကို ဆာကာက ဧရိယာထဲမွာ တစ္ခ်က္ထိန္းၿပီး ဘ႐ိုက္တန္ေနာက္ခံလူေတြ အငိုက္မိသြားခဲ့ခ်ိန္မွာ အနီးကပ္ ကန္သြင္းယူႏိုင္ခဲ့လို႔ ဧည့္သည္ေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။

သိပ္မၾကာခင္မွာ ဇင္ခ်န္ကိုရဲ႕ အနီးကပ္ကန္ခ်က္ကို ဘ႐ိုက္တန္ဂိုးသမား ဆန္ခ်က္ဇ္ ပိတ္ဆို႔ကာကြယ္ႏိုင္ခဲ့လို႔ အာဆင္နယ္တို႔ ဒုတိယဂိုးနဲ႔ လြဲခဲ့ရသလို ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတာကို ပါေတးရဲ႕ ပိတ္သြင္းခ်က္ကေတာ့ လူထိထြက္ခဲ့တာေၾကာင့္ အိမ္ရွင္ေတြ သက္သာခဲ့ရၿပီး ကြင္းလယ္မွာ အသာစီးျပန္ယူဖို႔ ႀကိဳးစားလာခဲ့တာပါ။

ဘ႐ိုက္တန္တို႔ရဲ႕ ေဘာလုံးကိုင္ကစားေနမႈကို Pressing ေကာင္းေကာင္းနဲ႔ တုံ႔ျပန္ႏိုင္ဖို႔ လိုအပ္ေနခဲ့ေပမယ့္ အာဆင္နယ္ဘက္က ထိုးေဖာက္ၿပီး ဂိုးသြင္းႏိုင္မွ နာမည္ႀကီးမယ္ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ လိုက္မလုဘဲ အင္အားေခြၽတာ ကစားေနတဲ့ နကီးတီးယားေၾကာင့္ က်န္တဲ့ ကစားသမားေတြ ပိုပင္ပန္းခဲ့သလို ပထမပိုင္းမွာ ေဘာလုံး ပိုင္ဆိုင္မႈ ၃၃ ရာခိုင္ႏႈန္းသာ ရခဲ့တဲ့အထိ အားမရစရာပဲ ျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဆာကာရဲ႕ ညာေထာင့္ကန္ေဘာကို ဘ႐ိုက္တန္ကြင္းလယ္လူ ဂီးလ္မိုး ေခါင္းတိုက္ရွင္းထုတ္ရာကေန ျပန္က်လာတဲ့ ေဘာလုံးကို ေအာ္ဒီဂြါဒ္က ဧရိယာအစပ္ကေန လ်င္လ်င္ျမန္ျမန္ ေျပးဝင္ၿပီး ညာဘက္ေထာင့္ထဲကို Volley ကန္သြင္းယူႏိုင္ခဲ့တာပါ။

ပထမပိုင္းၿပီးခါနီးမွာေတာ့ အဝါကတ္ သိပ္ျပခ်င္ေနတဲ့ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာေၾကာင့္ ဘ႐ိုက္တန္ဘက္က ဂီးလ္မိုးနဲ႔ အာဆင္နယ္ရဲ႕ ဂါဘရီယယ္လ္၊ ပါေတးတို႔ စုစုေပါင္း သုံးဦးကို ႏွစ္မိနစ္အတြင္း သုံးႀကိမ္ ျပသခဲ့တာေၾကာင့္ နည္းျပေတြရဲ႕ ေစာဒကတက္မႈကိုပါ ေျဖရွင္းခဲ့ရၿပီး နာက်င္ အခ်ိန္ပို ၃ မိနစ္အၿပီးမွာ ဧည့္သည္ လန္ဒန္သားေတြက ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာ အာဆင္နယ္တို႔ပဲ တတိယဂိုး ရယူႏိုင္ခဲ့ၿပီး အထေႏွးေနတဲ့ ဘ႐ိုက္တန္တို႔ကို တန္ျပန္တိုက္စစ္ကေန ထိုးေဖာက္လာခဲ့တဲ့ ပါေတးက ဘယ္ျခမ္းကို ခင္းေပးတာကို မာတီနယ္လီက အတြင္းကို ခ်ိဳးမလိုနဲ႔ အျပင္ကို ခ်ိဳးၿပီးမွ ဘယ္ေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဆန္ခ်က္ဇ္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတဲ့ ေဘာလုံးကို နကီးတီးယားက ေနာက္ကေန ပိတ္သြင္းႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅၇ မိနစ္မွာ ဘယ္ျခမ္းကေန တင္ေပးလိုက္တဲ့ ေအာ္ဒီဂြါဒ္ရဲ႕ ဖရီးကစ္ကေန ဂါဘရီယယ္လ္က အနီးကပ္ ကန္သြင္းႏိုင္ခဲ့ေပမယ့္ ဂိုးသမား ဆန္ခ်က္ဇ္တည့္တည့္ျဖစ္ေနလို႔ အာဆင္နယ္တို႔ ေနာက္တစ္ဂိုးနဲ႔ ေဝးခဲ့ရၿပီး ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ဂန္းနားေတြဘက္က ဘန္ဝႈိက္နဲ႔ ဇင္ခ်န္ကိုတို႔အစား တိုမီယာစုနဲ႔ တီယာနီတို႔ကို ေျပာင္းလဲခဲ့သလို ဘ႐ိုက္တန္တို႔ကေတာ့ ထေရာ့ဆတ္နဲ႔ လယ္လာနာတို႔အစား ဖာဂူဆန္နဲ႔ ဆာမီယန္တို႔ကို ထည့္သြင္းခဲ့တာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ၾကၿပီး ဒီေန႔ပြဲမွ ဝင္ကစားၿပီး ပြဲေၾကာင္ေနတဲ့ တိုမီယာစု အမွားလုပ္ၿပီး ေဘာလုံးပ်က္ရာကေန ကြင္းလယ္မွာ မတားဆီးႏိုင္ခဲ့ဘဲ Defensive Shape ပ်က္ေနတဲ့ အာဆင္နယ္ခံစစ္ၾကားကေန ဂေရာ့စ္က ထိုးေပးလိုက္တာကို လူကြၽံ ေထာင္ေခ်ာက္ကို ျဖတ္ထြက္သြားခဲ့တဲ့ မီတိုမာက ညာဘက္တိုင္ေျခကို အသာအယာ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

နကီးတီးယားရဲ႕ ေဘာလုံးလက္ခံဖို႔ ေနရာယူပုံေတြက ေဂ်ဆူးစ္နဲ႔ မတူဘဲ သူ႔ရဲ႕ ေျပးလမ္းေၾကာင္းရဖို႔သာ အာ႐ုံစိုက္ၿပီး တြဲလုံးေတြ ဖန္တီးဖို႔ကို အေလးမေပးခဲ့လို႔ အာဆင္နယ္တို႔ တိုက္စစ္မွာ မၾကာခဏ ေဘာလုံးပ်က္ေနခဲ့သလို ဆာကာရဲ႕ ပြဲပန္းၿပီး ခပ္ေပ်ာ့ေပ်ာ့ျဖစ္လာတဲ့ ကစားဟန္ကို ဘ႐ိုက္တန္တို႔ အခြင့္ေကာင္းယူေနခဲ့ၾကလို႔ အိမ္ရွင္ေတြ အားတက္ၿပီး ပိုဖိကစားေနခဲ့ၾကပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ အာဆင္နယ္တို႔ပဲ စတုတၳ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကၿပီး တန္ျပန္တိုက္စစ္ကေန ေဘာလုံးျပန္ရလာတဲ့ ေအာ္ဒီဂြါဒ္ရဲ႕ ဘယ္ေတာင္ပံဆီ အေျမာ္အျမင္ႀကီးမားတဲ့ ေပးပို႔မႈကို ခ်ိန္သားကိုက္ ေျပးတက္သြားႏိုင္ခဲ့တဲ့ မာတီနယ္လီက အတြင္းကို ဆြဲဝင္ၿပီး ကန္သြင္းယူခဲ့ရာမွာ ဂိုးသမား ဆန္ခ်က္ဇ္ ကာကြယ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဂိုးထဲ ဝင္သြားခဲ့လို႔ ဘ႐ိုက္တန္တို႔ အသည္းကြဲခဲ့ရတာပါ။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ ေနာက္ထပ္ ေခ်ပဂိုးတစ္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ နကီးတီးယား လိုက္မလုတာေၾကာင့္ ခံစစ္ကေန ဒန႔္ခ္ ကန္တင္ခြင့္ရသြားတဲ့ ေဘာလုံးကို ခပ္ညံ့ညံ့ပုံစံနဲ႔ ထိန္းသိမ္းၿပီး မရွင္းထုတ္ႏိုင္ခဲ့တဲ့ ဆာလီဘာရဲ႕ ႏွစ္ပြဲဆက္တိုက္ မွားတဲ့ အမွားကေန ေနာက္က ပါလာတဲ့ ဖာဂူဆန္က ရယူသြားခဲ့ၿပီး ဂိုးသမား ရမ္းစ္ေဒးလ္ကိုပါ ေက်ာ္ျဖတ္ကန္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္တို႔ဘက္က ကပၸတိန္ ေအာ္ဒီဂြါဒ္အစား ဟိုးလ္ဒင္းကို ထည့္ၿပီး ပိတ္ကစားခဲ့ေပမယ့္ လုံးဝ လဒူက်ေနတဲ့ ဆာလီဘာေၾကာင့္ ခံစစ္က အေပါက္အၿပဲမ်ားေနခဲ့သလို ပြဲခ်ိန္ ၈၉ မိနစ္မွာ မီတိုမာက တစ္ဂိုးထပ္သြင္းခဲ့ေပမယ့္ လူပါးပါးေလး ကြၽံေနတာေၾကာင့္ ဘ႐ိုက္တန္တို႔ နစ္နာခဲ့ရၿပီး ေဘာလုံးကို လိုက္မလုတဲ့ နကီးတီးယားရဲ႕ လမ္းေလွ်ာက္ေနမႈေၾကာင့္လည္း အာတီတာရဲ႕လူေတြ ဆယ္ေယာက္နဲ႔ ကစားရသလိုျဖစ္ေနခဲ့တာပါ။

နာက်င္အခ်ိန္ပို ၆ မိနစ္အထိ ေပးခဲ့တဲ့ ပြဲမွာ ဘ႐ိုက္တန္ရဲ႕ တိုက္စစ္ကို ခုခံကာကြယ္ခဲ့ၾကအၿပီးမွာေတာ့ အေဝးကြင္းမွာ ေလးဂိုး-ႏွစ္ဂိုးနဲ႔ အာဆင္နယ္တို႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဒီပြဲရလဒ္ေၾကာင့္ သေရက်သြားခဲ့ၾကတဲ့ ဒုတိယေနရာက မန္စီးတီးကို ၇ မွတ္နဲ႔ တတိယေနရာက နယူးကာဆယ္လ္တို႔ကို ၉ မွတ္အသီးသီး ျဖတ္လိုက္သလို ၂၀၂၂ ခုႏွစ္ကို အႏိုင္နဲ႔ပိုင္းၿပီး ႏႈတ္ဆက္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.