Match Report Premier League

ဟာလန်း ၄ ဂိုးထိသွင်းပြီး ဖလားပြိုင်ပွဲမှာ ဂန်းနားတွေကို မင်းလွတ်အောင်ပြေးလို့ စိန်ခေါ်လိုက်တဲ့ စီးတီး

အာလင်း ဟာလန်းဟာ စနေနေ့ညက အစ်တီဟတ်မှာ ဝုဗ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ တစ်ဦးတည်း ၄ ဂိုးအထိ သွင်းယူပြီး ကူကယ်ရာမဲ့နေတဲ့ ဝံပုလွေတွေကို မန်ချက်စတာစီးတီးက ၅-၁ နဲ့ အပြတ်အသတ် အနိုင်ယူခဲ့ပါတယ်။

အာတီတာရဲ့အသင်းက စနေနေ့ အစောပိုင်းမှာ ဘုန်းမောက်ကို ၃-၀ နဲ့ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှာ ၄ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာကြောင့် ဂွါဒီယိုလာရဲ့အသင်းကလည်း သူတို့က အင်္ဂလိပ်အမှတ်ပေးဖလားကို ၄ နှစ်ဆက်တိုက် ရရှိဖူးတဲ့ ပထမဆုံးသောအသင်းဖြစ်လာဖို့ သံန္နိဌာန်ချထားကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

ဟာလန်းက ပထမပိုင်း ၁၂ မိနစ်နဲ့ ၄၅+၃ မိနစ်တို့မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့သလို ၃၅ မိနစ်မှာ အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ မန်ချက်စတာစီးတီးအတွက် ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ၅၃ မိနစ်မှာ ဟွမ်ဟီးချန်းက ဧည့်သည် ဝုဗ်တို့အတွက် နှစ်သိမ့်ချေပဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် စက္ကန့်ပိုင်းအကြာမှာပဲ အာလင်း ဟာလန်းက အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ နောက်ထပ် ဦးဆောင်ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ တစ်ဦးတည်း ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးဖြစ်တာကြောင့် ၈၂ မိနစ်မှာ ဂွါဒီယိုလာက အနားပေးတဲ့အနေနဲ့ ယူလီယန် အယ်လ်ဗာရက်ဇ်နဲ့ လူစားလဲခဲ့ပြီး အိမ်ကွင်းပရိသတ်တွေဆီကနေ မတ်တပ်ရပ်လက်ခုပ်တီး ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။

ဟာလန်းရဲ့ နေရာမှာ လူစားဝင်ကစားပေးခဲ့တဲ့ အယ်လ်ဗာရက်ဇ်က နောက်ထပ် ၃ မိနစ်အကြာမှာပဲ မန်ချက်စတာစီးတီးအတွက် ပဉ္စမမြောက် ဦးဆောင်ဂိုးကို ရိုဒရီရဲ့ ပေးပို့မှုကို လက်ခံရယူပြီးနောက် ဂိုးညာဘက်အောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ၁၉၁၉ ဒီဇင်ဘာကနေ ၁၉၂၁ နိုဝင်ဘာအတွင်း တင်ရှိခဲ့တဲ့ သူတို့ရဲ့ တသက်တာအိမ်ကွင်းစံချိန်ကို ၄၂ ပွဲဆက်တိုက်ရှုံးပွဲစံချိန်နဲ့ ရိုက်ချိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာစီးတီးဟာ ရာသီနောက်ဆုံးပွဲစဉ်အဖြစ် ဖူလ်ဟမ်(အဝေး)၊ စပါး(အဝေး)၊ ဝက်စ်ဟမ်း(အိမ်ကွင်း)တို့နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်တွေမှာသာ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် သမိုင်းဝင် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်တော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာလင္း ဟာလန္းဟာ စေနေန႔ညက အစ္တီဟတ္မွာ ဝုဗ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ တစ္ဦးတည္း ၄ ဂိုးအထိ သြင္းယူၿပီး ကူကယ္ရာမဲ့ေနတဲ့ ဝံပုေလြေတြကို မန္ခ်က္စတာစီးတီးက ၅-၁ နဲ႔ အျပတ္အသတ္ အႏိုင္ယူခဲ့ပါတယ္။

အာတီတာရဲ႕အသင္းက စေနေန႔ အေစာပိုင္းမွာ ဘုန္းေမာက္ကို ၃-၀ နဲ႔ ဂိုးျပတ္ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၄ မွတ္အထိ ျဖတ္ထားႏိုင္ခဲ့တာေၾကာင့္ ဂြါဒီယိုလာရဲ႕အသင္းကလည္း သူတို႔က အဂၤလိပ္အမွတ္ေပးဖလားကို ၄ ႏွစ္ဆက္တိုက္ ရရွိဖူးတဲ့ ပထမဆုံးေသာအသင္းျဖစ္လာဖို႔ သံႏၷိဌာန္ခ်ထားေၾကာင္း ျပသခဲ့တာျဖစ္ပါတယ္။

ဟာလန္းက ပထမပိုင္း ၁၂ မိနစ္နဲ႔ ၄၅+၃ မိနစ္တို႔မွာ ရရွိခဲ့တဲ့ ပင္နယ္တီကေနတဆင့္ ဂိုးအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့သလို ၃၅ မိနစ္မွာ အားပါတဲ့ ေခါင္းတိုက္ခ်က္နဲ႔ မန္ခ်က္စတာစီးတီးအတြက္ ဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ၅၃ မိနစ္မွာ ဟြမ္ဟီးခ်န္းက ဧည့္သည္ ဝုဗ္တို႔အတြက္ ႏွစ္သိမ့္ေခ်ပဂိုး သြင္းယူႏိုင္ခဲ့ၿပီးေနာက္ စကၠန႔္ပိုင္းအၾကာမွာပဲ အာလင္း ဟာလန္းက အားပါျပင္းထန္တဲ့ ကန္ခ်က္နဲ႔ ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ တစ္ဦးတည္း ၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီးျဖစ္တာေၾကာင့္ ၈၂ မိနစ္မွာ ဂြါဒီယိုလာက အနားေပးတဲ့အေနနဲ႔ ယူလီယန္ အယ္လ္ဗာရက္ဇ္နဲ႔ လူစားလဲခဲ့ၿပီး အိမ္ကြင္းပရိသတ္ေတြဆီကေန မတ္တပ္ရပ္လက္ခုပ္တီး ဂုဏ္ျပဳျခင္းခံခဲ့ရပါတယ္။

ဟာလန္းရဲ႕ ေနရာမွာ လူစားဝင္ကစားေပးခဲ့တဲ့ အယ္လ္ဗာရက္ဇ္က ေနာက္ထပ္ ၃ မိနစ္အၾကာမွာပဲ မန္ခ်က္စတာစီးတီးအတြက္ ပၪၥမေျမာက္ ဦးေဆာင္ဂိုးကို ႐ိုဒရီရဲ႕ ေပးပို႔မႈကို လက္ခံရယူၿပီးေနာက္ ဂိုးညာဘက္ေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ၁၉၁၉ ဒီဇင္ဘာကေန ၁၉၂၁ ႏိုဝင္ဘာအတြင္း တင္ရွိခဲ့တဲ့ သူတို႔ရဲ႕ တသက္တာအိမ္ကြင္းစံခ်ိန္ကို ၄၂ ပြဲဆက္တိုက္ရႈံးပြဲစံခ်ိန္နဲ႔ ႐ိုက္ခ်ိဳးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ လက္ရွိမွာေတာ့ မန္ခ်က္စတာစီးတီးဟာ ရာသီေနာက္ဆုံးပြဲစဥ္အျဖစ္ ဖူလ္ဟမ္(အေဝး)၊ စပါး(အေဝး)၊ ဝက္စ္ဟမ္း(အိမ္ကြင္း)တို႔နဲ႔ ယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္ေတြမွာသာ အႏိုင္ကစားႏိုင္ခဲ့မယ္ဆိုရင္ သမိုင္းဝင္ ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးႏိုင္ေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.