La Liga Match Report

အက်စ်ပန်ညိုကို ခပ်ပိန်းပိန်းပုံစံနဲ့ သရေကျပြီး ရီးရဲလ်နဲ့ အမှတ်တူသွားတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ ခရစ္စတင်ဆန်၊ မားကို့စ် အလွန်ဆို၊ ဆာဂျီ ရောဘတ်တိုနဲ့ ဂျော်ဒီ အယ်လ်ဘာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒီယုံး၊ ဂါဗီနဲ့ ပက်ဒရီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရာဖင်ညာ၊ အန်ဆူ ဖာတီနဲ့ လီဗန်ဒေါ့ဗ်စကီးတို့ကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အက်စ်ပန်ညိုအသင်းကတော့ ဂိုးသမား အယ်လ်ဗာရို ဖာနန်ဒက်ဇ်၊ ခံစစ်မှာ ဆာဂျီ ဂိုမက်ဇ်၊ ကာဘရီးယား၊ အော်စကာ ဟေးလ်နဲ့ အိုလီဗန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဗီနီးရှပ်စ် ဆူဇာ၊ ကာလေရိုနဲ့ ဒါဒယ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဘရိတ်သ်ဝိတ်၊ နီကို မယ်လာမက်ဒ်နဲ့ ဟိုဆေးလူးတို့ကို ပွဲထုတ်လာခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာကတည်းက ဘာစီလိုနာတို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂါဗီကြောင့် ရတဲ့ ထောင့်ကန်ဘောကို ဘယ်ခြမ်းက ရာဖင်ညာ ကန်တင်ပေးရာမှာ လွတ်ထွက်လာတဲ့ ဘောလုံးကို ခရစ္စတင်ဆန်က အဝေးတိုင်ဘက်ကနေ အတွင်းကို ခေါင်းတိုက်ချပေးရာမှာ အလွန်ဆိုက ထပ်ဆင့်ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ကာတာလန်ဒါဘီမှာ ဘာစီလိုနာတို့ စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ခြေစွမ်းဆိုးရွားပျက်စီးနေတဲ့ ရာဖင်ညာနဲ့ အန်ဆူ ဖာတီတို့လို အဖြုန်းတစ်လိုင်း ကစားသမားတွေနဲ့ တိုက်စစ်ကို တည်ဆောက်ထားတဲ့ ဇာဗီရဲ့ အသင်းအနေနဲ့ အခြေခံ မညက်ဘူးလို့တောင် ပြောရမလိုဖြစ်နေခဲ့ပြီး တိုက်စစ်တွဲလုံးတွေက နားလည်မှု နည်းပါးလွန်းနေခဲ့တာပါ။

အူဘာမီယန်းလို ကစားသမားမျိုးကို ခေါ်ယူကတည်းက သိသင့်ခဲ့တဲ့ တီကီတာကာကို စွန့်လွှတ်ထားသူ ဇာဗီရဲ့ လက်ထဲမှာ ဘာဆာတို့အနေနဲ့ ကန်တင်ပြေးအသင်းဖြစ်မှန်းမသိ ဖြစ်လာခဲ့ပြီး ဘောလုံးရရင် ထောင့်ဖြတ်တွေ ပေးဖို့နဲ့ ကြုံသလို ကန်သွင်းဖို့တွေက မက်ဆီကို စိတ်ပျက်စေတဲ့ အသင်းမျိုး ဖြစ်နေခဲ့ချိန်မှာ အဖြုန်းအတီး အလေအလွင့်တွေလည်း များပြားလွန်းခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ဘာစီလိုနာတို့ ပုံစံမပြောင်းဘဲ ဆက်ကစားနေခဲ့သလို ပွဲချိန် ၅၂ မိနစ်မှာတော့ ဂါဗီအစား ဘူးစ်ကွက်စ်ကို ထည့်ပြီး အက်စ်ပန်ညိုရဲ့ ကောင်တာတွေကို ထိန်းကစားနိုင်ဖို့ ပြင်ဆင်လာခဲ့သလို အန်ဆူ ဖာတီအစား ဖယ်ရန် တောရက်စ်နဲ့ ရာဖင်ညာအစား ဒမ်ဘီလီတို့ကို လူစားသွင်းခဲ့ပေမယ့် ဂိုးတော့ ထပ်မရဘဲရှိနေခဲ့တာပါ။

ပွဲချိန် ၇၃ မိနစ်မှာတော့ အက်စ်ပန်ညိုတို့ ချေပဂိုး ပြန်ရခဲ့သလို တစ်ကိုယ်တော် ထိုးဖောက်လာပြီး သရုပ်ဆောင်ကောင်းတဲ့ တိုက်စစ်မှူး ဟိုဆေးလူးက ဘာစီလိုနာနောက်ခံလူ အလွန်ဆို လက်နဲ့ ထောက်လိုက်ချိန်မှာ လဲကျပြခဲ့တာက ဒိုင်လူကြီးကို ယုံကြည်အောင် တတ်နိုင်ခဲ့တာကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီ အခွင့်အရေးကို ဟိုဆေးလူးက သူကိုယ်တိုင်ပဲ အလယ်တည့်တည့်ကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ လေးမိနစ်အတွင်း နှစ်ဝါထိခဲ့တဲ့ ဘာစီလိုနာနောက်ခံလူ ဂျော်ဒီ အယ်လ်ဘာ အထုတ်ခံရလို့ အိမ်ရှင်တွေ ၁၀ ယောက်နဲ့ ကစားခဲ့ရသလို နှစ်မိနစ်အကြာမှာတော့ သူနဲ့ ငြိထားခဲ့တဲ့ အက်စ်ပန်ညိုကွင်းလယ်လူ ဗီနီးရှပ်စ် ဆူဇာလည်း နှစ်ဝါတစ်နီနဲ့ ထပ်မံ အထုတ်ခဲ့ရလို့ လူပြန်ညီသွားခဲ့ပြီး ပွဲက အကြိတ်အနယ်ဖြစ်နေခဲ့တာပါ။

လီဗန်ဒေါ့ဗ်စကီးနဲ့ ငြိခဲ့တဲ့ အက်စ်ပန်ညိုနောက်ခံလူ ကာဘရီးရားကိုတော့ ဒိုင်လူကြီး မက်တီယူက အနီကတ်ပြပြီးမှ VAR ပြန်ကြည့်ပြီး ပယ်ဖျက်သွားခဲ့လို့ စောဒကတက်ခဲ့ကြတဲ့ အိမ်ရှင်ကစားသမားတွေ စိတ်ပျက်ခဲ့ရသလို ဒီနောက်ပိုင်းမှာတော့ ဘာပလန်မှ မရှိတော့တဲ့ နည်းပြ ဇာဗီက ကွင်းလယ်လူ ဒီယုံးနဲ့ နောက်ခံလူ ဆာဂျီ ရောဘတ်တိုတို့အစား ကွန်ဒီနဲ့ အဲလက်စ် ဘာလ်ဒီတို့ကို ထည့်ပြီး ထိန်းကစားသွားခဲ့ပါတယ်။

ပွဲချိန်ပြည့်ခါနီးမှာတော့ ခရစ္စတင်ဆန်ရဲ့ ခေါင်းတိုက်ချက်နဲ့ လီဗန်ဒေါ့ဗ်စကီးရဲ့ ကန်ချက်တွေကို အက်စ်ပန်ညိုဂိုးသမား ဖာနန်ဒက်ဇ် ကာကွယ်သွားခဲ့သလို နာကျင်အချိန်ပို ၉ မိနစ်အထိ ခွင့်ပြုခဲ့ပေမယ့် ဘာစီလိုနာတို့ ဂိုးရဖို့တော့ မစွမ်းနိုင်တော့တာကြောင့် အာဂျင်တီးနား-နယ်သာလန်ပွဲစဉ်မှာ စံချိန်တင် အဝါပြခဲ့တဲ့ ဒိုင်လူကြီး မက်တီယူရဲ့ အဝါအနီ စုစုပေါင်း ၁၅ ကတ်ကလွဲရင် ဘာမှ ထူးခြားတာ မရှိခဲ့ဘဲ တစ်ဂိုးစီသရေနဲ့ပဲ ပြီးဆုံးခဲ့ရတာပါ။

ဒီပွဲရလဒ်ကြောင့် ဘာစီလိုနာတို့အနေနဲ့ အိမ်ကွင်း နူးကမ့်မှာ အမှတ်လျော့ခဲ့ရသလို ကာတာလန်ဒါဘီမှာ သရေကျပြီး ၁၅ ပွဲ ကစားပြီးချိန်မှာ ၃၈ မှတ်ချင်း တူညီသွားခဲ့တဲ့ အဓိက ပြိုင်ဘက်နဲ့ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်တို့ရဲ့ လာလီဂါ ဇယားထိပ်နေရာအတွက် ဖိအားပေးခြင်းကို ရင်ဆိုင်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား တာစတီဂန္၊ ခံစစ္မွာ ခရစၥတင္ဆန္၊ မားကို႔စ္ အလြန္ဆို၊ ဆာဂ်ီ ေရာဘတ္တိုနဲ႔ ေဂ်ာ္ဒီ အယ္လ္ဘာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒီယုံး၊ ဂါဗီနဲ႔ ပက္ဒရီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ရာဖင္ညာ၊ အန္ဆူ ဖာတီနဲ႔ လီဗန္ေဒါ့ဗ္စကီးတို႔ကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ အက္စ္ပန္ညိဳအသင္းကေတာ့ ဂိုးသမား အယ္လ္ဗာ႐ို ဖာနန္ဒက္ဇ္၊ ခံစစ္မွာ ဆာဂ်ီ ဂိုမက္ဇ္၊ ကာဘရီးယား၊ ေအာ္စကာ ေဟးလ္နဲ႔ အိုလီဗန္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဗီနီးရွပ္စ္ ဆူဇာ၊ ကာေလ႐ိုနဲ႔ ဒါဒယ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဘရိတ္သ္ဝိတ္၊ နီကို မယ္လာမက္ဒ္နဲ႔ ဟိုေဆးလူးတို႔ကို ပြဲထုတ္လာခဲ့တာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာကတည္းက ဘာစီလိုနာတို႔ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဂါဗီေၾကာင့္ ရတဲ့ ေထာင့္ကန္ေဘာကို ဘယ္ျခမ္းက ရာဖင္ညာ ကန္တင္ေပးရာမွာ လြတ္ထြက္လာတဲ့ ေဘာလုံးကို ခရစၥတင္ဆန္က အေဝးတိုင္ဘက္ကေန အတြင္းကို ေခါင္းတိုက္ခ်ေပးရာမွာ အလြန္ဆိုက ထပ္ဆင့္ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ကာတာလန္ဒါဘီမွာ ဘာစီလိုနာတို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ေျခစြမ္းဆိုး႐ြားပ်က္စီးေနတဲ့ ရာဖင္ညာနဲ႔ အန္ဆူ ဖာတီတို႔လို အျဖဳန္းတစ္လိုင္း ကစားသမားေတြနဲ႔ တိုက္စစ္ကို တည္ေဆာက္ထားတဲ့ ဇာဗီရဲ႕ အသင္းအေနနဲ႔ အေျခခံ မညက္ဘူးလို႔ေတာင္ ေျပာရမလိုျဖစ္ေနခဲ့ၿပီး တိုက္စစ္တြဲလုံးေတြက နားလည္မႈ နည္းပါးလြန္းေနခဲ့တာပါ။

အူဘာမီယန္းလို ကစားသမားမ်ိဳးကို ေခၚယူကတည္းက သိသင့္ခဲ့တဲ့ တီကီတာကာကို စြန႔္လႊတ္ထားသူ ဇာဗီရဲ႕ လက္ထဲမွာ ဘာဆာတို႔အေနနဲ႔ ကန္တင္ေျပးအသင္းျဖစ္မွန္းမသိ ျဖစ္လာခဲ့ၿပီး ေဘာလုံးရရင္ ေထာင့္ျဖတ္ေတြ ေပးဖို႔နဲ႔ ႀကဳံသလို ကန္သြင္းဖို႔ေတြက မက္ဆီကို စိတ္ပ်က္ေစတဲ့ အသင္းမ်ိဳး ျဖစ္ေနခဲ့ခ်ိန္မွာ အျဖဳန္းအတီး အေလအလြင့္ေတြလည္း မ်ားျပားလြန္းခဲ့တာေၾကာင့္ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း ဘာစီလိုနာတို႔ ပုံစံမေျပာင္းဘဲ ဆက္ကစားေနခဲ့သလို ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ဂါဗီအစား ဘူးစ္ကြက္စ္ကို ထည့္ၿပီး အက္စ္ပန္ညိဳရဲ႕ ေကာင္တာေတြကို ထိန္းကစားႏိုင္ဖို႔ ျပင္ဆင္လာခဲ့သလို အန္ဆူ ဖာတီအစား ဖယ္ရန္ ေတာရက္စ္နဲ႔ ရာဖင္ညာအစား ဒမ္ဘီလီတို႔ကို လူစားသြင္းခဲ့ေပမယ့္ ဂိုးေတာ့ ထပ္မရဘဲရွိေနခဲ့တာပါ။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ အက္စ္ပန္ညိဳတို႔ ေခ်ပဂိုး ျပန္ရခဲ့သလို တစ္ကိုယ္ေတာ္ ထိုးေဖာက္လာၿပီး သ႐ုပ္ေဆာင္ေကာင္းတဲ့ တိုက္စစ္မႉး ဟိုေဆးလူးက ဘာစီလိုနာေနာက္ခံလူ အလြန္ဆို လက္နဲ႔ ေထာက္လိုက္ခ်ိန္မွာ လဲက်ျပခဲ့တာက ဒိုင္လူႀကီးကို ယုံၾကည္ေအာင္ တတ္ႏိုင္ခဲ့တာေၾကာင့္ ရရွိခဲ့တဲ့ ပင္နယ္တီ အခြင့္အေရးကို ဟိုေဆးလူးက သူကိုယ္တိုင္ပဲ အလယ္တည့္တည့္ကို အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ေလးမိနစ္အတြင္း ႏွစ္ဝါထိခဲ့တဲ့ ဘာစီလိုနာေနာက္ခံလူ ေဂ်ာ္ဒီ အယ္လ္ဘာ အထုတ္ခံရလို႔ အိမ္ရွင္ေတြ ၁၀ ေယာက္နဲ႔ ကစားခဲ့ရသလို ႏွစ္မိနစ္အၾကာမွာေတာ့ သူနဲ႔ ၿငိထားခဲ့တဲ့ အက္စ္ပန္ညိဳကြင္းလယ္လူ ဗီနီးရွပ္စ္ ဆူဇာလည္း ႏွစ္ဝါတစ္နီနဲ႔ ထပ္မံ အထုတ္ခဲ့ရလို႔ လူျပန္ညီသြားခဲ့ၿပီး ပြဲက အႀကိတ္အနယ္ျဖစ္ေနခဲ့တာပါ။

လီဗန္ေဒါ့ဗ္စကီးနဲ႔ ၿငိခဲ့တဲ့ အက္စ္ပန္ညိဳေနာက္ခံလူ ကာဘရီးရားကိုေတာ့ ဒိုင္လူႀကီး မက္တီယူက အနီကတ္ျပၿပီးမွ VAR ျပန္ၾကည့္ၿပီး ပယ္ဖ်က္သြားခဲ့လို႔ ေစာဒကတက္ခဲ့ၾကတဲ့ အိမ္ရွင္ကစားသမားေတြ စိတ္ပ်က္ခဲ့ရသလို ဒီေနာက္ပိုင္းမွာေတာ့ ဘာပလန္မွ မရွိေတာ့တဲ့ နည္းျပ ဇာဗီက ကြင္းလယ္လူ ဒီယုံးနဲ႔ ေနာက္ခံလူ ဆာဂ်ီ ေရာဘတ္တိုတို႔အစား ကြန္ဒီနဲ႔ အဲလက္စ္ ဘာလ္ဒီတို႔ကို ထည့္ၿပီး ထိန္းကစားသြားခဲ့ပါတယ္။

ပြဲခ်ိန္ျပည့္ခါနီးမွာေတာ့ ခရစၥတင္ဆန္ရဲ႕ ေခါင္းတိုက္ခ်က္နဲ႔ လီဗန္ေဒါ့ဗ္စကီးရဲ႕ ကန္ခ်က္ေတြကို အက္စ္ပန္ညိဳဂိုးသမား ဖာနန္ဒက္ဇ္ ကာကြယ္သြားခဲ့သလို နာက်င္အခ်ိန္ပို ၉ မိနစ္အထိ ခြင့္ျပဳခဲ့ေပမယ့္ ဘာစီလိုနာတို႔ ဂိုးရဖို႔ေတာ့ မစြမ္းႏိုင္ေတာ့တာေၾကာင့္ အာဂ်င္တီးနား-နယ္သာလန္ပြဲစဥ္မွာ စံခ်ိန္တင္ အဝါျပခဲ့တဲ့ ဒိုင္လူႀကီး မက္တီယူရဲ႕ အဝါအနီ စုစုေပါင္း ၁၅ ကတ္ကလြဲရင္ ဘာမွ ထူးျခားတာ မရွိခဲ့ဘဲ တစ္ဂိုးစီသေရနဲ႔ပဲ ၿပီးဆုံးခဲ့ရတာပါ။

ဒီပြဲရလဒ္ေၾကာင့္ ဘာစီလိုနာတို႔အေနနဲ႔ အိမ္ကြင္း ႏူးကမ့္မွာ အမွတ္ေလ်ာ့ခဲ့ရသလို ကာတာလန္ဒါဘီမွာ သေရက်ၿပီး ၁၅ ပြဲ ကစားၿပီးခ်ိန္မွာ ၃၈ မွတ္ခ်င္း တူညီသြားခဲ့တဲ့ အဓိက ၿပိဳင္ဘက္နဲ႔ လက္ရွိခ်န္ပီယံ ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ လာလီဂါ ဇယားထိပ္ေနရာအတြက္ ဖိအားေပးျခင္းကို ရင္ဆိုင္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.