Match Report Premier League

Mr. MBE ရဲ့ တန်ခိုးနဲ့ ဝုလ်ဗ်စ်ကို အနိုင်ယူပြီး အဆင့် ၄ ရောက်လာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ လုခ်ရှော၊ ဝန်ဘစ်ဆာကာနဲ့ မာလာစီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဂါနာချိုနဲ့ မာစီယယ်လ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဝုလ်ဗာဟမ့်ပ်တန်အသင်းကတော့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ကေးလ်မန်း၊ ကောလင်းစ်၊ ဘွေနိုနဲ့ ဆီမီဒိုတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဂျာအို မော်တင်ညို၊ ရူဘင် နာဗက်စ်နဲ့ မက်သီယူးစ် နူးနက်စ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာ ပိုဒင့်စ်၊ ဟွမ်းဟီးချန်းနဲ့ ဒီယေဂို ကော်စတာတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ဂါနာချိုရဲ့ ဘယ်တောင်ပံက ယူနိုက်တက်တို့အတွက် လှုပ်လှုပ်ခတ်ခတ် လုပ်နိုင်ခဲ့ပေမယ့် အတွေ့အကြုံ နုနယ်မှုကြောင့် ထင်သလောက် အလုပ် မဖြစ်စေခဲ့သလို အသုံးမကျလွန်းတဲ့ ဆီမီဒိုရဲ့ နောက်ပြန်ပေးမှုကနေ ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့တဲ့ အခွင့်အရေးရခဲ့ပေမယ့် ဂျိုဆေးဆားကို ဂိုးသွင်းဖို့တော့ မတတ်နိုင်ခဲ့တာကြောင့် ဧည့်သည်တွေ စောစောစီးစီး ဂိုးရဖို့နဲ့ လွဲခဲ့ရပါတယ်။

ဝုလ်ဗ်စ်နည်းပြ လိုပီတီဂီအနေနဲ့ သူ့ကိုယ်သူ ထူးချွန်ထက်မြက်တဲ့ နည်းပြတစ်ယောက်အဖြစ် မပြသနိုင်သေးသလို သာမန်ကစားကွက်နဲ့ပဲ ပွဲကို ချဉ်းကပ်နေခဲ့ပြီး တိုက်စစ်ရော ခံစစ်ပါ ကစားပုံတွေက ရိုးရှင်းလွန်းခဲ့သလို ဒီယေဂို ကော်စတာကလည်း ဂိုးရှေ့ရောက်တိုင်း အဖျားရှူးနေခဲ့လို့ ဂိုးရဖို့တော့ မဖြစ်နိုင်ခဲ့ချိန်မှာ သရဲနီတွေဘက်က ပလာတာ အန်တိုနီနဲ့ ငပျော့ မာစီယယ်လ်တို့ကလည်း စိတ်ပျက်စရာပဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၃၇ မိနစ်မှာ မာလာစီယာရဲ့ ဧရိယာအတွင်းထဲအထိ ဝင်ပြီး မ,ပေးတဲ့ ဘောလုံးကို အန်တိုနီ ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးသမားဆီပဲ ရောက်သွားခဲ့သလို နာကျင်အချိန်ပိုမှာလည်း ဝုလ်ဗ်စ်ခံစစ်အမှားကနေ ဆီမီဒိုဆီ ရေတွင်းတူးပြီး ဘယ်ခြမ်းက ဖန်တီးပေးတာကို မာစီယယ်လ်ရော အန်တိုနီပါ အသုံးမချနိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ကွင်းလယ်မှာ လိုက်အားနည်းတဲ့ အဲရစ်ဆန်ကြောင့် ကာစီမီရိုတစ်ယောက်တည်းရဲ့ ကစားအားကို ယူနိုက်တက်တို့ မှီခိုနေရပြီး သူတင်ကိုယ်တင် ကစားတဲ့ အခါမျိုးတွေမှာ ဝုလ်ဗ်စ်ရဲ့ နာဗက်စ်၊ မော်တင်ညို၊ နူးနက်စ်တို့ကို ယှဉ်နိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး ဒုတိယပိုင်းအစမှာတော့ ဂါနာချိုအစား ရက်ရှ်ဖို့ဒ်ကို ဧည့်သည်တွေက ထည့်သွင်းခဲ့သလို အိမ်ရှင်တွေကတော့ ဒီယေဂို ကော်စတာအစား အဒါမာ ထရာအိုရေးကို ပြောင်းလဲလာခဲ့တာပါ။

ဒုတိယပိုင်းမှာ ယူနိုက်တက်တို့ ပိုဖိကစားနိုင်ခဲ့ပေမယ့် ဝုလ်ဗ်စ်ဂိုးသမား ဂျိုဆေးဆားကတော့ တစ်ဖက်တိုက်စစ်သမားတွေ ခြေထောက်ထဲအထိ ဝင်ဖမ်းပြနေခဲ့သလို ဘရူနို ဖာနန်ဒက်စ်ကတော့ ဂိုးရှေ့က ဖရီးကစ်ကို ထောင်ကန်ပစ်ခဲ့ချိန်မှာ ရူဘင် နာဗက်စ်ကတော့ သူက ပိုတော်တယ်ဆိုတဲ့အကြောင်း ကွင်းလယ်ကနေ ဒဟေးယား အသည်းအသန် ပုတ်ထုတ်ရအောင် ဖရီးကစ်နဲ့ ပြန်လည်ခြိမ်းခြောက်ပြခဲ့ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာ ယူနိုက်တက်တို့ဘက်က အဲရစ်ဆန်အစား ဖရက်ဒ်ကို ကွင်းလယ်အားဖြည့်ဖို့ ထည့်သွင်းခဲ့သလို ဝုလ်ဗ်စ်တို့ဘက်ကတော့ ဆီမီဒို၊ မော်တင်ညိုနဲ့ ဘွေနိုတို့အစား ဂျွန်နီ အော့တို၊ အိုက်နူရီနဲ့ တိုတီတို့ကို ဆက်တိုက်လဲထည့်ခဲ့ရာမှာ တောင်ပံခံစစ်က အနည်းငယ် ပြန်ဟုတ်သလိုရှိခဲ့ပေမယ့် ကွင်းလယ်ကို အားနည်းအောင် နည်းပြ လိုပီတီဂီက အမှားကျူးလွန်မိခဲ့တာပါ။

ပွဲချိန် ၇၆ မိနစ်မှာတော့ ယူနိုက်တက်တို့အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘောလုံးရလာခဲ့တဲ့ ရက်ရှ်ဖို့ဒ်က ဘရူနို ဖာနန်ဒက်စ်နဲ့ ဝမ်းတူးရိုက်ပြီး ဧရိယာထဲ ဝင်လာခဲ့ချိန်မှာ ကေးလ်မန်းနဲ့ အော့တိုတို့ ဝင်ဖျက်နေတဲ့ကြားက ကျော်ဖြတ်သွားခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးက အနီးကပ် အပြင်းကန်သွင်းယူနိုင်ခဲ့လို့ သရဲနီတွေ ဦးဆောင်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာ ရက်ရှ်ဖို့ဒ်က သူ့ရဲ့ အနီးကပ်ကန်ချက်ကနေ ဂိုးသမား ပုတ်ထုတ်တဲ့ ဘောလုံးကို နောက်တစ်ကြိမ်ရယူပြီး ဂိုးသွင်းနိုင်ခဲ့ပေမယ့် လက်ထိခဲ့တာကြောင့် ဒုတိယဂိုးနဲ့ ဝေးခဲ့ရသလို ယူနိုက်တက်နည်းပြ တန်ဟတ်ကတော့ မာစီယယ်လ်၊ အန်တိုနီနဲ့ ဘရူနို ဖာနန်ဒက်စ်တို့အစား ဗန်ဒဘိခ်၊ အီလန်ဂါနဲ့ မက်ဂွိုင်းယားတို့ကို ထည့်သွင်းပြီး ပွဲကို ထိန်းသိမ်းသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ယူနိုက်တက်တို့အနေနဲ့ အရန်ခုံက လူစားဝင်ပြီး ခြေစွမ်းပြတဲ့ Mr. MBE ရက်ရှ်ဖို့ဒ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ မိုလီနူးမှာ ဝုလ်ဗ်စ်တို့ကို ကျော်ဖြတ်နိုင်ခဲ့ကြပြီး နောက်ဆုံး သုံးပွဲဆက်အနိုင်နဲ့ ၁၆ ပွဲကစားအပြီးမှာ ရမှတ် ၃၂ မှတ်ကြောင့် အဆင့် ၄ နေရာကို စပါးစ်တို့ဆီက သိမ်းယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ကို စတင်ရယူနိုင်ခဲ့ကြပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ ဗာ႐ြန္း၊ လုခ္ေရွာ၊ ဝန္ဘစ္ဆာကာနဲ႔ မာလာစီယာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီ၊ ဂါနာခ်ိဳနဲ႔ မာစီယယ္လ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဝုလ္ဗာဟမ့္ပ္တန္အသင္းကေတာ့ ဂိုးသမား ဂ်ိဳေဆးဆား၊ ခံစစ္မွာ ေကးလ္မန္း၊ ေကာလင္းစ္၊ ေဘြႏိုနဲ႔ ဆီမီဒိုတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဂ်ာအို ေမာ္တင္ညိဳ၊ ႐ူဘင္ နာဗက္စ္နဲ႔ မက္သီယူးစ္ ႏူးနက္စ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာ ပိုဒင့္စ္၊ ဟြမ္းဟီးခ်န္းနဲ႔ ဒီေယဂို ေကာ္စတာတို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

ဂါနာခ်ိဳရဲ႕ ဘယ္ေတာင္ပံက ယူႏိုက္တက္တို႔အတြက္ လႈပ္လႈပ္ခတ္ခတ္ လုပ္ႏိုင္ခဲ့ေပမယ့္ အေတြ႕အႀကဳံ ႏုနယ္မႈေၾကာင့္ ထင္သေလာက္ အလုပ္ မျဖစ္ေစခဲ့သလို အသုံးမက်လြန္းတဲ့ ဆီမီဒိုရဲ႕ ေနာက္ျပန္ေပးမႈကေန ဂိုးသမားနဲ႔ တစ္ဦးခ်င္းေတြ႕တဲ့ အခြင့္အေရးရခဲ့ေပမယ့္ ဂ်ိဳေဆးဆားကို ဂိုးသြင္းဖို႔ေတာ့ မတတ္ႏိုင္ခဲ့တာေၾကာင့္ ဧည့္သည္ေတြ ေစာေစာစီးစီး ဂိုးရဖို႔နဲ႔ လြဲခဲ့ရပါတယ္။

ဝုလ္ဗ္စ္နည္းျပ လိုပီတီဂီအေနနဲ႔ သူ႔ကိုယ္သူ ထူးခြၽန္ထက္ျမက္တဲ့ နည္းျပတစ္ေယာက္အျဖစ္ မျပသႏိုင္ေသးသလို သာမန္ကစားကြက္နဲ႔ပဲ ပြဲကို ခ်ဥ္းကပ္ေနခဲ့ၿပီး တိုက္စစ္ေရာ ခံစစ္ပါ ကစားပုံေတြက ႐ိုးရွင္းလြန္းခဲ့သလို ဒီေယဂို ေကာ္စတာကလည္း ဂိုးေရွ႕ေရာက္တိုင္း အဖ်ားရႉးေနခဲ့လို႔ ဂိုးရဖို႔ေတာ့ မျဖစ္ႏိုင္ခဲ့ခ်ိန္မွာ သရဲနီေတြဘက္က ပလာတာ အန္တိုနီနဲ႔ ငေပ်ာ့ မာစီယယ္လ္တို႔ကလည္း စိတ္ပ်က္စရာပဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာ မာလာစီယာရဲ႕ ဧရိယာအတြင္းထဲအထိ ဝင္ၿပီး မ,ေပးတဲ့ ေဘာလုံးကို အန္တိုနီ ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ဂိုးသမားဆီပဲ ေရာက္သြားခဲ့သလို နာက်င္အခ်ိန္ပိုမွာလည္း ဝုလ္ဗ္စ္ခံစစ္အမွားကေန ဆီမီဒိုဆီ ေရတြင္းတူးၿပီး ဘယ္ျခမ္းက ဖန္တီးေပးတာကို မာစီယယ္လ္ေရာ အန္တိုနီပါ အသုံးမခ်ႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ကြင္းလယ္မွာ လိုက္အားနည္းတဲ့ အဲရစ္ဆန္ေၾကာင့္ ကာစီမီ႐ိုတစ္ေယာက္တည္းရဲ႕ ကစားအားကို ယူႏိုက္တက္တို႔ မွီခိုေနရၿပီး သူတင္ကိုယ္တင္ ကစားတဲ့ အခါမ်ိဳးေတြမွာ ဝုလ္ဗ္စ္ရဲ႕ နာဗက္စ္၊ ေမာ္တင္ညိဳ၊ ႏူးနက္စ္တို႔ကို ယွဥ္ႏိုင္ဖို႔ ႐ုန္းကန္ေနခဲ့ရၿပီး ဒုတိယပိုင္းအစမွာေတာ့ ဂါနာခ်ိဳအစား ရက္ရွ္ဖို႔ဒ္ကို ဧည့္သည္ေတြက ထည့္သြင္းခဲ့သလို အိမ္ရွင္ေတြကေတာ့ ဒီေယဂို ေကာ္စတာအစား အဒါမာ ထရာအိုေရးကို ေျပာင္းလဲလာခဲ့တာပါ။

ဒုတိယပိုင္းမွာ ယူႏိုက္တက္တို႔ ပိုဖိကစားႏိုင္ခဲ့ေပမယ့္ ဝုလ္ဗ္စ္ဂိုးသမား ဂ်ိဳေဆးဆားကေတာ့ တစ္ဖက္တိုက္စစ္သမားေတြ ေျခေထာက္ထဲအထိ ဝင္ဖမ္းျပေနခဲ့သလို ဘ႐ူႏို ဖာနန္ဒက္စ္ကေတာ့ ဂိုးေရွ႕က ဖရီးကစ္ကို ေထာင္ကန္ပစ္ခဲ့ခ်ိန္မွာ ႐ူဘင္ နာဗက္စ္ကေတာ့ သူက ပိုေတာ္တယ္ဆိုတဲ့အေၾကာင္း ကြင္းလယ္ကေန ဒေဟးယား အသည္းအသန္ ပုတ္ထုတ္ရေအာင္ ဖရီးကစ္နဲ႔ ျပန္လည္ၿခိမ္းေျခာက္ျပခဲ့ပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာ ယူႏိုက္တက္တို႔ဘက္က အဲရစ္ဆန္အစား ဖရက္ဒ္ကို ကြင္းလယ္အားျဖည့္ဖို႔ ထည့္သြင္းခဲ့သလို ဝုလ္ဗ္စ္တို႔ဘက္ကေတာ့ ဆီမီဒို၊ ေမာ္တင္ညိဳနဲ႔ ေဘြႏိုတို႔အစား ဂြၽန္နီ ေအာ့တို၊ အိုက္ႏူရီနဲ႔ တိုတီတို႔ကို ဆက္တိုက္လဲထည့္ခဲ့ရာမွာ ေတာင္ပံခံစစ္က အနည္းငယ္ ျပန္ဟုတ္သလိုရွိခဲ့ေပမယ့္ ကြင္းလယ္ကို အားနည္းေအာင္ နည္းျပ လိုပီတီဂီက အမွားက်ဴးလြန္မိခဲ့တာပါ။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔အတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ရရွိခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေဘာလုံးရလာခဲ့တဲ့ ရက္ရွ္ဖို႔ဒ္က ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ဧရိယာထဲ ဝင္လာခဲ့ခ်ိန္မွာ ေကးလ္မန္းနဲ႔ ေအာ့တိုတို႔ ဝင္ဖ်က္ေနတဲ့ၾကားက ေက်ာ္ျဖတ္သြားခဲ့တဲ့ အဂၤလန္တိုက္စစ္မႉးက အနီးကပ္ အျပင္းကန္သြင္းယူႏိုင္ခဲ့လို႔ သရဲနီေတြ ဦးေဆာင္ႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာ ရက္ရွ္ဖို႔ဒ္က သူ႔ရဲ႕ အနီးကပ္ကန္ခ်က္ကေန ဂိုးသမား ပုတ္ထုတ္တဲ့ ေဘာလုံးကို ေနာက္တစ္ႀကိမ္ရယူၿပီး ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ လက္ထိခဲ့တာေၾကာင့္ ဒုတိယဂိုးနဲ႔ ေဝးခဲ့ရသလို ယူႏိုက္တက္နည္းျပ တန္ဟတ္ကေတာ့ မာစီယယ္လ္၊ အန္တိုနီနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔အစား ဗန္ဒဘိခ္၊ အီလန္ဂါနဲ႔ မက္ဂြိဳင္းယားတို႔ကို ထည့္သြင္းၿပီး ပြဲကို ထိန္းသိမ္းသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ယူႏိုက္တက္တို႔အေနနဲ႔ အရန္ခုံက လူစားဝင္ၿပီး ေျခစြမ္းျပတဲ့ Mr. MBE ရက္ရွ္ဖို႔ဒ္ရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ မိုလီႏူးမွာ ဝုလ္ဗ္စ္တို႔ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၾကၿပီး ေနာက္ဆုံး သုံးပြဲဆက္အႏိုင္နဲ႔ ၁၆ ပြဲကစားအၿပီးမွာ ရမွတ္ ၃၂ မွတ္ေၾကာင့္ အဆင့္ ၄ ေနရာကို စပါးစ္တို႔ဆီက သိမ္းယူႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္ဝင္ခြင့္ကို စတင္ရယူႏိုင္ခဲ့ၾကၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.