Premier League

မာဒရစ်ခ်ကို ခေါ်ဖို့ခက်နေလို့ အာရုံပြောင်းသွားနိုင်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ မိုင်ခေလို မာဒရစ်ခ်ကို ခေါ်ယူဖို့အတွက် ရုန်းကန်နေခဲ့ရပြီးနောက် ဂျာအို ဖီလစ်ဘက်ကို အာရုံပြောင်းသွားနိုင်တယ်လို့ သိရပါတယ်။

အာတီတာဟာ ဇန်နဝါရီလမှာ ရှက်တာဒိုးနတ်ကနေ မာဒရစခ်ကို ခေါ်ယူနိုင်ခြင်းမရှိခဲ့ဘူးဆိုရင် ဂျာအို ဖီလစ်ဘက်ကို အာရုံပြောင်းဖို့ အဆင်သင့်ပဲလို့ The Guardian က ဖော်ပြခဲ့ပါတယ်။

နည်းပြ အာတီတာက တိုက်စစ်ကို အင်အားတိုးမြှင့်ဖို့ ကြိုးပမ်းနေတာကြောင့် ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဂျာအို ဖီလစ်နဲ့ရော မာဒရစ်ခ်နဲ့ပါ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာဒရစ်ခ်ဟာ နွေရာသီကတည်းက လန်ဒန်ကလပ်အသင်းအတွက် အဓိက ပစ်မှတ်ဖြစ်ခဲ့တာဖြစ်ပြီး ရှက်တာဒိုးနတ်က အာဆင်နယ်အသင်းဆီကနေ ပေါင် ၅၅ သန်းနဲ့ ကနဦး ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် အာဆင်နယ်အသင်းဟာ မာဒရစ်ခ်အတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေး ပေးချေမယ့်အစား ဂျာအို ဖီလစ်ဘက်ကို အာရုံပြောင်းဖို့ ကြိုးပမ်းသွားဖွယ်ရှိနေတာဖြစ်ပြီး ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးဟာ မကြာသေးမီကမှ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေခဲ့သူဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ ဂျာအို ဖီလစ်အတွက် အက်သလက်တီကို မက်ဒရစ်အသင်းတောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကိုရော ကြီးမားတဲ့ ငှားရမ်းခကိုပါ ပေးချေလိုခြင်းမရှိတာဖြစ်ပေမယ့် မာဒရစ်ခ်ကို ခေါ်ယူနိုင်ခြင်းမရှိဘူးဆိုရင်တော့ ပေါ်တူဂီကြယ်ပွင့်က ဦးစားပေးဖြစ်လာနိုင်တာဖြစ်ပါတယ်။

ဂျာအို ဖီလစ်ဟာ ၂၀၁၉ ခုနှစ်မှာ ဘင်ဖီကာကနေ အက်သလက်တီကို မက်ဒရစ်ကို ပေါင် ၁၁၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ခြေစွမ်းမျိုး ပြသနိုင်ဖို့ ရုန်းကန်နေရသူဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ပွဲပေါင်း ၁၃၀ မှာ သွင်းဂိုး ၃၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၈ ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ မိုင္ေခလို မာဒရစ္ခ္ကို ေခၚယူဖို႔အတြက္ ႐ုန္းကန္ေနခဲ့ရၿပီးေနာက္ ဂ်ာအို ဖီလစ္ဘက္ကို အာ႐ုံေျပာင္းသြားႏိုင္တယ္လို႔ သိရပါတယ္။

အာတီတာဟာ ဇန္နဝါရီလမွာ ရွက္တာဒိုးနတ္ကေန မာဒရစခ္ကို ေခၚယူႏိုင္ျခင္းမရွိခဲ့ဘူးဆိုရင္ ဂ်ာအို ဖီလစ္ဘက္ကို အာ႐ုံေျပာင္းဖို႔ အဆင္သင့္ပဲလို႔ The Guardian က ေဖာ္ျပခဲ့ပါတယ္။

နည္းျပ အာတီတာက တိုက္စစ္ကို အင္အားတိုးျမႇင့္ဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ဂ်ာအို ဖီလစ္နဲ႔ေရာ မာဒရစ္ခ္နဲ႔ပါ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မာဒရစ္ခ္ဟာ ေႏြရာသီကတည္းက လန္ဒန္ကလပ္အသင္းအတြက္ အဓိက ပစ္မွတ္ျဖစ္ခဲ့တာျဖစ္ၿပီး ရွက္တာဒိုးနတ္က အာဆင္နယ္အသင္းဆီကေန ေပါင္ ၅၅ သန္းနဲ႔ ကနဦး ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ အာဆင္နယ္အသင္းဟာ မာဒရစ္ခ္အတြက္ ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပးေခ်မယ့္အစား ဂ်ာအို ဖီလစ္ဘက္ကို အာ႐ုံေျပာင္းဖို႔ ႀကိဳးပမ္းသြားဖြယ္ရွိေနတာျဖစ္ၿပီး ေပၚတူဂီလက္ေ႐ြးစင္တိုက္စစ္မႉးဟာ မၾကာေသးမီကမွ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြထြက္ေပၚေနခဲ့သူျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းဟာ ဂ်ာအို ဖီလစ္အတြက္ အက္သလက္တီကို မက္ဒရစ္အသင္းေတာင္းဆိုတဲ့ ေျပာင္းေ႐ႊ႕ေၾကးကိုေရာ ႀကီးမားတဲ့ ငွားရမ္းခကိုပါ ေပးေခ်လိုျခင္းမရွိတာျဖစ္ေပမယ့္ မာဒရစ္ခ္ကို ေခၚယူႏိုင္ျခင္းမရွိဘူးဆိုရင္ေတာ့ ေပၚတူဂီၾကယ္ပြင့္က ဦးစားေပးျဖစ္လာႏိုင္တာျဖစ္ပါတယ္။

ဂ်ာအို ဖီလစ္ဟာ ၂၀၁၉ ခုႏွစ္မွာ ဘင္ဖီကာကေန အက္သလက္တီကို မက္ဒရစ္ကို ေပါင္ ၁၁၃ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ပိုင္း ႀကီးမားတဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထိုက္တန္တဲ့ေျခစြမ္းမ်ိဳး ျပသႏိုင္ဖို႔ ႐ုန္းကန္ေနရသူျဖစ္ၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ပြဲေပါင္း ၁၃၀ မွာ သြင္းဂိုး ၃၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၈ ႀကိမ္သာ ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.