Other Leagues Premier League

အယ်လ်နက်ဆာကို ပြောင်းရွှေ့မှုအပေါ် ဝေဖန်သူတွေကို ပညာသားပါပါတုံ့ပြန်ခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခုလအစောပိုင်းမှာ မန်ယူနိုက်တက်ကို စွန့်ခွာပြီးနောက် အယ်လ်နက်ဆာကို ပြောင်းရွှေ့ခဲ့တဲ့နောက်ကွယ်က အကြောင်းအရင်းကို ရှင်းပြခဲ့ပါတယ်။

ပေါ်တူဂီဂန္တဝင်က နည်းပြ တန်ဟက်လက်အောက်မှာ ပရီးမီးယားလိဂ် ၄ ပွဲသာ ပွဲထွက်ပါဝင်ကစားပေးခဲ့ရပြီး ပုံမှန်ပွဲကစားချိန်အတွက် ရုန်းကန်နေခဲ့ရတာ သိသာထင်ရှားခဲ့တာဖြစ်ပါတယ်။

ပီးယာ့စ် မော်ဂန်နဲ့ အငြင်းပွားဖွယ် အင်တာဗျူးအပြီးမှာတော့ ရော်နယ်လ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ကြပြီး ဘလွန်ဒေါ ၅ ဆုရှင်ဟာ သောကြာနေ့မှာ ဆော်ဒီ အာရေဗျကလပ် အယ်လ် နက်ဆာကို အပြီးသတ် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့အပေါ်မှာ ဘောလုံးဝေဖန်သူတွေနဲ့ ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပေါ်တူဂီကြယ်ပွင့်က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်လိုက်တာဖြစ်ပါတယ်။

“အယ်လ် နက်ဆာက ဆော်ဒီအာရေဗျမှာ အမျိုးသားနဲ့ အမျိုးသမီး ဘောလုံးအတွက် လုပ်ဆောင်နေတဲ့ ဦးတည်ချက်၊ တိုးတက်မှုတွေက စိတ်အားတက်ကြွစရာအရမ်းကောင်းပါတယ်။ ကျွန်တော်တို့ မကြာသေးမီက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆော်ဒီ အာရေဗျရဲ့ စွမ်းဆောင်ရည်ကို မြင်နိုင်ခဲ့ပြီး ဒီနိုင်ငံဟာ ဘောလုံးနဲ့ပတ်သက်ပြီး ကြီးမားတဲ့ရည်မှန်းချက်တွေနဲ့ အလားအလာတွေအများကြီးရှိတဲ့ နိုင်ငံပါ”

“ကျွန်တော် ဥရောပဘောလုံးလောကမှာ အနိုင်ရရှိနိုင်တဲ့ ဆုဖလားတွေအားလုံး ရယူနိုင်ခဲ့တာ ကံကောင်းပြီး အခုက သင့်တော်တဲ့ အခိုက်အတန့်ဖြစ်တယ်လို့ ကျွန်တော် ခံစားနေရပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖက်ဘရီဇီယို ရိုမာရဲ့ ပြောကြားချက်အရ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ အယ်လ် နက်ဆာအသင်းမှာ စီးပွားရေးအကျိုးတူ လုပ်ငန်းတွေအပါအဝင် တစ်နှစ်ကို အမေရိကန်ဒေါ်လာသန်း ၂၀၀ နီးပါး ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ယခုလအေစာပိုင္းမွာ မန္ယူႏိုက္တက္ကို စြန႔္ခြာၿပီးေနာက္ အယ္လ္နက္ဆာကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ေနာက္ကြယ္က အေၾကာင္းအရင္းကို ရွင္းျပခဲ့ပါတယ္။

ေပၚတူဂီဂႏၲဝင္က နည္းျပ တန္ဟက္လက္ေအာက္မွာ ပရီးမီးယားလိဂ္ ၄ ပြဲသာ ပြဲထြက္ပါဝင္ကစားေပးခဲ့ရၿပီး ပုံမွန္ပြဲကစားခ်ိန္အတြက္ ႐ုန္းကန္ေနခဲ့ရတာ သိသာထင္ရွားခဲ့တာျဖစ္ပါတယ္။

ပီးယာ့စ္ ေမာ္ဂန္နဲ႔ အျငင္းပြားဖြယ္ အင္တာဗ်ဴးအၿပီးမွာေတာ့ ေရာ္နယ္လ္ဒိုနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ဟာ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၾကၿပီး ဘလြန္ေဒါ ၅ ဆုရွင္ဟာ ေသာၾကာေန႔မွာ ေဆာ္ဒီ အာေရဗ်ကလပ္ အယ္လ္ နက္ဆာကို အၿပီးသတ္ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ အေျပာင္းအေ႐ႊ႕အေပၚမွာ ေဘာလုံးေဝဖန္သူေတြနဲ႔ ပရိသတ္ေတြၾကားမွာ ေဝဖန္မႈေတြ ျမင့္တက္ေနခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ေပၚတူဂီၾကယ္ပြင့္က ပထမဆုံးအႀကိမ္ ထုတ္ေဖာ္ေျပာဆိုမႈေတြ ျပဳလုပ္လိုက္တာျဖစ္ပါတယ္။

“အယ္လ္ နက္ဆာက ေဆာ္ဒီအာေရဗ်မွာ အမ်ိဳးသားနဲ႔ အမ်ိဳးသမီး ေဘာလုံးအတြက္ လုပ္ေဆာင္ေနတဲ့ ဦးတည္ခ်က္၊ တိုးတက္မႈေတြက စိတ္အားတက္ႂကြစရာအရမ္းေကာင္းပါတယ္။ ကြၽန္ေတာ္တို႔ မၾကာေသးမီက ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေဆာ္ဒီ အာေရဗ်ရဲ႕ စြမ္းေဆာင္ရည္ကို ျမင္ႏိုင္ခဲ့ၿပီး ဒီႏိုင္ငံဟာ ေဘာလုံးနဲ႔ပတ္သက္ၿပီး ႀကီးမားတဲ့ရည္မွန္းခ်က္ေတြနဲ႔ အလားအလာေတြအမ်ားႀကီးရွိတဲ့ ႏိုင္ငံပါ”

“ကြၽန္ေတာ္ ဥေရာပေဘာလုံးေလာကမွာ အႏိုင္ရရွိႏိုင္တဲ့ ဆုဖလားေတြအားလုံး ရယူႏိုင္ခဲ့တာ ကံေကာင္းၿပီး အခုက သင့္ေတာ္တဲ့ အခိုက္အတန႔္ျဖစ္တယ္လို႔ ကြၽန္ေတာ္ ခံစားေနရပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဖက္ဘရီဇီယို ႐ိုမာရဲ႕ ေျပာၾကားခ်က္အရ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္းဟာ အယ္လ္ နက္ဆာအသင္းမွာ စီးပြားေရးအက်ိဳးတူ လုပ္ငန္းေတြအပါအဝင္ တစ္ႏွစ္ကို အေမရိကန္ေဒၚလာသန္း ၂၀၀ နီးပါး ရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.