Premier League

ဂန်းနားတွေ ပရီးမီးယားလိဂ်မှတ်တမ်းသစ် ရေးထိုးနိုင်မှာ ကြောက်ရွံ့နေတဲ့ ဂွါဒီယိုလာ

ဂွါဒီယိုလာဟာ ၎င်းရဲ့အသင်းဟာ ပရီးမီးယားလိဂ်သရဖူကို ကာကွယ်ဖို့အတွက် ဆာလောင်မှုကို ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ သတိပေးခဲ့ပေမယ့် လက်ရှိ အမှတ်ပေးဇယား ဦးဆောင်သူတွေဟာ စံချိန်သစ်ရေးထိုးသွားမှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ယနေ့ည ဘရိုက်တန်နဲ့ပွဲစဉ်မှာ ဘယ်လိုရလဒ်ပဲ ထွက်ထွက် ၂၀၂၃ ခုနှစ်ကို အမှတ်ပေးဇယားထိပ်ဆုံးအဖြစ်နဲ့ ကူးပြောင်းနိုင်တော့မှာဖြစ်ပြီး ဒုတိယနေရာက မန်စီးတီးနဲ့ ၅ မှတ် ကွာဟနေတာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ အာဆင်နယ်အသင်းကို အမီလိုက်ဖို့ ရည်မှန်းနေတာဖြစ်ပြီး ၆ ရာသီမှာ ၅ ကြိမ်မြောက် ဆုဖလားကို ကိုင်မြှောက်သွားနိုင်မှာဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ်ဖလားကို အနိုင်ရရှိတာက ပိုပြီး ကောင်းမွန်တဲ့ အောင်မြင်မှုအဖြစ် ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စပိန်လူမျိုးနည်းပြက ၎င်းရဲ့ စိတ်အားအလွန်တက်ကြွနေတဲ့ လူစာရင်းဟာ ရာသီဒုတိယပိုင်းအတွင်း စိတ်အားတက်ကြွမှု သို့မဟုတ် အာရုံစိုက်မှု ကင်းမဲ့နေမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း အာတီတာရဲ့အသင်းပြသနေတဲ့ အရည်အသွေးနဲ့ ခြေစွမ်းတည်ငြိမ်မှုကိုတော့ စိုးရိမ်ပူပင်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ယခုရာသီမှာ ၂ ကြိမ်သာ ရမှတ်လျော့ကျခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ကြုံတွေ့ခဲ့ရသမျှ စမ်းသပ်မှုအားလုံးနီးပါးကို အောင်မြင်ခဲ့တာဖြစ်တာကြောင့် ဂွါဒီယိုလာက လက်ရှိမှာ ၎င်းရဲ့လက်ထောက်နည်းပြဟောင်းရဲ့ ဂန်းနားတွေကို ရမှတ် ၁၀၀ နဲ့ ရာသီပြီးဆုံးအောင် မောင်းနှင်နိုင်စွမ်းနဲ့ ၂၀၁၉ ခုနှစ်တုန်းက မန်စီးတီးရဲ့စံချိန်ကို လိုက်မီသွားမှာစိုးရိမ်နေတာဖြစ်ပါတယ်။

“အာဆင်နယ်က အရမ်းကောင်းကောင်း လုပ်နိုင်ခဲ့ပြီး သူတို့က ကျွန်တော်တို့ထက် ပိုပြီးကောင်းမွန်နေတယ်။ ဒီလို အချက်တွေကတော့ ခင်ဗျား သူတို့နဲ့ ယှဉ်ပြိုင်လို့မရဘူး။ ခင်ဗျား သူတို့နဲ့ ယှဉ်ပြီး မတိုက်ခိုက်နိုင်ဘူး။ အာဆင်နယ်သာ ဆက်ပြီးတော့ အနိုင်နဲ့ သရေကျနေရင် သူတို့တွေ ချန်ပီယံဖြစ်လိမ့်မယ်။ ဒီလို စည်းချက်မျိုးနဲ့ဆိုရင် သူတို့တွေ ရမှတ် ၁၀၀ ရသွားနိုင်တယ်။ ဒါပေမယ့်လည်း ရာသီက ရှည်လျားပြီး အရာတော်တော်များများက ဖြစ်ပျက်နိုင်ပါသေးတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့အရာအများအပြားကို လုပ်ခဲ့ပြီး အဲဒါကို လုပ်ဖို့ စိတ်ဆန္ဒနဲ့ ဆာလောင်မှု ရှိပါသေးတယ်။ ခင်ဗျား အများကြီး အနိုင်ရရှိတဲ့အချိန်မှာ အခြေအနေကို ကိုင်တွယ်ဖို့ ပိုပြီး လွယ်ကူပါလိမ့်မယ်။ ဒါပေမယ့် တဖက်မှာလည်း ‘ငါတို့တွေ ဒီဟာကို နောက်ထပ်တစ်ကြိမ် လုပ်ရမယ်’ဆိုတာလည်း ရှိတယ်။ အဲဒါက ရှုပ်ထွေးပါတယ်”

“အာဆင်နယ်က အရမ်းကောင်းကောင်း လုပ်နိုင်ခဲ့ပြီး အခုအထိ ကျွန်တော်တို့ထက် ပိုပြီးကောင်းမွန်ခဲ့တယ်။ ဒါပေမယ့် ၁၅ မှတ်၊ အမှတ် ၂၀ လောက်ကွာတာမဟုတ်ပါဘူး။ ကျွန်တော်တို့ နီးစပ်နေပါတယ်။ ကျွန်တော် ပိုပြီးတော့ နီးစပ်ချင်ပေမယ့် ကျွန်တော်တို့ ပွဲစဉ် ပထမအကျော့တောင် မပြီးသေးပါဘူး။ အဲဒါက ကြီးမားတဲ့ အကွာအဝေးမဟုတ်ပါဘူး”

“ကျွန်တော်တို့ ၅ နှစ်မှာ ၄ ကြိမ်အနိုင်ရခဲ့ပေမယ့် ယှဉ်ပြိုင်သူတွေအားလုံး အနိုင်ရရှိသွားခဲ့ပြီးနောက် ကျွန်တော်တို့ လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာ ကစားခဲ့တဲပုံစံမှာ စိတ်ဆန္ဒကို မြင်ရတယ်။ အဲဒါက ကျွန်တော့်ကို ‘ကောင်းပြီ။ ငါတို့ဘာသာ ငါတို့ နောက်ထပ်တစ်ကြိမ် သက်သေပြကြတာပေါ့”ဆိုပြီး ခံစားရမိတယ်။ တစ်စုံတရာက ကျိုးပျက်သွားပြီလို့ ခံစားရတဲ့အခိုက်အတန့်ကျရင် ကျွန်တော် နုတ်ထွက်တာ ဒါမှမဟုတ် စာချုပ်သက်တမ်းတိုးတာ လုပ်တော့မှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂြါဒီယိုလာဟာ ၎ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္သရဖူကို ကာကြယ္ဖို႔အတြက္ ဆာေလာင္မႈကို ထိန္းသိမ္းထားဆဲျဖစ္တယ္လို႔ သတိေပးခဲ့ေပမယ့္ လက္ရွိ အမွတ္ေပးဇယား ဦးေဆာင္သူေတြဟာ စံခ်ိန္သစ္ေရးထိုးသြားမွာကို စိုးရိမ္ေနတာ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ ယေန႔ည ဘ႐ိုက္တန္နဲ႔ပြဲစဥ္မွာ ဘယ္လိုရလဒ္ပဲ ထြက္ထြက္ ၂၀၂၃ ခုႏွစ္ကို အမွတ္ေပးဇယားထိပ္ဆုံးအျဖစ္နဲ႔ ကူးေျပာင္းႏိုင္ေတာ့မွာျဖစ္ၿပီး ဒုတိယေနရာက မန္စီးတီးနဲ႔ ၅ မွတ္ ကြာဟေနတာျဖစ္ပါတယ္။ ဂြါဒီယိုလာရဲ႕အသင္းဟာ အာဆင္နယ္အသင္းကို အမီလိုက္ဖို႔ ရည္မွန္းေနတာျဖစ္ၿပီး ၆ ရာသီမွာ ၅ ႀကိမ္ေျမာက္ ဆုဖလားကို ကိုင္ေျမႇာက္သြားႏိုင္မွာျဖစ္ေပမယ့္လည္း ခ်န္ပီယံလိဂ္ဖလားကို အႏိုင္ရရွိတာက ပိုၿပီး ေကာင္းမြန္တဲ့ ေအာင္ျမင္မႈအျဖစ္ ရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း စပိန္လူမ်ိဳးနည္းျပက ၎ရဲ႕ စိတ္အားအလြန္တက္ႂကြေနတဲ့ လူစာရင္းဟာ ရာသီဒုတိယပိုင္းအတြင္း စိတ္အားတက္ႂကြမႈ သို႔မဟုတ္ အာ႐ုံစိုက္မႈ ကင္းမဲ့ေနမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ေပမယ့္လည္း အာတီတာရဲ႕အသင္းျပသေနတဲ့ အရည္အေသြးနဲ႔ ေျခစြမ္းတည္ၿငိမ္မႈကိုေတာ့ စိုးရိမ္ပူပင္ေနတာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ယခုရာသီမွာ ၂ ႀကိမ္သာ ရမွတ္ေလ်ာ့က်ခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ႀကဳံေတြ႕ခဲ့ရသမွ် စမ္းသပ္မႈအားလုံးနီးပါးကို ေအာင္ျမင္ခဲ့တာျဖစ္တာေၾကာင့္ ဂြါဒီယိုလာက လက္ရွိမွာ ၎ရဲ႕လက္ေထာက္နည္းျပေဟာင္းရဲ႕ ဂန္းနားေတြကို ရမွတ္ ၁၀၀ နဲ႔ ရာသီၿပီးဆုံးေအာင္ ေမာင္းႏွင္ႏိုင္စြမ္းနဲ႔ ၂၀၁၉ ခုႏွစ္တုန္းက မန္စီးတီးရဲ႕စံခ်ိန္ကို လိုက္မီသြားမွာစိုးရိမ္ေနတာျဖစ္ပါတယ္။

“အာဆင္နယ္က အရမ္းေကာင္းေကာင္း လုပ္ႏိုင္ခဲ့ၿပီး သူတို႔က ကြၽန္ေတာ္တို႔ထက္ ပိုၿပီးေကာင္းမြန္ေနတယ္။ ဒီလို အခ်က္ေတြကေတာ့ ခင္ဗ်ား သူတို႔နဲ႔ ယွဥ္ၿပိဳင္လို႔မရဘူး။ ခင္ဗ်ား သူတို႔နဲ႔ ယွဥ္ၿပီး မတိုက္ခိုက္ႏိုင္ဘူး။ အာဆင္နယ္သာ ဆက္ၿပီးေတာ့ အႏိုင္နဲ႔ သေရက်ေနရင္ သူတို႔ေတြ ခ်န္ပီယံျဖစ္လိမ့္မယ္။ ဒီလို စည္းခ်က္မ်ိဳးနဲ႔ဆိုရင္ သူတို႔ေတြ ရမွတ္ ၁၀၀ ရသြားႏိုင္တယ္။ ဒါေပမယ့္လည္း ရာသီက ရွည္လ်ားၿပီး အရာေတာ္ေတာ္မ်ားမ်ားက ျဖစ္ပ်က္ႏိုင္ပါေသးတယ္။ ကြၽန္ေတာ္တို႔ ေကာင္းမြန္တဲ့အရာအမ်ားအျပားကို လုပ္ခဲ့ၿပီး အဲဒါကို လုပ္ဖို႔ စိတ္ဆႏၵနဲ႔ ဆာေလာင္မႈ ရွိပါေသးတယ္။ ခင္ဗ်ား အမ်ားႀကီး အႏိုင္ရရွိတဲ့အခ်ိန္မွာ အေျခအေနကို ကိုင္တြယ္ဖို႔ ပိုၿပီး လြယ္ကူပါလိမ့္မယ္။ ဒါေပမယ့္ တဖက္မွာလည္း ‘ငါတို႔ေတြ ဒီဟာကို ေနာက္ထပ္တစ္ႀကိမ္ လုပ္ရမယ္’ဆိုတာလည္း ရွိတယ္။ အဲဒါက ရႈပ္ေထြးပါတယ္”

“အာဆင္နယ္က အရမ္းေကာင္းေကာင္း လုပ္ႏိုင္ခဲ့ၿပီး အခုအထိ ကြၽန္ေတာ္တို႔ထက္ ပိုၿပီးေကာင္းမြန္ခဲ့တယ္။ ဒါေပမယ့္ ၁၅ မွတ္၊ အမွတ္ ၂၀ ေလာက္ကြာတာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ နီးစပ္ေနပါတယ္။ ကြၽန္ေတာ္ ပိုၿပီးေတာ့ နီးစပ္ခ်င္ေပမယ့္ ကြၽန္ေတာ္တို႔ ပြဲစဥ္ ပထမအေက်ာ့ေတာင္ မၿပီးေသးပါဘူး။ အဲဒါက ႀကီးမားတဲ့ အကြာအေဝးမဟုတ္ပါဘူး”

“ကြၽန္ေတာ္တို႔ ၅ ႏွစ္မွာ ၄ ႀကိမ္အႏိုင္ရခဲ့ေပမယ့္ ယွဥ္ၿပိဳင္သူေတြအားလုံး အႏိုင္ရရွိသြားခဲ့ၿပီးေနာက္ ကြၽန္ေတာ္တို႔ လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲမွာ ကစားခဲ့တဲပုံစံမွာ စိတ္ဆႏၵကို ျမင္ရတယ္။ အဲဒါက ကြၽန္ေတာ့္ကို ‘ေကာင္းၿပီ။ ငါတို႔ဘာသာ ငါတို႔ ေနာက္ထပ္တစ္ႀကိမ္ သက္ေသျပၾကတာေပါ့”ဆိုၿပီး ခံစားရမိတယ္။ တစ္စုံတရာက က်ိဳးပ်က္သြားၿပီလို႔ ခံစားရတဲ့အခိုက္အတန႔္က်ရင္ ကြၽန္ေတာ္ ႏုတ္ထြက္တာ ဒါမွမဟုတ္ စာခ်ဳပ္သက္တမ္းတိုးတာ လုပ္ေတာ့မွာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.