Premier League

ပရက်စတန်ကို အနိုင်ယူပြီး ချန်ပီယံရှစ်ဖလားကို စံချိန်တင်ကိုင်မြှောက်နိုင်ခဲ့တဲ့ လက်စတာ

လက်စတာစီးတီးဟာ တနင်္လာနေ့ညက ပရက်စတန်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂျေမီ ဗာဒီရဲ့ သွင်းဂိုး ၂ ဂိုး၊ ကေစီ မက်ကတီးယားရဲ့ ခေါင်းတိုက်သွင်းဂိုးတွေကြောင့် ၃-၀ နဲ့ အနိုင်ရပြီး ချန်ပီယံရှစ် ချန်ပီယံတွေဖြစ်ခဲ့ကြပါတယ်။

မြေခွေးတွေဟာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ခဲ့ပြီးသားဖြစ်ပေမယ့်လည်း ဒုတိယနေရာက လိဒ်စ်ယူနိုက်တက်ကို ရာသီကုန်ဖို့ ၁ ပွဲအလိုမှာ ၇ မှတ်အထိ ဖြတ်နိုင်ခဲ့တာကြောင့် ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးဟာ ၁၉၂၅၊ ၁၉၃၇၊ ၁၉၅၄၊ ၁၉၇၁၊ ၁၉၈၀၊ ၂၀၁၄နဲ့ ၂၀၂၄ ခုနှစ်တို့မှာ ချန်ပီယံရှစ် ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး အင်္ဂလန်က ဘယ်အသင်းကမှ ဒုတိယတန်းဖလားကို ဒီထက်ပိုပြီး အနိုင်ရခဲ့ဖူးတာမရှိပါဘူး။

ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ဖို့က သောကြာနေ့မှာ သေချာသွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ရမှတ် ၉၇ မှတ်အထိ ရထားတဲ့ လက်စတာဟာ စနေနေ့ ဘလက်ဘန်းကို အနိုင်ကစားနိုင်ရင် ရမှတ် ၁၀၀ နဲ့ ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်တော့မှာဖြစ်ပါတယ်။

ဂျေမီ ဗာဒီက ပထမပိုင်း ၃၆ မိနစ်မှာ ဘယ်ခြေနဲ့ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့ပြီး လက်စတာစီးတီးအတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၇မိနစ်အကြာမှာ ဗာဒီကပဲ အနီးကပ် ကန်ချက်နဲ့ ဂိုးပေါက်အလယ်ကို အပြင်းကန်သွင်းယူသွားခဲ့ပြီး ၆၇ မိနစ်မှာ မက်ကတီးယားက ဖာတာဝူရဲ့ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်ပြီး အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လက္စတာစီးတီးဟာ တနလၤာေန႔ညက ပရက္စတန္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ေဂ်မီ ဗာဒီရဲ႕ သြင္းဂိုး ၂ ဂိုး၊ ေကစီ မက္ကတီးယားရဲ႕ ေခါင္းတိုက္သြင္းဂိုးေတြေၾကာင့္ ၃-၀ နဲ႔ အႏိုင္ရၿပီး ခ်န္ပီယံရွစ္ ခ်န္ပီယံေတြျဖစ္ခဲ့ၾကပါတယ္။

ေျမေခြးေတြဟာ ပရီးမီးယားလိဂ္ကို တန္းျပန္တက္ႏိုင္ခဲ့ၿပီးသားျဖစ္ေပမယ့္လည္း ဒုတိယေနရာက လိဒ္စ္ယူႏိုက္တက္ကို ရာသီကုန္ဖို႔ ၁ ပြဲအလိုမွာ ၇ မွတ္အထိ ျဖတ္ႏိုင္ခဲ့တာေၾကာင့္ ခ်န္ပီယံျဖစ္ခဲ့တာျဖစ္ပါတယ္။

လက္စတာစီးတီးဟာ ၁၉၂၅၊ ၁၉၃၇၊ ၁၉၅၄၊ ၁၉၇၁၊ ၁၉၈၀၊ ၂၀၁၄နဲ႔ ၂၀၂၄ ခုႏွစ္တို႔မွာ ခ်န္ပီယံရွစ္ ခ်န္ပီယံျဖစ္ခဲ့တာျဖစ္ၿပီး အဂၤလန္က ဘယ္အသင္းကမွ ဒုတိယတန္းဖလားကို ဒီထက္ပိုၿပီး အႏိုင္ရခဲ့ဖူးတာမရွိပါဘူး။

ပရီးမီးယားလိဂ္ကို တန္းျပန္တက္ႏိုင္ဖို႔က ေသာၾကာေန႔မွာ ေသခ်ာသြားခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ရမွတ္ ၉၇ မွတ္အထိ ရထားတဲ့ လက္စတာဟာ စေနေန႔ ဘလက္ဘန္းကို အႏိုင္ကစားႏိုင္ရင္ ရမွတ္ ၁၀၀ နဲ႔ ပရီးမီးယားလိဂ္ကို တန္းျပန္တက္ႏိုင္ေတာ့မွာျဖစ္ပါတယ္။

ေဂ်မီ ဗာဒီက ပထမပိုင္း ၃၆ မိနစ္မွာ ဘယ္ေျခနဲ႔ ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့ၿပီး လက္စတာစီးတီးအတြက္ ဦးေဆာင္ဂိုးကို စတင္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ၇မိနစ္အၾကာမွာ ဗာဒီကပဲ အနီးကပ္ ကန္ခ်က္နဲ႔ ဂိုးေပါက္အလယ္ကို အျပင္းကန္သြင္းယူသြားခဲ့ၿပီး ၆၇ မိနစ္မွာ မက္ကတီးယားက ဖာတာဝူရဲ႕ ျဖတ္တင္ေပးပို႔မႈကို ေခါင္းတိုက္ၿပီး အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.