Premier League

လိုရစ်အဆင့်အထိ ရောက်ဖို့ မာတီနက်ဇ်က အများကြီးလိုသေးတယ်ဆိုတဲ့ ကွန်တီ

ကမ္ဘာ့ဖလားသူရဲကောင်း အီမီလီယာနို မာတီနက်ဇ်အနေနဲ့ ချန်ပီယံ ဟူဂို လိုရစ်နဲ့ တူညီတဲ့အဆင့်အတန်းတစ်ခုတည်းပုံစံမျိုး ပြောဆိုချင်တယ်ဆိုရင် သွားရမယ့်ခရီးလမ်းက အရှည်ကြီးကျန်သေးတယ်လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနွေနေ့မှာ အက်စတန် ဗီလာက စပါးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး မာတီနက်ဇ်နဲ့ အန်တိုနီယို ကွန်တီတို့ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးနောက် ၂ ပတ်အကြာမှာ ပြန်လည်တွေ့ဆုံသွားရမှာ ဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲက ပင်နယ်တီ အဆုံးအဖြတ်မှာ ဟူဂို လိုရစ်ထက် ပိုမိုကောင်းမွန်ခဲ့တဲ့ဂိုးသမားဖြစ်ခဲ့တာဖြစ်ပြီး အောက်စ်ဖို့ဒ်၊ ရှက်ဖီး ဝမ့်န်စ်ဒေး၊ ရော့သာဟမ်တို့မှာ အငှားကစားသမားအဖြစ် ကစားခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ်ကမှ လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ လက်ရှိမှာတော့ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားရရှိခဲ့တာကြောင့် ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပေမယ့်လည်း ကွန်တီက စစ်မှန်တဲ့ စမ်းသပ်မှုက အခုအချိန်မှ စတင်မှာဖြစ်တယ်လို့ သတိပေးပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဟူဂိုအကြောင်း ပြောရင် အချိန်တွေ ကုန်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ကစားသမားဘဝက သူ့ဘာသာ စကားပြောနေလို့ပါ။ ကျွန်တော်တို့ အခု လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ကမ္ဘာပေါ်ကအကောင်းဆုံးဂိုးသမားတွေထဲကတစ်ဦးဖြစ်ခဲ့တဲ့သူအကြောင်းကို ပြောနေတာပါ”

“ပထမဆုံးအနေနဲ့ မာတီနက်ဇ်က ကမ္ဘာ့ဖလားကို ရရှိခဲ့ပြီး သူက ကမ္ဘာပေါ်က အရေးအကြီးဆုံးဆုဖလားကို ရရှိခဲ့ရာမှာ အဓိကဇာတ်ဆောင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သူ့မှာ ကမ္ဘာပေါ်က အကောင်းဆုံး ဒါမှမဟုတ် အကောင်းဆုံးဂိုးသမားတွေထဲ တစ်ဦးဆိုတာကို ပြသဖို့ ရှည်လျားတဲ့ ကစားသမားဘဝ ရှိပါတယ်။ ဒါပေမယ့် အခုတော့ သူ ခက်ခဲတဲ့ အခြေအနေ စတင်နေပြီဖြစ်ပါတယ်။ အခု ခင်ဗျားက အမြင့်မှာရှိနေပေမယ့် ခင်ဗျား ဆက်ပြီးတော့ မြင့်နေရမယ်။ ဖြစ်နိုင်သမျှ တိုးတက်အောင်လုပ်ပြီး တခါတလေ ကံကောင်းခဲ့တာမျိုးမဟုတ်ဘူးဆိုတာကို ပြသရမယ်”

“အရေးပါတဲ့ကစားသမားတွေက အနိုင်ရရှိပြီးနောက်မှာ သူတို့တွေအရေးပါတဲ့ ကစားသမားဘဝကို တည်ဆောက်ပြီး ဒီအနိုင်ရလဒ်နဲ့ စတင်တယ်။ ပြီးတော့ နိုင်ပြီးရင်း နိုင်ပြီး သူတို့ရဲ့အဆင့်အတန်းကို တိုးတက်အောင်လုပ်ကြတယ်။ ကျွန်တော်တို့က အရေးပါတဲ့ ဂိုးသမား၂ ဦးအကြောင်း ပြောနေကြတာပါ။ မာတီနက်ဇ်က ဟူဂိုထက် ပိုပြီးတော့ ငယ်ပါတယ်။ သူက ကောင်းမွန်တဲ့ ကမ္ဘာ့ဖလားကို ကစားခဲ့ပြီး အရေးကြီးတဲ့ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကမာၻ႔ဖလားသူရဲေကာင္း အီမီလီယာႏို မာတီနက္ဇ္အေနနဲ႔ ခ်န္ပီယံ ဟူဂို လိုရစ္နဲ႔ တူညီတဲ့အဆင့္အတန္းတစ္ခုတည္းပုံစံမ်ိဳး ေျပာဆိုခ်င္တယ္ဆိုရင္ သြားရမယ့္ခရီးလမ္းက အရွည္ႀကီးက်န္ေသးတယ္လို႔ ကြန္တီက ေျပာၾကားခဲ့ပါတယ္။

တနဂၤေႏြေႏြေန႔မွာ အက္စတန္ ဗီလာက စပါးအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး မာတီနက္ဇ္နဲ႔ အန္တိုနီယို ကြန္တီတို႔ဟာ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ထိပ္တိုက္ရင္ဆိုင္ခဲ့ၿပီးေနာက္ ၂ ပတ္အၾကာမွာ ျပန္လည္ေတြ႕ဆုံသြားရမွာ ျဖစ္ပါတယ္။

မာတီနက္ဇ္ဟာ ကမာၻ႔ဖလားဗိုလ္လုပြဲက ပင္နယ္တီ အဆုံးအျဖတ္မွာ ဟူဂို လိုရစ္ထက္ ပိုမိုေကာင္းမြန္ခဲ့တဲ့ဂိုးသမားျဖစ္ခဲ့တာျဖစ္ၿပီး ေအာက္စ္ဖို႔ဒ္၊ ရွက္ဖီး ဝမ့္န္စ္ေဒး၊ ေရာ့သာဟမ္တို႔မွာ အငွားကစားသမားအျဖစ္ ကစားခဲ့ၿပီးေနာက္ပိုင္း ၿပီးခဲ့တဲ့ႏွစ္ကမွ လက္ေ႐ြးစင္အသင္းအတြက္ ပြဲဦးထြက္ခြင့္ရရွိခဲ့သူျဖစ္ပါတယ္။

မာတီနက္ဇ္ဟာ လက္ရွိမွာေတာ့ အာဂ်င္တီးနားနဲ႔အတူ ကမာၻ႔ဖလားရရွိခဲ့တာေၾကာင့္ ထိပ္ဆုံးမွာ ရပ္တည္ေနတာျဖစ္ေပမယ့္လည္း ကြန္တီက စစ္မွန္တဲ့ စမ္းသပ္မႈက အခုအခ်ိန္မွ စတင္မွာျဖစ္တယ္လို႔ သတိေပးေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ဟူဂိုအေၾကာင္း ေျပာရင္ အခ်ိန္ေတြ ကုန္မယ္ထင္တယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ရဲ႕ ကစားသမားဘဝက သူ႔ဘာသာ စကားေျပာေနလို႔ပါ။ ကြၽန္ေတာ္တို႔ အခု လြန္ခဲ့တဲ့ ၁၀ ႏွစ္အတြင္းမွာ ကမာၻေပၚကအေကာင္းဆုံးဂိုးသမားေတြထဲကတစ္ဦးျဖစ္ခဲ့တဲ့သူအေၾကာင္းကို ေျပာေနတာပါ”

“ပထမဆုံးအေနနဲ႔ မာတီနက္ဇ္က ကမာၻ႔ဖလားကို ရရွိခဲ့ၿပီး သူက ကမာၻေပၚက အေရးအႀကီးဆုံးဆုဖလားကို ရရွိခဲ့ရာမွာ အဓိကဇာတ္ေဆာင္တစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။ ၿပီးေတာ့ သူ႔မွာ ကမာၻေပၚက အေကာင္းဆုံး ဒါမွမဟုတ္ အေကာင္းဆုံးဂိုးသမားေတြထဲ တစ္ဦးဆိုတာကို ျပသဖို႔ ရွည္လ်ားတဲ့ ကစားသမားဘဝ ရွိပါတယ္။ ဒါေပမယ့္ အခုေတာ့ သူ ခက္ခဲတဲ့ အေျခအေန စတင္ေနၿပီျဖစ္ပါတယ္။ အခု ခင္ဗ်ားက အျမင့္မွာရွိေနေပမယ့္ ခင္ဗ်ား ဆက္ၿပီးေတာ့ ျမင့္ေနရမယ္။ ျဖစ္ႏိုင္သမွ် တိုးတက္ေအာင္လုပ္ၿပီး တခါတေလ ကံေကာင္းခဲ့တာမ်ိဳးမဟုတ္ဘူးဆိုတာကို ျပသရမယ္”

“အေရးပါတဲ့ကစားသမားေတြက အႏိုင္ရရွိၿပီးေနာက္မွာ သူတို႔ေတြအေရးပါတဲ့ ကစားသမားဘဝကို တည္ေဆာက္ၿပီး ဒီအႏိုင္ရလဒ္နဲ႔ စတင္တယ္။ ၿပီးေတာ့ ႏိုင္ၿပီးရင္း ႏိုင္ၿပီး သူတို႔ရဲ႕အဆင့္အတန္းကို တိုးတက္ေအာင္လုပ္ၾကတယ္။ ကြၽန္ေတာ္တို႔က အေရးပါတဲ့ ဂိုးသမား၂ ဦးအေၾကာင္း ေျပာေနၾကတာပါ။ မာတီနက္ဇ္က ဟူဂိုထက္ ပိုၿပီးေတာ့ ငယ္ပါတယ္။ သူက ေကာင္းမြန္တဲ့ ကမာၻ႔ဖလားကို ကစားခဲ့ၿပီး အေရးႀကီးတဲ့ကာကြယ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.