Match Report Premier League

ဝက်စ်ဟမ်းကို တန်းဆင်းအောင် အဝေးကွင်းအထိလိုက်ပြီး ဇာတ်ပို့ပေးတဲ့ ဘရန့်ဖို့ဒ်

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖာဘီယန်စကီး၊ ခံစစ်မှာ ခရက်စ်ဝဲလ်၊ ဒေါ်ဆန်နဲ့ အော့ဘွန်နာတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ အီမာဆန်၊ ဒက်ကလန် ရိုက်စ်၊ ပါကေးတာ၊ ဆိုဖာလ်တို့နဲ့ စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဘင်ရာမာ၊ ဘိုဝင်နဲ့ ဆကာမက်ကာတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အဝေးကွင်း လာကစားတဲ့ ဧည့်သည် ဘရန့်ဖို့ဒ်အသင်းကတော့ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဇန်ကာ၊ ဘန်မီးနဲ့ ပင်းနော့ခ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ယန်ဆင်၊ နော်ဂါ့ဒ်၊ ဒါဆေးလ်ဗား၊ ရီကို ဟင်နရီနဲ့ ရိုအာဆလက်ဗ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ တိုနီနဲ့ အမ်ဘူးမိုတို့ကိုပဲ တင်ကစားလာခဲ့တာပါ။

အာဆင်နယ်ကိုတောင် ၄-၃-၃ နဲ့ အဝေးကွင်းမှာ ယှဉ်ကစားဖို့ ကြိုးစားခဲ့တဲ့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မွိုက်စ်အနေနဲ့ ဒီနေ့မှာတော့ ဘာစိတ်ကူးပေါက်လို့ ၃-၅-၂ ကြီးနဲ့ အိမ်ကွင်းမှာ ခံစစ်ကစားလာခဲ့တာလဲဆိုတာကတော့ ညပွဲကြည့်သူတွေ အိပ်ချင်ပြေသွားရလောက်အောင် ထူးဆန်းခဲ့ပြီး နှစ်သင်းစလုံး ကစားကွက် တူညီတဲ့ လန်ဒန်ဒါဘီပွဲမှာ အိမ်ရှင်တွေကတော့ ဘောလုံးပိုကိုင်ကစားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅ မိနစ်မှာ အသင်းခေါင်းဆောင် ရိုက်စ်ရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့ပြီး ဖိကစားနိုင်ခဲ့ပေမယ့် ဒါက ဝက်စ်ဟမ်းတို့အတွက် ရင်းနှီးတဲ့ ပုံစံတော့ မဟုတ်ခဲ့ဘဲ သူများအသင်း ဘာလုပ်မလဲဆိုတဲ့ အပေါ်မှာ ကောင်တာပြန်ကစားတဲ့ Passive Style မှာ အသားကျနေတဲ့ ဟမ်းမားတွေအနေနဲ့ ဘောလုံး ပေးကိုင်တဲ့ ဘရန့်ဖိုဒ်နဲ့အတွေ့မှာ ထင်သလောက်တော့ ထိရောက်အောင် မကစားနိုင်ခဲ့တာပါ။

ပွဲချိန် ၁၁ မိနစ်မှာ ထောင့်ကန်ဘောကနေ ဒေါ်ဆန်ရဲ့ ခေါင်းတိုက်ချက်က တိုင်ဘေးက ထွက်သွားခဲ့ပြန်လို့ ဟိုမမီ ဒီမမီ ကြုံရတတ်တဲ့ ဂိုးသမား အပုလေး ရာယာနဲ့ ဘရန့်ဖို့ဒ်တို့ ကံကောင်းခဲ့ပြီး ဘိုဝင်ရဲ့ အတိုးအလှုပ်တွေကတော့ မဆိုးခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာတော့ လွဲချော်နေခဲ့သလို အမ်ဘူးမိုရဲ့ ပြန်လည်ခြိမ်းခြောက်မှုကိုတော့ ဝက်စ်ဟမ်းဂိုးသမား ဖာဘီယန်စကီးက ဖမ်းယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့သလို ဘယ်ခြမ်းက ယန်ဆင်ရဲ့ လက်ပစ်ဘောကို ပင်းနော့ခ်က ဧရိယာထဲမှာ ခေါင်းတိုက်ချပေးတာကို နော်ဂါ့ဒ်က ကန်သွင်းခဲ့ပြီး ဂိုးသမား ဖာဘီယန်စကီးက ပုတ်ထုတ်နိုင်ခဲ့ပေမယ့် သူပြန်မထနိုင်ခင်မှာ တိုနီက အနီးကပ် ကန်သွင်းယူနိုင်ခဲ့လို့ ဝက်စ်ဟမ်းတို့ အိမ်ကွင်းမှာ နောက်က လိုက်ကစားခဲ့ရတာပါ။

ဝက်စ်ဟမ်းတို့အနေနဲ့ အသက် ၃၇ နှစ်အရွယ် ပိုလန်ဂိုးသမားကို အစားထိုးသင့်ပြီဖြစ်ပေမယ့် မပြောင်းမလဲ ဆက်လက်သုံးစွဲနေခဲ့တာက သူတို့ကို နစ်နာစေခဲ့ပြီး အာဆင်နယ်ဂိုးသမားဟောင်းရဲ့ နှေးကွေးလေးလံလာမှုတွေက တစ်ဖက်တိုက်စစ်ကို နှစ်ကြိမ်ဆက် ကာကွယ်ရမယ့် အချိန်မျိုးမှာ လုံးဝကို အခွင့်အရေး မရှိစေတော့တာကြောင့် ဂိုးတွေ ခွင့်ပြုနေခဲ့ရတာကိုလည်း မြင်တွေ့နေခဲ့ရပါတယ်။

အိမ်ရှင် ဟမ်းမားတွေအနေနဲ့ ဘရာဇီးလ်သား ပါကေးတာရဲ့ ဘောလုံးနိုင်နင်းပြီး ဖန်တီးပေးနိုင်မှုအားနဲ့ အသင်းခေါင်းဆောင် ရိုက်စ်တို့ရဲ့ တိုးအားရုန်းအားတွေနဲ့ ဂိုးပြန်ရဖို့ ကြိုးစားနေခဲ့ပေမယ့် ခံစစ်ထိုင်ကစားနေတဲ့ ဘရန့်ဖို့ဒ်ရဲ့ ဗျူဟာနဲ့ သွက်လက်တဲ့ ဂိုးသမား ရာယာတို့ကြောင့် အရာမထင် ဖြစ်ခဲ့ရပြီး အဆုံးသတ်ပိုင်းတွေမှာလည်း လိုအပ်ချက်တွေ များနေခဲ့တာပါ။

ပွဲချိန် ၄၃ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ လက်ပစ်ဘောကနေ တိုနီက ဝက်စ်ဟမ်းနောက်ခံလူတွေကို ကျော်ချပေးရာမှာ နှေးကွေးနေတဲ့ နောက်ခံလူ ခရက်စ်ဝဲလ်ကို နောက်ကနေ ဖြတ်ကျော်သွားခဲ့တဲ့ ဒါဆေးလ်ဗားက ဖာဘီယန်စကီးနဲ့ တစ်ဦးချင်းအတွေ့မှာ ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘောကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အသက် ၃၂ နှစ်အရွယ် ဒေါ်ဆန်၊ ၃၃ နှစ်အရွယ် ခရက်စ်ဝဲလ်၊ ၃၄ နှစ်အရွယ် အော့ဘွန်နာနဲ့ ၃၇ နှစ်အရွယ် ဖာဘီယန်စကီးတို့ရဲ့ ပျမ်းမျှအသက် ၃၄ နှစ်အရွယ် ဝက်စ်ဟမ်းခံစစ်ရဲ့ လေးလံမှုက ဘရန့်ဖို့ဒ်တို့ကို လက်ဆောင်ပေးသလိုဖြစ်နေခဲ့ပြီး ပထမပိုင်းကတော့ ဧည့်သည်တွေအတွက် နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရလဒ်ကို ထွက်ပေါ်စေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ဒေးဗစ် မွိုက်စ်အနေနဲ့ အပြောင်းအလဲလုပ်ဖို့ ပျက်ကွက်နေခဲ့သလို အလုပ်မဖြစ်တဲ့ လူတွေနဲ့ပဲ ဆက်ကစားနေခဲ့ပြီး ဘိုဝင် လဲကျတာကလည်း ပင်နယ်တီ မရဘဲ ဖရီးကစ်သာ ရခဲ့လို့ ချေပဂိုး ပြန်ရဖို့ ဝေးနေခဲ့သလို ဝက်စ်ဟမ်းရဲ့ Inverted Winger တွေ စိတ်ကြိုက်တိုးခွင့် မရအောင် ဘရန့်ဖို့ဒ်တို့ကလည်း အတွင်းဝင်ခွင့်ကို ပိတ်ဆို့သွားခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းဘက်က အီမာဆန်နဲ့ ပါကေးတာတို့အစား အန်တိုနီယိုနဲ့ ဆိုးချက်ခ်တို့ကို လဲကစားခဲ့သလို ဘရန့်ဖို့ဒ်တို့ကတော့ အမ်ဘူးမို၊ ယန်ဆင်၊ ဒါဆေးလ်ဗားနဲ့ တိုနီတို့အစား ဝစ်ဆာ၊ ယန်နဲ့လ်၊ ဂေါ့ဒို့စ်နဲ့ ယန်ဆွန်တို့ကို လဲပြီး ထိန်းချုပ်သွားခဲ့သလို အိမ်ရှင်တွေအနေနဲ့ အရှက်ပြေတစ်ဂိုးတောင် ပြန်မရခဲ့သလို ပွဲချိန်အပြည့်မှာတော့ ဧည့်သည်တွေပဲ ပထမပိုင်းက ရလဒ်အတိုင်း အောင်ပွဲခံသွားနိုင်ခဲ့ကြတာပါ။

လန်ဒန်ဒါဘီမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် ဘရန့်ဖို့ဒ်တို့အနေနဲ့ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ နှစ်ပွဲနိုင်၊ သုံးပွဲသရေနဲ့ အဆင့် ၉ ဆီ ပြန်လည်တက်လှမ်းလာနိုင်ခဲ့ကြချိန်မှာ နောက်ဆုံး ၅ ပွဲဆက်တိုက် ရှုံးခဲ့တဲ့ ဝက်စ်ဟမ်းကတော့ တန်းဆင်းဇုန်အထက် အဆင့် ၁၇ နေရာကို ရောက်ရှိခဲ့ပြီး အောက်သင်းတွေ အားလုံးနိုင်ရင် အဆင့် ၂၀ ကို ကြမ်းကပ်သွားနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေခဲ့ရပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဖာဘီယန္စကီး၊ ခံစစ္မွာ ခရက္စ္ဝဲလ္၊ ေဒၚဆန္နဲ႔ ေအာ့ဘြန္နာတို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ အီမာဆန္၊ ဒက္ကလန္ ႐ိုက္စ္၊ ပါေကးတာ၊ ဆိုဖာလ္တို႔နဲ႔ စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ဘင္ရာမာ၊ ဘိုဝင္နဲ႔ ဆကာမက္ကာတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အေဝးကြင္း လာကစားတဲ့ ဧည့္သည္ ဘရန႔္ဖို႔ဒ္အသင္းကေတာ့ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဇန္ကာ၊ ဘန္မီးနဲ႔ ပင္းေနာ့ခ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ယန္ဆင္၊ ေနာ္ဂါ့ဒ္၊ ဒါေဆးလ္ဗား၊ ရီကို ဟင္နရီနဲ႔ ႐ိုအာဆလက္ဗ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ တိုနီနဲ႔ အမ္ဘူးမိုတို႔ကိုပဲ တင္ကစားလာခဲ့တာပါ။

အာဆင္နယ္ကိုေတာင္ ၄-၃-၃ နဲ႔ အေဝးကြင္းမွာ ယွဥ္ကစားဖို႔ ႀကိဳးစားခဲ့တဲ့ ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္ မြိဳက္စ္အေနနဲ႔ ဒီေန႔မွာေတာ့ ဘာစိတ္ကူးေပါက္လို႔ ၃-၅-၂ ႀကီးနဲ႔ အိမ္ကြင္းမွာ ခံစစ္ကစားလာခဲ့တာလဲဆိုတာကေတာ့ ညပြဲၾကည့္သူေတြ အိပ္ခ်င္ေျပသြားရေလာက္ေအာင္ ထူးဆန္းခဲ့ၿပီး ႏွစ္သင္းစလုံး ကစားကြက္ တူညီတဲ့ လန္ဒန္ဒါဘီပြဲမွာ အိမ္ရွင္ေတြကေတာ့ ေဘာလုံးပိုကိုင္ကစားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅ မိနစ္မွာ အသင္းေခါင္းေဆာင္ ႐ိုက္စ္ရဲ႕ ကန္ခ်က္ တိုင္ထိထြက္ခဲ့ၿပီး ဖိကစားႏိုင္ခဲ့ေပမယ့္ ဒါက ဝက္စ္ဟမ္းတို႔အတြက္ ရင္းႏွီးတဲ့ ပုံစံေတာ့ မဟုတ္ခဲ့ဘဲ သူမ်ားအသင္း ဘာလုပ္မလဲဆိုတဲ့ အေပၚမွာ ေကာင္တာျပန္ကစားတဲ့ Passive Style မွာ အသားက်ေနတဲ့ ဟမ္းမားေတြအေနနဲ႔ ေဘာလုံး ေပးကိုင္တဲ့ ဘရန႔္ဖိုဒ္နဲ႔အေတြ႕မွာ ထင္သေလာက္ေတာ့ ထိေရာက္ေအာင္ မကစားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၁ မိနစ္မွာ ေထာင့္ကန္ေဘာကေန ေဒၚဆန္ရဲ႕ ေခါင္းတိုက္ခ်က္က တိုင္ေဘးက ထြက္သြားခဲ့ျပန္လို႔ ဟိုမမီ ဒီမမီ ႀကဳံရတတ္တဲ့ ဂိုးသမား အပုေလး ရာယာနဲ႔ ဘရန႔္ဖို႔ဒ္တို႔ ကံေကာင္းခဲ့ၿပီး ဘိုဝင္ရဲ႕ အတိုးအလႈပ္ေတြကေတာ့ မဆိုးခဲ့ေပမယ့္ အဆုံးသတ္ပိုင္းမွာေတာ့ လြဲေခ်ာ္ေနခဲ့သလို အမ္ဘူးမိုရဲ႕ ျပန္လည္ၿခိမ္းေျခာက္မႈကိုေတာ့ ဝက္စ္ဟမ္းဂိုးသမား ဖာဘီယန္စကီးက ဖမ္းယူသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့သလို ဘယ္ျခမ္းက ယန္ဆင္ရဲ႕ လက္ပစ္ေဘာကို ပင္းေနာ့ခ္က ဧရိယာထဲမွာ ေခါင္းတိုက္ခ်ေပးတာကို ေနာ္ဂါ့ဒ္က ကန္သြင္းခဲ့ၿပီး ဂိုးသမား ဖာဘီယန္စကီးက ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ သူျပန္မထႏိုင္ခင္မွာ တိုနီက အနီးကပ္ ကန္သြင္းယူႏိုင္ခဲ့လို႔ ဝက္စ္ဟမ္းတို႔ အိမ္ကြင္းမွာ ေနာက္က လိုက္ကစားခဲ့ရတာပါ။

ဝက္စ္ဟမ္းတို႔အေနနဲ႔ အသက္ ၃၇ ႏွစ္အ႐ြယ္ ပိုလန္ဂိုးသမားကို အစားထိုးသင့္ၿပီျဖစ္ေပမယ့္ မေျပာင္းမလဲ ဆက္လက္သုံးစြဲေနခဲ့တာက သူတို႔ကို နစ္နာေစခဲ့ၿပီး အာဆင္နယ္ဂိုးသမားေဟာင္းရဲ႕ ေႏွးေကြးေလးလံလာမႈေတြက တစ္ဖက္တိုက္စစ္ကို ႏွစ္ႀကိမ္ဆက္ ကာကြယ္ရမယ့္ အခ်ိန္မ်ိဳးမွာ လုံးဝကို အခြင့္အေရး မရွိေစေတာ့တာေၾကာင့္ ဂိုးေတြ ခြင့္ျပဳေနခဲ့ရတာကိုလည္း ျမင္ေတြ႕ေနခဲ့ရပါတယ္။

အိမ္ရွင္ ဟမ္းမားေတြအေနနဲ႔ ဘရာဇီးလ္သား ပါေကးတာရဲ႕ ေဘာလုံးႏိုင္နင္းၿပီး ဖန္တီးေပးႏိုင္မႈအားနဲ႔ အသင္းေခါင္းေဆာင္ ႐ိုက္စ္တို႔ရဲ႕ တိုးအား႐ုန္းအားေတြနဲ႔ ဂိုးျပန္ရဖို႔ ႀကိဳးစားေနခဲ့ေပမယ့္ ခံစစ္ထိုင္ကစားေနတဲ့ ဘရန႔္ဖို႔ဒ္ရဲ႕ ဗ်ဴဟာနဲ႔ သြက္လက္တဲ့ ဂိုးသမား ရာယာတို႔ေၾကာင့္ အရာမထင္ ျဖစ္ခဲ့ရၿပီး အဆုံးသတ္ပိုင္းေတြမွာလည္း လိုအပ္ခ်က္ေတြ မ်ားေနခဲ့တာပါ။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ လက္ပစ္ေဘာကေန တိုနီက ဝက္စ္ဟမ္းေနာက္ခံလူေတြကို ေက်ာ္ခ်ေပးရာမွာ ေႏွးေကြးေနတဲ့ ေနာက္ခံလူ ခရက္စ္ဝဲလ္ကို ေနာက္ကေန ျဖတ္ေက်ာ္သြားခဲ့တဲ့ ဒါေဆးလ္ဗားက ဖာဘီယန္စကီးနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ဘယ္ဘက္တိုင္ေျခကို အနိမ့္ေဘာကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ အသက္ ၃၂ ႏွစ္အ႐ြယ္ ေဒၚဆန္၊ ၃၃ ႏွစ္အ႐ြယ္ ခရက္စ္ဝဲလ္၊ ၃၄ ႏွစ္အ႐ြယ္ ေအာ့ဘြန္နာနဲ႔ ၃၇ ႏွစ္အ႐ြယ္ ဖာဘီယန္စကီးတို႔ရဲ႕ ပ်မ္းမွ်အသက္ ၃၄ ႏွစ္အ႐ြယ္ ဝက္စ္ဟမ္းခံစစ္ရဲ႕ ေလးလံမႈက ဘရန႔္ဖို႔ဒ္တို႔ကို လက္ေဆာင္ေပးသလိုျဖစ္ေနခဲ့ၿပီး ပထမပိုင္းကေတာ့ ဧည့္သည္ေတြအတြက္ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရလဒ္ကို ထြက္ေပၚေစခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ေဒးဗစ္ မြိဳက္စ္အေနနဲ႔ အေျပာင္းအလဲလုပ္ဖို႔ ပ်က္ကြက္ေနခဲ့သလို အလုပ္မျဖစ္တဲ့ လူေတြနဲ႔ပဲ ဆက္ကစားေနခဲ့ၿပီး ဘိုဝင္ လဲက်တာကလည္း ပင္နယ္တီ မရဘဲ ဖရီးကစ္သာ ရခဲ့လို႔ ေခ်ပဂိုး ျပန္ရဖို႔ ေဝးေနခဲ့သလို ဝက္စ္ဟမ္းရဲ႕ Inverted Winger ေတြ စိတ္ႀကိဳက္တိုးခြင့္ မရေအာင္ ဘရန႔္ဖို႔ဒ္တို႔ကလည္း အတြင္းဝင္ခြင့္ကို ပိတ္ဆို႔သြားခဲ့တာျဖစ္ပါတယ္။

ဝက္စ္ဟမ္းဘက္က အီမာဆန္နဲ႔ ပါေကးတာတို႔အစား အန္တိုနီယိုနဲ႔ ဆိုးခ်က္ခ္တို႔ကို လဲကစားခဲ့သလို ဘရန႔္ဖို႔ဒ္တို႔ကေတာ့ အမ္ဘူးမို၊ ယန္ဆင္၊ ဒါေဆးလ္ဗားနဲ႔ တိုနီတို႔အစား ဝစ္ဆာ၊ ယန္နဲ႔လ္၊ ေဂါ့ဒို႔စ္နဲ႔ ယန္ဆြန္တို႔ကို လဲၿပီး ထိန္းခ်ဳပ္သြားခဲ့သလို အိမ္ရွင္ေတြအေနနဲ႔ အရွက္ေျပတစ္ဂိုးေတာင္ ျပန္မရခဲ့သလို ပြဲခ်ိန္အျပည့္မွာေတာ့ ဧည့္သည္ေတြပဲ ပထမပိုင္းက ရလဒ္အတိုင္း ေအာင္ပြဲခံသြားႏိုင္ခဲ့ၾကတာပါ။

လန္ဒန္ဒါဘီမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ ဒီပြဲရလဒ္ေၾကာင့္ ဘရန႔္ဖို႔ဒ္တို႔အေနနဲ႔ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ၅ ပြဲဆက္တိုက္ ရႈံးပြဲမရွိခဲ့ဘဲ ႏွစ္ပြဲႏိုင္၊ သုံးပြဲသေရနဲ႔ အဆင့္ ၉ ဆီ ျပန္လည္တက္လွမ္းလာႏိုင္ခဲ့ၾကခ်ိန္မွာ ေနာက္ဆုံး ၅ ပြဲဆက္တိုက္ ရႈံးခဲ့တဲ့ ဝက္စ္ဟမ္းကေတာ့ တန္းဆင္းဇုန္အထက္ အဆင့္ ၁၇ ေနရာကို ေရာက္ရွိခဲ့ၿပီး ေအာက္သင္းေတြ အားလုံးႏိုင္ရင္ အဆင့္ ၂၀ ကို ၾကမ္းကပ္သြားႏိုင္တဲ့ အေျခအေနကို ရင္ဆိုင္ေနခဲ့ရၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.